skynet ကတော့ မိုက်နေပြီ

thihayarzarMay 27, 20121min11810

ချန်ပီယံလိဂ် ဗိုလ်လုပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နဲ့ ချယ်ဆီးလ် ပွဲကို စရိတ်ငြိမ်းသွားကြည့်ရှုဖို့ မေးခွန်းတွေမေးပြီးယှဉ်ပြိုင် တယ် …. လူနှစ်ယောက်ကြည့်ခွင့်ရတယ် …..အခုလည်း ယူရို ၂၀၁၂ ကျင်းပမယ့် အိမ်ရှင်အသင်းတစ်သင်းဖြစ်တဲ့ ပိုလန်နိုင်ငံမှာ ကစားမယ့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်နဲ့အီတလီ တို့ ယှဉ်ပြိုင်ကစားကြပုံများကို စရိတ်ငြိမ်းသွားရောက် ကြည့်ရှုမယ့်သူ ( ၈ ) ယောက်ကို မေးခွန်းတွေမေးပြီး ကံစမ်းခိုင်းနေပြီ … sky net အသုံးပြုသူ ဖြစ်ရမယ် passport လက်မှက်ရှိရမယ် သက်မှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာရမည် …( ၂၉ ) ( ၃ဝ ) (၃၁) နေ့နံနက် ( ၉ ) နာရီနဲ့ညနေ ( ၅ ) နာရီမှာ sky net ကဖော်ပြမယ့် ဖုန်းနံပါတ်တွေကို ဖုန်းဆက်ပြီး မေးခွန်းတွေဖြေဆိုရမှာဖြစ်ပါတယ် …. ဖြေဆိုမယ့်သူတွေကော မဖြေဆိုမယ့်သူတွေကော ဘယ်လိုမေးခွန်းမျိုးတွေမေးနိုင်မလဲဆိုတာ comment ပေးရင် အဖြေ ညှိရအောင်  … ဖြေဆိုမယ့်သူတွေကတော့ အတွေ့အကြုံရတာပေါ့ ….

10 comments

  • the best

    May 28, 2012 at 12:42 am

    ဘယ်လိုမေးခွန်းမျိုးတွေမေးနိုင်မလဲဆိုတာ comment ပေးရင်
    skynet ကံစမ်းမဲစည်းကမ်းချက်များတွင် အောက်ပါ အချက်ပါဝင်ပါသည်။

    “အသက် (၁၈) နှစ်ဖြစ်ပြီး ကျန်မာသန်စွမ်း၍ နိုင်ငံရပ်ခြားခရီးဝေး သွားလာနိုင်သူဖြစ်ရမည်။”

    မေးခွန်း –
    (က) ၁၈ နှစ်ကျော်ရင် ဘာ ကြောင့် ပါဝင်ခွင့် မပြုရသလဲ။
    (ခ) ၁၈ နှစ်အရွယ် နှမငယ် ကံထူးရှင်ကို ဘယ်လို အစီအစဉ်နဲ ့ ခေါ်သွားသင့်ပါသလဲ။
    (ဂ) ၁၈ နှစ်အရွယ် နှမငယ် ကံထူးရှင် အိမ်ထောင်သည် ကလေးရှိပါက
    ကလေးနို ့မပြတ်သေးလျှင် ဘယ်လိုဆောင်ရွက် သင့်ပါသလဲ။

    အသေးစိတ်ကို ၂၆-၅-၂၀၁၂ ကြေးမုံသတင်းစာကို ဖတ်ပြီး
    ဘယ်လိုမေးခွန်းမျိုးတွေမေးနိုင်မလဲဆိုတာ ဆက်ပြီး comment ပေးကြပါဗျာ။

    • the best

      May 28, 2012 at 2:54 pm

      “အသက် (၁၈) နှစ်ဖြစ်ပြီး ကျန်းမာသန်စွမ်း၍ နိုင်ငံရပ်ခြားခရီးဝေး သွားလာနိုင်သူဖြစ်ရမည်။”

  • thihayarzar

    May 28, 2012 at 7:56 am

    သိတဲ့သူကော မသိသေးတဲ့သူကော
    ယူရို ၂၀၀၄ မှာ ဂရိ … ၂၀၀၈ မှာစပိန်
    အသုံးပြုမယ့် ဘောလုံးက tango 12 adidas
    လာက်ကောင်ကတော့ ဆလာဗက် နဲ့ ဆလက်ဗ်ကို
    ဆလာဗက်ကပိုလန်ကို ကိုယ်စားပြုတယ်
    ဆလက်ဗ်ကိုကယူကရိန်းကို ကိုယ်စားပြုတယ် ..
    အသင်း ( ၁၆ ) သင်းပဲ ကန်မယ် ….

