စဉ်းစားကြစေလိုပါတယ် ( ၂၄ ) ( ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား )

Foreign ResidentMay 28, 20127min21233

စဉ်းစားကြစေလိုပါတယ် ( ၂၄ )

( ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား )

 

ဒီ Post ကတော့ မ Padonmar ရဲ့

” ဝမ်းနည်းရမှာလား ၊ ဝမ်းသာရမှာလား ၊ မိသိန်းကြည် ” Post မှာ

Comment ဝင်ရေးရင်း နှင့်

အဲဒီ Post ထဲက အရီးလတ်ရဲ့ Comment လေးကိုလဲ

ထောက်ခံရင်း ရှည်သွားတာပါ ။

 

မ Padonmar ရဲ့ မူရင်း Post ကို ဖြေကြားရရင်တော့ ၊

ကိုယ့်နိုင်ငံ ကိုယ်နှိုက်ကလည်း

အချိန်မရွေး နောက်ကြောင်းပြန်နိုင်တဲ့ အခြေအနေမှာပဲ ရှိသေးတော့ ၊

သူတို့က ဖွင့်ပေးမယ့် Sanction တွေ ၊ အကူအညီတွေ ကလည်း ၊

လာမည် ၊ ကြာမည် ၊ ဖြေးဖြေးပေါ့ ၊ မျှော် ။ ပေါ့နော် ။

 

” အမေရိကန်ကုမ္ပဏီကြီးတွေ ( ရေနံ ၊ ဂက်(စ) ၊ သတ္တု ၊

ဘဏ်လုပ်ငန်း၊ ခရက်ဒစ်ကဒ် ဆိုတာတွေ ) လာပြီးရင်းနှီးမြှုပ်နှံကြမယ် “

 

ဟဲဟဲ ၊ တစ်ခုလေးတော့ သတိထားမိသလား မသိဘူး ။

အန်ကယ် ဆမ်ကြီး ဝင်ရောက် လှုပ်ရှား ပါဝင်မယ့် အပိုင်းလေးတွေလေ ။

မြင်ရသလောက်တော့ သယံဇာတ တူးဖေါ်ဖို့ နှင့်

သူ့ ပစ္စည်း / ဈေး ရောင်းမယ့် သူတွေချည်းပဲ မြင်မိသလိုပဲ ။

( ပြုံးပြလိုက်တဲ့အခါမှပဲ အစွယ်လေးကို ရိပ်ကနဲ မြင်မိသလိုပဲ )

 

အဲလိုဖြစ်ရချင်းရဲ့ အဓိက အကြောင်းရင်းကို

အောက်ဆုံးပိုဒ်မှာ အကျယ် ရှင်းပြထားပါတယ် ။

 

အဘ အမြင်ပြောရရင် ၊ တရုတ်ကြီးရော ၊ အန်ကယ် ဆမ်ကြီးရော ၊

အားလုံးဟာ အမေရော သမီးပါ ဝါးမယ့် ပထွေးတွေချည်းပါပဲ ။

နဲနဲ ရိုင်းပြီး ၊ ဆင်းရဲတဲ့ ပထွေးဆိုး နှင့်

ချမ်းသာပြီး ၊ ချော့ခေါ်မယ့် ပထွေးလည် ပဲကွာတာပါ ။

သမီးကတော့ အပျိုရည်ပျက်ရတော့မှာ ရှောင်မလွတ်ပါဘူး ။

အင်းးးး မိဘမေတ္တာ ဆိုတော့လည်း ၊

ပထွေးဆိုး ကိုတော့ ရှောင်စေချင်တာပေါ့လေ ။ ဟဲဟဲ ။

 

” ပြည်ပ ( အာဂျင်တီးနား နှင့် ဘရားဇီးနိုင်ငံ မှဖြစ်ပြီး စင်္ကာပူမှတစ်ဆင့် ) ကနေ

တင်သွင်းလာတဲ့ ကြက်တွေက မြန်မာပြည်ထွက်ကြက် နဲ့ ဈေးအတူတူတဲ့ “

 

အခု လောလောဆယ် ဩဇီ မှာ

ကြက်ပေါင် ( Drum Stick ) တစ်ကီလို ( ၆ဝ ကျပ်သား ) ကို

3.20 A$ ( 2600 ကျပ် ) လောက်ပဲ ရှိပါတယ် ။

 

အဲဒီတော့ ဩဇီမှာတောင်

ကြက်ပေါင် တစ်ပိသာကို 4500 ကျပ်လောက်ပဲ ပေးရပါတယ် ။

ရန်ကုန်မှာ ကြက်ပေါင် တစ်ပိသာကို 5000 ကျပ်လောက် ပေးရမယ် ထင်ပါတယ် ။

 

ကျနော် အရင် ကတည်းက ပြောဖူးပါတယ် ၊

မြန်မာပြည်က ကုန်ဈေးနှုန်းက

ဘန်ကောက်ထက် ဈေးကြီးပါတယ် လို့ ။

 

သနားစရာ မြန်မာပြည်သားတွေပါ ။

လစာ ဝင်ငွေ ကျတော့ သူများထက် နည်းပြီး ။

ကုန်ဈေးနှုန်းကျတော့ သူများထက် များနေပါတယ် ။

 

” အခြေခံလူတန်းစား ကို အစိုးရက ပံ့ပိုး ပေးတာ ကြိုက်သူများ

ဂေဇက်ရွာထဲ မှာများ ရှိနေခဲ့ရင် “

 

အခြေခံလူတန်းစား ကို အစိုးရက ပံ့ပိုး ပေးတာကို

လုံးဝ မကြိုက် ( လုံးဝ မကြိုက် ) ပါဘူး ။

လက်ယာ စစ်စစ် ကြီးလို့ ထင်ရင်လဲ ခံရမှာပါပဲ ။

ငပျင်းတွေ ငတုံးတွေကို ဘုံးဘောလအော မွေးထုတ်ပေးတဲ့ စနစ်ပါ ။

အလကား အလုပ်မလုပ်ဘဲနှင့် ၊

ထောက်ပံ့ကြေးတွေ နဲ့ နေတဲ့ ငပျင်းတွေ ပေါများလာ ပါတယ် ။

Survival အတွက် သိပ်ကြိုးစားစရာ မလိုတော့တဲ့ အတွက် ၊

ငတုံးတွေ လည်း ပိုများလာပါတယ် ။

 

ဥပမာ ဝေးဝေးကြည့်စရာ မလိုပါဘူး ၊ အဘကိုပဲကြည့်ပါ ၊

ဩဇီ PR မဖြစ်ခင်က အဘ လည်း ၊

တော်တော်လေး အားကြိုးမာန်တက်

အလုပ်ကိုလဲ ကြိုးစားလုပ်ပြီး ငွေရှာပါတယ် ။

 

ဩဇီ PR ဖြစ်ပြီးတဲ့နောက်

” ငါ ငတ်ရင် ၊ ငါ အသက်ကြီးရင် ၊ ငါ မကျန်းမာရင် ၊

ဩဇီ အစိုးရက အားလုံးကို တာဝန်ယူမှာပဲ ဆိုပြီး ၊

အလုပ်ကို သိပ်မကြိုးစားတော့ ၊

ပိုက်ဆံကို သိပ်မရှာတော့တဲ့အပြင် ၊

ရှိသမျှ စုဆောင်းမိသမျှ ပိုက်ဆံ ကို ၊

မသေခင်လေး ကုန်အောင်သုံးပြီး ဇိမ်ခံဖို့ ကိုပဲ ၊

စဉ်းစားနေပါပြီ “

 

ကြိုးစားတဲ့ လူတော်တွေကိုတောင်

လူပျင်းတွေဖြစ်အောင် ဆွဲဆောင်နေတဲ့ စနစ်ကြီးပါ ။

 

တိုင်းပြည်မှာ သယံဇာတ အရမ်း မပေါရင် ၊

ရေရှည်မှာ တိုင်းပြည်ကို ဒေဝါလီ ခံစေတဲ့ စနစ်ပါ ။

အခု ဂရိ နိုင်ငံ ဒေဝါလီ ခံရမလို ဖြစ်နေတာ ဥပမာ ပါပဲ ။

 

ကျနော့ အမြင်မှာ မြန်မာနိုင်ငံမှာ

လူဦးရည် သန်း ၆ဝ အတွက်

လောက်လောက် လားလား ၊ ပိုင်ပိုင် နိုင်နိုင် ၊

မှီခိုလောက်စရာ ဘာသယံဇာတ မှ မရှိပါဘူး ။

 

Gas တွင်းတွေ ဆိုတာကလည်း ၊

ရေနံနှင့် သဘောသဘာဝ မတူပါဘူး ။

နောက် နှစ် ၂၀/၃ဝ ဆိုကုန်သွားပါပြီ ။

Gas က ရေရှည် စားလို့မရပါ ။

ဒါကြောင့် OPEC ( oil ) ဆိုတာပဲ ရှိပြီး ။

OGEC ( Gas ) ဆိုတာ မရှိတာပါ ။

 

စကားမစပ်ပါ ၊ နိုင်ငံရေး စကားလုံးတွေ နှင့်

သိပ်မနီးစပ်တဲ့ ရွာသူားတွေ အတွက် ၊

လက်ဝဲ – လက်ယာ အစဉ်လေးပါ ။

 

ကွန်မြူနစ် – ဆိုရှယ်လစ် – လေဘာ – လစ်ဘရယ် – ကွန်ဆာဗေးတစ် ။

ပါ ။

အဘ ကတော့ ကိုယ့်ဖာသာကိုယ် ” လစ်ဘရယ် ” လို့ထင်တာပဲ ။

လစ်ဘရယ် နှင့် ကွန်ဆာဗေးတစ် ကြား ( In Between ) လဲဖြစ်နိုင်တာပဲ ။

 

ကိုယ့်ဖာသာကိုယ် ဘာကြောင့် ကွန်ဆာဗေးတစ်

မဟုတ်လောက်ဘူး လို့ ထင်ရတာလဲ ဆိုတော့ ။

ဆင်းရဲသားတွေကို နဲနဲ သနားတတ်နေလို့ပါ ။

 

အမှန်ဆိုရင် အခုမြန်မာပြည်မှာဖြစ်နေတဲ့ ၊

အလုပ်သမား လစာတိုး ဆန္ဒပြပွဲတွေမှာ ၊

စက်ရုံ ပိုင်ရှင်တွေဘက်က ဥပဒေ ချိုးဖေါက်တာ ၊ မှားတာ မရှိပါဘူး ။

ဓါးမိုးပြီး လုပ်ခိုင်းတာ မရှိတဲ့အတွက် ၊

မကျေနပ်ရင် အလုပ်ထွက်ယုံပဲ ရှိတာပါ ။

 

