အချစ်အား ဖိတ်ခေါ်ခြင်း

အဇဋာMay 27, 20129min2789

လာလှည့်ပါ…

ညမှာ ကြယ်တွေတောက်ပတဲ့အချိန်

ဒါမှမဟုတ် လမင်းကြီး ရင့်ကျက်၊ နုညံ့လာချိန်…

လာလှည့်ပါ…

ရွှေရောင်၊ ရွှေတန်းတွေ

ဟောဒီ ဝါရွှေရောင် လယ်ကွင်းပြင်ထဲ ကျဆင်းချိန်…

အို…အချစ်ရေ…

မင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်နေပါစေ

မင်းကို ကြိုဆိုလျှက်ပါ…

မင်းဟာ သိပ်ချိုသာတယ်…

အို…အချစ်၊ ချစ်လှစွာသော..အချစ်ရေ…

မင်းဟာ ငှက်သိုက်ထဲက ငှက်မွေးတောင်နုနုလေးတွေလို

ညင်သာလှပါတယ်…

ငါ့နှလုံးသားထဲကို လာလှည့်ပါ…

မင်းရဲ့နူးညံ့မှုတွေနဲ့အတူ အိပ်စက်လှည့်ပါ…

ငှက်ကလေးအိမ်ပြန်ချိန်မှာ

သူ့ရဲ့ငှက်သိုက်က ကြိုဆိုနေသလိုမျိုးပေါ့…

လာလှည့်ပါ…

ငါ့နှလုံးသား နောင်တတွေနဲ့ပြည့်နေချိန်

ဒါမှမဟုတ် ပျော်ရွှင်မှုတွေနဲ့ မွတ်သိပ်နေချိန်…

လာလှည့်ပါ…

သစ်ရွက်ကလေး ကြွေလွင့်ခြင်းနဲ့အတူ…

အနီရောင်ကူးပြောင်းစ ချယ်ရီပန်းတွေနဲ့အတူ…

လာလှည့်ပါ…

နှစ်တစ်နှစ် ပထမဆုံး ပွင့်ဖူးလန်းစွင့်လာချိန်…

နေရောင်ခြည် နိုးထ၊ ရုန်းကြွလာချိန်…

လာလှည့်ပါ…

ဆောင်းဦးဟာ နှင်းစက်တွေကို လွင့်စင်သွားစေချိန်

မင်းကို ကြိုဆိုလျက်ပါ…

Paul Laurence Dunbar   Invitation to Love ကိုပြန်ဆိုပါသည်။

မြတ်ကျော်သူ

Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

“အချစ်အား ဖိတ်ခေါ်ခြင်း”

