မန်းဂေဇက် ဓါတ်ပုံပြပွဲ-၁ (ဈေးသည်) – မေလ-၂၀၁၂
=
- 1.
နီးမှ ကပ်ပို့ကြလို့ …..
ပြောထားတဲ့ အချိန် ရောက်တာနဲ့ တန်းပြီး တင်လိုက်ကြောင်းပါဗျ…
(ဖိုတို အင်ဖော်မေးရှင်း ကိုတော့ ….ကျနော် update လုပ်ပေးပါ့မယ်. …စောင့်နေတယ် ကြည့်နေကြတယ် ကြားလို့ … နံပါတ်အတိုင်း အရင်ဆုံး ရှုစား အားပေးကြပါလို့…)
ဒီရွာရဲ့ ဒါ့ပုံပညာ အဆင့်အတန်း လုံးဝ မနိမ့်ဘူးဆိုတာ သိရလို့ …
ဝမ်းမြောက်ဂုဏ်ယူစွာ အားပေးရင်း…
ဖွန်ကြောင်ရင်း တင်လိုက်တာ ၁ပုံကျန်သွားပါတယ်..
ပြန်ဖြည့်လိုက်ပါဘီ
ပုံ ၂၃ ပါ…
ဆောရီးပါ
အမိုက်မဲလေးမို့ နားလည် ခွင့်လွှတ်ပေးဂျဘာ …
ခင်တဲ့
ဂီ
နောက်ပြပွဲအတွက် အကြံ ပေးပါရစေ။ ဓာတ်ပုံတွေကို နံပါတ်တပ်တာထက် နာမည် (or) ခေါင်းစည်ပေးထားရင် comment လုပ်တဲ့သူတွေမတွက်ရော critique ဖတ်တဲ့သူတွေမတွက်ရော ပိုမဆင်ပြေမယ်ထင်တယ်။
Was this answer helpful?
LikeDislikeသကြားလုံးကြော်ရေ
ဓာတ်ပုံတွေ အားလုံး က “ဈေးသည်” ဆိုတဲ့ ခေါင်းစဉ် နဲ့ အောက်မှာ အသက်ဝင်အောင် ရိုက်ပြီး အပျော်တမ်း ပြပွဲ လုပ်ထားတာပါ။
ဒါပေမဲ့ မင်း ပြောသလို ဘဲ အရီး ရဲ့ စိတ်ထဲမှာ တစ်ချို့ပုံတွေ က “ဈေးသည်” ဆိုတဲ့ခေါင်းစဉ် ထက် အခြားခေါင်းစဉ်က ပိုကိုက်နေတယ်။
ဥပမာ –
ပုံ(၁) ကို “ဆာနေသူများ” လို့ပေးမယ်။
ပုံ(၂) ကို “ချောင်ထဲမှာ” လို့ပေးမယ်။
ပုံ(၁၃) ကတော့ “ဇွတ်ဝင်ခြင်း” ပေါ့။ ;-)
တစ်ခြားသူတွေ အတွေး ကလဲ တစ်မျိုး ဖြစ်မှာပါ။
တကယ်တော့ ပုံလေးတွေ အားလုံးက သူ့အလှ နဲ့ သူချည်းပါဘဲ။ :-)
Was this answer helpful?
LikeDislikeပုံ(၁၃) ကဇွတ်ဝင်ယုံတင်မက.. ပုံထဲ..
..ဒစ်စနေရဲ့..အမှတ်အသား.. စလိပင်းဗျုတီရဲတိုက်ကိုပါ ဘောလုံးတွေနဲ့ကွယ်ထားသေး..
တောက်စ်.. အသုံးကိုမကျ..
Was this answer helpful?
LikeDislikeဤကဲ့သို့ ကိုယ့်အကြောင်း ကိုယ်သိတာလဲ မင်္ဂလာတစ်ပါး ပါဘဲ။
သာဓု၊ သာဓု၊ သာဓု။ ;-)
Was this answer helpful?
LikeDislikeဗုတ်ပေးတာ 145 ဆိုတော့ ရွာသူရွာသား တော်တော်များများတော့ ပေးပြီးသွားပြီ ထင်ပါရဲ့ ..
ထင်မြင်ချက်ကို အစောကြီးထဲက ပေးချင်ပါတယ် …
မဲဆွယ်ပေးသလို ဖြစ်မှာ စိုးလို့ အခုမှ ဗုတ်ပါပြီ …
ကြိုက်တဲ့ ပုံတွေက 8 — 12 —- 20 ပါ … အသေးစိတ်တွေ ရေးချင်ပေမယ့် မရေးတော့ပါဘူး ….
ပုံ ၈ ကို မဲပေးခဲ့ပါတယ် …
Was this answer helpful?
LikeDislikeပုံ ၂၃ ပို့တဲ့ ဓာတ်ပုံဆရာတော့ တော်တော်အားငယ်နေမှာပဲ
ဓာတ်ပုံစတင်တော့လည်း မုန်ထရင်းတင်တဲ့ ၈ီ၈ီက သူ့ပုံကို မေ့ကျန်ခဲ့တယ်..
ပူးထဲမှာလည်း ခုထိ သူကြီးက ပြင်ထည့် မပေးသေးဘူး…
အားနာစရာတော့ ကောင်းနေဘီနော်
Was this answer helpful?
LikeDislikeဟိုနေ့က ပါတယ်ဗျ..
ဗုတ်ရဲ့ ဗျူးရီဇာတ် မှာ တော့ ပုံ၂၃ပါရဲ့..
ဆာဗာ မှာ ဘာတွေချော်နေသည်မသိ..
Was this answer helpful?
LikeDislikeဇဂါးမစပ် ..သဂျီး ၂ဗုတ် ရသွားပြီဗျို့ …

သဂျီးကတော်ကို ချွဲပီး ဗုတ်ခိုင်းလိုက်ပီ ထင့် …
ပြောပါတယ်..
သူ့မှာ ပီယဆေး ရှိပါတယ်ဆို …
Was this answer helpful?
LikeDislikeကိုဂီ ဘာလို့ဖော်နေတာလဲ …… သူကြီးအမျိုးတွေသိရင် သူကြီးပုံကို အလကားနေထိုင် ဗုတ်နေဦးပါ့မယ် ……..
Was this answer helpful?
LikeDislikeကိုဂီရေ …. ဓာတ်ပုံပြပွဲထဲမှာ မန်ဘာဝင်အသစ်တွေ ပါလာတယ်နော် ……. တစ်ချို့ဆို ပထမဆုံးဓာတ်ပုံပြ ပွဲထဲကိုဝင့်မန့်တယ် အပေါ်ကသကြားလုံးကြော်ဆိုရင် ကော်မန့် (၂) ခါပဲပေးရသေးတယ် ….. အဟဲ အူးဗိုက်ကလေးပြောသလို ဖြစ်တော့မယ် …… ၀င်းဦးရုပ်ရှင်ကားရိုက်နေကြပြီနဲ့တူဒယ် …….. ဘာပဲဖြစ်ဖြစ် “ရွှေပြည်နန်း”တော့ ဖြစ်စေချင်တယ် ……….