အမှန်ဆိုရင် အခုလိုအချိန်မှာ

ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သည်း ပေါ်လာတာဟာ

တိုင်းပြည်ရဲ့ Image တော်တော် ဆိုးသွားတာပါ ။

 

၁ ။

နိုင်ငံတကာက ရင်းနှီးမြုပ်နှံမယ့်သူတွေ စောင့်ကြည့်နေတာပါ ။

သူတို့ လက်တွန့်နေလောက်ပါပြီ ။

 

၂ ။

သမ္မတကြီး ဦးသိန်းစိန် လို ပြောင်းလဲပေးလိုသူတွေ ဟာ ၊

အခက်အခဲ ပေါင်းများစွာကြားမှာ လှုပ်ရှားနေရတာပါ ။

 

အဲဒါကို အရင် စစ်အစိုးရ လက်ထက်ကတော့ မလုပ်ရဲပဲ ၊

အခု သဘောမှန်တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်ကျမှ စုပြုံပြီး ၊

မီး မရလို့ ဆန္ဒပြလိုက် ၊

အလုပ်သမား လစာ နှင့် အခွင့်အရေး ဆန္ဒပြလိုက် ၊

ပြီးခဲ့တဲ့ နှစ်သုံးဆယ်လောက်က မြေသိမ်းခဲ့တာကို ဆန္ဒပြလိုက် ၊

ဆက်တိုက် လုပ်နေရင်တော့ ၊

နိုင်ငံရေး / တိုင်းပြည် မတည်မငြိမ်ဖြစ်နေတယ်လို့ ယူဆရမှာပါ ။

 

အဲဒါဟာ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်

တိုင်းပြည်ကို ကိုင်တွယ်ပုံ ညံ့ဖျင်းလို့ / မှားယွင်းလို့ ဆိုပြီး ၊

နောက်ကြောင်းပြန်လိုသူများက ဖိအားပေးတော့မှာပါ ။

မြန်မာပြည်သားများ ဒီမိုကရေစီ နှင့် မတန်သေးဘူးလို့ စွပ်စွဲကြမှာပါ ။

 

ကံဆိုးလို့ ၊ အထွေထွေ သပိတ်ကြီးပါဖြစ်လာခဲ့ရင် ၊

ဦးသိန်းစိန် အစိုးရပါ နှုတ်ထွက်ပေးရပြီး ၊

( အမေစု များတက်မလားလို့ စိတ်ကူး မယဉ်ပါနှင့် )

နောက်ကြောင်းပြန်လိုသူ အာဏာရှင်များပဲ

နောက်တစ်ကျော့ အုပ်စိုးသွား မယ့် အန္တရာယ် ရှိပါတယ် ။

 

အဘ အမြင်တော့ ၊ အခုအချိန်မှာ ၊

ပြည်သူက အမေစု ကို ဝိုင်းရံပေးသလိုပဲ ၊

စစ်ဗိုလ်ချုပ်တွေထဲက ရှားရှားပါးပါး ပြောင်းလဲပေးနေတဲ့ ၊

လက်ရှိ သမ္မတကြီး ဦးသိန်းစိန် ကိုလဲ ဝိုင်းရံပေးရတော့မယ့် အချိန်ပါ ။

 

အဲဒီတော့ ၊

Principle အရ အဲဒီ ဆန္ဒပြပွဲတွေကို ၊

အဘ အနေနှင့် ရှုံ့ချရမှာပါ ။

( အချိန် မတိုင်သေးပါဘူး ၊ လုပ်ရပ်မှန်ရင်တောင် ၊ အချိန် မှားနေပါတယ် )

 

ဒါပေမယ့် ၊ ဒါပေမယ့် ပေါ့လေ ၊

အဘ မပြောရက်ပါဘူးကွယ် ။

သူတို့လေးတွေ တောင်းဆိုနေတာက ၊

အခြေခံလစာ တစ်လ သုံးသောင်းတဲ့ ။

မီးမရလို့ ရေသုံးစရာ မရှိဘူးတဲ့ ။

 

အခု အဘ သင်္ဘောက နိုင်ငံခြားမှာ ကျောက်ချပြီး

Cargo စောင့်နေတာပါ ။

ဘာ သောက်လုပ်မှ မရှိပဲ ၊ ပျင်းပျင်း ရှိတိုင်း ၊

ရှိရှိသမျှ သင်္ဘောသားတွေကို လှည့်ပါတ်ကျစ်လိုက် ၊

ဗွီဒီယိုလေးကြည့်လိုက် ၊ စားလိုက် သောက်လိုက် ၊

မဂ္ဂဇင်း ဂျာနယ်လေး ဖတ်လိုက် ၊ တရေးတမေါ အိပ်လိုက် ၊

အင်တာနက်လေး ကလိလိုက် နှင့် ၊

စားပြီးသောက်ပြီး ၊ လူတစ်ကာကို ဟောက်ပြီး ၊

စားရိတ်ငြိမ်း ၊ အခွန်လွတ် ၊

တစ်နေ့ကို ဒေါ်လာ နှစ်ရာ လောက် ရနေတဲ့ အချိန်မှာ ၊

 

သူတို့လေးတွေ တောင်းရှာတာက ၊

တစ်လလုံးမှ အခြေခံလစာ သုံးသောင်းတဲ့ ။

မီးမရလို့ ရေသုံးစရာ မရှိဘူးတဲ့ ။

ဘယ်လို အပြစ်တင်ရက်ပါ့မလဲကွယ် ။

 

အဲဒီလို ဆင်းရဲသား လူတန်းစားကို သနားတတ်နေမှတော့ ၊

ကိုယ့်ဖာသာကိုယ်လည်း ၊ Liberal လောက်ပဲ ရှိမယ် ထင်ပါတယ် ။

Conservative မဖြစ်လောက်ဘူး ထင်တာပဲ ။

 

နိုင်ငံတကာက ရင်းနှီးမြုပ်နှံမယ့်သူတွေ စောင့်ကြည့်နေတာပါ ။

သူတို့ လက်တွန့်နေလောက်ပါပြီ ။ ဆိုတာနှင့် ပါတ်သက်လို့ ။

ဖတ်မိ တွေးမိ တဲ့ သတင်းလေးတွေပါ ။

 

လျှပ်စစ်မီးပြတ်၍ မန္တလေး စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်

burma.irrawaddy.org

 

လောလောဆယ်တော့ စက်ရုံဝန်ထမ်းတွေနဲ့ ကုန်ပစ္စည်းတွေကို

အခက်ခဲမရှိအောင် ကျနော်တို့ဘက်ကနေ အရှုံးခံပြီး လည်ပတ်နေပါတယ် ဟု

မန္တလေးစက်မှုဇုန်ရှိ ဂျုံစက်တခုမှ မန်နေဂျာကပြောသည်။

 

ဘယ်လောက် ကြာကြာ အရှုံးခံပြီး လုပ်နိုင်မှာလည်းကွယ် ။

သူငယ်ချင်း ငါးပုဇွန် အအေးခန်းစက်ရုံပိုင်ရှင် ဆိုရင် ၊

ညည်းလွန်လွန်းလို့ ဖုန်းတောင် မဆက်ရဲတော့ဘူး ။

 

UMFCCI နှစ်ပတ်လည် အစည်းအဝေး

Messenger News Journal

 

မြန်မာနိုင်ငံ သို့ နိုင်ငံခြားကုမ္မဏီများမှ

စီးပွားရေးလုပ်ငန်းများ လာရောက်စုံစမ်းမှုများ များစွာရှိသော်လည်း

လက်တွေ့တွင် မြင်သာသောရင်းနှီးမြုပ်နှံမှု

တစ်စုံတစ်ရာမရှိခြင်း နှင့် ပတ်သက်၍

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဝင်းမြင့်က

 

” နိုင်ငံခြားသားတွေလာတယ် အများကြီးပဲ ၊

ဒါပေမယ့် ကျွန်တော်တို့ အလုပ်ဖြစ်ခဲ့တာ တစ်ခုမှ မရှိဘူး ၊

ကျွန်တော်တို့ လွဲနေတာတွေ တော့ရှိနေပြီ ၊

ဟန်ရေးပြနေလို့ မရတော့ဘူး ၊ အနှစ်သာရရှိရှိလုပ်မှ ရမယ် ၊

ကျွန်တော်တို့ အခု စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ် ၊

တစ်ခုရှိတာက ၊ နိုင်ငံခြားသားတွေတွေ့တိုင်း အလုပ်ဖြစ်တာမဟုတ်ဘူး ၊

လာပြီးပြန်သွားကြတာကြီးပဲ ၊ ဒီတော့ ဒီကိစ္စကိုလည်း စဉ်းစားသင့်နေပါပြီ” ဟု

 

UMFCCI ( မြန်မာနိုင်ငံ ကုန်သည် နှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် )

နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည် ။

 

လာပြီးပြန်သွားကြတာကြီးပဲ ၊ အလုပ်ဖြစ်ခဲ့တာ တစ်ခုမှမရှိဘူး ၊ တဲ့ ။

ကဲ ၊ ကိုယ့်တိုင်းပြည်ကိုယ် သိပ်မြှင့်ပြီး တွေးနေတဲ့သူတွေ ၊ စဉ်းစားစရာပေါ့ ။

သမီးလေးက ၊ အပျိုရည်ပျက်ပေးပါမယ် ဆိုတာတောင် ၊

Customer က မရှိရတဲ့ ဘဝ ။ ဒုက္ခ ၊ ဒုက္ခ ။

 

ဒါနှင့် ပါတ်သက်လို့

ဒီ့ထက် ပိုဆိုးတာက The Voice ထဲက

ဆန္ဒပြခံနေရတဲ့ တောင်ကိုရီးယား စက်ရုံပိုင်ရှင် ရဲ့ ပြောစကား ၊

ဆန္ဒပြ တောင်းဆိုနေတဲ့ နှုန်းအတိုင်း မပေးနိုင်ဘူးတဲ့ ၊

အဲဒီ နှုန်းအတိုင်း ဆိုရင်တော့ စက်ရုံ ပိတ်ပြီး

ကိုရီးယား ပြန်ဖို့ပဲ ရှိတယ်တဲ့ ။

ကဲ ၊ အဲဒီ ကိုရီးယား သာ ဆန္ဒပြပွဲ ကြောင့်

စက်ရုံ ပိတ်ပြီး ကိုရီးယား ပြန်သွားရင် ၊

နိုင်ငံတကာက ရင်းနှီးမြုပ်နှံမယ့်သူတွေက ဘယ်လို ထင်မလဲ ။

 

နောက်ဆုံး သတင်းကောင်း တစ်ခုကတော့ ၊

တရုတ် နိုင်ငံသား ပိုင် စက်ရုံ နှစ်ရုံကတော့ ၊

( ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ) ၊

ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုတာကို ၊

ညှိနှိုင်း လိုက်လျောပေးလိုက်တယ်တဲ့ ။

( http://www.thithtoolwin.com/2012/05/blog-post_7679.html )

သာဓုပါကွယ် ၊ သာဓုပါ ။

မေါင်မင်းကြီးသား သူတော်ကောင်း တရုတ်တွေ ၊

သက်တော် ရာကျော် ရှည်ပါစေကွယ် ။ ဟီဟိ ။

( အပြောမခံရတာ ကြာတော့လည်း ၊ ပျင်းလာပြီ ၊ ဟီဟိ )

 

နိုင်ငံတကာမှာ စောင့်ကြည့်နေပြီနော် ။

Myanmar power protests put new reforms to the test

Published May 26, 2012, Associated Press.

