“နှလုံးသား လက်ဆောင်” အပိုင်း(၇)

aung nainglinMay 27, 20121min704

“လာ     လာ   ဟေ့ကောင်      မင်းကိုစောင် ့နေတာ”

သူငယ်ချင်းနှစ်ယောက်စလုံးကပြောလေသည်။     သူလဲ   သူငယ်ချင်းနှစ်ယောက်စလုံးကိုတွေ ့ရသဖြင် ့အရမ်းပဲကြ ွားချင်စိတ်က   ပိုမြင် ့သွာလေသည်။   ဘာပဲဖြစ်ဖြစ်  သူကတော့ကြွားဖြစ်အောင်ကြွားရမည်ပေါ့။…………..

“လာပါပြီကွာ……..မင်းတို ့ကလဲငါသာမလာခဲ ့ရင်သေများသေသွားမလားမသိဘူး……”

“လုပ်မနေနဲ ့  ဟေ့ကောင်……..မင်းကော်ဖီတိုက်မှာလားပြော…………”

“ဟ……ဘာကိစ္စလဲကွ……အရင်းမရှိအဖျားမရှိ့ကွာ….”

“မင်းအတွက်သတင်းကောင်းပါတယ်….နားထောင်ချင်ရင်ပေါ့ကွာ…..နားမထောင်ချင်ရင်တော့မပြောတော့ဘူးပေါ့ကွာ….ကို ့ဟာကိုပဲ  ဝယ်သောက်တော့မယ်….”

သူငယ်ချင်းများက    စိတ်ဆိုးသည် ့ပုံစံနှင် ့ဆိုလာတော့လဲ     သူမငြင်းရက်ပါလေ။ဘာပဲဖြစ်ဖြစ်    သေလောက်အောင်ချစ်ကြတဲ ့သူငယ်ချင်တွေဖြစ်နေတာကို   သူလိုက်ရောရတော့မှာပါ့။

“ကောင်းပြိကွာ…တိုက်မယ်…ကဲပြော  မင်းခန် ့ဘာသတင်းကောင်းလဲကွ…….”

“အဲ ့ဒီလိုလုပ်ပါကွာ…..”

“ဒီကောင်  ဝင်းထွန်းက    အပြင်သွားရင်း     မင်းအတွက်အလုပ်တစ်ခု   စုံစမ်းခဲ ့တာ  အဆင်ပြေတယ်တဲ ့………”

“ဟာ….ငါတော့ပျှော်ပြီးရင်းပျှော်ပဲကွာ……ဒိကမ္ဘာမှာ   ငါ ့လောက်ကံကောင်းတဲ ့ကောင်    ရှိပါအုံးမလားကွာ………..”

သူပြောလိုက်တော့မှ    သူငယ်ချင်းနှစ်ယောက်စလုံး ကြက်သေသေသွားသည်လေ။ဖြစ်သင် ့ပါတယ်လေ   သူတို ့က  အဖြစ်မှန်ကိုသိမှ   မသိသေးဘဲ။  ဒီတော့   သူကြ ွားရန်အချိန်ကောင်းပဲဆိုတာ   သိပြိလေ။

“ဟ     မင်းဟာက  ပျှော်ပြီးရင်းပျှော် ဆိုတာက   ဘာလဲကွာ……ရှုပ်နေတာပဲကွာ….ရှင်းအောင်းလဲပြောပါအုံး……………….”

“ငါ   ပြောရင်မင်းတို ့အံ့ဩောသွားလိမ်မယ်…………….”

“အရေးထဲ   ဈေးကိုင်နေရသေးတယ်…..”

“ငါ   လင်းငယ်နဲ ့    ချစ်သူတွေ    ဖြစ်သွားပြိ………………..”

“ဟား….ဟား……..လာနောက်မနေနဲ ့ကွာ  မင်းဇော်…..ရုပ်တည်ကြီးနဲ ့……..”

“ခွေးကောင်    ဒါနောက်စရာလားကွ     တကယ်မို ့လို ့တကယ်ပြောတာပေါ့ကွ…….”

