ကမာ္ဘ့ဖလား နေ့စဉ်ထုတ်များ ရောင်းအားကောင်းနေ

klnJune 19, 20101min610

နေ့စဉ်ထုတ် အားကစားစာစောင်များ မန္တလေးမြို့တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တစ်လတိုင်တိုင် ကျင်းပမည့် (၁၉) ကြိမ်မြောက် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲအကြောင်းကို ပြည်တွင်းဂျာနယ်သုံးစောင်က နေ့စဉ်ထုတ် အားကစားစာစောင်များအဖြစ် စတင်ထုတ်ဝေလျက်ရှိသည်။ အဆိုပါဂျာနယ်များမှာ မြန်မာတိုင်း(မ်) ၊ 7 Day Sport နှင့် အင်အား အားကစားဂျာနယ်တို့ဖြစ်ကြသည်။ မြန်မာတိုင်း(မ်) ကမာ္ဘ့ဖလားနေ့စဉ်ကို ဇွန်လ ၁ဝရက်နေ့က စတင်ဖြန့်ချိ ထုတ်ဝေခဲ့သည်။ အင်အားမှာ ၁၁ရက်နေ့နှင့် 7 Day Sport မှာ ၁၂ရက်နေ့တို့တွင် အသီးသီးစတင်ဖြန့်ချိ ထုတ်ဝေသည်ဟု ဂျာနယ်လက်ကားဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ မြန်မာတိုင်း(မ်)စာစောင်မှာ စာမျက်နှာ ၂၄ မျက်နှာပါရှိပြီး လေးမျက်နှာမှာ အင်္ဂလိပ်လိုရိုက်နှိပ်ထားသည်။ 7 Day Sport ဂျာနယ်နှင့် အင်အား အားကစားဂျာနယ်တို့မှာမူ စာမျက်နှာရှစ်မျက်နှာဖြင့် ထုတ်ဝေသည်။ အင်အား အားကစားစာစောင်မှာ တစ်စောင်လျှင် တိုက်ထုတ်ဈေး ၁၆၅ ကျပ်နှင့် စောင်ရေ ၈၀ဝ ကျော်သည်ဟု ထွန်းဦးစာပေမှ သိရသည်။ မြန်မာတိုင်း(မ်)ဂျာနယ်မှာ မြန်မာနိုင်ငံအထက်ပိုင်းတွင် စောင်ရေ ၅၀၀ဝ ကျော်နှင့် တစ်စောင်လျှင် ကျပ် ၂၂ဝ နှုန်း ရောင်းချလျက်ရှိသည်ဟု သိရသည်။ အဆိုပါ နေ့စဉ်ထုတ် အားကစား စာစောင်သုံးစောင်တွင် ပွဲစဉ်သုံးသပ်ချက်၊ ပွဲကြိုခန့်မှန်းချက်၊ ပွဲပြီးခန့်မှန်းချက်များနှင့် နောက်ဆုံးရ သတင်းများကို ဝေဝေဆာဆာဖော်ပြလျက်ရှိကြောင်း တွေ့ရှိရသည်။ “ ဒီလို နေ့စဉ်ဘောလုံးဂျာနယ်တွေ ထွက်တာ ကျွန်တော်တို့အတွက် အားရစရာပါပဲ ” ဟု စာနယ်ဇင်းသမား တစ်ဦးကပြောကြားခဲ့သည်။