နေပြည်တော်အောင်ချက် ၂၆ရာခိုင်နှုန်းကျော်ရှိ

klnJune 19, 20101min500

နေပြည်တော်ခရိုင် ယခုနှစ် တက္ကသိုလ်သင်တန်းအောင်ချက်မှာ ၂၆ဒသမ ၆၈ရာခိုင်နှုန်းရှိကြောင်း ယခုလ ၁၃ရက်နေ့က အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်သော အောင်စာရင်းကြေညာချက်အရသိရသည်။ ဖြေဆိုသူ ၁၁,၇၀ဝကျော်အနက် ၃,၁၀ဝကျော်အောင်ပြီး ဘာသာစုံဂုဏ်ထူးရှင် ရှစ်ဦးပေါ်ထွက်ခဲ့သည်။ ခရိုင်တွင်း မြို့နယ်များတွင် တစ်ဘာသာဂုဏ်ထူးရှင်အများဆုံးမြို့နယ်မှာ ပျဉ်းမနားမြို့နယ်ဖြစ်ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင်အများဆုံးမှာ နေပြည်တော်မှ ထွက်ရှိခဲ့သည်။ ပျဉ်းမနားမြို့နယ်တွင် ဖြေဆိုသူဦးရေ ၄,၅၀ဝကျော်အနက် ၁,၂၀ဝကျော်အောင်မြင်ပြီး ဂုဏ်ထူးရှင် ၄၆ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးလယ်ဝေးမြို့နယ်ဖြေဆိုသူ ၃,၀၀၁ ဦးအနက် ၇၆ဝဦးခန့်သာအောင်မြင်ခဲ့သည်။ အောင်ချက်မှာ ၂၅ဒသမ ၃၆ရာခိုင်နှုန်း ရှိခဲ့ပြီး ခြောက်ဘာသာတစ်ဦး အပါအဝင် ဂုဏ်ထူးရှင် ၁၀၄ဦးထွက်ရှိခဲ့သည်။ တပ်ကုန်မြို့နယ်မှ ဖြေဆိုသူ ၂,၁၀ဝကျော်တွင် ၄၅ဝခန့် သာအောင်၍ သုံးဘာသာတစ်ဦး၊ နှစ်ဘာသာငါးဦး နှင့် တစ်ဘာသာ ၃၁ဦးထွက်ခဲ့သည်။ နေပြည်တော်မြို့နယ်များမှ ဖြေဆိုသူအရေအတွက်မှာ စုစုပေါင်း ၂,၀၀ဝကျော်ရှိကာ ၆၇ဝကျော်အောင်မြင်ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာနှင့် လေးဘာသာ နှစ်ဦးစီနှင့် သုံးဘာသာ ၁၁ဦး ၊ နှစ်ဘာသာ ၁ရဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၈၁ဦးတို့ပါဝင်ခဲ့ကြောင်း သိရသည်။