Was this answer helpful?
LikeDislikeညီမ ရေ … မန်ဘာ အသစ်တွေဝင်လာတာ ကောင်းတာပေါ့ဗျာ … ကျွန်တော် တို့လုပ်တဲ့ပြပွဲလေးကို စိတ်ဝင်စားကြလို့ လာတာဆိုတော့ ကျွန်တော် တို့က ဂုဏ်ယူစွာနဲ့ ကြိုဆိုရမှာပါ။ ရွာထဲမှာ ဓာတ်ပုံ(ခရီးသွား၊ အလှပုံ၊ ရှုခင်း) ရိုက်တဲ့သူက လက်ချိုးရေ လို့ ရတဲ့အနေအထား မှာရှိပါတယ်။ ဓာတ်ပုံပဲ .. အပတ်တကုတ် ရိုက်နေတဲ့ သူဆို .. ပို နဲသွားပါပြီ .. ဒါကို ရွာထဲက member(old) တိုင်းသိထားတဲ့အမှန်တရားပါ။ အဲ့ဒီတော့ photographer တွေ ပိုများလာ ဖို့ကို ကျွန်တော် တို့ကမျှော်လင့်ပါတယ်။ ဓာတ်ပုံ အမြင်၊ ဓာတ်ပုံ အတွး member တွေ ပိုများလာတာ့ မကောင်းဘူးလားဗျာ။ ရွှေပြည်နန်းဖြစ်ချင်တယ် ဆိုတာက (မှန်မှန်ကန်ကန်) ဖြစ်ချင်တယ်လို့ ပြောချင်တာနဲ့ တူပါတယ်။ ညီမရေ … မမှန်တာလုပ် ရင် သူ့ ဘ၀ သူ့အကြောင်းပါ ..ဒီလို ပွဲလေးကို တောင်မှ ဒီလို လုပ်ရင် … သူ့ ဘ၀ ဘယ်တော့မှ လူမွေးလူတောင် ပြောင်မှာ မဟုတ်ဘူး (ဆုမတောင်းပဲ ပြည့်မှာပါ။) အခု ၂နာရီ ခွဲ 31 ရက်နေ့ View Result ကိုကြည့်လိုက်တော့ 4-5-8 ဒီလို ဖြစ်နေပါတယ်။ ပုံ သုံးပုံ လုံးကို ယှဉ် ကြည့်လိုက်ရင် ညီမ ပြောတဲ့ ၀င်းဦး ရုပ်ရှင် ဆိုတာ ပုံ ၅ ရဲ့ ပိုင်ရှင် ကိုပြောနေသလို လို ကျွန်တော် ခံစားရပါတယ် (ကျွန်တော့ တဦးတည်း အမြင်)ပါ၊ မှားချင်လဲ မှားမှာပါ။ ညီမ ရဲ့ comment အတွက် ကျွန်တော် သူ့ကို တော်တော် အားနာရပါတယ်။ (တစ်ကိုယ်ထည်း ကျိတ်အားနာ) .. ညီမ ရေ … ကျွန်တော် တို့ ပြပွဲ ရဲ့ result က အပျော်တမ်း ပါ။ ညီမရဲ့ comment ကိုဖတ်ပြီး ..စာဖတ်သူ အများစုက ဒီပြပွဲ က တော့ အလကားပါကွာ လို့ များ ထင်ကုန်ကြရင်၊ ၀င်ပြတဲ့ သူတွေက ငါ့ကိုများ ပြောသလား .. သူ့ကိုများပြောသလား ဆိုပြီး ဟိုလိုလို ၊ ဒီလိုလို တွေ တွေးကုန်ရင်ဖြင့် …
လေးစားစွာဖြင့်
Mလုလင် (photographer)
Was this answer helpful?
LikeDislikeကိုလုလင်ရေ ညီမက အပျော်တမ်းဖြစ်တဲ့အတွက် အပျော်လေးဝင်ပြောမိတာပါ …. နံပါတ် (၅) ဒါ့ပုံပိုင်ရှင်လည်း ညီမပြောတာမှားရင် ခွင့်လွှတ်ပါနော် ……. နေရာတကာ မသိ သိတာလေး ၀င်အာတာအကျင့်ဖြစ်နေလို့ပါ ……… ကိုလုလင်က အခုလိုတစ်ခြားလူအပေါ်အားနာတတ်တဲ့ စိတ်ကိုလည်း ညီမချီးကျူးပါတယ် ……… အောင်လသီချင်းလေးနဲ့တောင်းပန်လိုက်ပါတယ်နော်
ခင်မင်ရင်းနှီစွာဖြင့်
Khaing Khaing
Was this answer helpful?
LikeDislikeမွန်ကစ်တော့ ပုံ (၅) ကို ဗုတ်ခဲ့ပါတယ်…
ဈေးသည် ကို ဘေးကကလေးတွေက အများကြီး အသက်ဝင်အောင် ပံ့ပိုးထားပါတယ်…
Was this answer helpful?
LikeDislikeပုံ(၂၀) ကို ဗုတ်ခဲ့ပါတယ်…
ဈေးသည်ဦးလေးကြီးလှမ်းပေးနေတဲ့ပုံက အသက်ဝင်ပြီး
ပြောင်းဖူးကို လှမ်းယူပြီးစားချင်စိတ်ပေါက်သွားလို့ပါ……….။
Was this answer helpful?
LikeDislikeပုံ-၁နဲ့ ပုံ-၁၁ ကြိုက်သဗျို့
ဗုတ်တဲ့ ပုံတော့ပြောပြ၀ူး..
Was this answer helpful?
LikeDislikeကျုပ်ကတော့ ပုံ (၁၈) ကို သဘောကျသဗျို့..ဓာတ်ပုံ ပညာတော့ နကန်း
တစ်လုံးမှ နားမလည်ဘူး…သို့သော် မောင်ဂီ ရဲ့ ဓာတ်ပုံပညာအကြောင်း
လေးတွေ ရေးတဲ့ ပို့စ် လေးတွေတော့ ဝင်ဖတ်ပါတယ်။
Was this answer helpful?
LikeDislikeကျွန်တော်လဲ ဓါတ်ပုံပညာနားမလည်ပေမယ်. ပုံ(၄) နဲ. ပုံ(၁၈) ကတော်တော်ကြည်.လှတယ်ဗျ။ ကျန်တာတွေတော.သိပ်မခွဲတတ်ဘူး။
Was this answer helpful?
LikeDislikeဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျမလည်း နာမည်ပေးကြည့်ချင်ပါတယ်။ အကြိုက် မတွေ့ခဲ့ရင် ခွင့်လွှတ်ပါ ဓာတ်ပုံ ဆရာများ။
သုံးပုံ ကို အရီးပေးထားတဲ့ အတိုင်းပဲ ယူလိုက်ပါတယ်။
ပုံ(၁) “ဆာနေသူများ”
ပုံ(၂) “ချောင်ထဲမှာ”
ပုံ(၃) “တူယှဉ်နွှဲပျော် ဘ၀အမောနော်”
ပုံ(၄) “ ပန်းလုံမပျို”
ပုံ(၅) “ ခေတ်အကြိုက်လိုက်ခြင်း”
ပုံ(၆) “ အရှုပ်”
ပုံ(၇) “ ပန်းသည်”
ပုံ(၈) “ အပေးအယူ”
ပုံ(၉) “ ရာသီစာ”
ပုံ(၁၀) “ကုန်ခြောက်”
ပုံ(၁၁) “ထိုအပြုံး”
ပုံ(၁၂) “ ယူမှာလား ”
ပုံ(၁၃) “ဇွတ်ဝင်ခြင်း”
ပုံ(၁၄) “ ပန်းချီဆရာ”
ပုံ(၁၅) “ လွတ်လပ်မှုကို ငံ့လင့်ခြင်း”
ပုံ(၁၆) “အရိုင်းပန်း”
ပုံ(၁၇) “ပလတ်စတစ်ခေတ်”
ပုံ(၁၈) “ နေပူစပ်ခါးဝမ်းတခါး”
ပုံ(၁၉) “ ဈေးနေ့”
ပုံ(၂၀) “ယူပါခင်ဗျာ”
ပုံ(၂၁) “ အားမလျှော့စတမ်း”
ပုံ(၂၂) “အငေး”
ပုံ(၂၃) “ ဇရာ”
ကိုယ်တိုင်ကတော့ နံပါတ် ၁၈ ကို ကြိုက်လို့ ၁၈ ကို ဗုတ်သွားပါတယ်။ ဓာတ်ပုံအယူအဆကို မသိသလိုနားမလည်ပါဘူး။ ခံစားမှုနောက်ကို လိုက်ပြီး ပေးသွားတာပါ။
Was this answer helpful?
LikeDislikeပုခ်ျ ပေးတဲ့ အမည်လေးတွေ တော်တော်လှပါတယ် လိုက်လဲလိုက်ပါတယ်
ကိုလုလင် ရေ ဓါတ်ပုံပြပွဲလေး အကြောင်း၊ ကိုလုလင်ရိုက်ထားတဲ့ ပုံတွေအကြောင်း အယူအဆလေးတွေ မျှော်နေပါတယ် နော
Was this answer helpful?
LikeDislikePooch ရေ – အတော် idea ကောင်းကောင်း နဲ့ စဉ်းစားနိုင်တဲ့ နာမည်လေး တွေပါ။
ရွာထဲ မှာ ဒီလို တစ်ယောက်တစ်လက် ဝိုင်းဝန်းနေတာ တွေကြောင့် ရွာကြီး ပိုပို လှ၊ ပို ပို စည်ကား လာတာ။
ဂုဏ်ယူစရာပါဘဲ။
ဓာတ်ပုံ ပြပွဲ ကို တော့ လစဉ် ကျင်းပနေမှ ထင်ရဲ့။
ပျော်ဖို့ကောင်းတယ်။ :-)
Was this answer helpful?
LikeDislikeစတင်တဲ့ နေ့က အားလုံးကြိုက်တာတွေထဲက အကြိုက်ဆုံး တစ်ပုံ ကို ဗုဒ် လိုက်တယ်
နောက်ထပ် ဆက် ဗုဒ် လို့ မရတော့ဘူး
မနေ့ကထိ လုံးဝ မဗုဒ် ခံရတဲ့ ပုံလေးတွေ တွေ့တော့ အားနာမိတယ်
အခု ၀င်ကြည့်တော့ ကျန်တာမရှိ ဗုဒ် ပေးကြတယ်
ဘယ်သူတွေမှန်း မသိပေမဲ့ ဗုဒ် ပေးတဲ့ လူတွေကို ကာယကံရှင် ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်
ဒီ လောက်ဆို သူတို့အတွက် ( အဲဒီထဲ ကျွန်တော်လဲ ပါပါတယ်)လုံလောက်သွားပါပြီ ကျေနပ်သွားပါပြီ
ကျွန်တော်လဲ တစ်ပုံ တင်ထားပါတယ်
ကိုယ့်ပုံ မကောင်းမှန်း သိပေမဲ့ အားပေးတဲ့သူ ဗုဒ် တဲ့သူကို အားပေးမှုကို ကျေးဇူးတင်လို့ ကောင်းကောင်းပြုစုမယ်လို့ စိတ်ထဲကတွေးထားတာ
စတင်တဲ့ နေ့ကတဲက တစ်ဗုဒ် ရလို့ ဘယ်သူမှန်းတော့ မသိဘူး သိရင် သေချာပြုစုမယ်လို့ စဉ်းစားနေတာ
မနေ့က ဘယ်သူဗုဒ်သွားမှန်း သိလိုက်ရလို့ သူ့ကို ကောင်းကောင်းပြုစုလိုက်ပါ့မယ်
အဲ မနေ့ ကမှ သိတာ မဒမ်နို ပါတဲ့ ဗျာ…
Was this answer helpful?
LikeDislikeသေချာရဲ့လားဟယ်။
Was this answer helpful?
LikeDislikeနောက်တာနော်။ ပြောချင်တာက “မဒမ်နို” ကို ပြုစု ချင်တာ နဲ့ အကြောင်းပြသလား ကို ပြောတာပါ။ ;-)
Was this answer helpful?
LikeDislikeအပိုင်သေချာတဲ့ ခိုင်ရွှေဝါမဲပေါ့ အရီးလတ်ရဲ့ …
Was this answer helpful?
LikeDislikeမယ်ပုလိုပဲ ဒေါ်ဒေါ်လည်း ကိုယ့်ဖာသာနာမည်လေးတွေပေးပြီး ကြည့်မိတယ်၊
နံပါတ်တွေနဲ့က ပြန်ရှာရတာ မူးနေလို့၊
တိုက်တိုက်ဆိုင်ဆိုင်
၈ ကို အပေးအယူ၊
၁၉ ကို ဈေးနေ့လို့ ပေးထားမိတယ်။
ကျန်တာတော့ မတူပါဘူး။
နောင် ပြပွဲတွေကျရင် ကိုယ့်ပုံလေးကိုယ် နာမည်ပေးပြီးပို့ရင် ပိုလှမလားလို့ စဉ်းစားမိပါတယ်။
ပင်မခေါင်းစဉ်နဲ့လည်း နွယ်တဲ့ နာမည်ပေါ့နော်။
ဥပမာ
၁။ လက်မလည်တဲ့ဈေးသည်
၂။ကျောင်းဖွင့်ချိန်နီးတဲ့ဈေးသည်
၃။စွယ်တော်ရွက်ဈေးသည်
၎။ပန်းပေးမယ့်ဈေးသည်
၅။သားသားမီးမီးချစ်တဲ့ဈေးသည်
စသည်ဖြင့်ပေါ့……….
