အဆိပ်ရှိသည့်မှိုစားမိခြင်း

etoneJune 19, 20101min601

တာမွေမြို့နယ်၊ ဘိုးလိန်း အောင်မင်္ဂလာရပ်ကွက်၊ နှင်းဆီလမ်းရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သူမိသားစု တစ်စုမှာ အဆိပ်အတောက်ရှိသည့် မှိုတစ်မျိုးကို ချက်ပြုတ်စားသောက် မိသည့်အတွက် အဆိပ်သင့်သည့် အခြေအနေတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။မိသားစုလေးယောက်တို့မှာ အဆိပ် အနည်းငယ် သင့်ခဲ့သည့်အတွက် မူးဝေအော့အန်မှု ဖြစ်ပေါ်လာသောကြောင့် ရန်ကုန်ဆေးရုံကြီး ၌ ၂၄ နာရီကြာ ဆေးကုသမှုခံယူပြီး နောက် ဇွန်လ ၉ ရက်နေ့တွင် ဆေးရုံ မှဆင်းသွားခဲ့ရကြောင်း သိရသည်။အနီးမှ ဘုန်းကြီးကျောင်း တစ်ကျောင်း ရဲ့ဝါးရုံပင်မှာ အလေ့ကျပေါက်နေတဲ့ အဖြူရောင်မှိုတွေကို ခူးယူပြီး ကန်စွန်းရွက်နဲ့ ကြော်စားခဲ့သဖြင့် အော့အန်မူးဝေခဲ့ရကြောင်းဖြစ်သည် ။

One comment

  • သတင်းလူသား

    June 19, 2010 at 4:06 pm

    ခုလိုမိုးရာသီမှာ လူတွေအနေနဲ့ အစားအသောက်ပိုင်းမှာ အထူးဂရုစိုက်ဖို့လိုပါတယ်။ ဒီအချိန်၊ ဒီရာသီဟာ မှိုပေါများစွာပေါ်တတ်တဲ့ရာသီဖြစ်သလို။ သဘာဝအရပေါက်တဲ့မှိုကို စွတ်ယူရောင်းချတာဖြစ်တဲ့အတွက် စားသင့်တဲ့မှို၊ မစားသင့်တဲ့မှိုဆိုတာ မျိုးကိုရောင်းတဲ့သူတွေက သိပ်ပြီး ဂရုထားနေမှာမဟုတ်ပါဘူး။ စားသုံးသူတွေအနေနဲ့ ဂရုစိုက်လေ့လာပြီးမှ စမ်းသပ်ပြီးမှ စိတ်ချရတယ် ဆိုမှစားသုံးသင့်ပါတယ်။ နောက်တစ်ခု ခုလိုရာသီဟာ ဝမ်းရောဂါဖြစ်ပွားတတ်တဲ့အတွက် အများပြည်သူအနေနဲ့ လက်သုပ်စုံတွေ၊ လမ်းဘေးအစာတွေစားသုံးခြင်းကို အထူးဂရုပြုစားသုံးဖို့လို့ပါတယ်။

Leave a Reply