ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင် ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ဂမ္ဘီရ၏ (၃၁)နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။

BayoteJune 19, 20101min742

၁၉၇၉-ခုနှစ်၊ ဇွန်လ(၁၉)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ အဖ ဦးမင်းလွင် နှင့် အမိဒေါ်ရေး တို့မှ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက်တွင် ငါးယောက်မြောက် သားဖြစ်သည်။ အသက်(၅)နှစ် အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်း၌ ပညာသင်ကြား ခဲ့သည်။ သူငယ်တန်းမှ စတုထ္တတန်းအထိ အတန်းစဉ် ပထမရကာ ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်သည် ၂ဝဝရ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထု လှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်ခဲ့သည်။

ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ သည်၂ဝဝရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သော သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် ၂ဝဝရ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်အာဏာပိုင်များ၏ အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင် တရားရုံးက သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။

၂၀၀ရခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ်ကိုစစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံရသည်။

သူ့ကို အာဏာပိုင်များက လိုက်လံဖမ်းဆီးသဖြင့် တိမ်းရှောင်ပုန်းအောင်းနေစဉ် ၂ဝဝရ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။

2 comments

  • yannaingech

    June 19, 2010 at 8:31 am

    သက်တော် ၂၈ မှာ ထောင်ဒဏ် ၆၈ နှစ်ဆိုတော့ ပြန်လွတ်မယ့်အချိန်က သက်တော် ၉၆ ပေါ့…

  • kai

    June 20, 2010 at 12:28 am

    အံ့ဩစရာကောင်းတာက ဆရာတော်ရဲ့ ၂၀၀ရ ဓါတ်ပုံကို ဘယ်သူမှမတွေ့ဖူးတာပဲ။
    တနေရာရာမှာတွေ့ရင် ပြပေးစေလိုပါတယ်ခင်ဗျား။

Leave a Reply