by: ပေါ လောရင့်စ်ဒန်ဘာ

လာလှည့်ပါ…

ညမှာ ကြယ်တွေတောက်ပတဲ့အချိန်

ဒါမှမဟုတ် လမင်းကြီး ရင့်ကျက်၊ နုညံ့လာချိန်…

လာလှည့်ပါ…

ရွှေရောင်၊ ရွှေတန်းတွေ

ဟောဒီ ဝါရွှေရောင် လယ်ကွင်းပြင်ထဲ ကျဆင်းချိန်…

အို…အချစ်ရေ…

မင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်နေပါစေ

မင်းကို ကြိုဆိုလျှက်ပါ…

မင်းဟာ သိပ်ချိုသာတယ်…

အို…အချစ်၊ ချစ်လှစွာသော..အချစ်ရေ…

မင်းဟာ ငှက်သိုက်ထဲက ငှက်မွေးတောင်နုနုလေးတွေလို

ညင်သာလှပါတယ်…

ငါ့နှလုံးသားထဲကို လာလှည့်ပါ…

မင်းရဲ့နူးညံ့မှုတွေနဲ့အတူ အိပ်စက်လှည့်ပါ…

ငှက်ကလေးအိမ်ပြန်ချိန်မှာ

သူ့ရဲ့ငှက်သိုက်က ကြိုဆိုနေသလိုမျိုးပေါ့…

လာလှည့်ပါ…

ငါ့နှလုံးသား နောင်တတွေနဲ့ပြည့်နေချိန်

ဒါမှမဟုတ် ပျော်ရွှင်မှုတွေနဲ့ မွတ်သိပ်နေချိန်…

လာလှည့်ပါ…

သစ်ရွက်ကလေး ကြွေလွင့်ခြင်းနဲ့အတူ…

အနီရောင်ကူးပြောင်းစ ချယ်ရီပန်းတွေနဲ့အတူ…

လာလှည့်ပါ…

နှစ်တစ်နှစ် ပထမဆုံး ပွင့်ဖူးလန်းစွင့်လာချိန်…

နေရောင်ခြည် နိုးထ၊ ရုန်းကြွလာချိန်…

လာလှည့်ပါ…

ဆောင်းဦးဟာ နှင်းစက်တွေကို လွင့်စင်သွားစေချိန်

မင်းကို ကြိုဆိုလျက်ပါ…

Paul Laurence Dunbar   Invitation to Love ကိုပြန်ဆိုပါသည်။

မြတ်ကျော်သူ

9 comments

  • ဗိုက်ကလေး

    May 27, 2012 at 3:48 pm

    အဆင်မပြေမှုတွေ အိမ်ရှေ ့တံခါးက ဝင်လာတဲ့အခါ အချစ်တွေက နောက်ဖေးပေါက်က ထွက်ပြေးပျောက်ကွယ်သွားတယ် ဆိုကလားပဲဗျ….
    အမူးသမားတွေ ဖိတ်ခေါ်ရင်တော့ သိုင်းကွက်နင်းပြီး ပထမဆုံး လာခဲ့ပါ့မယ်ဗျိုး..

  • မြတ်ကျော်သူ

    May 27, 2012 at 3:57 pm

    သိုင်းကွက်နင်းပြီး လာမယ်ဆိုရင်တောင် အချစ်ပါရင်ဖြစ်ပါတယ်ခင်ဗျား….

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 4:10 pm

    လာပါပြီ ကိုကို ..
    တဂယ်လာတော့မှ ထွက်ပြေးရဘူးနော် ..
    ဒါဆို စိတ်ချိုးလိုက်မှာ … 😀

    အချစ်ဆိုတာမျိုးက ဘယ်အချိန်လာလာ ကောင်းတဲ့အရာမျိုးတော့ ဟုတ်ဟန် မထင်ဘူးဗျ ..
    ဘာပဲဖြစ်ဖြစ် သူ့အချိန်နဲ့ လာတဲ့ အချစ်က အကောင်းဆုံးလို့ပဲ ထင်မိတယ် …

    • ဗိုက်ကလေး

      May 27, 2012 at 4:13 pm

      အူးလေးရဲ့ အချစ်ကကော
      ဘယ်အချိန်က လာခဲ့သလဲ.လင်းပါဦး

      • မဟာရာဇာ အံစာတုံး

        May 27, 2012 at 4:18 pm

        တိုတိုဗိုက် ..
        သိသေးဘူး ထင်တယ် ..
        အနော့်အချစ်က လာပြီးလို့ ပြန်သွားတာတောင် ကြာလှပေါ့ …
        နောက်ထပ်များ ပြန်လာဦးမလားလို့ …
        မျှော်ရင်း မျှော်ရင်းနဲ့ပဲ ……………. 🙁

      • မြတ်ကျော်သူ

        May 27, 2012 at 4:21 pm

        အံစာတုံးရေ…အချစ်ဆိုတာ ဘယ်အချိန်လာလာကောင်းတဲ့အရာ မဟုတ်လို့ပဲ…လောရင့်စ်ဒန်ဘာက သူအချစ်ကိုလာစေချင်တဲ့ အချိန်တွေကို ရေးထားတာပေါ့ဗျာ..ဟုတ်ဘူးလား…
        ဒါပေမယ့် အချစ်နဲ့ အချစ်ကို ယူဆောင်လာတဲ့သူ..နှစ်မျိုးလုံးကို ကဗျာဆရာက
        ပေါ်လွင်အောင်ပြထားနိုင်တယ်ဗျ…
        အချစ်နဲ့ အချစ်ကိုယူဆောင်လာတဲ့သူ မတူဘူးလေ…
        ချစ်တတ်ကြပါစေဗျာ….

