ငရုတ်သီးမှုန့်များနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် အသိပေးကြေညာချက်

klnJune 19, 20101min551

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးအရောင်တင်မှုန့်များကို ဓါတ်ခွဲစစ်ဆေးရာ ဗိုလ်မ၊ အောင်သူမြ၊ ရွှေဆင်မင်း၊ သင်းသင်းမွှေး၊ ပိုင်၊ ထူးကောင်း၊ ခြင်္သေ့နှင့် နေတိုး အမှတ်တံဆိပ်များသည် ငရုတ်သီးမဟုတ်သည့်အမှုန့်များကို ရောနှော၍ အနီရောင်ဆိုးထားခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် စားသုံးရန် မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက် အတုများရောစပ်ထားသော အစားအသောက်၊ စံမညီအစားအသောက်များကို မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း သိရသည်။