 

From another point of view, the peaceful protests

which have been limited to a few hundred people —

serve as a reminder of the early stages of past unrest.

Previous uprisings have started as small affairs

sparked by complaints over the economy

and then snowballed into large-scale challenges to authority.

 

“Protests like this in Myanmar always have the potential

to escalate and lead to political unrest,” said Trevor Wilson,

a former Australian envoy to Myanmar

who now teaches at Australian National University.

“It is hard to predict how these protests might develop.”

 

အမေရိကန် ရုပ်သံတွေမှာ မြန်မာပြည်က လျှပ်စစ်မီးရရှိရေး တောင်းဆို ဆန္ဒပြမှုတွေ

စတင် ထုတ်လွှင့် နေပြီး Fox News , ABC, CNN နှင့် CBS မှာတော့

မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လျှပ်စစ်မီးရရှိရေး တောင်းဆိုလှုပ်ရှားမှုဟာ

နိုင်ငံရေး မငြိမ်သက်မှု နှင့် လူထု အုံကြွမှုတွေ ဖြစ်နိုင်တယ်လို ့ဆိုပါတယ်။

( FNG )

 

ရွှေပြည်အေးတရားသည် အထာမကျတော့ အထွေထွေ သပိတ် တိုက်ပွဲဆင်ဖို ့

အလုပ်သမား တွေ အသင့်ဖြစ်နေ ။ ( FNG )

 

ဆန္ဒပြနေသည့် စက်ရုံ ၂ဝ ခန့်မှ အလုပ်သမားများ အပါအဝင်

မြောင်းတကာရှိ အစာငတ်ခံ ဆန္ဒပြ နေသည့် အလုပ်သမားများ ကလည်း

 

ကြားဝင်ပြီး လာဖြန်ဖြေတာ ကို

ကျွန်တော်တို့အတွက် ပိုငတ်လာဖို့ပဲရှိတယ်။

အခုထိ သက်ဆိုင်ရာကလဲ မဖြေရှင်းပေးဘူး ။

လာတဲ့လူတွေ ကလည်း ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ ၊

ဥပဒေ ဘောင်ထဲက ဆိုတဲ့ စကားလုံးတွေပဲ ပြောတတ်တယ် ၊

ကျွန်တော်တို့တွေ တနင်္လာနေ ့ထိမှ တောင်းဆိုချက်မရရင် ၊

အထွေထွေ အလုပ်သမားသပိတ် စမယ် “

ဟု လှိုင်သာယာ ဆံပင်တု စက်ရုံဆန္ဒပြမှု မှ

အလုပ်သမား တစ်ဦးက FNG ကို ပြောသည်။

 

အထွေထွေ သပိတ် ဆိုပဲ ။ အော် ၊ ဒုက္ခ ၊ ဒုက္ခ ။

ဦးသိန်းစိန်ရေ ဘယ်လို ဆက်လုပ်ကြမတုန်း ။

” ကျမ ပေးမိ အပြစ်ရှိ၏ ( ဒီမိုကရေစီ ) ” လို့ပဲ ပြောရမလိုလို ။

ဦးသိန်းစိန် စိတ်ကုန်ပြီး ဆင်းသွားပြီး ( သူ့မှာလဲ နှလုံး ရောဂါ အခံ နှင့် ) ၊

ရှစ်လုံးကြီး သမ္မတ တက်ဖြစ် စေချင်နေကြသလားမသိ ။

 

နောက်ဆုံးအနေနှင့် တစ်ချက် တို့ထိလိုတာကတော့ ၊

အဘ ရေးခဲ့တဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၆ ) “ Post ထဲမှာ ရေးထားတဲ့

( https://myanmargazette.net/95021/mandalay-gazette-2/editors-choice )

 

အာရှ ပစိဖိတ် ဒေသက နိုင်ငံ ( ၁၉ ) နိုင်ငံ ကို

နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနှင့် ၊

ဘယ်နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှုပြုလုပ်သင့်တယ် ဆိုတာကို

တစ်နိုင်ငံခြင်းစီကို အချက် ( ၆ ) ချက် နှင့်

ခွဲခြမ်း စိတ်ဖြာ ဆာဗေးလုပ်ပြီး အဆင့်သတ်မှတ်ပေးထားတဲ့ ၊

 

” Good governance for International Business, Asia Pacific 2011 “

by Vriens & Partners Pte Ltd

စာအုပ် / Post  ကို ပြန်ဖတ်ကြည့်စေလိုပါတယ် ။

 

( ၁ ) Rule of Law တရားဥပဒေ စိုးမိုးမှု / တရားမျှတမှု ။

( ၂ ) Openness to International Trade & Business

အစိုးရရဲ့ နိုင်ငံခြား အရင်းအနှီးတွေ အပေါ် လိုလားမှု / အခွင့်အရေးပေးမှု ။

( ၃ ) Political Stability နိုင်ငံရေး / ပေါ်လစီ / ဥပဒေ တည်ငြိမ်မှု ။

( ၄ ) Taxation အခွန် အတုတ် ကြီးလေးမှု ။

( ၅ ) Corruption လဘ်ပေး လာဘ်ယူမှု ။

( ၆ ) Fiscal & Monetary Administration

အစိုးရ ရဲ့ ဘဏ္ဍာရေး နှင့် ငွေကြေးထိန်းကွပ်မှု ။

 

အဖက်ဖက် အရာရာမှာ ချွတ်ခြုံကျနေပြီး ၊

အချက် ( ၆ ) ချက် / Indicator ( ၆ ) ခုစလုံးမှာ ၊

တညီတညာတည်း အောက်ဆုံးနေရာ နံပါတ် ( ၁၉ ) မှာ ၊

ခိုင်ခိုင်မာမာ ကြီးကို ရပ်တည်နေတာပါ ။

 

အဲဒါတွေကြောင့် ၊ တရုတ်ကြီးရော ၊ အန်ကယ် ဆမ်ကြီးရော ၊

နိုင်ငံ အားလုံးဆီက သယံဇာတ တူးဖေါ်ဖို့ နှင့်

ပစ္စည်း / ဈေး ရောင်းမယ့် သူတွေချည်း လာပြီး

စက်ရုံဆောက် ၊ အလုပ်ပေး ၊ နည်းပညာပေးမယ့်သူတွေ မလာတာပါ ။

 

မူ ကော ၊ လူ ပါ ၊ သောက်သုံး မကျလွန်းလို့သာ ၊

အချက် ( ၆ ) ချက် / Indicator ( ၆ ) ခုစလုံးမှာ ၊

တညီတညာတည်း အောက်ဆုံးနေရာ နံပါတ် ( ၁၉ ) မှာ ၊

ရောက်နေတာပါ ။

 

အမေရိကန် ၊ ဥရောပ Sanction တွေကြောင့်

ရင်းနှီးမြုပ်နှံမှု မပြုလုပ်သင့်ဘူး လို့ ၊

ရေးမထားပါဘူးကွယ် ။

 

ဒါကြောင့် ၊ ကိုယ်တွေ ရဲ့ ကိုယ်ပိုင် အမှား ၊

မူ တွေ ၊ လူ တွေ ကို မပြင်ပဲနဲ့တော့ ၊

အမေရိကန် ၊ ဥရောပ Sanction တွေ ဖြုတ်ပေးယုံလေး နှင့်တော့ ၊

ချက်ချင်းကြီး အောက်ဆုံးနေရာ နံပါတ် ( ၁၉ ) ကနေ

ရင်းနှီး မြုပ်နှံသူတွေ အကြိုက် ထိပ်ပိုင်းကို

ချက်ချင်းကြီး ထိုးတက်ဖို့တော့ ၊ မမြင်ပါဘူးကွယ် ။

 

ဆက်တွေးကြပါအုန်းကွယ် ။

 

ဒီတစ်ခါ Post ကတော့ ဟိုရောက်လိုက် ဒီရောက်လိုက် နှင့်

စာဖတ်သူတွေလည်း ကိုပါလေရာ ပြောတဲ့ အရူးမလင် လို ဖြစ်နေတော့မှာပဲ ။

Sorry ပါကွယ် ။

 

တော်သေးဘီ ။

 

အဘ Foreign Resident.

 

 

33 comments

  • Ch@vez

    May 28, 2012 at 7:51 am

    ဟုတ်ပါ့ဗျာ …
    စီးပွားရေး မတည်ငြိမ်မှု အကြောင်းပြုပြီး …
    အာပျိုဂျီးဒွေ ဖောင်းပွနေမှု ကိုလည်း တိုက်ဖျက်သင့်တယ်ဗျ…
    အနာဂါတ်ရဲ့ လူ့စွမ်းအား အရင်းအမြစ် ကို
    တိုက်ရိုက် ထိခိုက်စေတဲ့အချက်ပါပဲဗျာ…

    ခုချိန်က အမျိုးသားရေး အသိရှိရှိနဲ့…
    အိမ်ထောင်ပြု ကြရမယ့် အချိန်ကောင်းဗျ…
    တဝက်တိတိ သေးပြီး လူဦးရေ ၂ဆများတဲ့ အရှေ့ကျွန်း က
    ရီပါ့ဘလစ်ကင်န်တွေကို အတုယူကြပါစို့ကွယ်..

    ရွှေပြည်ကြီး ပေါက် တီလုပ်မလေးဒွေရေ …
    ညည်းတို့ ဘိုးဘေးတွေ ပြောခဲ့တာပဲကွဲ့…
    လူများရင် ကံများတယ်တဲ့ကွယ်….

    အချိန်ရှိခိုက် လုံ့လ စိုက်လိုက်ကြရအောင် …နော..

    ပုံ
    မျှော်လင့်ချက် တွေ ဖလမ်းဖလမ်းထနေတဲ့…
    အားပါးတရ အသွေးထဲ အသားထဲက ချစ်မယ့်…
    ပိုးဇိုးပက်စက် လစ်ဘရယ်..ရီပါ့ဘလစ်ကင်န် ။
    နှူးဘာဂီ

    • Ch@vez

      May 28, 2012 at 8:19 am

      အထွေထွေ ဒပိတ်
      ဆိုလို့ ပြန်ခဲ့တာပါ ….