လျှာရှည် နှမ်းဖြူးဆရာလုပ်ကြည့်တာပါ။
Was this answer helpful?
LikeDislikeအလိုလေး…ကွန်မန်းတွေအကုန်လုံးမမြင်ပါလား….တချို့ပဲမြင်တယ်…သူကြီးဆာဖာဒေါင်းမှာကြောက်ပြီ
ထင်ပါ့…
Was this answer helpful?
LikeDislikeကိုယ်ဒေါ်ရယ် ..
အလန့်ထညက်ကွယ် ..
ကွန်မန့်ရေးတဲ့ Box ရဲ့ ဘယ်ဘက် အပေါ်နားမှာ Old Comments ဆိုတာ ရှိပါဒယ် ..
အဲဒါလေးကို နှိပ်ပြီး မမြင်ရတဲ့ ကွန်မန့်တွေကို ကြည့်ပါလို့ …
Was this answer helpful?
LikeDislikeတူမောရိုး (စနေနေ့သည်) နောက်ဆုံးနေ့ဖြစ်ပါသည်..။
တူမောရိုး ညနေ ဘိရုမာ စံတော်ချိန် နာရီ တခုခု သတ်မှတ်ကြေငြာပီး ဗုတ်တွေကို
ရီ တွပ် ပေးစေရန် …လစ်ဘရယ်သဂျီးအား ရီကွက်စ် လိုက်ရပါသည်။
လက်ရှိအချိန်ထိတော့
ပုံ ၁ 2.33% (4 votes)
ပုံ ၂ 9.3% (16 votes)
ပုံ ၃ 1.74% (3 votes)
ပုံ ၄ 19.19% (33 votes)
ပုံ ၅ 17.44% (30 votes)
ပုံ ၆ 0.58% (1 votes)
ပုံ ၇ 1.74% (3 votes)
ပုံ ၈ 11.05% (19 votes)
ပုံ ၉ 0.58% (1 votes)
ပုံ ၁၀ 0.58% (1 votes)
ပုံ ၁၁ 2.33% (4 votes)
ပုံ ၁၂ 1.16% (2 votes)
ပုံ ၁၃ 1.16% (2 votes)
ပုံ ၁၄ 0.58% (1 votes)
ပုံ ၁၅ 0.58% (1 votes)
ပုံ ၁၆ 3.49% (6 votes)
ပုံ ၁၇ 1.74% (3 votes)
ပုံ ၁၈ 9.88% (17 votes)
ပုံ ၁၉ 0.58% (1 votes)
ပုံ ၂၀ 6.4% (11 votes)
ပုံ ၂၁ 2.33% (4 votes)
ပုံ ၂၂ 1.16% (2 votes)
ပုံ ၂၃ 4.07% (7 votes)
ပုံ ၄နှင့် ၅ မှာ ပထမနေရာအတွက်
ပုံ ၂-၈-၁၈ တို့မှာ တတိယနေရာအတွက်
အကြိတ်အနယ် ဖြစ်နေကြောင်း…
မဗုတ်ရသေးသူများ အမြန် ဗုတ်စေလိုကြောင်း
လက်တို့လိုက်ရပါသည်။
Was this answer helpful?
LikeDislikeနက်ဖြန် သွားဇယာ ရှိလို့ ..
ခရစ်တစ် ဆိုက်ဇ် ကို ဒီနေ့ လုပ်ပါမည်..။
(မှန်တာရှိသလို မှားတာလည်း ရှိမှာမို့ ..)
ထင်တာပြောတာလည်း ပါမှာမို့…
သည်းခံဖတ်ပေးကြပါခညား…။
ပုံ-၁
သာမန် စနပ်ရှော့ပ် ပုံ တစ်ပုံထက် မပိုပါ
စွဲညိစရာ တခုခု ကျန်မနေပါ…
ဈေးသည်ရဲ့ ကိုယ်တစ်ပိုင်းပုံ
နယ်နေတဲ့လက်တွေကို ဖိုးကပ်စ်ထားပြီး ဇွမ်း ဆွဲရိုက်ရင် အတော်လေး
တွေးစရာပြောစရာ ဖြစ်လာမယ် ထင်ပါသည်။
ပုံ-၂
ဖွဲ့စည်းတည်ဆောက်ပုံ ဘဲလန့်စ် ကောင်းပါသည်။
သို့သော် ထူးမခြားနား ပါ။ ရေအိုး ရှေ့သွားပြီး
ရေအိုးကတဆင့် ဈေးသည် ဈေးသည် နောက်မှ ဘုရား
ရှေ့ဝါး-အလယ်ဖိုးကပ်စ်-နောက်ဝါး
ပုံစံမျိုးရိုက်လျှင် ယခုပြထားတာတွေလည်း အကုန်ပေါ်ပြီး
ဓါတ်ပုံသဘောတရားအရ ပိုကြည့်ကောင်းမည် ထင်ပါသည်။
ပုံ-၃
mood ပါတဲ့ပုံဖြစ်ပါသည်။
စောင်းနေတာလေးကပင် ပိုအသက်ဝင်သယောင်
သို့သော် လှည်းထဲ ဘာတွေထည့်တွန်းလာလဲ မပြောနိုင်ခြင်းက
(အမှိုက် ? အသီး? အခြား?) အကြီးဆုံးသော အားနည်းချက် လို့ထင်ပါသည်။
ပုံ-၎
ပရို လက်ရာ ပါ။ပြိုင်ပွဲဝင် အဆင့်မျိုး ပါ။
တောင်းထဲက ပန်းတွေအပြည့်မပါတာ (ကျုပ်က ၀ိုက်သမားမို့ ၀ိုက် ကြိုက်လို့လား မသိ..)တော့ မနှစ်သက်။
နောက်ထပ် မနှစ်သက်တဲ့အချက် က ပိုစ့်ပေးခိုင်းပြီး ရိုက်တဲ့ပုံမျိုးဖြစ်ပြီး
ဈေးသည်တော့မည်ပါရဲ့ ဈေးရောင်းနေတဲ့ပုံမဟုတ်လို့ပါ။
ဈေးသည် နောက်ကျော ၀ါးထွက်သွားသော ဘိုခေဲးများကိုတော့ အလွန်နှစ်သက်ပါသည်။
ပုံ-၅
အသက်ဝင်ပြီး ဖွဲ့စည်းပုံလည်း ကောင်းပါသည်။ (အတုယူပါ သဂျီး)
ဖိုးကပ်စ် နည်းနည်း အောက်တာတော့ အားနည်းချက်ဖြစ်ပါသည်။
