ဝမ်းသာပီတိဖြစ်ရသော နေ့လေးတစ်နေ့ (၃)…

kotun winlattMay 27, 20123min1358
မပြုပြင်မီက စာသင်ဆောင်လေး

 ပြုပြင်ပြီးနောက် စာသင်ဆောင်လေး

စာသင်ဆောင်လေးရှိရာနေရာမှာတော့ ပရိတ်သတ်တွေနဲ့ တော်တော်စည်ကားနေပါပြီ…

ဆောင်းဘောက်ကြီးတွေနဲ့ သီချင်းတွေဖွင့်ထားသလို ဒိုးပတ်ဝိုင်းကလည်း သီချင်းတွေနဲ့

အပြိုင် တီးခတ်နေကြပါတယ်…ရွာသူတစ်ယောက်ကတော့ ဒိုးပတ်ဝိုင်းထဲမှာ ဝင်ကနေပါ

ပြီ..ကလေးတွေကလည်း ဟိုနားတစ်စု ဒီနားတစ်စု ပြေးလွှားကစားတဲ့သူ ကစား ဒိုးပတ်သံ

သီချင်းသံတွေနဲ့ အပြိုင် ကတဲ့ ကလေးက ကပေါ့…။ မဏ္ဍပ်လေးထဲမှာတော့ မုန်းဟင်းခါးကို

အားရပါးရစားနေကြတဲ့ သူတွေလည်း မနည်းပါဘူး။ ဒီလိုမြင်ကွင်းတွေနဲ့ မနက်ခင်းလေးဟာ

တော်တော်ကိုကျက်သရေမင်္ဂလာရှိလှပါတယ်…။ ကျနော်လည်း ကင်မရာလေးကိုင်ပြီး ပုံလေးတွေကို

တစ်ပုံပြီးတစ်ပုံ လက်ဆော့နေတော့တာပေါ့..။ ကျောင်းဖွင့်ပွဲဆီကို သတင်းယူဖို့ လာတဲ့ သတင်းထောက်

တွေလည်း ရောက်လာပါတယ်…။သူတို့ကတော့ ဘယ်ဂျာနယ်တွေကို ပို့ကြမယ်မသိ..။

ကျနော့်ကိုလည်း တောင်မေးမြောက်မေးလျှောက်မေးနေပါတယ်…။ ကျနော်ကလည်း သိသမျှလေး

တွေဖြေပေးပေါ့..နောက်ပြီး သူတို့ကို သိချင်ရင် ဆရာတော်ဦးအာဒိစ္စကို သွားမေးလျှောက်ပါလို့

လမ်းညွှန်ပေးလိုက်ပါတယ်….။ ဒီလိုနဲ့နံနက်(၇)နာရီမှာ ဆရာတော်တွေ ဘုန်းကြီးကျောင်းကနေ

စာသင်ဆောင်လေးဆီကို ကြွလာကြပါတယ်..။ ပရိသတ်တွေလည်း နေရာယူကြပြီး ဆရာတော်ထံမှာ

ငါးပါးသီလခံယူကြပါတယ်လေ…။ငါးပါးသီလခံယူပြီးတော့ ပရိတ်တွေရွတ်ကြတာပေါ့…

ပရိတ်ရွတ် ကမ္မဝါဖတ်ပြီး ညောင်ပင်သာဆရာတော်က စာသင်ဆောင်လေးပြီးမြောက်အောင်

ဦးဆောင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆရာတော်ဦးအာဒိစ္စကို ကျေးဇူးတင်ကြောင်းနှင့် ရွာသူရွာသား

များအား စာသင်ဆောင်လေးကို ထိန်းသိမ်းကြဖို့ မြွက်ကြားပါတယ်…

ပြီးတော့ ဒကာတစ်ယောက်က စာသင်ဆောင်လေးပြင်ဆင်စရိတ်ကုန်ကျငွေ အလှူခံရရှိငွေတွေကို

ရှင်းလင်းတင်ပြပြီး ရေစက်ချအမျှဝေကြတော့တာပေါ့… ပြီးမှ ကျနော်တို့အဖွဲ့လေးကို ဆရာတော်က

ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးထံကို စာသင်ဆောင်လွဲအပ်ကြောင်း မှတ်တမ်းကိုပေးစေတယ်ဗျ…

နောက်တော့ အလှူရှင်တွေကို  ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်တာပါ…အာလုံးပြီးတော့ ဆရာတော်တွေ