      တခါတခါတော့လည်း ခက်သေးဗျ…
      ဘယ့်နှယ့် ပဒေသပင် ပေါက်တယ်များ မှတ်နေလားမသိ…
      ဒီမိုခွေစီ ဆိုတာနဲ့ လမ်းပေါ်တက်မယ် ဆိုတာချည်းဘဲ ….
      တို့ဘဂျီး စိန်လည်း စက်တပ်ထားရပါတယ်ဆို ..ပြောရတာ ခနခန..
      ပဒေသပင် တော့ မပေါက်ဘူး ..လမ်းပေါ်တက်လွန်းမှ
      ပဒေသရာဇ် ခေတ် ပြန်ရောက်ဖို့ ရှိတယ် ပဲ မှတ်တယ်…..

      လက်ဝဲအစွန်းက ဘိုးတော်တပါး ပြောတဲ့တရားကို
      ခါတော်မီ မဲ့ပြုံးပြုံးနဲ့ နာခဲ့ဖူးပါတယ်.. .ဘာတဲ့ ….
      အစိုးရကောင်းလို့ ဒီမိုခွေစီရလို့ …
      ဘာပိုထူးမယ်ထင်သတုန်းတဲ့ ……
      ညည ကောင်းကောင်းအိပ်ပျော်မယ် …
      သူခိုးဂျပိုး ရန် နဲ့ သန်းခေါင်စာရင်း စစ်တာ နည်းမယ်
      ဂလောက်ပါပဲတဲ့…
      ကူလီ ကုန်ထမ်းရမယ် လယ်သမား လယ်စိုက်ရမယ်
      အရင်လိုပါပဲတဲ့ … (ကောင်းလိုက်တဲ့ တရား ထွီ …မှန်သင့်သလောက်လည်းမှန်ရဲ့..)
      အဲ့လို ပုဂ္ဂိုလ် သတ္တဝါအပေါင်း ပြန် အုပ်ချုပ်စေချင်ကြလားမသိ…

      အန်ကယ်ဆမ် က စက္ကူလာရောင်းလိမ့်မယ်…
      တီလုပ်က ရှိသမျှ အကုန် တူးပီး
      ဆာမူရိုင်းတွေက ၂၁ရာစု ကားသင်းဂျိုင်း လာဆောက်မှာများ ..
      ဘာမှ မပြင်ထားကြဘူး ….အဟင့်…

      အစိုးရ သာ ဘာပြောင်းလဲ ဘာပြောင်းလဲ မေးတာ…
      ကိုယ်တိုင်ရော ဘာပြောင်းလဲ ပြန်ဆန်းစစ်ဖို့လိုပီ ထင်တာပဲဗျာ…
      စရိုက်အို အကျင့် ဟောင်းတွေ စွန့် သင့်ရဲ့….
      ကွမ်းသွေးထွေးကောင်းတုန်း ဓါတ်တိုင် သေးပန်းတုန်း
      ဆီ အစားများတုန်း ထမင်း ငှဲ့ချက်တုန်း .. လူလူချင်း ရိုင်းတုန်း
      ဖြတ်ခုတ်တုန်း .. ခွက်ကျတုန်း … စမန်ခုတ်တုန်း…
      ကုန်ဈေးနှုန်း အကြောင်းပြပီး လင်ယူသားမွေး တွန့်ဆုတ်တုန်း …

      တကယ်ပါ…
      ဖြစ်နိုင်ရင် ဆယ်လစ်ဗျစ်တီ တယောက်ယောက် ဦးဆောင်ပြီး
      လင်ယူသားမွေး လုပ်ပြသင့်တယ်ဗျာ ..အဲ့ဒါမှ နောင်လာမယ့် အနာဂါတ်အတွက်..
      ဒီမိုခွေစီ ခေတ်ဦး …ဘေဘီဘုမ်း လုပ်သင့်တာ …
      (သင်္ချာလေး ဒါမှမဟုတ် ဟို မေးစေ့ အကွဲလေး ဦးဆောင်မယ်ဆို
      ဂီ အနစ်နာ ခံပါ့မယ် ..ဂယ်ပါ. ..ဟောဒီ ပုခုံးရယ်…ဒီဦးနှောက်ရယ်. ..
      မင်းကိုချစ်တဲ့ …ဒီ ဘလားဘလားရယ်…ပါ မန်းဂေဇက်ကို တိုင်တည်ပီး
      အတည်ပြောတာပါ..)

      ခုတော့ …ဘယ့်နှယ့်ဂျာ …
      ညည ဘုရားပေါ်တက် ဖျောင်းတိုင် ထွန်း ရတယ်လို့ …
      ကတောက် ….

      လူပြိုဂျီးတွေရေ …
      အခန်းတံခါး ပိတ်ပီး စန္ဒယားနှိပ်ရမယ့် အချိန်ပါဗျို့ ….
      ခုချိန်ထိ နို့ မပြတ်သေးတဲ့ ကလေးလို လမ်းပေါ်တက် တဗြဲဗြဲ အော်ငိုနေလို့ကတော့…
      သွားလေသူ မင်းတြားဂျီး ပြန်လာမှာ မီကြောက်ကြဝူးလားဟင်င်င်င်င်..

      • Foreign Resident

        May 28, 2012 at 9:13 am

        ” သွားလေသူ မင်းတြားဂျီး ပြန်လာမှာ မီကြောက်ကြဝူးလားဟင်င်င်င်င် ”

        အဘ ကတော့ မကြောက်ပေါင် ။
        အစောကြီးထဲက Elite ပါလို့ ဝန်ခံထားပြီးသားပဲ ။
        ဟီဟိ ။

    • Foreign Resident

      May 28, 2012 at 8:46 am

      အို မောင် ဂီဂီ ရဲ့ ၊

      အဘ ပြောတဲ့အထဲမှာ လင်ယူ သားမွေး ကိစ္စတွေ မပါပါဘူးနော် ။
      ဘယ့်နှယ် အတင်းရော အဓမ္မရော ဆွဲထည့်နေတာတုန်း ။
      အင်းးးး အဗေတာ မှာကလည်း တရားဝင် အုပ်ထိန်းသူရဲ့ပုံ ၊
      ပြောင်းတင်ထားပြီ ဆိုတော့ကာ ။ ဟဲဟဲ ။
      ဘာဖြစ်နေသလဲဆိုတာ မှန်းကြည့် မိတယ် ။ ဟဲဟဲ ။

      Any-how, ချောဒယ် ။
      မောင်ဂီ ရဲ့ Portrait ဓါတ်ပုံဆရာ ဘဝ ကို အားကျတယ် ။

      စကား အတင်းစပ် ။
      မောင်ဂီ ပြောပြောနေတဲ့ တီလုပ်မလေးများလား ။
      အဘ လည်း မောင်ဂီ ပြောပြောနေတဲ့ CLLA
      ( Chinese Lady Lover Association ) ထဲဝင်ချင်ပေမယ့် ၊
      အဘ မိန်းမ ဗမာမ စစ်စစ်ကြီးက
      ဗီရို အာဏာ နှင့် ပယ်ချလိုက်တယ်ကွယ် ။
      အဘ ဘဝ လည်း ဒီမိုကရေစီ မရပါဘူးကွယ် ။
      ရက်စက်ထှာ ။ 😛

      • Ch@vez

        May 28, 2012 at 9:17 am

        အဘတယောက်တော့ ..
        လစ်ဘရယ် ကျွေးကြော်ပြီး သကာလ…
        အာဏာရှင် စနစ်ကို မှ ရွေးချယ်မိလေသပေါ့…
        အနှီ အာဏာရှင် ကိုပဲ အသည်းကြားက မဲတပြားကို
        ကြည်ကြည်ဖြူဖြူ ပေးအပ်ခဲ့တာ လည်း မမေ့နိုင်ဘူးထင်ပါ့..။

        မောင်ဂီ့ ကတော့ လောလောဆယ် brand resonance ပြန်လုပ်နေရတယ်..
        :mrgreen:
        (အဝေးကွင်း ခြေစွမ်းပြတာ များသွားလို့ ..ဟီး …)

        ဒီမို ရချင်ရင်တော့ …အဟမ်း .. (ဖွတာမဟုတ်ပါ)
        သဂျီးကိုမေးကြည့် ….ခည ..သူကျွမ်းတယ်…
        …. သူ How to Drive my Wife Crazy ဆိုတဲ့ စာတမ်းနဲ့ ပါရဂူဘွဲ့ယူထားတယ် ကြားတယ် …
        အခု ရေးလက်စ စာအုပ်ကတော့ liberalization in married life ဆိုလားပဲ … ။
        ထွက်ပြီးသား စာအုပ်ကတော့ Top Ten cheats for Caucasian, Black or Yellow Girls တဲ့ …။
        အဲ့ဒါတွေ ….ရွာထဲ အခန်းဆက် တင်ပေးဖို့ တောင်းဆိုရမယ်ဗျို့ ….။

        • Foreign Resident

          May 28, 2012 at 9:56 am

          ” အဝေးကွင်း ခြေစွမ်းပြတာ များသွားလို့ ..ဟီး ”
          တကယ် !!!
          😛

        • Foreign Resident

          May 28, 2012 at 10:07 am

          သူကြီး PhD ယူခဲ့တဲ့ Subject ကြားမိတော့
          စဉ်းစားမိတာလေးပါ ။

          ဩဇီက WSU ရဲ့ TAFE တစ်ခုမှာ
          ( ဘယ် Campus လဲတော့ မမှတ်မိတော့ဘူး )
          Professional Course တစ်ခုက Brazilian Waxing တဲ့
          ( http://en.wikipedia.org/wiki/Bikini_waxing )

          အဘတောင် ငါလည်း အားနေတာပဲ ၊
          ဘယ်ပညာမဆို မတတ်ကောင်းတာ မရှိဘူးပဲ ၊
          အနဲဆုံး ဗဟုသုတ ရတာပဲ ဆိုပြီး ၊
          သွားတက်ဦးမှလို့ စဉ်းစားသေး ။
          အဖေါ်စပ်မရတာနှင့် မတက်ဖြစ်ဘူး ။

  • padonmar

    May 28, 2012 at 8:09 am

    အဘဖေါပြောမှ အကွင်းအကွင်းမုန့်တီဟင်း လိုပဲ။
    သိုင်းခရု

  • padonmar

    May 28, 2012 at 8:12 am

    အခြေခံလစာ ၃၀၀၀ဝ ဆိုတာမှာတော့ ဒေတာ နည်းနည်းဖွက်ထားလားလို့။
    ခုခေတ်မှာ ၃၀၀၀ဝ ထဲနဲ့ နေစားစရိတ်မငြိမ်းရင် ဘယ်သူမှ မလုပ်ဖူး။အလုပ်ခွင်ထဲမှာရှိမနေဖူး။

    • Ch@vez

      May 28, 2012 at 9:21 am

      အဲ့ဒါ အဲ့ဒါ ….