ဟန်းရှိက်ခ် ဖြစ်နိုင်ပါသည် ။ (ပြန်ဖတ်ပေးပါ့မည်)
ပုံ-၆
ဈေးတန်းတခု၏ ရောင်းဝယ်ဖောက်ကားနေပုံ အပေါ်စီးမှ ရိုက်ထားတာဖြစ်ပါသည်။
သတင်းဓါတ်ပုံဆန်ပါသည်။ ဈေးဟူသော ခေါင်းစဉ်နှင့် ပိုမို သင့်တော်ပါမည်။
ပုံ-၇
ဖွဲ့စည်းပုံ ပြတ်သားမှု အလင်းအမှောင် အားလုံး ပြောစရာမရှိပါ။
ဘေးတစောင်း၉၀ဒီဂရီ မှ ရိုက်ထားတာဖြစ်လို့ ၄၅ လောက် ၆၀လောက် ကရိုက်ရင်
ဈေးသည်မျက်နှာ ၃ပုံ၂ပုံလောက် မြင်ရမှာ ဖြစ်ပြီး ပိုမို အသက်ဝင်မည် ထင်ပါသည်။
ပုံ-၈
နောက်ထပ် လက်ရာကောင်းတခုပါ။ အရိပ် ကျနေပုံ နဲ့ အလင်းအမှောင် အယူအဆ
ကို အလွန်နှစ်သက်ပါသည်။ တွေးစရာတွေ အများကြီး ပေးသော ပုံလည်း ဖြစ်ပါသည်။
ဈေးသည် ဆိုသော ခေါင်းစဉ်ထက် အရောင်းအ၀ယ် ဟူသော ခေါင်းစဉ်နှင့်များ
ပိုလိုက်မလား လို့ တွေးမိပါသည်။ ဖိုတိုအက်ဆေး ကောင်းကောင်းလေးတစ်ပုဒ် ရေးနိုင်မယ့်ပုံ
ဖြစ်ပါသည်။
ပုံ-၉
ပုံကောင်း တစ်ပုံ ဖြစ်သင့်လျက် ဖိုးကပ်စ် နည်းနည်း အောက်သွားသော ပုံ ဖြစ်ပါသည်။
လှုပ်ရှားသက်ဝင်မှု ကို အမိဖမ်းထားတာကို သဘောကျပါသည်။
ပုံ-၁၀
နောက်က စေတီများကို သည်ထက် ပိုပေါ်လွင်အောင် ပြနိုင်လျင်
အားကောင်းသော ဘက်ဂရောင်း ရလာမယ် ထင်ပါသည်။
သည်အတိုင်းကတော့ အတော်အတန် ကြည့်ပျော်ရှုပျော်သော ပုံလို့
ပြောချင်ပါသည်။
Was this answer helpful?
LikeDislikeပုံ-၁၁
နှူးဘာ ဒါ့ပုံဆြာများ ဖင်အကြောင်း ဆွေးနွေးခဲ့ကြသည့် ပုံဖြစ်ပါသည်။
ပုံကောင်းလေး ၁ပုံပါ။ အလျားလိုက် မဟုတ်ဘဲ ဒေါင်လိုက် ရိုက်သင့်သည့်ပုံ
လို့ ပြောချင်ပါသည်။ ဖင်ပိုင်ရှင် ခေါင်းမပြတ်အောင်ပါ
ပုံ-၁၂
အလွန်အသက်ဝင်သောပုံ ဖြစ်ပါသည်။ ဘီယာရောင်းသူမို့ ကွန်ဇာဗေးတစ်များထံမှ
ဗုတ်ရမည် မထင်ပါ။ ကျနော်ကတော့ အနှစ်သက်ဆုံး ပုံ လို့ ကိုယ်ပိုင် အမြင်နဲ့ ပြောချင်ပါသည်။
(ဘီဘီ ကြောင့်မဟုတ်ပါ။)
ဘာကြောင့်လဲ ဆို ဖိုးကပ်စ်ကို ဈေးသည်မျက်နှာမှာ ထားလို့ပါ။
လှုပ်ရှားမှု ကို အမိအရ ဖမ်းယူထားသောပုံ ဖြစ်ပြီး ကန့်လန့်ဖြတ် ရွှေ့လျားမှု (လှေ)
ကလည်း ထူးထူးခြားခြား အားဖြည့်ထားပြန်ပါသည်။
ပုံ-၁၃
(ကျော်ပါမည်)
ပုံ-၁၄
အနုပညာ ဈေးသည် တယောက်ရဲ့ ပုံပါ။
ရောင်းနေပုံမဟုတ်ဘဲ ဖန်တီးနေပုံ သက်သက် ဖြစ်တာက ပြောစရာ ပါ။
ဈေးသည်မျက်နှာနှင့် ရေပြင်ညီလောက် ကရိုက်ရင် (ထိုင်ရိုက်ရင်)
အသက်ဝင်မှာပါ။
ပုံ-၁၅
ဒါ့ပုံရိုက်နေတဲ့ တိုးရစ်စ်တွေ ကျောဘက်မှ နေပြီး ဈေးသည်ကို ဦးတည်ရိုက်ရင်
ပိုလှမယ် ထင်ပါသည်။ ကျနော်က ချောင်ချိုချောင်ကြား ကြိုက်တတ်လို့လားတော့မသိပါ။
ခါးထောက်ထားတဲ့ လက် အတွင်းကနေ ဇွမ်းပီး ရိုက်ရတာတို့ ..
လူ၂ယောက်ကြားက နေ ဆွဲရိုက်ရတာတို့ (သက်ရှိဘောင်အဖြစ်သုံးပြီး) နှစ်သက်ပါသည်။
ပုံ-၁၆
သည်ပုံလေးလည်း နှစ်သက်ပါသည်။ အပြစ်ပြောစရာ မရှိပါ။
ခေါင်းစဉ်နှင့် ကိုက်ညီပြီး ပြေပြစ်မှု လည်း ရှိပါသည်။
ပုံ-၁၇
ဈေးသည်လား ဈေးဝယ်လား ရုတ်တရက် မခွဲနိုင်တာက လွဲရင်
ပုံကောင်းလေး ၁ပုံ လို့ ပြောပါရစေ ..။ သည်ပုံကိုလည်း ဒေါင်လိုက်ရိုက်မယ် ဆိုရင်
နောက်က ဈေးလမ်း တူရူ ပေါ်မှာ ဖြစ်ပြီး မျှော်လို့ရတာမို့ ကြည့်ရှုသူ ကို
ဆွဲဆောင်မှု ပိုရှိစေမည် ဟု ထင်ပါသည်။
ပုံ-၁၈
ဖွဲ့စည်းပုံကောင်းရဲ့သားနဲ့ ဘာကြောင့် တက်စခြာ ထည့်လွှတ်လိုက်သည် မသိပါ။
(ဖရက်စကို ထင်ရဲ့..)
