Screen shot from filehiphop

အပျင်းပြေ Virtual Desktop လေးတစ်ခု ဖရီးတွေ့ လို့  လက်တို့ ပါတယ်ဗျား..

ကျနော်တို့ ဟာ ပုံမှန်အားဖြင့် Desktop တစ်ခုထဲမှာ အလုပ်ပေါင်းစုံလုပ်ကြတယ်ပေါ့..

အင်တာနက်ကြည့်တယ်၊ ရုံးလုပ်ငန်းဆိုင်ရာတွေလုပ်ဖို့ ဖွင့်ထားတယ်၊ ချက်တင်လဲထိုင်မယ်၊ ဖိုတိုရှော့ နဲ့  ဓာတ်ပုံပြင်ချင်လဲ ပြင်နေမယ်ပေါ့..အဲတော့ ကိုယ့် Desktop မှာ Program  အစုံပလုံနဲ့  မျက်စိနောက်စရာ ဖြစ်ချင်ဖြစ်နေမယ်ပေါ့ဗျာ..

ဒီဆော့ဖ်ဝဲလေးကတော့ သူ့ အကန့် နဲ့ သူ Virtual Desktop ဒက်စတော့ အတုလေးတွေနဲ့  သတ်သတ်စီခွဲပြီးဖွင့်လို့ ရသပေါ့ဗျာ.. ဒါက..

Program တွေ အတော်များများနဲ့ အလုပ်ရှုပ်တတ်တဲ့လူမျိုးတွေသုံးရင် သင့်တော်ပါတယ်

Desktop တစ်ခုမှာ စာရေးမယ်၊ဓာတ်ပုံပြင်မယ်၊ အင်တာနက် ကြည့်မယ်

နောက် Desktop တစ်ခုမှာ ရီးစားစာ ရေးမယ်…

နောက် တစ်ခုမှာ ရုံးလုပ်ငန်း ဟာတွေလုပ်မယ်ပေါ့ဗျာ..

လုပ်ချင်တာတွေကို အကန့် ခွဲပြီးလုပ်လို့ ရတဲ့ Virtual Desktop  ပေါ့ဗျာ..

 

စိတ်ဝင်စားလို့ သုံးချင်ရင် ဒေါင်းလုဒ် ဆွဲပေါ့ဗျာ..

ဒီမှာယူပါ..

http://www.filehippo.com/download_dexpot/download/83accda599d3944b80da17364a6f1ae8/

ဖိုင်ဆိုဒ်ကတော့ 3 မဂ်ဂါဘိုက် ကျော်ပဲမို့  အေးဆေးဒေါင်းလို့ ရပါတယ်.

ဒေါင်းလုဒ်ပြီးရင် Install ပေါ့..

အင်စတောကတော့ ထုံးစံအတိုင်း Next,next,agree, finish ဆိုပြီး ပေါ့ဗျာ..

အားလုံးပြီးရင် Restart   လုပ်ခိုင်းတယ်..မလုပ်လဲ ရသပေါ့ဗျာ..

 

အင်စတော ပြီးသွားတဲ့အခါ ညာဘက်အောက် ဒေါင့်မှာ အပြာရောင်လေးနဲ့  ပေါ်နေပါလိမ့်မယ်

ညာဘက် အောက်ဒေါင့် ( System Trey ) ထဲမှာရှိပါတယ်

 

အဲတာလေးကို Right Click နှိပ်ကြည့်လိုက်ရင် ဟိုးအပေါ်ဆုံးမှာ Desktop 1,2,3,4, ဆိုပြီး ရှိတယ်

1,2,3,4 ဆိုတာလေးတွေထဲက 2 ဆိုတာလေးကို အစမ်းနှိပ်ကြည့်ပါ..ပြီးရင် Desktop 1 ဆိုတာကို ပြန်နှိပ်ပါ

အပေါ်က Desktop 1 က လက်ရှိကိုဖွင့်ထားတဲ့ဟာတွေ ရှိတယ်ပေါ့..အဲတာမှာ

Desktop 2 ကို ကလစ်နှိပ်ကြည့်လိုက်ရင် ၀င်းဒိုး စတက်လာတုန်းကအတိုင်း ဘာမှ မဖွင့်ထားတဲ့ New Desktop ပေါ်လာပါလိမ့်မယ်ဗျား..အဲဒီမှာ ကိုယ်ဖွင့်ချင်တာတွေ ဖွင့်ထားခဲ့လိုက်..

နောက်ထပ် Desktop 3 ကိုကလစ်နှိပ်ပြီး ဖွင့်ချင်တာထပ်ဖွင့်လိုက်..ပြီးတော့ Desktop 4 ကို ကလစ်နှိပ်ပြီး

Tune up ultilites လိုဟာမျိုးနဲ့  ကွန်ပျူတာကို သန့် ရှင်းရေးလုပ်ထားခိုင်းလိုက် အဲလို..ကလိလို့ ရပါတယ်ဗျား..

ညာဘက်အောက်ဒေါင့်က အိုင်ကွန်ကို Right click>Setting ထဲဝင်ကြည့်ပါ

အဲသလို Desktop အတုတွေကို ဆယ့်တစ်ခုထိ ဖွင့်ထားလို့ ရပါတယ်..

Right click and Setting

ကျန်တာတွေတော့ ဆက်ကလိကြည့်ပါ..

Pro လဲ မဟုတ် Technician လဲ မဟုတ်မို့  User ကောင်းတစ်ယောက်တော့ ဖြစ်ချင်သားဗျာ

အလဂါးရတာလေးတွေ တန်အောင် သုံးတတ်ကြပါစေ..ခင်ညား..။

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး