တရုတ်နားနီး တရုတ်၊ ကုလားနားနီးကုလား

အဇဋာMay 27, 20121min1848

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကိုယ်ဝန်အငှားဆောင်ပေးနေရတာပါ။

ဟိုတုန်းကတော့ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါပေါ့၊ အခုတော့ ခေတ်ကပြောင်းကုန်ပြီ။
သိတဲ့အတိုင်းပဲ အိုးနှစ်လုံးကြားညပ်နေတာဆိုတော့ ကြာရင် ကျွန်တော်တို့မြေအိုးတွေ ကွဲကုန်လိမ့်မယ်(ပြည်သူ့ခေတ်)။

အမှန်တကယ်က တရုတ်နားနီးတဲ့သူတွေကလည်း တရုတ်မဖြစ်ကြပါဘူး၊ ကုလားနားနီးတဲ့ သူတွေကလည်း ကုလားမဖြစ်ကြတာ
ရခိုင်ပါတီက ဟီလာရီကလင်တန်ကို ရိုဟင်ဂျာနဲ့ပတ်သက်ပြီး စာပေးတာကိုကြည့်ကတည်းက သိသာပါတယ်။

ဒါပေမယ့် တရုတ်ဇာတ်သွင်းခံနေရတာနဲ့၊ ကုလားဇာတ်သွင်းခံနေရတာကတော့ အားလုံးမြင်သာနိုင်မယ် ထင်ပါတယ်။

မြစ်ဆုံကြီး ရပ်ပစ်လိုက်တော့ လာလိုက်တဲ့ တရုတ်သံအမတ်တွေ၊ ရန်တွေ့တာပေါ့၊ သမ္မတအိမ်တော်နဲ့ ငါးစိမ်းတန်းပဲကွာတာ။
ဘယ်ပြောကောင်းမလဲ မြန်မာကလည်း ပြန်ပီးစိတ်ကောက်ပစ်လိုက်တယ်။ နင်နဲ့မပေါင်းဘူး၊ အမေရိကန်နဲ့ပဲ ကစားမယ်ပေါ့။
တရုတ်က ပြန်ချော့တယ်၊ မလုပ်ပါနဲ့ လွှတ်တော် အတွက် ပစ္စည်းလေးဘာလေးလှုပါမယ်ဆိုတော့…အရင်းထဲက အမြတ်ပေါ့။
အဲဒီမှာ တမင်သက်သက် ပါးရိုက်ခံလိုက်ရတာက ရာဇဝင်ထဲကသတု့ိသမီး။

ဒီဘက်က ကုလားတွေကလည်း ပွဲလန့်တုန်းဖျာခင်းမယ် စဉ်းစားတယ်။ လုပ်လက်စတွေ မြန်မြန်ပြီးအောင် လုပ်ကြတယ်။ အဲဒီမှာ
ကျောက်ခဲအဖြူတွေနဲ့ ကောက်ပေါက်ခံရတော့ နည်းနည်း ဖျာစတွေချိုးကြတယ်။ အဲဒီမှာ ကစ္စပနဒီလှိုင်းသံတွေ ငိုချင်းချခဲ့တယ်။

စဉ်းစားစရာက ASIAN Free Trade က ကျွန်တော်တို့ကို ဘယ်လောက်ထိ အကျိုးဖြစ်ထွန်းစေမှာလဲ ဆိုတာပဲ။
တကယ် အကျိုးရရင်ကော ဘယ်သူတွေခံစားကြရမှာလဲ။ အဲဒီ Free Trade ကိုအရင်ဆုံး ကျွဲပခုံးထအောင် ခံရမယ့်သူတွေက ဘယ်သူတွေလဲ
ဆိုတာ နည်းနည်းတော့ ပြောရခက်မယ်ထင်တယ်။

လာတုန်းကတော့ အတည်ပေါ့။ အားလုံးကို တာဝန်ယူနိုင်ပါတယ်ပေါ့။ ဟုတ်ပါတယ်…ဒီကလည်း သိပ်သဘောကောင်းဆိုတော့ ဘဝတစ်ခုလုံး ပုံပေးတယ်။
မွေးလည်း မွေးလာရော…”ကလေးကိုပေး” တဲ့။

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကိုယ်ဝန်အငှားဆောင်ပေးနေရတာပါ။

မြတ်ကျော်သူ

www.mrattkyawthu.blogspot.com

8 comments

  • ဆူး

    May 27, 2012 at 6:00 pm

    အတွေးအခေါ်ကတော့ ရေလည် လန်းတယ်
    စတိုင်တမျိုးနဲ့ ရေးထားတာ လိုရင်း ထိရောက်တယ်။

  • ကြောင်ဝတုတ်

    May 27, 2012 at 6:07 pm

    ကိုယ့်ဘက်က ဘာကိုယ်ပိုင်ထုတ်ကုန်မှ
    မထုတ်နိုင်သေးသ၍ အငှားကိုယ်ဝန်သည်ဖြစ်နေဦးမှာပဲ