ပုံ-၁၉
နည်းနည်းလေး စောင်းနေတယ်ထင်ရဲ့။
နောက်ခံ ဘက်ဂရောင်း တဲ ခေါင်မိုးဟာ ရေပြင်ညီ ဖြစ်မနေတာ ကြည့်လို့ မကောင်းပါ။
ကောင်းကင်ပြာမှာ တိမ်လှိုင်းကြက်ခွပ်လေးတွေ ထနေတာ ..သည့်ထက် ပိုပါအောင်
ရိုက်နိုင်ရင် အတော် ကောင်းမယ် ထင်ပါသည်။
ပုံ-၂၀
ကျနော် ဒုတိယအကြိုက်ဆုံး ပုံပါ။
ဈေးသည် ဆိုတာ ဒါမျိုးလို့ ကျကျနန ခင်းကျင်းပြထားပါတယ်။
အလင်းအမှောင်လည်း ကောင်းပြီး
ဒေါင်လိုက်ရိုက်ထားတာကိုက ဈေးသည် ဈေးခြင်း မုန့် အကုန်ပါဝင်ပြီး
အဲ့သည့် လူနဲ့ပစ္စည်းတွေ နေရာကျနမှုဟာ ဖွဲ့စည်းတည်ဆောက်ပုံအရ
အလွန် သဘောကျစရာကောင်းပါသည်။
နောက်ကစက်ဘီး တွေကလည်း ပြင်းပြတဲ့ ဘက်ဂရောင်းနေရာင်ကနေ
ဈေးသည်ကို ခြားနား ပေးထားပြီး ပံ့ပိုး နေပြန်ပါတယ်။
ဗရာကြော်ပါ။
ပုံ-၂၁
ရှေ့တူရူကို ပြထားတဲ့ အတွက် ဈေးသည်က handicap ဖြစ်တဲ့အတွက်
တွေးစရာနဲ့ ခံစားချက်တွေ ပေးပါသည်။ သို့သော ကျော ကရိုက်ထားတာကိုတော့
မနှစ်သက်လှပါ။
ပုံ-၂၂
ဘယ်ဘက် အပေါ် ထောင့်က ဖွေးထွက်နေတဲ့ နေရောင်ကြီးက ကြည့်ရဆိုးပါသည်။
ဇွမ်း ထပ်ဆွဲရင် အနားပိုကပ်ရင် ဒါမှမဟုတ် ဒေါင်လိုက် ပြောင်းစမ်းကြည့်ရင်
ဘယ်လိုနေမလဲဆိုတာ သိချင်မိပါသည်။ ဒေါင်လိုက်ဆိုလို့…
ဘယ်နဲ့ညာကေ၇ွှရောင်နဲ့ အနီရောင်တိုင်၂လုံးကို ဘောင်အနေနဲ့ သုံးပြီး
အားဖြည့်ယူလို့ ရတာလေး လက်တို့လိုက်ပါသည်။
ပုံ-၂၃
သည်ပုံလေးလည်း နှစ်သက်ပါတယ်ဗျာ…
ဝိုက်သမား မို့လို့တော့ မဟုတ်ပါ.. ပြောရရင်တော့
ဘယ်ဘက် က နေရာလွတ် အစား ညာဘက်အောက်ထောင့်က
ဈေးသည်ကြီး တက်ထိုင်နေတဲ့ ခုံ လား စားပွဲလား .
အဲ့သည့် အစွန်းလေး ပါခဲ့ရင် ပိုပြည့်စုံမယ်ထင်ရဲ့…
ဖွာထွက်နေတဲ့ အခင်းတို့ .အကျိုးအပဲ့တို့စတဲ့ ထောင့်ချိုးလေးတွေက
တခါတခါ စကားအများကြီးပြောတတ်ပါတယ်။
Was this answer helpful?
LikeDislikeပညာတွေ အများကြီး ရပါသည်
ကျေးဇူး အထူး တင်ပါသည်
ဆြာဂီ နဲ့ မတူတဲ့ ထောင့်တွေကနေ ထပ်မံဆွေးနွေးပေးမဲ့ ဆရာများ ရှိရင်ကောင်းမှာပဲလို့ တောင့်တမိပါသည်
ဆရာသော့၊ဆရာလု၊ဆရာမှော်၊ဆရာမင်း၊ဆရာပေါက်၊ ဆရာချော( သူ့ကိုတော့ ပုဂံပုံတွေကြည့်ပြီးမှ ဆရာထဲ ထည့်လိုက်တာ) တို့ အမြင်တွေ ချီးမြှင့်ပေးကြပါဦး ခင်ဗျာ
Was this answer helpful?
LikeDislikeကျွန်တော့အနေနဲ့ကတော့ ဂီဂီ ပြောသွားတာ တော်တော်ပြည့်စုံသွားပြီ ဖြစ်တဲ့အတွက် …
ဖားရှေ့ မှော်ကျူး မလုပ်ချင်တော့ပါ …။
ပြပွဲပုံတွေထဲမှာ ကျွန်တော် တစ်ပုံ ၀င်ထားတဲ့အတွက် ပြပွဲပြီးချိန်မှာ ကျွန်တော့ဓါတ်ပုံ ရိုက်ကူးခဲ့ပုံကို
အယူအဆများနဲ့တကွ သေသေချာချာ ရေးတင်မယ်လို့ စိတ်ကူးထားပါတယ် ..။
အမ်လုလင်လဲ ပြိုင်ပွဲဝင်ထားတယ်လို့ ဆိုပါတယ် …
သူ့ကိုလဲ အဲဒီလို ပိုစ့်မျိုးတစ်ပုဒ် ရေးတင်ဖို့ တောင်းဆိုလိုက်ပါတယ် ..။
Was this answer helpful?
LikeDislikeရိုက်တာတော့ မသိဘူး ကူးတာတော့ ဂလိုဘဲ …ကွန်ပူတာထဲ ထည့် ကူးတာ မဟုတ်လား …

ကြုံရင်…ပြန်တို့တာလေး လုပ်ပါဦးဆြာ …
Was this answer helpful?
LikeDislikeအမလေး နာမည်ပြောင်းပြန်ပြီ … ဘယ်သူလဲလို့ မျက်စိတောင် လယ်သွားတယ် …
အဲဒီ့နာမည်ကိုရော ဘယ်လိုအသံထွက်တုန်း
်တို့တာက ပြန်တောင်မေးနေရတာကို သိရဲ့သားနဲ့ …
Was this answer helpful?
LikeDislikeအော်နောက်တယောက်များပိုစ့်ထပ်တင်တာလားလို့။ မျက်စိလည်သွားတာပဲ။ ဖတ်တောင်မဖတ်တတ်ဘူးကွယ်။ အာဇူရီ လား။ အီတလီနာမည်များလား။
Was this answer helpful?
LikeDislikeအက်ဇယ်(လ်)ရီ လား အက်ဇာရီ လားမသိဘူးကွယ် …. သေချာတာတော့ အရူးရီးလို့ဖတ်ပါကွယ် ………:)
Was this answer helpful?
LikeDislike၄၊၅၊၉၊၁၀ ကြိုက်ပါသည်။
Was this answer helpful?
LikeDislike၅ပုံတိတိ ၀င်ဗုတ်လိုက်ပါတယ်။ အများဆုံးဗုတ်ခံရတဲ့လူက အခမဲ့ ဒါ့ပုံရိုက်ပေးပါမယ်တဲ့ မည်သူမဆိုပါတဲ့ (ကိုယ့်သဘောနဲ့ကိုယ်ပြောခြင်းဖြစ်ပါသည် )
Was this answer helpful?
