တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူများ လာမည့်ရွေးကောက်ပွဲတွင် ပိုမိုအားသာလာနိုင်ဟုဆို

klnJune 19, 20101min730

လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူများသည် ပါတီကိုယ်စားပြုသူများထက် ပိုမို၍အားသာချက်များ ရှိနိုင်သည်ဟု ဝါရင့်နို်င်ငံရေးသမားများက ပြောကြားသည်။ ထိုကဲ့သို့ သုံးသပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပါတီများတွင် လိုအပ်သည့် စည်းရုံးလှုံဆော်မှုများကို လုပ်ဆောင်ရန် အချိန်လုံလောက်မှု မရှိသောကြောင့် ဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများပါတိကို ကိုယ်စားပြုပြီး ပုဇွန်တောင်မြို့နယ်တွင် ရွေးကောက်ပွဲဝင်ခံသူ ဦးရန်ကျော်က “ ပါတီဆိုတာ ဝါဒတစ်ခုကို အဓိကသက်ဝင်ယုံကြည်တဲ့သူတွေကို စုစည်းထားတာမျိုးဖြစ်သင့်ပါတယ်။ ဒီဝါဒကို ဖော်ဆောင်နို်င်တဲ့ ခေါင်းစဉ်တွေရှိရမယ်။ နောက်လိုက်တွေနဲ့ စည်းရုံးနို်င်တဲ့ လူတွေလည်းရှိရမယ်။ ဒါတွေကို လုပ်ဆောင်နို်င်ဖို့ အချိန်လုံလောက်မှုမရှိဘူးလို့ ထင်ပါတယ် ” ဟု ပြောသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြည်ချစ်လူငယ်များပါတီကို ကိုယ်စားပြုပြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဘတင့်ဆွေကလည်း “ ကမာ္ဘပေါ်မှာလည်း ပါတီအမျိုးအစား နှစ်ခုပဲရှိပါတယ်။ လူထုပါတီနဲ့ ကေဒါပါတီပါ။ လူထုပါတီကတော့ ငွေကုန်ကြေးကျများပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ အပြီးကာလမှာလည်း ဒီပါတီက ဆက်လက်တည်ရှိပြီး ပါတီရဲ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရလို့ဖြစ်ပါတယ်။ ကေဒါပါတီကတော့ အမာခံတွေ ရှိရင်ပြီးတာပါပဲ။ လက်ရှိအနေအထားမှာ ပါတီတွေအနေနဲ့ ပြည်သူလူထုရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ရရှိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုက နိုင်ငံရေးကို ကြောက်ရွံ့မှုမရှိဘဲ စိတ်ဝင်စားလာအောင်လုပ်ဖိို့ လိုအပ်ပါတယ်” ဟုပြောသည်။ ဦးဘတင့်ဆွေက ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိပြီးဖြစ်သော ရပ်မိရပ်ဖများက တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လျှင် အခွင့်အရေးရှိသည်ဟု ပြောသည်။ “ရပ်မိရပ်ဖတွေက ရပ်ရွာအကျိုးလုပ်ပေးတာဆိုနေတော့ ပြည်သူတွေက သူတို့အပေါ်မှာ ယုံကြည်မှုရှိတယ်။ နို်င်ငံခြားမှာ နို်င်ငံရေးသမားတွေက ကိုယ့်ဟာကိုယ် ရပ်တည်နို်င်ရဲ့သားနဲ့ ခေါင်းစားခံပြီး ပြည်သူကိုလုပ်ပေးတာမို့ ပြည်သူက လေးစားတယ်။ သူတို့အနေနဲ့ အာဏာမရပေမယ့် လွှတ်တော်ထဲမှာရှိပြီး ပြည်သူ့အကျိုးကို ပြောလို့ရတာပေါ့ ” ဟု ဦးဘတင့်ဆွေက ပြောသည်။ “ ကျွန်တော်တို့ ကိုယ်တိုင်မဲပေးမယ် ဆိုရင်လည်း ပါတီထက်လူကိုကြည့်ပြီး ရွေးပါမယ်။ အမှတ်တံဆိပ်နဲ့ သူရဲ့စီးပွားရေး၊ လူမှုရေးလုပ်ဆောင်ချက်တွေကို သေချာရွေးပြီး မဲပေးပါမယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ရပ်ရွာအကျိုးစီးပွားအတွက် အမှန်တကယ်လုပ်ပေးနိုင်မယ့်လူတွေကို သေချာရွေးချယ်ဖို့ ပြောချင်ပါတယ်” ဟု လည်း ဦးရန်ကျော်ကပြောသည်။ “ ရွေးကောက်ပွဲဆိုတဲ့ တံခါးဟာ အနာဂတ်နို်င်ငံတည်ထောင်ရေးမှာ အရေးကြီးလို့ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေပါ ဖြတ်ကြပါလို့ ပြောချင်ပါတယ် ” ဟု ၎င်းကပြောကြားခဲ့သည်။