      ၃သောင်း ဆိုတဲ့ ကွတ် လုပ်ထားတဲ့ ဒေတာနဲ့တော့ …
      နားတွေတော့ ကားကုန်တော့မှာပဲ …

      ကမာ္ဘကျော် အဖွဲ့အစည်း တခုက ဆာဗေး ကို ဖတ်ဖြစ်လိုက်တယ်..
      (၃လလောက်ရှိပြီထင့်)

      ကော်လာပြာ ပျမ်းမျှလစာ အစိမ်း ၅ဝ တဲ့ …
      သေဘီဆြာပဲ …. အန်ကယ်ဆမ်ရော ကင်မ်ချီရော ဆူရှီပါ..
      အဲ့ ဒေတာ ကိုင်ပြီး ဝင်လာမှာ ….

      ရှင်းပါတယ်. ..၅ဝ ပေးမယ် …ပီးပီ ပွဲသိမ်း …
      မကျေနပ်ရင် မလုပ်နဲ့ ထွက်…။

      ပြောချင်တာ data လေးတွေ cook တာ ကြည့် cook ကျပါ…
      ကမာ္ဘက အဲ့ဒါတွေ အတည်ယူပီး ဝင်လာ …
      တကယ်တမ်း မလုပ်နိုင် ဆန္ဒပြ… တိုင်ပါတ် …နားကား…

      စမတ်ဖြစ်တဲ့ ရုံးတွေကတော့ ချက်ခြင်းကို ..ပိုးစိုးပက်စက်
      ၃သောင်း တိုးပေးပစ်လိုက်တာ …ဘာမှ တောင်းဆိုစရာ မလိုဘဲ …
      (ကြော်ငြာမဟုတ်ပါ)

      ဒီရက်ပိုင်း ဝက်ဒင် ဖိုတိုဂလပ်ဖီ ကို လိုက်စားရင်း …
      မိန်းမလိုချင်တဲ့ ရောဂါဟောင်း ပြန်ထ နေရဲ့ဗျာ….
      ဂယ်ပါ …

      ဆိုင်နာဂျက်ဆင် ဆိုတာ ရှိပါတယ်..
      ၁+၁ > ၂ ပေါ့ဗျာ …
      အိမ်ထောင်တွေ ပြုကြပါ ..
      ကလေးတွေ မွေးကြပါ…..
      အိုဘယ့် ရီပါ့ဘလစ်အော့်ဖ် ယူနီယံ အော့ဖ် ဘားမား အတွက်ပါ… RUM အတွက်ပါ..
      အင်း ..
      ပြောရင်း ဂလုချင်လာဘီ ..အနံ့လေးတောင် ရသလိုလို…

    • ဆူး

      May 28, 2012 at 10:50 am

      အန်တီ ပဒုမ္မာ ပြောတာ ဟုတ်ပါတယ်။
      အိမ်ရှင်တွေနဲ့ တူတူနေ ပြီး စားစရိတ်ငြိမ်း အဝတ်အစားဆင်နေရတဲ့ အိမ်ဖော်လုပ်တဲ့ သူတွေတောင် ၃သောင်း အထက်ပေးရပါတယ်။ ဒါတောင် ဘာမှ မသိတဲ့ သူနော်.. ပညာလည်း မတတ်ဘူး။ ဘာမှ ကို မလုပ်တတ်တာ.. ချက်တတ်ပြုတ်တတ်ရင် ၆သောင်း ရသောင်းလောက် ဖြစ်ပါတယ် စရိတ်လည်း ငြိမ်းပါတယ်။ ဈေးဝယ်တဲ့ အတွက် ဂွင်ကလေးတွေ ရှိနိုင်ပါတယ်။ ကလေးထိန်းရမယ် ဆိုရင်တော့ ၁သိန်းနဲ့ အထက် ၁သိန်းခွဲလောက် အထိ ရပါတယ်။ ကလေးထိန်းဆိုတာ ကလေးက လွဲလို့ တခြား ဘာမှ လုပ်မပေးရဘူး။

      ပြင်ပ အလုပ်အကိုင်တွေမှာ ၁လ ၃သောင်းနဲ့ ဘယ်လိုမှ ဝန်ထမ်းခေါ်လို့ မရနိုင်ပါဘူး။
      ဘယ်သူမှလည်း ဒါမျိုး မလုပ်ကြပါဘူး။
      အလုပ်သင်မို့ တက်ရင် လစာတိုးမယ် ဆိုလို့ လုပ်တာ ဆိုရင်တော့ ၃သောင်းဆိုတာ ဖြစ်နိုင်တဲ့ အနေအထား ရှိပါသေးတယ်။ တခြားသော ကာယ ဉာဏ လုပ်သားတွေ အတွက်တော့ ၃သောင်းမက ရတဲ့ လစာ ကို ခံစားကြရပါတယ်။

  • မှော်ဆရာ

    May 28, 2012 at 8:17 am

    ဒီကိစ္စက ပြောရခက်သားလား အဘရယ် …
    ခုချိန်မှာတော့ ဆန္ဒမပြသင့်သေးတာ အမှန်ပဲ …
    ဒါပေမယ့် တစ်လကို ၈၅၀ဝ နဲ့ လုပ်ရတယ်ဆိုတဲ့ သူတွေက သုံးသောင်းလောက်ကို တိုးတောင်းတယ်ဆိုတာကတော့ တိုးမတောင်းနဲ့လို့ ပြောရမှာ ဘယ်လို ကိုယ်ချင်းစာစိတ်နဲ့ ပြောမလဲ
    ဒီလိုမှ လုပ်မပြရင်လဲ နောက်ဝင်လာတဲ့ ရင်းနှီးမြှုတ်နှံမယ့်သူတွေက ဒီအချိုးမျိုး ချိုးရင် နင်းပြားတွေပဲ မဖြစ်စလောက်ငွေနဲ့ ကျွန်ခံရဦးမယ် ..။
    ဒီတော့ မပါမဖြစ် ငါ့ချစ်ချစ်ဆိုသလို ဟိုးအရင်ထဲက အလုပ်သမား အခွင့်အရေးတွေကို သေချာ စောင့်ရှောက် မပေးခဲ့တဲ့ ချစ်ချစ်တွေကိုပဲ မေတ္တာထားရတော့မှာပဲ …။

  • nigimi77

    May 28, 2012 at 8:47 am

    ဦးဖောရေ ။

    ပိုးစိုးပက်စက် ကို ဝမ်းနည်း စရာပါ ။

    ပြောနေကြ စကားပဲ ပြန်ပြီး ကိုင်တုတ်ရတော့မယ် ။

    အရင် အစိုးရ (သိပ်မကြာသေးတဲ့ အတိတ်ကာလ) တုုံးက ဒေါ်စု ရဲ ့

    ဓါတ်ပုံ ၊ NLD တံဆိပ် ၊ ဘာညာ သာတကာတွေ ကို နာဇီခေတ် ၊ ဖက်ဆစ်ခေတ် မှာ

    ရေဒီယို လက်ဝယ်ရှိလို ့ ကျီးလန် ့စာ စားနေရတဲ့ အနေအထားမျိုးနဲ ့ အကောင်တွေ ၊

    အကောင်မတွေ က ခုများကျတော့လည်း တစ်သက်လုံး ဒီလို သတ္တိ ရှိလာခဲ့သလိုလို ၊

    အမှန်တရားကို မြတ်နိုးတတ်သလိုလို ၊ ဖက်ရှင်လိုလို ပေါ်ပင်လိုလို ၊ ဝေးလားဝါးလား ၊

    ခွေးသဒေါင်းဇား တွေပဲ များများလာတော့ ဒီမိုရရင် လမ်းပေါ် ဆေးရိုးလှမ်း…. ဆိုတဲ့

    နိမိတ်ဖတ် မိန် ့ခွန်း….. ဦးအောင်ဆန်း က ၂၀၁၂ မြန်မာနိုင်ငံရဲ ့ ဗီဇ နဲ ့ ဆောက်ကျင့်ကို

    ကြိုသိနေလိုက်ပုံများ……ခွေးကလေး အရောဝင် ပါးလျက် နားလျက် ထက်ကို ပိုဆိုးနေတယ် ။

    အရင်က ချီးတောင် အသံကျယ်ကျယ် မပေါက်ရဲတဲ့ ခွေးကြီးတွေက နိုင်ငံရေးသမားစစ်စစ်

    လေချဉ်ကလေး တက်ပြပြီး နောက်ပေါက် ခွေးကလေးတွေ ကို မြှောက်မြှောက်ပေး……

    နောက်ပေါက် ခွေးကလေး တွေက ပျော်တယ်ပျော်တို ့ ဒို ့ပျော်တယ် ဖက်ရှင်တွေနဲ ့ လမ်းပေါ်

    ကို ဖယောင်းတိုင် တကိုင်ကိုင်နဲ ့ ….. တစ္ဆေကြီးပွဲ ကျင်းပနေသလားပဲ …..။

    အဲဒီ ခွေးတွေအားလုံးဟာ ဦးသိန်းစိန် နဲ ့ မတန်ဘူး ။

    မင်းတြားကြီး ရဲ ့ခြေတော်ရင်းမှာပဲ ပျော်မွေ ့ပြီး တော်သလင်းပွဲ ကျင်းပချင်တဲ့ ဆောက်ကျင့်တွေ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 28, 2012 at 8:54 am

    ခင်ဗျားတို့ စားအိုးစားခွက်ပြည့်တိုင်း ပြောထားပေါ့လေ 👿
    နေနှင့်ကြအုန်းပေါ့
    သဂျားသာသနာမှာ ရွှေမိုးငွေမိုးတွေရွာပြီး လူဒွေအားလုံး ရဒနာစိန်ကြောက်
    ဇယ်တောက်တမ်းဂဂျားနိုင်ဒဲ့အခါကြမှ
    ကိုယ့်အိမ်ကပါလိုက်တဲ့ချီးတွေကို အမေဒိဂန်ကို ပိုက်လိုင်းသွယ်ပို့ပေးလိုက်ပြီး
    ပိုက်ဆံပေးသန့်ရှင်းရေးလုပ်ခိုင်းဘလိုက်မယ်
    ဟင်းဟင်းဟင်း
    ညှင်းညှင်းညှင်း