LikeDislikeCalifornia US Std time စနေနေ့မနက် ၁နာရီခွဲမှာ.. မြန်မာပြည်စံချိန် စနေညနေ ၃နာရီမှာ poll/Vote ရပ်မယ်ဗျို့..
Was this answer helpful?
LikeDislikeပုံနံပါတ် (၂၀)လေးကို ကြိုက်လွန်းလို့ .. သဘာဝကျလွန်းလို့ … မြင်ရတာ ဟတ်ထိလွန်းလို့ … လှည့်ပတ်ပြီး … ဗုတ်ပေးတာတောင် …သူ့ခမျာ ယက်ကန်ယက်ကန်နဲ့ …… ဟင့် …
Was this answer helpful?
LikeDislikeဓါတ်ပုံအကြောင်းတော့ နားမလည်ပေမဲ့ ပုံ-၁၉ လေးကြိုက်လို့…ဗုတ်လိုက်တယ်ဗျို့။
Was this answer helpful?
LikeDislikeကျုပ်သာ ဒီပွဲကြီးရဲ့ ဘာမှမသိတဲ့အကဲဖြတ် ဘာမသိကြီး ဖြစ်မယ်ဆိုရင်တော့
)
( 2 ) စကားပြောသောပုံ
( 4 ) ဓာတ်ရိုက်ဓာတ်ဆင် ဆြာရဲ့ ခရီးရေ့တစ်ဗ် လို့ခေါ်မလား ကောင်းတယ်
( သဘာဝအနေနှင့်ကတော့ ဖန်တီးမှု့ဖြစ်နေတယ်ဆိုတော့ကာ )
( 8 ) အဲ့သည်ပုံက ဘာကောင်းတာလည်းတော့သိဘူး ကောင်းသဗျ
( 18 ) အမှန်ဒီပုံက ကျုပ်လိုဆြာ့ဆြာကြီးနီးပါးတော်တဲ့ရိုက်ချက်ဘဲ
အခြားပုံတွေကိုလည်း မရှုပ်ချပါဘူးနော
ဓာတ်ပုံသဘောအရ ဗျုး တွေ အလင်းအမှောင်တွေ စသည် စသည်လည်းရှိမည်ထင်သပေါ့ ( အထင်
ကင်မလာဆိုတာကိုလည်းတစ်ခါမှမတစ်ခါဘူးပါကြောင်းနှင့်
ရွာမှာတော့ အကောင်မတွေ တောင်ကျစမ်းချောင်းဖြတ်ကူးတာတို့
အီးပါတာတို့
ရေချိုးတာတို့
ရန်ဖြစ်ပြီးအဘန်းလုံးတာတို့
စသည် စသည်တွေကိုတော့ အပီခိုးချောင်းဘူးဘာဂျောင်း
Was this answer helpful?
LikeDislikeမန်းဂေဇက် ဓါတ်ပုံပြပွဲ-၁ (ဈေးသည်) – မေလ-၂၀၁၂
Answer Votes Percent
ပုံ ၅ 44 20%
ပုံ ၄ 36 16%
ပုံ ၈ 30 14%
ပုံ ၂ 18 8%
ပုံ ၁၈ 18 8%
ပုံ ၂၀ 16 7%
ပုံ ၂၃ 12 5%
ပုံ ၁၆ 10 5%
ပုံ ၁ 4 2%
ပုံ ၁၁ 4 2%
ပုံ ၂၁ 4 2%
ပုံ ၂၂ 4 2%
ပုံ ၃ 3 1%
ပုံ ၇ 3 1%
ပုံ ၁၇ 3 1%
ပုံ ၁၀ 2 1%
ပုံ ၁၂ 2 1%
ပုံ ၁၃ 2 1%
ပုံ ၁၉ 2 1%
ပုံ ၆ 1 0%
ပုံ ၉ 1 0%
ပုံ ၁၄ 1 0%
ပုံ ၁၅ 1 0%
Was this answer helpful?
LikeDislikeသုံးနာရီတောင် ကျော်ပကိုး..
သဂျီးပုံက ၁၃ လားဗျ..တော်တော်ဆိုးဒါဘဲနော်..
ဓာတ်ပုံဆရာအမည်လေးတွေကော တင်ပေးကြဦးမှာလား..
ဘယ်သူ ဘယ်ပုံလဲ စိတ်ဝင်စားလို့ 
သားပုံသာ မပါတာ..ခုလို ၀င်အားပေးဒါနဲ့ တင်ပျော်ချရာကောင်းပါလေ့တကား..
နောက်ပွဲတွေတော့ ဓာတ်ပုံဆရာတွေ ဒီ့ ထက် ပိုဆရာကျ..ပိုနပ်လာမယ်ထင်ပါတယ်..
Was this answer helpful?
LikeDislikeပုံအားလုံးကိုကြိုက်ပါတယ်။
တစ်ခုပဲ မဲပေးလို့ရတော့ ရွေးရင်းခေါင်းတောင်နောက်သွားတယ်ဗျာ။
နောက်ဆုံး ၂၃ ပဲရွေးလိုက်တယ်။ဇယာကိုအံတုပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနေတာကို လေးစားလို့။
ဓါတ်ပုံ ပညာတော့ နကန်းတစ်လုံးမှမသိပါဘူးခင်ဗျာ။
Was this answer helpful?
LikeDislikeဆိုတော့.. ပထမရတဲ့သူဆီဆုတွေသွားမှာလားဟင်င်င်..
ကျုပ်ကိုယ်ပိုင်ဗုတ်လိုက်တာကတော့.. ဘီယာရောင်းတဲ့.. ဦးဦးဈေးသည်ပုံပါ..။
အကြိုက်ဆုံးတွေကတော့… ၄။၈၊၂၀ ဖြစ်ပါကြောင်း…။
Was this answer helpful?
LikeDislikeပ ဒု တ ၃ယောက် ခွဲပေးမယ် စိတ်ကူးပါတယ်
သဂျီးဆု ပ ကို ခရထဆု ကို ဒုကို
သများဆုကို တ ကိုပေးချင်ပါတယ်
Was this answer helpful?
LikeDislikeဟင့်အင်း .. သားက တတိယ .. အမောင့် နည်းတယ်ဗျ သားက ..
Was this answer helpful?
LikeDislikeအမောင့်ကို နှစ်ဆတိုးပြီး ဒုကို ပေးလိုက်ပါ … ဟင်း ဟင်း ဟင်း
Was this answer helpful?
LikeDislikeမှော်ဆရာ နံပါတ် ၎
Was this answer helpful?
LikeDislikeဘယ်လိုပေးပေး ရမယ့်သူက ထိုက်တန်စွာ ရရှိမှာဖြစ်တဲ့အတွက် သူ့အစား ၀မ်းသာပေးမိပါတယ်။ အတုယူဖို့လည်း သင့်ပါတယ်ရှင်။
Was this answer helpful?