  • မိတ်ဆက်ပေးစရာမလို အောင်ကို ရင်းနှီးနေပီဘဲ။သံတွဲသားတွေထဲမှာ နာမည်အရင်းနဲ ့ရေးရဲသူ
    သတင်းသမားစစ်စစ်တစ်ယောက်ဝင်လာလို ့ကြိုဆိုပါတယ် မြတ်ကျော်သူရေ။ဒီနာမည်ကို MG
    ကရွာသူားတွေနဲ ့မိတ်ဆက်ပေးပြီးသားမို ့ပါ။
    ပြန်ပြီးသူ ့ကို မိတ်ဆက်ထားတဲ့ပို ့စ်လေး ပြန်တင်ပေးလိုက်ပါတယ်။
    ————————————————————————————————————–

    Mratt Kyaw Thu
    သဂျန် တုန်းက သံတွဲပြန်တယ်…
    အတိုတွေ၊ အပြတ်တွေ အရင်ထက်ပေါလာတယ်…
    ရွာကလူတွေလည်း ကိုရီးယားကား စွဲနေကြပြီ…
    သဂျန်က ဟိုးအရင်ကလောက် မစည်ဘူး…
    သံတွဲ ဈေးကြီးကို မြင်ရတာ စိတ်မကောင်းဘူး…
    (ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်)
    ငပလီက အရင်ကလောက် ကျွန်တော့်ကို မကြိုဆိုသလိုပဲ…
    (ဈေးလည်း ကြီးသေးတယ်)
    ယာယီဈေးမဖွင့်သေး….
    ဈေးဟောင်းနေရာ ဈေးသစ်ပုံစံ မရှိသေး…
    လူတွေ စိတ်ညစ်နေကြ….
    ကွမ်းဆိုင်တွေ နာမည်ကြီးလာကြတယ်….
    ဖုန်းပြောတဲ့သူတွေ အများကြီး မြင်ရတယ်…
    ဆိုင်ကယ်တွေ အဆင့်မြင့်နေကြတယ်….
    ထူးကဲက လဖက်ရည် အရင်အရသာ အတိုင်းပဲ…
    အံတော်ချောင်းထဲက ရေတွေ ပိုနည်းသွားပြီ….
    မြို့ထဲမှာ အမှိုက်တွေ မတွေ့ရသလောက်ပဲ…
    ကြော်ငြာအသစ်တစ်ခုတွေ့တယ်…
    (ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့)
    လူအသစ်တွေ အရင်လောက်မတွေ့ဘူး…(လူဟောင်းတွေလည်း ပျောက်နေကြတယ်)
    အော်…
    ငါတို့ရဲ့…..
    သံတွဲ….
    မှတ်ချက်။ ။ ကဗျာမဟုတ်ပါ…(မြင်တွေ့သမျှ ရေးထားခြင်းဖြစ်သည်။)
    —————————————–
    ဒီစာစုလေးကိုရေးတာက ကျွန်တော်နဲ ့ညီအကိုလိုနေသူ မြတ်ကျော်သူပါ။ပြီးခဲ့တဲ့ သင်္ကြန်မှာ သူ ့ဇာတိရွာလေးဆီပြန်ရင်း
    သံတွဲမြို ့အကြောင်းကို သူဝေဖန်သွားတာပါ။သိပ်ကောင်းကါတယ်။အသက်(၂၂)အရွယ် လူလတ်ပိုင်းတစ်ယောက်၊
    UNITYဂျာနယ်သတင်းထောက်တစ်ယောက်အမြင်ပါ။သူ ့အမြင်တွေက —–
    (၁)မိန်းကလေးတွေ ဝတ်စားဆင်ယင်တာ လျှပ်ပေါ် လော်လီလွန်းကြောင်း
    (၂)သံတွ ဲကနေ (၁၀)မိုင်လောက်ဝေးတဲ့ သူ ့ရွာကသူတွေ ကိုးရီးယားကားစွဲကြည့်တတ်နေပီဖြစ်ကြောင်း
    (၃)သင်္ကြန်ကာလ မစည်ကားတော့ပုံ၊နှစ်ကူးမင်္ဂလာဆိုတာထက် အရက်သောက်ပွဲဆို အမြင်ကောင်း၊နာမည်ပြောင်းသင့်ကြောင်း
    (၄)ဖေဖော်ဝါရီ(၁၁)ရက်နေ ့ကမီးလောင်သွားခဲ့တဲ့ သံတွဲဈေးကြီးဟာနှစ်လ တာကြာခဲ့ပေမယ့် ဘယ်လို ပုံစံပြန်ဆောက်မယ်
    ဘယ်သူ ကကန်ထရိုက်ယူမယ်မသိရသေးပုံ၊ဈေးသူားများ စိတ်ညစ်နေပုံ