  • blackchaw

    May 28, 2012 at 9:28 am

    Principle အရ အဲဒီ ဆန္ဒပြပွဲတွေကို ၊
    အဘ အနေနှင့် ရှုံ့ချရမှာပါ ။
    ( အချိန် မတိုင်သေးပါဘူး ၊ လုပ်ရပ်မှန်ရင်တောင် ၊ အချိန် မှားနေပါတယ် )

    ထောက်ခံပါတယ်ဗျာ။

  • ဗိုက်ကလေး

    May 28, 2012 at 10:47 am

    ဒို ့အဘတို ့များကျတော့ တစ်နေ ့ဒေါ်လှ သုံးလေးရာ နဲ ့ ဇိမ်ပဲ
    ဒို ့များကြတော့လဲ..တစ်လလုပ်မှ တစ်နေ ့စား ဘဝ
    အို အဘားရယ်
    တနားတတ်ရင် အူးဗိုက်ကလေးကို တစ်နေ ့ ဒေါ်လှ တစ်ဆယ်လောက် ဘီအီးဖိုး ချီးမြင့်ပါလားဗျာ
    တယ်ခက်တဲ့လူတွေဗျား..
    စနစ်လေး နဲနဲ ပြောင်းလာတာနဲ ့ လမ်းပေါ်ထွက်ချင်ကြတာ ပေါ်ပင်ဖြစ်နေပါပကော..
    မြှောက်ပေးတဲ့လူတွေကလဲ မြှောက်..ကတဲ့လူတွေကလဲ ကနဲ ့
    အူးပြောင်စိန်ခမျာ ပြောင်သထက်ပြောင်နေပါပီကောဗျာ
    ပြောပြန်ရင်လဲ ဒေါကန်ဦးမယ်..
    တစ်ကယ်ပြချင်ရင် အဘားဖော သင်္ဘော ကပ်တဲ့အချိန် စောင့်ပြီး သွားပြကြပါ
    အနဲဆုံးတော့ ဒေါ်လှလေးတွေ စွန် ့ကျဲလောက်မှာပါနော… 😆 နောက်ဒါဘာဗျာ..
    ရင်လေးဒယ်..ရင်လေးဒယ်..ကျုပ်ကိုကျုပ်လဲ ရင်လေးဒယ်..
    ရင်အေးအောင် ဘီအီးရေခဲစိမ်လေး သွားဂလုဦးမှပါဗျာ

  • Mလုလင်

    May 28, 2012 at 11:15 am

    အခု အခြေအနေ က on the margin, အတွေးမှား၊ အလုပ်မှား၊ အမြင်မှား နဲ့ သမိုင်း တရားခံ ဖြစ်သွားနိင်မယ့် အခြေအနေ လို့ထင်ပါကြောင်း ….။ တစ်လ သုံးသောင်း မလောက်တာက တော့ သေချာတယ်.။ လုပ်ငန်းရှင် တွေလဲ အသက်ရှုချောင်အောင် .. rule တစ်ချို ့ .. လျှော့ပေးသင့်ကြောင်းနဲ့ ကြားပေါက် အကြင်နာ ပေးရတာတွေ လဲ သက်သာသွားမယ်ဆိုရင်ဖြင့် …. ကျွန်တော် တို့လို အခြေခံ လူတန်းစားတွေ အသက်ရှု ချောင်နိုင်မည်ဖြစ်ပါကြောင်း … Win-Win ဖြစ်ဖို့ လိုအပ်မယ်။

  • may flowers

    May 28, 2012 at 1:56 pm

    အခြခံလစာ သုံးသောင်းဆိုတော့ကာ နဲနဲစဥ်းစားကြည့်ရအောင်..မဖြစ်နိုင်ဘူးလားလို့။။ အထည်ချုပ်စက်

    ရုံမှာလုပ်နေတဲ့ မိန်းကလေးတွေတောင်စဝင်ဝင်ချင်း ဘာမှမလုပ်တတ်သေးခင်အထည်ရွေးနဲ့ဝင်တာတောင်

    လေးသောင်းခွဲလောက်ရတယ်ကြားတာ။ ဟဲဟဲ..သိပ်တော့မသိပါဘူး ..ကြုံတုံးဖွကြည့်တာ..။

  • ဦးဦးပါလေရာ

    May 28, 2012 at 4:01 pm

    ကျုပ်လဲ အောက်ခြေ လူတန်းစားနဲ့ အလှမ်းလဲမကွာ (ကျုပ်ကိုယ်တိုင်က အောက်ခြေနားမှာ..ဟီဟိ..)
    အဆက်လဲမပြတ်ပါဘူး…
    ဒါပေမယ့်-
    အခုဆန္ဒပြနေတဲ့နေရာတွေက အခြေခံလစာ/နေ့တွက် ဆိုတာကို နားလည်လို့ကိုမရပါဘူး။

    တခုတော့ရှိသပေါ့
    အချို့လုပ်ငန်းများမှာ
    ဝန်ထမ်းအခြေခံလစာ/နေ့တွက်ကို အဆမတန်လျှော့ပြထားပြီး လျှော့ပေးထားပြီး
    ဆုကြေး၊ ရက်မှန်ကြေး၊ ခရီးစားရိတ်၊ စားစရိတ်၊ ရှားပါးစားရိတ် စတဲ့ခေါင်းစဉ်များနဲ့ အဓိက လုပ်အားခပေးပါတယ်။
    အဲလိုလုပ်တဲ့ရည်ရွယ်ချက်က-
    ၁-လူမှု့ဖူလုံရေးမှာ အချိုးကျ ထည့်ပေးရမယ့်ငွေ နည်းအောင်
    ၂-နှစ်စဉ်အခွန်တွက်တော့ ကုန်ကျစားရိတ်ပိုင်း နည်းပြလို့ရအောင်။ (ဥပမာ- မဟာပညာကျော်အခွန်မှုးတွေက ကုန်ကျစားရိတ် သိန်းတစ်ရာရှိရင် အဲဒီလုပ်ငန်း အနဲဆုံးတော့ သိန်းနှစ်ရာမြတ်မှာပဲလို့ တွက်တယ်။ ကုန်ကျစားရိတ် သိန်းသုံးဆယ်ရှိရင် အဲဒီလုပ်ငန်း အနဲဆုံးတော့ သိန်းခြောက်ဆယ်မြတ်မှာပဲလို့ တွက်တယ်။)
    ၃-တကယ်တော့ ပေးပြီးသား ဘယ်ခေါင်းစဉ်က နှုံးထားဖြစ်ဖြစ် ပြန်လျှော့လို့မရ/လေ့မရှိပေမယ့် မလိုလဲလိုလဲ လျှော့ချင်ရင် လုပ်အားခခေါင်းစဉ်နဲ့မဟုတ်ပဲ အခြား ပေးချင်လို့ပေးတဲ့ခေါင်းစဉ်က လျှော့လို့ရအောင်။
    ၄-ဝန်ထမ်း အကောင်းအဆိုး၊ အတော် အညံ့တွေကို ခွဲခြားပေးချင်ရင် လုပ်အားခခေါင်းစဉ်နဲ့မဟုတ်ပဲ အခြားခေါင်းစဉ်က ပေးလို့ရအောင်…
    စတဲ့ရည်ရွယ်ချက်များပဲ ဖြစ်ပါတယ်။

    ကျုပ်ကြုံဘူးတဲ့ လုပ်ငန်းတခုမှာ အခြေခံလစာ တရက် 1500၊ ရက်မှန်ကြေး တစ်လ 15000၊ ဆုကြေး တစ်လ 15000 မှ 60000၊ ဖြစ်ပါတယ်။ အလုပ်မှာအိပ်လို့ရပြီး ထမင်းကြွေးပါတယ်။ ထမင်းအိမ်ကထည့်လာရင် တရက် 500 နှုံး ပေးပါသေးတယ်။ အဲဒီအလုပ်မှာ ညံ့ပြီးပျင်းတဲ့လူက တစ်လ 70000 လောက်ရပါတယ်။ တော်ပြီး ကြိုးစားတဲ့လူက တစ်လ 100000 ကျော်ရပါတယ်။ အထွေထွေဝန်ထမ်းတွေပါ။

    အခု လက်ရှိဆန္ဒပြနေတဲ့ နေရာတွေက နှုံးတွေကိုတော့ လုံးဝမသိလို့ ကောင်း၏ဆိုး၏ မပြောတော့ပါဘူး..။

    ဒါပေမယ့် အကြံပေးချင်တာက ဒီခေတ်ကုန်ဈေးနူံးနဲ့ လူတယောက် မသေရုံစား၊ဝတ် ရင် တစ်လ 70000 လောက် ကုန်ပါတယ်။ အဲလောက်မှမရရင် တစ်ရက်နှစ်ရက်ထက်ပိုပြီး ဆန္ဒပြမနေနဲ့ ၊ အလုပ်ကထွက်ပြီး တခြားအလုပ်ရှာပါ။
    တခြားပိုက်ဆံပိုရတဲ့ အထည်ချုပ်တွေရှိပါတယ်။ မနှစ်က အထည်ချုပ်ကထွက်လာတဲ့ မိန်းကလေးတယောက်ကိုမေးကြည့်တာ ဟိုမှာ တစ်လပျှမ်းမျှ 60000-70000 လောက်ရတယ် ၊ ဖယ်ရီပါပေးတယ်ပြောပါတယ်။

  • ဦးဦးပါလေရာ

    May 28, 2012 at 4:05 pm

    အစိုးရက အနိမ့်ဆုံးအခြေခံလုပ်ခကို ဥပဒေပြဌာန်းဘို့ဆိုရင် သူ့ဝန်ထမ်းတွေကို ဘယ်လိုလုပ်မလဲ ဆိုတာရှိသေးတယ်။
    သူ့မှာ မနိုင်ဝန်တွေ အရမ်းများနေပုံရပါတယ်။
    (အဲဒါများ လူအမြင်ကတ်အောင် ဆက်ထမ်းနေသေးတယ်။ ကျုပ်သာဆို သူများခေါင်းပေါ်တင်ခဲ့ပြီ..)