LikeDislikeဓါတ်ပုံပြပွဲကလေးအောင်အောင်မြင်မြင်ဖြစ်မြောက်သွားတာကိုဝမ်းသာပါတယ်
ရွာသားအားလုံးရဲ့တက်ကြွမှုကိုလဲအသိအမှတ်ပြုရပါမယ်။စည်းလုံးညီညွတ်မှု
ိုကိုထိမ်းသိမ်းရပါမယ်။နောက်တကြိမ်မှုာဒီထက်ကောင်းတဲ့လက်ရာကောင်းတွေ
ပေါ်ထွက်လာမယ်လို့မျှော်လင့်ပါတယ်၊
ငယ်ငယ်တုံးက ပါဆယ်ဂိမ်းကစားခဲ့ရသလိုပါဘဲ၊ပျော်ရွှင်ခဲ့ရ၊စိတ်လှုပ်ရှား
ခဲ့ရပါတယ်။
ဘ၀အမောတွေပြေပျောက်နိုင်ကြပါစေ—–
Was this answer helpful?
LikeDislikeဒို့ကတော့ ရွှေဘိုသား နံပါတ် 11 ပဲ
Was this answer helpful?
LikeDislikeသားက အကဲဖြတ် ပေးမယ်… ဟိဟိ ..
Was this answer helpful?
LikeDislikeမကျေနပ်ဘူး … မျက်နှာလိုက်တယ် …ဒိုင်လူကြီးတွေ လာတ်စားတယ် ။။ အနော်တို့ ဓလေ့ လေး အော်ကြည့်တာ.. :grin:
နောက်တာ ..
ဆြာတွေ ဘယ်သူဆိုတာ ၁ ကနေ ၁၀ လောက်အထိတော့ ကြေညာပေးသင့်ပါကြောင်း ။
Was this answer helpful?
LikeDislikeကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်ရင် ကောင်းမလား စဉ်းစားနေပါတယ်။
ဆုရတဲ့အထဲမပါပေမယ့် ကိုယ့်အဆင့်နဲ့ကိုယ် ရထားတဲ့နေရာလေးကိုတောင် အတော်ကျေနပ်နေလို့ ကြွားချင်နေတာ။
ပြပွဲဆိုပေမယ့် ရွာထဲမှာ ဆရာ့ဆရာကြီးတွေ များလို့ ၀င်ပြဖို့ မစဉ်းစားပေမယ့် …..
အားပေးအားမြှောက်လုပ်ပြီး အနီးကပ် ကြီးကြပ်ပေးတဲ့ M Lulin နဲ့
ငွေကုန် သံပြာ ဖိနပ်ပြား ဗိုက်ကား အောင် အားပေးတဲ့ အမွှာညီအမ ပဒုမ္မာ တို့ကို ကျေးဇူးအထူး တင်ရှိပါကြောင်းးးးးးးးး
ဓာတ်ပုံရိုက်ဖို့ ပိုးဝင်သွားပြီဖြစ်ပါ၍ နောက်လ ချစ်စရာ့အရွယ် ခေါင်းစဉ်အတွက် တွေ့သမျှကလေးတွေကို လိုက်ရိုက်နေပါကြောင်းးးးးး
Was this answer helpful?
LikeDislikeိုလေ့လာသူများ အထောက်အကူဖြစ်စေရန်
ဆုရပုံ၃ ပုံ၏ အားနည်းချက်အားသာချက်များကို
ဒါ့ပုံပညာရှင်များမှ နည်းပညာရှု့ထောင့်မှ
အကဲဖြတ်ပေးကြလျှင်ကောင်းမည်ထင်ပါကြောင်းး..
Was this answer helpful?
LikeDislikeနောက်တစ်ခေါက်တော့ ပါဖြစ်အောင်ပါတော့မယ်ဗျို့ .. ခေါင်းစဉ်လေးပြန်ပြောပေးကြပါဦး
သူငယ်ချင်းတွေဆီက ကင်မလာ လိုက်ငှားလိုက်ဦးမယ် .. ဆုရ ရင်မုန့်ဝယ် ကျွေးမယ်ပြောပြီး ငှားရမယ် ..
ဟီးဟီး
Was this answer helpful?
LikeDislikeပုံ ၅ အတွက် ကွန်ဂရက်ကျူလေးရှင်း ပါ လို့။ တကယ်ကောင်း တကယ်ရ သွားတာ ပါ။
ပထမ ပိုင်း ပုံ ၄ နဲ့ ပြိုင် နေရာ က ပုံ ၅ က ပြန်ပြီး အပေါ် ရောက်သွား တယ်။
ပုံ ၄ လည်း လှ ပါတယ်။
အရောင်အသွေး စုံစုံ လင်လင် ကို ဖန်တီး ပြီးရိုက်ထားသလို ဖြစ်သွားတော့ ဈေးသည် ဆို တဲ့ ခေါင်းစဉ် နဲ့ နဲနဲ လွဲ သွား တာ လို့ ထင် တယ်။
ကို ဗုတ် တဲ့ ပုံ က 19.91% (44 votes) နဲ့ ထိပ်ဆုံး ရောက် သွား တာ ဆို တော့ ပုံ ၅ ပိုင်ရှင် နဲ့ ထပ်တူ ၀မ်းသာ ပီတိ ဖြစ်ရပါကြောင်း။
Was this answer helpful?
LikeDislikeအင်းခုမှပဲ တွေ့တော့တယ် ဗျို့ မောလိုက်တာ တော်တော်ရှာလိုက်ရတယ် ဈေးသည် ကို အမှန်တော့ ကိုယ်တိုင်ကိုက ရှော်တာဗျ…. သေချာမှ မကြည့်တာကိုး…… မန်ဘာတွေ ဗုတ်တာကို ကြည့်တော့ ဒီပြပွဲက ခံစားမှုပြပွဲလို့ ထင်မိတယ်ဗျ……. ပွဲပြီးသွားပြီဆိုပေမယ့် ပြောလိုက်ဦးမယ်ဗျာ…. ပုံတွေအကုန်လုံး ကောင်းတယ်ဗျာ…. အကြိုက်ဆုံးကတော့ ၄၊၈၊၁၂၊၂၀ ဗျာ……. ပုံရဲ့ အရည်အသွေး တော်တော်ကောင်းတယ်ဗျ……
Was this answer helpful?
LikeDislikeအသစ် ဆိုလို့ ၀င်ဖော လိုက်ဥိးမယ်။ နံပါတ် ၂၀ က ဘုရင့်နောက် က တီတီ တစ်ယောက်ဗျို့  .. အဲ့ပုံက ဖုန်းနဲ့ရိုက်တာဗျ။ နံပါတ် ၄ က မြန်အောင် က ဆြာသမား။ နံပါတ် ၈ က ရန်ကုန်က ဆြာသမား နဲ့ နံပါတ် ၁၂ က မန်းလေးက ဆြာသမား …. အရည်အသွေး ကောင်းတယ်ဆိုလို့ … ကျေးဇူးပဲဗျို့  ….။
Was this answer helpful?
LikeDislike