    (၅)ငပလီကမ်းခြေက သူ ့ကိုနွေးထွေးစွာ မကြိုဆိုပုံကို ဒေါသသံလေးနဲ ့တွေးပြပုံ၊
    (၆)တမြို ့လုံးမှာ ကွမ်းယာဆိုင်များလာတယ်၊ကွမ်းစားသူများလာတယ်ဆိုပုံ၊
    (၇)ဖုန်းတွေကိုယ်စီ ကိုင်လို ့အလုပ်ရှုပ်နေတယ်လို ့မြင်မိပုံ(တကယ်တော့. ဟန်ပြလား၊အလုပ်လုပ်မလို ့ဝယ်လေသလား)
    (၈)သူသောက်နေကြ သံတွဲ က ထူးကဲလဘက်ရည်ဆိုင်လေူ အရသာမပြောင်းသေးကြောင်း အာမခံထားပုံ
    (၉)တရုတ်၊ယိုးဒယား၊ဂျပန်၊အိန္ဒိယ ဆိုင်ကယ်မျိုးစုံမြို ့ထဲ မြင်ကတ်လောက်အောင်တွေ ့ခဲ့ရပုံ
    (၁၀)သံတွဲချောင်းဟာ ရေအတော်နည်းပြီး သောင်ထွန်းနေကြောင်း၊မြစ်ရဲ ့ရေဝေရေလွှဲတွေ ပျက်စီးနေကြောင်းသူပြော
    လိုပုံ
    (၁၁)မြို ့ထဲမှာ အမှိုက်သရိုက်မတွေ ့ရပုံ
    (၁၂)နောက်ဆုံးပြောသွားတာက အရက်ကြေညာကို သူတော်တော် ဒေါသထွက်ပုံရတယ်
    ““ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့””ဒါက ညနေဖက်အားရငEagle အရက်သောက်ပြီး ပျော်ကြမယ်လို ့ပြောတာပါ။ဆိုတော့.  အရက်ကို အမုန်းသောက်တာ
    ရခိုင်သား၊သံတွဲသား———–
    အော် သတိ—-သတိ———
    ယခုပို ့စ်လေးအတွက် ညီငယ် မြတ်ကျော်သူ ကိုကျေးဇူးပါ။
    http://myanmargazette.net/117510/creative-writing

  •  မြတ်ကျော်သူ ဆိုတဲ့နာမည်လေးကို MGရွာသူားတွေနဲ ့မိတ်ဆက်ခဲ့ဖူးပါတယ်။
    မြို ့ပျက်တွေထဲက တစ်ခုပို ့စ်မှာပါ။မှတ်မိပါမယ် ထင်ပါတယ်။ခုလို သံတွဲသား
    သတင်းသမားတွေထဲမှာ နာမည်အမှန်နဲ ့ရေးသူတစ်ယောက်ပါဝင်လာပြန်၍ 
    ဝမ်းသာအားရကြိုဆိုပါကြောင်းပြောလိုပါတယ်။

  • windtalker

    May 27, 2012 at 9:35 pm

    အချစ်…
    အချစ်…
    အချစ်…
    ပျိုပျိုအိုအို ကြီးငယ်မရွေး သူနဲ ့တွေ ့ရင် နုငယ်ပျိုမြစ်သွားတတ်ကြတာကလား
    ကျုပ် လဲ ကဗျာလေးဖတ်ပြီး ၊ အပျိုချောလေးတွေ ကို ဖိတ်ခေါ်တော့မယ်ဗျား….

Leave a Reply