    • Foreign Resident

      May 28, 2012 at 7:10 pm

      ” သူ့မှာ မနိုင်ဝန်တွေ အရမ်းများနေပုံရပါတယ် ။
      အဲဒါများ လူအမြင်ကတ်အောင် ဆက်ထမ်းနေသေးတယ် ။
      ကျုပ်သာဆို သူများခေါင်းပေါ်တင်ခဲ့ပြီ ”

      မှန်လိုက်လေ ဦးပါလေရာရယ် ။
      အဆိုတစ်ခု ကြားဖူးတယ် ။

      ” အလွဲသုံးစားလုပ်လို့မရတဲ့ အာဏာဟာ
      မက်လောက်စရာ မရှိဘူး ”

      အခုနေသာ အဘ ကို နိုင်ငံတော် သမ္မတ လာခန့်ခဲ့ရင် ၊
      ဂုဏ်လေး နာမည်လေး မက်လို့သာ ၊
      ခဏတဖြုတ် တစ်လတန်သည် နှစ်လတန်သည်
      လုပ်ကြည့်ချင် လုပ်ကြည့်လိမ့်မယ် ။
      နှစ်ပေါက်အောင် ရေရှည် ဆွဲလုပ်ဖို့ စိတ်ကို မကူးဘူး ။
      ဘုရားစူး ။

      ဘာဖြစ်လို့လဲဆိုတော့ ၊
      ၁ ။ ခိုးဖို့ / အလွဲသုံးစားလုပ်ဖို့ စိတ်ကူး မရှိတဲ့အတွက် ။
      ၂ ။ ဒီလောက် Pressure များ စိတ်ဆင်းရဲရမယ့် အလုပ်ဗျာ ၊ မတန်ဘူး ။

      ( အဓိက က ၊ မတန်ဘူးဗျာ ၊ မတန်ဘူး ။ အဲဒီ အစား ၊
      အန္တရာယ်ရှိတဲ့ Chemical Tanker သင်္ဘောမှာပဲ သွားလုပ်လိုက်မှာပေါ့ ၊
      အခုလက်ရှိ ရန်ကုန်က MTM သင်္ဘောလိုင်းမှာ ကပ္ပတိန် ကို ၊
      တစ်လ လစာ ဒေါ်လာ တစ်သောင်းနှစ်ထောင့်ငါးရာ ပေးခေါ်နေတာပဲ ၊
      နိုင်ငံတော် သမ္မတ ထက် လစာ အများကြီး များတယ် ၊
      ပြီးတော့ သူက စားပြီး သောက်ပြီး စားရိတ်ငြိမ်း အခွန်လွတ် ၊
      Pressure လဲမများဘူး ၊ လူလဲ မ မုန်းဘူး )

      သွားစမ်းပါ ၊ အခုလည်း ဘဝ မှာ ၊
      ကောင်းကောင်း စား ၊ ကောင်းကောင်း နေ နိုင်နေတာပဲ ၊
      နောင်ဘဝမှာ ဘုံ နွားဖြစ်အောင် ၊ ပြည်သူ့ပိုက်ဆံ ထပ်ခိုးစရာလား ။
      လူက ငတုံးမှ မဟုတ်တာ ။

      အဲလို ခိုးမယ့်အစား ၊ မိန်းမရင်ခွင်ထဲ ခေါင်းဝှေ့ဝင်ပြီး ၊
      မိန်းမ လုပ်စာပဲ တသက်လုံး ထိုင်စားတော့မယ် ။
      အဲဒါကပဲ အကောင်းဆုံးဖြစ်မယ် ထင်တယ် ။ ဟီးဟီး ။
      လုပ်ဖြစ်အောင် လုပ်လိုက်ဦးမှ ။ ဟီးဟီး ။

  • ဦးဦးပါလေရာ

    May 28, 2012 at 4:11 pm

    ကျုပ်တို့နိုင်ငံရဲ့ အဓိကကျပြီး လူတွေ သိပ်မစဉ်းစားတဲ့ပြဿနာက
    ကျုပ်တို့နိုင်ငံမှာ အမှန်တကယ်လူနေမှု့စားရိတ် စားဝတ်နေရေးစားရိတ်ဟာ
    အနီးအနားနိုင်ငံတွေထက် မြင့်နေပါတယ်။

    အဲဒါဟာလုပ်အားခ ဈေးသက်သာဘို့ရည်ရွယ်တဲ့ ပြည်ပရင်းနှီးမြှုတ်နှံမှု့တွေကို တားထားတာပဲ…။

    ပြဿနာကို ပြဿနာမှန်းသိတဲ့နေ့ရောက်အောင်ကို တော်တော်စောင့်ရဦးမယ်။
    အဲဒီပြဿနာကိုရှင်းနိုင်ဘို့ကတော့ ခေါင်းမစားတော့ပါဘူး…။ မြေးမြစ်တွေဖြေရှင်းဘို့အတွက် အမွေပေးခဲ့ပါတော့မယ်..။

  • manawphyulay

    May 28, 2012 at 4:32 pm

    စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေ ပေါ်လာ…
    ကုန်ဈေးနှုန်းတွေ ဘယ်လိုကြောင့်တက်ရတယ်
    လူတွေ ဘာကြောင့် ဆန္ဒပြကြတယ်…
    တကယ်….
    မသိပါတယ်…
    ဒါတွေ ပြောရင် ဒေါတွေပါမယ်… မပြောတာပဲ ကောင်းပါတယ် အဘရယ်…
    ကျားကြီးတော့ ခြေရာကြီးဆိုသလိုပဲ… အင်း… ပြောတော့ပါဘူးလေ..

  • ကိုရင်စည်သူ

    May 28, 2012 at 5:45 pm

    အဘတို့လို သဘောကောင်းတဲ့ လှေသဂျီးနဲ့ တွေ့လိုက်ရင်တော့
    အဲ့ဘောဘောကနေ ကန်ချတောင် ဆင်းမှာ မဟုတ်ဘူး… ဟိဟိ 😀 😀
    အဘရေ.. ကျနော်တို့ နိုင်ငံကလည်း သနားစရာပါလား…
    အဘပြောမှပဲ တွေးမိတယ်…
    အပျိုရည်အပျက်ခံပါ့မယ်ဆိုတာတောင် ကာစတမ်မာမရှိတဲ့ဘဝပါလား…
    အစိုးရက မက်ကက်တင်းဆင်းတာလိုနေပြီထင်တယ်…
    ဘလိန်းပြေးတဲ့လူတွေ အတွင်းပိုင်းထဲမှာ ဩဇာမသက်ရောက်တာလဲ
    တော်တော်ဆိုးတယ်လို့ ထင်တာပဲ… 🙁 🙁
    ပို့စ်က ရောသမမွှေဖြစ်ပါဝူုးဗျာ… သူ့ဟာနဲ့သူတော့ အဆီအလျော်တည့်နေတဲ့
    ဝေဖန်ရေးသတင်းပို့စ်လို့ မှတ်ပါတယ်…

    လေးစားစွာဖြင့်
    ကိုရင်စည်သူ

    • Foreign Resident

      May 28, 2012 at 9:07 pm

      ” အဘတို့လို သဘောကောင်းတဲ့ လှေသဂျီးနဲ့ တွေ့လိုက်ရင်တော့ ”

      အော် ၊ ကရင်စည်သူ ၊ ကရင်စည်သူ ။
      အဘ ကို ဘီယာဆိုင်မှာ ( ကုန်းပေါ်မှာ ) နှစ်ခါလောက် တွေ့ဘူးတာနှင့်
      သဘောကောင်းတယ် ဘယ်ဆုံးဖြတ်လို့ ရမလဲကွယ် ။
      ရေထဲမှာ အလုပ်တွဲလုပ်ဖူးမှ သိမှာကွယ့် ။

      ဒါတောင် အချိန်တွေ ၊ အခြေအနေ တွေပေါ် မူတည်ဦးမှာ ။
      အဘ လည်း ငယ်ရွယ်စဉ် Chief Mate ဘဝ တုန်းက ၊
      အရမ်းတက်ကြွခဲ့ ၊ နာမည် ဆိုးခဲ့တာပေါ့ ။

      လုပ်ငန်းသဘော အရလည်း ၊
      Chief Mate က Action Man ၊ ဘီလူးခေါင်း ဆောင်းရပြီး ။
      သူကြီး ကတော့ မင်းသားခေါင်း ဆောင်းလေ့ရှိတာကိုး ။

      အဟင့် ၊ အတင်းတုတ်ရအုံးမယ် ။
      သူရို့ သူကြီးတွေကလေ သူရို့ကိုယ်တိုင်တော့ ၊
      မင်းသားခေါင်း လှလှလေးတွေ ရွေးပြီး ဆောင်းရုံမကဘူး ၊
      Chief Mate ကိုကြတော့ ဘီလူးခေါင်း ဆောင်းဖို့ မြှောက်ပေးရုံမကဘူး ၊
      မဆောင်းရင် Chief Mate ကို တရစ်ချင်း
      ကောက်ကွေးနေအောင် ကျစ်သေးတာဗျ ။ ဒုက္ခ ။ ဒုက္ခ ။
      ကိုရင်တို့ အောက်ခြေကတော့ ၊ ဒါတွေ ဘယ်သိပါ့မလဲ ၊
      Chief Mate ဆိုးတယ်ပဲ သိမှာပေါ့လေ ။
      အော် ၊ လုပ်ငန်းသဘာဝကိုး ၊ ဘယ် တတ်နိုင်ပါ့မလည်း ။

      အခုကျတော့ ဘဝ မှာ အစစ အရာရာ ပြည့်စုံသွားပြီ ။
      အဲဒီအခါ လောကကြီး ကလည်း ဘယ်ကြည့်ကြည့် လှလာပြီလေ ။
      အဲတော့ လောကကြီးကို အကောင်းမြင် နှင့် ကြည့်နိုင်လာပြီ ။

      ရာထူးအရလည်း မင်းသားခေါင်း လှလှလေး ရွေး ဆောင်းနိုင်တဲ့ အခြေအနေ ရောက်လာပြီ ။
      စကားလေးတွေလည်း လှလှညက်ညက် လေးတွေ ရွေးသုံးလာပြီလေ ။

      သင်္ဘောသား တစ်ယောက်ကို ဖြုတ်ချင်ရင်တောင်မှ ၊
      မင်းဆောက်သုံး မကျဘူး ၊ ဆင်းမလား ၊ ဖြုတ်ရမလား လို့ မပြောတော့ပဲ ။
      You are not my type. မင်းက တခြားသူကြီးနှင့်ဆို အဆင်ပြေလောက်တယ် ။
      ဒါပေမယ့် ငါ့စိတ် နှင့် လိုက်ဖက်ညီမယ့် Type မျိုး တော့ မဟုတ်ဘူး ဖြစ်နေတယ် ။
      အဲလိုလေး ပြောတတ်လာတဲ့ အချိန်မျိုးမှာမှ ၊
      ကိုရင်နှင့် လာတွေ့တာပါကွယ် ။

      သူတော်ကောင်းကြီး မ ဟုတ်တာ ၊ အမှန်ပါကွယ် ။
      မ ယုံရင် ၊ သိက္ခာ သမာဓိ ကို သိရအောင် ။

      သင်ချာလေး ၊ ပုလင်းဝဲလေး ၊ ဝတ်မှုန်လေး တို့ ၊
      သုံးယောက်ပေါင်းလောက် နှင့် အခန်းထဲ လွှတ်ကြည့်ပါလား ။ ဟီဟိ ။
      သုံးယောက် နော် ၊ သုံးယောက် ၊ နှစ်ယောက်လောက်နှင့်တော့ မစမ်းနှင့် ။
      ရိုးနေပြီ ၊ သမာဓိ မပျက်လောက်ဘူး ။ ဟီဟိ ။

      ဟီဟိ ။ အဘ ဘဝ ရဲ့ ဗီရို အာဏာရှင် မရှိတုန်းလေး ၊ ခိုးရေးရတာ ။
      ဟီဟိ ။

      • Ch@vez

        May 28, 2012 at 9:42 pm

        ကိုယ့်ထက် ကီးမြင့်တဲ့လူ တွေ့နေဘာဘီ …
        ဂယ်ကျောရာပါ. …

        မောင်ဂီ့ တော့ တယောက်နဲ့ ကို သမာဓိပျက်ပီးသားပါ …
        (ပျက်တယ်ပြော အထင်ကြီးနေဦးမယ် …ပျက်စရာ
        ရှိမှ မရှိဘဲ …ဟီး ….)