“ဟေ ့ကောင်     မင်းတကယ်ပြောနေတာပါနော်…….“

“အေးပါကွာ……….ငါ   မင်းတို ့ကိုလိမ်မပြောပါဘူးကွာ……..သစ္စာဆိုရဲ ့ပါတယ်…….ငါသူ ့ကို    အရမ်းချစ်တယ်ကွာ…..သေလောက်အောင်ပဲကွာ…”

“မင်း   ပြောလို ့သာ  ယုံရတာ       သိပ်တော့မယုံချင်းဘူးကွ        ဘာလို ့လဲဆိုတော့   ခင်တာမှ     ဒီနေ ့နဲ ့ဆို    ၇  ရက်ပဲရှိသေးတယ်လေ….”

ဟုတ်သည်လေ    သူငယ်ချင်းတွေပြောတာ   မလွန်ပါဘူး။  ခင်တာမှ    သိပ်မကြာသေးတာအချိန်တိုတိုလေးအတွင် းမှာ    သိပ်ချစ်မိသွားတဲ ့  ဘဝရဲ ့   အချစ်ဦးပဲပေါ့။ပြိးတော့မှ  ဝင်းထွန်းကပြောလေသည်      ။

“ဟေ့ကောင်     မင်းအပျှော်လွန်မနေနဲ ့အုံး…..အလုပ်ဆင်းရမဲ ့    နေရာကိုကောသိလို ့လား…….”

“ဟ………..အေးကွာ      ငါလွန်သွားတယ်  စောရီးပါကွာ    ပြောပါအုံး     အလုပ်က  ဘယ်မှာ    အင်းရမှာလဲ….ဘယ်နေ ့လဲ…..”

“မနက်ဖြန်……လှည်းတန်းနားက  ဘီယာဆိုင်မှာ….ဝိတ်တာလုပ်ရမှာ…..ဖြစ်တယ်မလားဟေ့ကောင်……ငါကတော့ပြောပြိးသွားပြိ….”

“ငါလုပ်နိုင်ပါတယ်ကွာ         ကျေးဇူးတင်ပါတယ်  သူငယ်ချင်းတို ့ရယ်       ငါအ်ိမ်ပြန်လိုက်အုံးမယ်ကွာ   ငါအလုပ်ရပြိဆိုတာ   အမေသိရင် ဝမ်းသာမှာကွ   ပြန်ပြောလိုက်အုံးမယ်။    နောက်မှတွေ ့မယ်  သူငယ်ချင်းတို ့ရယ်။………..”

ပြောပြီးပြန်သွာတဲ ့   သူငယ်ချင်းဖြစ်တဲ ့မင်းဇော်ရဲ ့    ကျောပြင်ကိုကြည် ့ပြီး    ပီတိ  ဖြစ်နေတာကတော့  မင်းခန် ့နဲ ့  ဝင်းထွန်းရယ်ပေါ့။    ဆင်းရဲတဲ ့သူငယ်ချင်း   မင်းဇော်ပျှော်နေတာကိုပဲကြည် ့နေချင်တာ     သူတို ့နှစ်ယောက်ရဲ ့ဆန္ဒပဲလေ။

 

 

“အမေရေ…..အမေ…”

“ဟဲ ့ သား     ဘာဖြစ်လာတာလဲသားရယ်….မောကြိးပန်းကြီးနဲ ့…အမေ ့ကိုလဲပြောပါအုံး    သားလေးရယ်    စိတ်တွေပူလိုက်တာ……”

“စိတ်မပူပါနဲ ့အမေရယ်………အမေ ့သား  အလုပ်ရပြိဗျ……အမေ   မပျှော်ဘူးလားဗျာ……အမေ ့ကိုသားရှာကျေ ွးလို ့ရပြိဗျာ….သား   သိပ်ပျှော်တယ်တယ်….”