လည်းဘုန်းတော်ကြီးကျောင်းကိုပြန်ကြွသွားကြပါတော့တယ်..ပရိတ်သတ်တွေကလည်း နည်းနည်းစီ

နည်းနည်းစီရောက်လာနေကြတုန်းပါပဲ..။ကျနော်တို့အဖွဲ့လည်း နောက်အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်ပါတယ်။

ရွာထဲက အိမ်တွေကို ဂျာနယ်တွေလိုက်လံဝေငှကြဖို့ပါ..။ဂျာနယ်အသစ်တွေတော့မဟုတ်ပေမယ့်…

စာဖတ်ဖြစ်ကြအောင် လုပ်ဆောင်ပေးတဲ့သဘောပေါ့လေ…။ကျနော်တိုပအဖွဲ့ဝင်တွေဆီက ဂျာနယ် အဟောင်း

လေးတွေ စုဖြစ်တော့တော်တော်များရပါတယ်… ပြည်သူ့ခေတ်၊ ဒီလှိုင်း၊ မော်နီတာ၊ နိုင်ငံတကာ အစရှိတဲ့

ဂျာနယ်တွေကအစ ရွှေသွေး ၊ မိုးသောက်ပန်း၊ တေဇပါမကျန် ကလေးဖတ်လူကြီးအစုံပါပဲ…။

ကလေးဖတ်ဂျာနယ်တွေကိုတော့ ကျနော်တို့ စာသင်ဆောင်လေးမှာပဲ ဆရာမတွေကို ပေးအပ်လိုက်ပါတယ်။

လူကြီးဖတ်ဂျာနယ်တွေကိုတော့ ရွာထဲမှာ တစ်အိမ်တက်ဆင်း အိမ်တိုင်းစေ့လိုက်လံဝေငှပေးကြတာပေါ့..

ရွာသူရွာသားတွေလည်း ပျော်ကြတာပေါ့လေ…။ ကျနော်တို့ စာသင်ဆောင်လေးဆီပြန်ရောက်လာတော့

နေတော်တော်ပူနေပါပြီ…။ ဆရာတော်ဦးအာဒိစ္စနဲ့ ကျနော်တို့အဖွဲ့ဝင်တွေ စာသင်ဆောင်ရှေ့မှာ

အမှတ်တရဓာတ်ပုံလေးတွေရိုက်လိုက်ပါတယ်..။ပရိတ်သတ်ကတော့ လာတဲ့သူလည်းလာကြ ပြန်တဲ့သူနဲ့

ပြန်ကြနဲ့ပါ…။

ရပ်မိရပ်ဖတွေက ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ စာသင်ဆောင်လေးရှေ့မှာ ဓာတ်ပုံတွေရိုက်ပေးရပါတယ်။

ဒိုးပတ်ဝိုင်းကို ဓာတ်ပုံရိုက်ပေးတော့ မိန်မတွေပါ ဝင်ကကြတော့တာ…ပျော်နေကြရှာတာလေ…။

နောက်ထပ်နောက်ထပ်တွေလည်း ရိုက်ခိုင်းနေကြသေးလို့ ရိုက်ပေးနေရတာရယ်… တစ်ယောက်ကဆို

ဘယ်လိုနေရင် လှမလဲပြောလို့ ..ဘယ်သိပါ့မလဲဗျာ..ကျနော်က ဓာတ်ပုံဆရာမှမဟုတ်တာလို့

ပြောလိုက်ရသေး… ၁၁နာရီလောက်ကြတော့ ပရီတ်သတ်တော်တော်စဲသွားပြီမို့ ကျနော်တို့ပြန်ရန်ပြင်

ဆင်ရတာပေါ့..ရပ်မိရပ်ဖတွေက သူတို့တွေအိမ်ကိုလိုက်ပြီး လဘက်ရည်သောက်ကြဖိုပ အတင်းခေါ်နေလို့

လိုက်သွားကြရပါတယ်… ကျေးရွာအုပ်ချုပ်ရေးမှုးအိမ်မှာ လဘက်ရည်သောက်ရင်း စကားတွေပြောဖြစ်ကြ

ပါတယ်.. ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေလို့ မနေတတ်အောင်ဖြစ်ရပြီး..။ကျေးဇူးတင်ချင်ရင်

ဆရာတော်ဦးအာဒိစ္စကို ကျေးဇူးတင်ပါ..ကျနော်တို့က တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနိုင်ရုံပါလို့

ပြောပြနေရသေးတာရယ်…

တော်တော်လေးကြာအောင်နေပြီးမှ ကျနော်တို့ ဆရာတော်ဦးအာဒိစ္စသီတင်းသုံးရာ ဝေဘူဝေဘာလေး

တောရကျောင်းလေးဆီကိုထွက်ခွာလာခဲ့ကြပါတော့တယ်…

မပြန်ခင် ဆရာမလေးတွေကိုလည်း “ဆရာမတို့ရေ ..ကျောင်းဖွင့်ချိန်မှ စာရေးကိရိယာလှူလာတဲ့အခါ

ပြန်ဆုံကြတာပေါ့..” လို့ နှုတ်ဆက်ခဲ့မိပါသေးတယ်….

ဪ….မနက်မိုးမလင်းခင်ကတည်း တောင်ပြေးမြောက်ပြေးနဲ့ အလုပ်တွေရငပ်နေခဲ့ပေမယ့် ကျနော်

မမောခဲ့ပါဘူး ..ပျော်ရွှင်နေတဲ့ ရွာသူရွာသားတွေ ကလေးတွေရဲ့ မျက်နှာလေးတွေမြင်နေရတာမို့

အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်…..

ပြီးတော့ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးကိုလည်း နှုတ်ကတဖွဖွရွတ်ရင်း ကျနော်

တတ်နိုင်သလောက် လုပ်ပေးနိုင်ခဲ့ပြီဆိုသောအသိဖြင့် ……………..

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…

T.W.L

8 comments

  • ဗိုက်ကလေး

    May 27, 2012 at 11:27 am

    ဆရာဂျက်ကတော့ တာဝန်ကျေပြီဗျား..
    ကျနော်တို ့တော့ ကျေသေးဘူးရယ်..
    များအတွက်မပြောနဲ ့ ကို့အတွက်တောင် ကိုယ်ကျေသေးဘူး..
    ဆရာဂျက်ဆီ တပည့်လာခံဦးမှနော..

    • windtalker

      May 28, 2012 at 8:51 am

      …အိမ်း…. အရက်ကြွေးလေးတွေလဲ ကျေအောင်ဆပ်ကွဲ့။
      ကျောင်းဆြာလဲ အခုလို ကောင်းမှုတွေတွက် တစ်ဘက် မိန်းမ တစ်ယောက်စီနဲ့ ကောင်းမှုတွေ ဆက်လုပ်နိုင်ပါစေ ဗျား

  • kotun winlatt

    May 27, 2012 at 12:54 pm

    ဟားးးးးးးးဦးးးးဗိုက်ရယ်….
    တာဝန်ကျေတယ်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ…
    တတ်နိုင်သလောက်လေးပဲ လုပ်တာပါ…
    အမယ်….ကျနော်က ဦးးးဗိုက်ကို ဆြာတင်ရမှာပါနော်…
    ဦးးဗိုက်ကမှ တကယ့် ဆြာပါ ဆြာရယ်…(ကိုပေလေသံဖြင့်..)

    • kotun winlatt

      May 27, 2012 at 1:18 pm

      ဟုတ်ကဲ့ပါ…လေးပေါက်ရေ…
      တကယ်ကို ဝမ်းသာပီတိဖြစ်ခဲ့ရတာပါဗျာ…
      ကျေးဇူးပါခင်ဗျာ…။

  • ကိုနိုင်ရာလေးထမ်းဆောင်ရင်း တာဝန်ကျေတဲ ့ကိုထွန်းဝင်းလတ်ပို ့စ်ကို အားပေး
    သွားပါတယ်။ဓါတ်ပုံလေးနဲ ့တွေ ့ရလို ့ကျေးဇူးပါဗျ။ပို ပြည့်စုံသွားတာပေါ့

    • kotun winlatt

      May 27, 2012 at 1:20 pm

      ဟုတ်ကဲ့ပါ…
      နိုင်ရာလေးထမ်းနေရတာပါပဲ…
      ဓာတ်ပုံတင်ရတာလည်းးမလွယ်လှပါဘူးးး
      ကိုသန်းထွဋ်ဦးရေ…
      ပြည့်စုံစေချင်လို့သာ မရမက လုပ်လိုက်ရတာပါ…
      လာရောက်ဖတ်ရှု့ပေးတဲ့အတွက်
      ကျေးဇူးပါ….။

  • marblecommet

    May 28, 2012 at 1:37 am

    ပုံဟောင်းနဲ့
    ပုံသစ်ကို တစ်ခါတည်းမြင်ရလို့
    ကြည်နူးစိတ်ကို ပိုဖြစ်စေပါတယ်
    ကိုထွန်းဝင်းလတ်ရေ့……
    ခင်တဲ့….

Leave a Reply