    ကြောင်ဝတုတ်

    • Ch@vez

      May 28, 2012 at 8:39 am

      တူ တူမတွေ ကိုယ် မပိုင်ဝက်မွေး ချစ်နေကြရရှာတဲ့…
      အာပျိုဂျီးများလိုပေါ့ဗျာ …
      :mrgreen:

  •  မြတ်ကျော်သူ ဆိုတဲ့နာမည်လေးကို MGရွာသူားတွေနဲ ့မိတ်ဆက်ခဲ့ဖူးပါတယ်။
    မြို ့ပျက်တွေထဲက တစ်ခုပို ့စ်မှာပါ။မှတ်မိပါမယ် ထင်ပါတယ်။ခုလို သံတွဲသား
    သတင်းသမားတွေထဲမှာ နာမည်အမှန်နဲ ့ရေးသူတစ်ယောက်ပါဝင်လာပြန်၍ 
    ဝမ်းသာအားရကြိုဆိုပါကြောင်းပြောလိုပါတယ်။
    http://myanmargazette.net/117510/creative-writing

    Mratt Kyaw Thu
    သဂျန် တုန်းက သံတွဲပြန်တယ်…
    အတိုတွေ၊ အပြတ်တွေ အရင်ထက်ပေါလာတယ်…
    ရွာကလူတွေလည်း ကိုရီးယားကား စွဲနေကြပြီ…
    သဂျန်က ဟိုးအရင်ကလောက် မစည်ဘူး…
    သံတွဲ ဈေးကြီးကို မြင်ရတာ စိတ်မကောင်းဘူး…
    (ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်)
    ငပလီက အရင်ကလောက် ကျွန်တော့်ကို မကြိုဆိုသလိုပဲ…
    (ဈေးလည်း ကြီးသေးတယ်)
    ယာယီဈေးမဖွင့်သေး….
    ဈေးဟောင်းနေရာ ဈေးသစ်ပုံစံ မရှိသေး…
    လူတွေ စိတ်ညစ်နေကြ….
    ကွမ်းဆိုင်တွေ နာမည်ကြီးလာကြတယ်….
    ဖုန်းပြောတဲ့သူတွေ အများကြီး မြင်ရတယ်…
    ဆိုင်ကယ်တွေ အဆင့်မြင့်နေကြတယ်….
    ထူးကဲက လဖက်ရည် အရင်အရသာ အတိုင်းပဲ…
    အံတော်ချောင်းထဲက ရေတွေ ပိုနည်းသွားပြီ….
    မြို့ထဲမှာ အမှိုက်တွေ မတွေ့ရသလောက်ပဲ…
    ကြော်ငြာအသစ်တစ်ခုတွေ့တယ်…
    (ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့)
    လူအသစ်တွေ အရင်လောက်မတွေ့ဘူး…(လူဟောင်းတွေလည်း ပျောက်နေကြတယ်)
    အော်…
    ငါတို့ရဲ့…..
    သံတွဲ….
    မှတ်ချက်။ ။ ကဗျာမဟုတ်ပါ…(မြင်တွေ့သမျှ ရေးထားခြင်းဖြစ်သည်။)
    —————————————–
    ဒီစာစုလေးကိုရေးတာက ကျွန်တော်နဲ ့ညီအကိုလိုနေသူ မြတ်ကျော်သူပါ။ပြီးခဲ့တဲ့ သင်္ကြန်မှာ သူ ့ဇာတိရွာလေးဆီပြန်ရင်း
    သံတွဲမြို ့အကြောင်းကို သူဝေဖန်သွားတာပါ။သိပ်ကောင်းကါတယ်။အသက်(၂၂)အရွယ် လူလတ်ပိုင်းတစ်ယောက်၊
    UNITYဂျာနယ်သတင်းထောက်တစ်ယောက်အမြင်ပါ။သူ ့အမြင်တွေက —–
    (၁)မိန်းကလေးတွေ ဝတ်စားဆင်ယင်တာ လျှပ်ပေါ် လော်လီလွန်းကြောင်း
    (၂)သံတွ ဲကနေ (၁၀)မိုင်လောက်ဝေးတဲ့ သူ ့ရွာကသူတွေ ကိုးရီးယားကားစွဲကြည့်တတ်နေပီဖြစ်ကြောင်း
    (၃)သင်္ကြန်ကာလ မစည်ကားတော့ပုံ၊နှစ်ကူးမင်္ဂလာဆိုတာထက် အရက်သောက်ပွဲဆို အမြင်ကောင်း၊နာမည်ပြောင်းသင့်ကြောင်း
    (၄)ဖေဖော်ဝါရီ(၁၁)ရက်နေ ့ကမီးလောင်သွားခဲ့တဲ့ သံတွဲဈေးကြီးဟာနှစ်လ တာကြာခဲ့ပေမယ့် ဘယ်လို ပုံစံပြန်ဆောက်မယ်
    ဘယ်သူ ကကန်ထရိုက်ယူမယ်မသိရသေးပုံ၊ဈေးသူားများ စိတ်ညစ်နေပုံ