  • jujuma

    May 28, 2012 at 11:26 am

    skynet customer ဖြစ်မှ ဝင်ပြိုင်ခွင့်ရှိသည် …

  • winzaw

    May 28, 2012 at 12:59 pm

    ပတ်ချ်ပုတ် အသင့်ချိရပါမီ၊

  • the best

    May 29, 2012 at 2:10 pm

    ၂၆-၅-၂၀၁၂ ကြေးမုံသတင်းစာ၊ skynet ကံစမ်းမဲစည်းကမ်းချက်များတွင်
    “အသက် (၁၈) နှစ်ဖြစ်ပြီး ကျန်းမာသန်စွမ်း၍ နိုင်ငံရပ်ခြားခရီးဝေး သွားလာနိုင်သူဖြစ်ရမည်။” ဟုဖေါ်ပြသည်။
    “အသက် (၁၈) နှစ် အထက်ပါဝင်ခွင့်မရှိ” ဟုဆိုလိုသည်။

    ယနေ ့၂၉-၅-၂၀၁၂ ကြေးမုံသတင်းစာ၊ skynet ကံစမ်းမဲစည်းကမ်းချက်များတွင်
    “အသက် (၁၈) နှစ် အထက်ဖြစ်ပြီး ကျန်းမာသန်စွမ်း၍ နိုင်ငံရပ်ခြားခရီးဝေး သွားလာနိုင်သူဖြစ်ရမည်။” ဟုဖေါ်ပြပြန်သည်။
    “အသက် (၁၈) နှစ် ပါဝင်ခွင့်မရှိ” ဟုဆိုလိုနေသည်။

    ဘယ်လိုနားလည်ရမလဲ။ skynet ရယ်။

  • thihayarzar

    May 29, 2012 at 8:28 pm

    sky net မှ ကံထူးသူ ( ၈ ) ယောက်ကို လေယာဉ်ခ၊ စပိန်နှင့်အီတလီ ပွဲအတွက် လက်မှတ်တစ်စောင်၊ ဟိုတယ်တည်းခိုခ၊ မနက် နေ့လည် ည စားစရိတ်၊ ဗီဇာကြေး များကို ထောက်ပံမှာဖြစ်ပါတယ် …. လေယာဉ်ကွင်းကနေ ဟိုတယ်သွားမယ် ဟိုတယ်ကနေ ဘောလုံးကွင်းသွားမှာကျတော့ ဘယ်လိုလုပ်မလဲ …. ဒီနေ့ဖြေထားတဲ့သူများ မရှိကြဘူးလား .. သိချင်လို့ …. မနက်ဖြန် ဖုန်းဆက်မေးပြီးရင် ပြန်တင်လိုက်မယ် ….

    • the best

      May 30, 2012 at 12:13 am

      ဘာဖြစ်လို ့ နှစ်ရက် ကြေငြာတာ စည်းကမ်းချက် နှစ်မျိုးဖြစ်တာလဲပါမေးပြီးတင်ပေးပါ။

      ရွာထဲက sky net ကို သိပ်စိတ်ဝင်စားတာ မတွေ ့ဘူး။

      တကယ်ဆိုရင် ကံစမ်းမဲ sky net အစီအစဉ်မှာ
      sky net ဝယ်ဝယ်၊ မဝယ်ဝယ် အားလုံးကို ပါဝင်ခွင့် ပေးသင့်တယ်။

      ဘာကြောင့်လဲဆိုတော့ sky net ကြေငြာတာ က
      “မိဘပြည်သူ ညီအစ်ကိုမောင်နှမများဧ။် စေတနာမေတ္တာများဖြင့်အားပေးမှုကို
      sky net မှပြန်လည်ကျေးဇူးတုံ ့ပြန်သော အနေဖြင့်………..” လို ့ ကြေငြာထားတယ်လေ။

      နေ ့နေ ့ ညည အိပ်ရေးပျက်ခံပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ
      sky net ကို စေတနာမေတ္တာများဖြင့်အားပေးမှု နေကြတဲ့ မိဘပြည်သူညီအစ်ကိုမောင်နှမများကို
      sky net မှပြန်လည်ကျေးဇူးတုံ ့ပြန်ဖို ့ မစဉ်းစားတာတော့ ဝမ်းနည်းမိပါတယ်။

      sky net မှပြန်လည်ကျေးဇူးတုံ ့ပြန်ဖို ့ မစဉ်းစားပေမဲ့ မိဘပြည်သူညီအစ်ကိုမောင်နှမများကတော့
      sky net ကို စေတနာမေတ္တာများဖြင့်အားပေးနေမှာပါ sky net ရယ်။

      • jujuma

        May 30, 2012 at 11:22 am

        ဒါကတော့ ဒီလိုရှိပါတယ်..
        ဟိုဟာက ဟိုလိုပေါ့ ..
        ဘယ်လိုပြောရမလဲပေါ့နော် ..
        ဟိဟိ ..
        ထုံးစံအတိုင်း မူလေးတော့ မပျက်အောင် လုပ်ရပါတယ်ပေါ့နော်.. 😀

Leave a Reply