အမေ ့ရင်ခွင်ထဲ     တိုးဝင်ကာ    သူပြောမိသည်။    ဟုတ်သည်လေ    သူ ့အတွက်ကတော့  ဒိဘဝမှာ  အမေက  ပထမဥိးဆုံးပေါ့    ပြီးတော့   လင်းငယ်   ဆိုတဲ ့ချစ်သူအသစ်ဆက်ဆက်လေးက  ဒုတိယ  ပေါ့။     မျက်ရည်ဝေ့နေတဲ ့အမေ      အရာရာအတွက်  အေးချမ်းမှုတွေပေးနိုင်နဲ ့   အမေ။   ပျျော်လွန်းလို ့  ပြောလိုက်တဲ ့စကားသံတွေတောင်  တုန်ရီနေသည်မဟုတ်ပါလား။

“သိတက်လွန်းတဲ ့သားလေးရယ်…….သားအဖေသာရှိနေရင်    ဘယ်လောက်တောင်ပျှော်နေမလဲသိဘူးနော်…..မိဘ   အပေါ်ကိုသိတက်လွန်းတဲ ့သားလေး     တစ်နေ ့သူတော်ကောင်းတွေစောင် ့ရှောက်မှာပါ…….”

“အမေ………သားမနက်ဖြန်ပဲ     အလုပ်ဆင်းရမယ်တဲ ့     အဲ ့ဒါ   မနက်ကြရင်  စောစောနိုးနော်…….သားအိပ်ပျှော်နေမျာစိုးလို ့ပါ….”

“အေးပါသားလေးရယ်    အမေ   နိုးပါ့မယ်     …….ဒါနဲ ့    မင်းသူငယ်ချင်းတွေကော   သိပြီးပြိလား  ………”

“သူတို ့ပဲ ရှာပေးတာလေ   အမေရဲ ့…….”

“သာဓုကွယ်……သာဓု….အမေ ့သားရဲ ့သူငယ်ချင်းတွေလဲ    ဘုန်းကြီးလို ့အသက်ရှည်ပါစေ……..”

ရှေ ့သို ့ဆက်ပါအုံးမည်။………….အားလုံးကို    ရိုသေလေးစားစွာဖြင် ့….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

4 comments

  • windtalker

    May 28, 2012 at 12:03 am

    ဇါတ်ရှိန်မြင့်လာပြီ ။ ကောင်လေး က ဝိတ်တာဖြစ်ပြီဆိုတော့ ခယောင်းတော လာတော့မယ်လို့ ထင်ပါရဲ့

  • ဗိုက်ကလေး

    May 28, 2012 at 11:56 am

    အလုပ်ရပြီဆိုတော့ လခထုတ်ရင် ဘီအီးတိုက်ဦးဂျ 😆
    ဆရာနေဝန်းနီရဲ့ မဆုံးတဲ့သီချင်းလိုပဲ အခန်းဆက် များမယ်နဲ ့တူတယ်နော..အူးလေး..
    အစဖတ်မိထားတော့ ဆုံးအောင် အားပေးရမပေါ့ဗျာ..

  • aung nainglin

    May 28, 2012 at 3:18 pm

    ကျေးဇူးတင်ပါတယ် အစ်ကိုဗိုက်ကလေးရေ………
    ဘာပဲဖြစ်ဖြစ် အဆုံးရောက်တဲ ့အထိတော့အားပေးစေချင်ပါတယ်
    ဘီအီးတော့မတိုက်ပါရစေနဲ ့ဗျာ
    ကို ့အစ်ကိုတွေဆိုတော့ HighClass လောက်တော့ ဝယ်တိုက်ပါရစေဗျာ
    ခင်မင်လျှက်……

  • aung nainglin

    May 28, 2012 at 3:24 pm

    ဦးရေ……….
    ခရောင်းတော လာတော့မယ်ဆိုတာမှန်ပါတယ်
    သနားစရာကောင်းတဲ ့ ဖြစ်ရပ်တစ်ခုပေါ့
    ကျွန်တော်က ရသ ပေါ်လွင်အောင်မရေးတက်လို ့ပါ
    လိုအပ်တာလေးတွေရှိရင် ဖြည် ့ဆည်းပြီး ဖက်ပေးပါနော်
    သနားစရာ ကောင်းပါတယ်
    ဘာ ့ကြောင် ့လဲဆိုတော့ သိပ်ချစ်တက်တဲ ့ သူနဲ ့
    အချစ်ကို တန်ဖိုးမရှိဘူးလို ့ ထင်မှတ်ထားတဲ ့ သူတစ်ယောက်ပေါ့
    သူတို ့နှစ်ယောက်ရဲ ့ဇာတ်လမ်းလေးပါ
    အားပေးပါအုံးနော်
    ခင်မင်လျှက်…….

Leave a Reply