     
    (၅)ငပလီကမ်းခြေက သူ ့ကိုနွေးထွေးစွာ မကြိုဆိုပုံကို ဒေါသသံလေးနဲ ့တွေးပြပုံ၊
    (၆)တမြို ့လုံးမှာ ကွမ်းယာဆိုင်များလာတယ်၊ကွမ်းစားသူများလာတယ်ဆိုပုံ၊
    (၇)ဖုန်းတွေကိုယ်စီ ကိုင်လို ့အလုပ်ရှုပ်နေတယ်လို ့မြင်မိပုံ(တကယ်တော့. ဟန်ပြလား၊အလုပ်လုပ်မလို ့ဝယ်လေသလား)
    (၈)သူသောက်နေကြ သံတွဲ က ထူးကဲလဘက်ရည်ဆိုင်လေူ အရသာမပြောင်းသေးကြောင်း အာမခံထားပုံ
    (၉)တရုတ်၊ယိုးဒယား၊ဂျပန်၊အိန္ဒိယ ဆိုင်ကယ်မျိုးစုံမြို ့ထဲ မြင်ကတ်လောက်အောင်တွေ ့ခဲ့ရပုံ
    (၁၀)သံတွဲချောင်းဟာ ရေအတော်နည်းပြီး သောင်ထွန်းနေကြောင်း၊မြစ်ရဲ ့ရေဝေရေလွှဲတွေ ပျက်စီးနေကြောင်းသူပြော
    လိုပုံ
    (၁၁)မြို ့ထဲမှာ အမှိုက်သရိုက်မတွေ ့ရပုံ
    (၁၂)နောက်ဆုံးပြောသွားတာက အရက်ကြေညာကို သူတော်တော် ဒေါသထွက်ပုံရတယ်
    ““ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့””ဒါက ညနေဖက်အားရငEagle အရက်သောက်ပြီး ပျော်ကြမယ်လို ့ပြောတာပါ။ဆိုတော့.  အရက်ကို အမုန်းသောက်တာ
    ရခိုင်သား၊သံတွဲသား———–
    အော် သတိ—-သတိ———
    ယခုပို ့စ်လေးအတွက် ညီငယ် မြတ်ကျော်သူ ကိုကျေးဇူးပါ။

  • ကိုရင်မောင်

    May 27, 2012 at 7:57 pm

    ကိုယ်ဝန် အငှားဆောင်ရတယ်ဆိုတော့
    ဘယ်သူ့ကိုယ်ဝန်တုန်းဟ..
    ပြောကြပါအုံး….

    • မြတ်ကျော်သူ

      May 29, 2012 at 5:43 pm

      လွန်ခဲ့တဲ့ ၁၉၉၆ ကာလလောက်က တောင်အာဖရိက နိုင်ငံမှာ ကိုယ်ဝန်အငှားဆောင်တဲ့ စီးပွားရေးတစ်ခုရှိခဲ့ပါတယ်။ ချမ်းသာတဲ့၊ ကလေးလိုချင်တဲ့ အိမ်ထောင်သည်တွေက ကလေးမွေးရတာ အရမ်းအန္တရယ်များတယ်လို့ ယူဆပြီး အဲဒီလို အငှားကိုယ်ဝန်ဆောင်တဲ့သူတွေဆီမှာ သွားပြီး ကိုယ်ဝန်ဆောင်ခိုင်းလေ့ရှိတယ်။ ပိုက်ဆံပေးရတယ်။
      အဲဒီပုံစံမျိုးပါ။ ဘယ်သူ့ကိုယ်ဝန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆောင်ပေးနေကြရတာပါ။
      ဒါပေမယ့် မဖြစ်စလောက် ငွေကိုပဲရရှိပြီးတော့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အသွေးအသားတွေ၊ ကျွန်တော်တို့ ရင်နှစ်သည်းခြာတွေကတော့ သူများတွေလက်ထဲမှာပေါ့။။။။

  • windtalker

    May 27, 2012 at 8:46 pm

    တရုတ်အသားရောင်နဲ ့ကုလား ထွက်မှာလား
    ကုလားအသားရောင်နဲ ့တရုတ် ထွက်မှာလား ဟင်

Leave a Reply