အတောင်ပံပါရင် မင်းဆီကို …. အတောင်ပံစားရင် ဟောဒီလို…

lu ta loneJune 19, 20101min742

http://www.igoinn.com/Weekly%20Specials/ChickenWings.jpg

အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို ့ရေ..

ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်အန ္တရ ာယ်တခုဆိုတာက်ို မျှဝေလိုက်တာပါ

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ ့ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ ့ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလိို အခဲတခု ဖြစ်ပြီး

ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့ အထိဖြစ်သွားပါတယ်

အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့ သွေးခဲကြီးပါတဲ့…

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို ့ပဲ  ထင်ခဲ ့တာပေါ ့…….

ဒါပေမယ့်.. သူထင်တာနဲ ့တတ်တတ်စင်အောင်လွဲခဲ့ပါတယ်….

ခွဲစိတ်ထုတ်ပစ်ပြီး  လအနည်းငယ်အကြာမှာ အရင်လိုပဲ  ဗိုက်ထဲမှာ သွေးခဲလိုုလို ပြည်ခဲလိုလိုပြန်ဖြစ်လာပြန်ရောတဲ့

ဒုက္ခပါပဲနော်..

သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ ့သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..

ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်..  မေးခွန်းက သူမအတွက် တော်တော်ကို ထူးဆန်းနေတယ်….

ကြက်တောင်ပံကို နေ ့စဉ်ရက်ဆက်စားသလား .. တဲံ့…

သူမက.. စားပါတယ် လို ့ပဲဖြေတယ်.. စားလဲ စားတာကိုး..

သူမ ကြက်တောင်ပံကြော် အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့ တောင် အံ့ဩတကြီး ပြန်မေးမိသေးတယ်..

ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..

ဒီနေ့ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို  Steroids ဟိုမုန်းတွေ ပါတဲ့ ကြီးထွား ဆေးတွေ သုံးလာကြပါတယ်.. .

Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့.တောင်ပံနဲ့ လည်ပင်းနေရာ တွေမှာ ပဲအမြဲထိုးပေးလေ့ရှိတယ်..

ဒါကြောင့်. Steroids ဟိုမုန်းတွေ အများဆုံးစုနေတဲ့နေရာကတော့ တောင်ပံနဲ့လည်ပင်းတွေမှာပါပဲ..

ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့်ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင်

အကျိုးဆက်တွေဖြစ်လာတာပေါ့..

ဒါဟာဘာအတွက်လဲ..

တကယ်တော့ သူတို့ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ပဲ မဟုတ်လား… .

ဒါပေမယ့်..  အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…

အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်..ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို

မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေ တတ်တဲ့ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..

ကျမတို ့မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာေတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..

ကျမတို့ရဲ ့ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို ့ရာ ပုိုပြီးအရေးကြီးပါတယ်..

ဒါကြောင့် မမတို ု့ကို ဝေမျှလိုက်ပါတယ်နော်..  မမတို ့ခန္ဒာကိုယ် အလှမပျက်ရအောင်ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင်

ကြက်တောင်ပံ ကို နေ ့စဉ်ရက်ဆက်စားသုံးခြင်း ကနေ တတ်နိုင်သလောက် လျှော့စားကြပါလို ့…

အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်

ခင်မင်စွာဖြင့်..

2 comments

  • kai

    June 20, 2010 at 12:24 am

    ယူအက်စ်ဆိုရင်တော့ အပေါ်ကဆောင်းပါးက သိပ်တော့မမှန်လောက်ပါဘူး။
    အတောင်ပံက ဆိုင်တော်တော်များများ ရောင်းတာမို ့ပါ။
    အတောင်ပံ စပယ်ရှယ်လိုက်ဇ်လုပ်ရောင်းတဲ့ဆိုင်တောင်ရှိပါတယ်။ http://www.wingstop.com/

    တခြားကြက်ရဲ့အစိတ်အပိုင်းတွေထက်လည်း အတောင်ပံကဈေးကြီးပေးဝယ်ရပါတယ်။
    သူများတော့မသိဘူး။ ကျုပ်တော့ အတောင်ပံကြိုက်တယ်ဗျ။
    စဉ်းစားကြနိုင်ဖို့ပါ။

  • poeaung6

    July 15, 2010 at 4:27 am

    တလွဲဓာတုဗေဒတွေပါ ဒါတွေကို အစားအစာတွေမှာ မထည့်သင့်ပါဘူး။

Leave a Reply