        အော်…
        အချစ်ဆိုတာ သောက်တိုင်း မူးတဲ့ အရက်လို ….ပါပဲဂျာ..
        လစ်မစ်တိုးလာတာကို
        ခံနိုင်ရည် မြင့်လာ တယ် ထင်ရပေမယ့် ..
        ပိုမို နက်နက်ရှိုင်းရှိုင်း မိုက်မဲ လာမိတာ မသောက်ရမနေနိုင်အောင်…
        ငတ် မပြေတာတော့ အမှန်ပါ ….

        သင်ချာလေးကို အားနာပေမယ့် …ဟိုမေးစေ့ အကွဲလေးရဲ့ …
        အရေပြား တထောက်ကလေးကိုလည်း …
        သမာဓိမခိုင်ပြန်တဲ့
        ဂီ့…

        ဒက်ဘယ် ဘလက်သောက်ပီး နေ့စဉ် အာနာပါန ရှုတယ်ဆိုတဲ့ ..
        ဟိုလူဂျီး ပျောက်နေတာ အဆန်းသားဗျ ….
        ၂၄နာရီပတ်လုံး လူတကာ လည့်ပတ် ရိနေတာတောင်
        ကိုယ်ထင်မပြဘူး ဆိုတော့ ..ဧကန်န တော့ ဧကန်န ပါဘဲ..

        အာဟိ..

        • Foreign Resident

          May 28, 2012 at 10:15 pm

          ဟဲဟဲ ၊ တစ်ခါတစ်လေတော့လည်း ၊
          လူရှိန်အောင် တင်ပြောမိတာပါ ။

          ဟဲဟဲ ၊ တကယ်ကတော့ ၊ အဘ လည်း ၊
          တစ်ယောက်ထဲ လောက်နှင့် သမာဓိ ကျိုးလောက်ပါတယ် ။

    • Foreign Resident

      May 28, 2012 at 9:32 pm

      စကားမစပ်ပါ ။

      အဘ ဘယ်လောက်ဆိုးလည်း သိချင်ရင် ၊
      အဘ Chief Mate လုပ်တုန်းက
      အဘ ရဲ့ Cadet တစ်ယောက်က
      ဂီဂီ့ ရဲ့ သူငယ်ချင်းတဲ့ ။

      အဲတော့ ၊
      အဘ ဆိုးတာတွေ ၊
      ဂီဂီ လည်း သိလောက်တယ် ။
      ရှက်လိုက်တာ ၊
      သမိုင်းဆိုတာ ပြန်ဖျက်လို့လည်း မရဘူး ။

      ဂီဂီ ။
      သွားမမေးနှင့်နော် ။ 🙁

  • MaMa

    May 28, 2012 at 5:47 pm

    ပြောရမယ်ဆိုရင် မြန်မာပြည်က လူတွေ (ကိုယ်ပါပါတယ်။)
    သူ့နေရာနဲ့သူ အတွေးအခေါ်တွေ အသိပညာတွေ ကြွယ်ဝအောင် ကြိုးစားကြဖို့ များစွာလိုသေးပါကြောင်းးးးးးးးးးးးးးးးးးးးးးး

  • အရီး Khin Latt

    May 28, 2012 at 9:31 pm

    ကိုအဘဖောရှင့်

    Post ထဲ က အချက်တွေကတော့ ကန့်ကွက်စရာမရှိအောင် ကျွန်မ နဲ့ သဘောချင်းထပ်ပါတယ်။
    လက်မ ထောင်ရင်း အားပေးခဲ့ပါတယ်။

    ဒီတော့ တစ်ခြား အကြောင်းလေး ကြုံတုန်း အလာပသလာပပေါ့။
    အလုပ်တစ်ခု မှာ လုပ်ရည်ကိုင်ရည် ရှိသူဟာ သူအလုပ်လုပ် နေတာ နွားလိုရုန်းနေစရာ မလိုဘူးတဲ့။
    သူ့ဟာသူ အိပ်ရင်အိပ်နေပါစေ။
    အလုပ်ပြီးဖို့ လိုရင်းမဟုတ်လား။
    ထားပါ။ ကျွန်မ ပြောချင်တာ ဒါမဟုတ်ပါဘူး။
    မနေ့က ကျောင်းပွဲ တစ်ခု မှာ တရုပ်မ တစ်ယောက် နဲ့ စကားပြောဖြစ်တယ်။
    သူက ဒီမှာ Shipping Company လုပ်နေတာတဲ့။
    ကျွန်မတို့ နိုင်ငံ ကိုလဲ သူက သိပါ့။ မြန်ရ်မာ တဲ့။
    ပြီးတော့ သူနဲ့ ဆက်သွယ် တဲ့ သဘောင်္င်္တွေမှာ မြန်မာတွေ ပါတယ်တဲ့။
    အလွန်တော်၊ အလွန် အလုပ်ကြိုးစား ဆိုဘဲ။ အလုပ်လုပ် လို့ အရမ်းကောင်းသတဲ့။
    တကယ်ပြောတာ။
    ကျွန်မတော့ ရှင့် ကို ပြေးသတိရမိတယ်။
    ကိုအဘဖောလို သူကြီး မျိုးနေမှာလို့။ 🙂

    ငယ်ငယ် က ကြက်တောင်ရိုက်ရင် မြှောက်ပြီး ရင် ခုတ်ရတယ် မဟုတ်လား။
    ဒီတော့ကာ – စပြီ 😉

    ဒီလောက် အလုပ်သမားတွေ မှာ မဖြစ်စလောက် လစာလေး ရဖို့ အတွက် ဆန္ဒပြ နေတာ က အပျော်မဟုတ်တာ လူတိုင်းသိပါတယ်။
    အလုပ်က ပြုတ်နိုင်တဲ့ စိုးရိမ်စိတ် တွေ နဲ့ စိတ်ဆင်းရဲခံ ပြီး ရမလား လုပ်နေရတာပါ။
    ဒီလို Post မှာ ရှင့် ရဲ့ စာနာသနား စိတ် တွေ နဲ့ အတူ တစ်နေ့ ဒေါ်လာ၂၀ဝ ဆိုတဲ့ “သူကြီးတစ်ယောက် ၏ ဖွင့်ဟ ဝန်ခံ ချက်” ကတော့ အမြင်မတော် ဆင်တော် နဲ့ ခလောက် ဖြစ်နေသလားလို့။ 😉

    စိတ်တော့ မရှိပါနဲ့ရှင်။
    နောက်တာ အတည် နော်။ 😆

    • Foreign Resident

      May 28, 2012 at 10:08 pm

      အော် ဒုက္ခပါပဲ အရီးလတ်ရယ် ။

      တစ်နေ့ ဒေါ်လာ ၂၀ဝ လောက်ဆိုတာကို
      များတယ်များ ထင်နေလား မသိဘူး ။ ဒုက္ခ ။ ဒုက္ခ ။
      ကျနော်က လက်ရှိ မြန်မာ ကပ္ပတိန်ထဲမှာ
      လစာ အနဲဆုံး Group ထဲမှာ ပါပါတယ် ။

      သူငယ်ချင်း Differential Positioning Master / Capt တွေ
      တစ်နေ့ ဒေါ်လာ ၇၀ဝ လောက် ရနေပြီး ။
      လက်ရှိ အိမ်မှာလည်း မိန်းမ ရဲ့ ဝင်ငွေက ငါးဆ လောက် ပိုများနေလို့
      ဒီမှာ သူများက Depression စိတ်ကျရောဂါ ဝင်ချင်ချင် ဖြစ်နေရတာ ။

      နောက်ဆုံး Gathering လုပ်တော့တောင် သူငယ်ချင်းတွေက
      မင်းဘာလို့ ဒီလို လစာ နည်းတဲ့ Line မှာ ဆက်လုပ်နေတာလဲတဲ့ ။
      ထွက်ပြီး ငါတို့ဆီ လာခဲ့ပါလားတဲ့ ။
      သူတို့က တစ်သောင်းကျော်တဲ့လိုင်းမှာ
      Capt တွေရဲ့ အထက်က Superintendent တောင်လုပ်နေကြဘီ ။
      မျက်နှာ ငယ်ငယ် နှင့်ပဲ ၊
      ငါ ဆိုမာလီဘက် မသွားချင်လို့ပါ လို့ပြောခဲ့ရတယ် ။

      ဘဝ ကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်တော့မယ် ၊
      လောဘ တွေကို သတ်တော့မယ် ၊
      ငွေ နောက်ကို သရဲမရဲ မလိုက်တော့ဘူးလို့ ၊ ဆုံးဖြတ်မိလို့ ၊
      လစာလည်းနည်း ၊ အချိုးညီစွာ Pressure လည်းနည်းတဲ့ လိုင်းမှာ ၊
      မျက်နှာငယ်လေး နှင့် ဝင်လုပ်နေတဲ့ ၊
      Captain အစုတ် ပလုတ် လေးပါ ခည ။

      Captain တစ်ယောက် အနေနှင့် ၊
      လစာ အမှန်တကယ် နည်းပါတယ် ခမျ ။
      အဲဒီ လစာကို နည်းတယ် လို့ အမှန်တကယ် ယူဆပါတယ် ခမျ ။

  • ဆူး

    May 31, 2012 at 10:42 am

    အခု လတ်တလော ကြားမိတဲ့ သတင်းလေးပါ။
    ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဆိုတာလေးပေါ့..
    ဆန္ဒပြတဲ့ အလုပ်သမားတွေကို ဆန္ဒပြခံရတဲ့ လုပ်ငန်းရှင်တွေက မတတ်နိုင်တဲ့ အဆုံး ၃လစာပေးပြီး အလုပ်ထုတ်လိုက်ပါတယ်။ အလုပ်ပြုတ်သွားတဲ့ အခါ နောက်ထပ် အလုပ်က အဲဒီလောက် မရဖြစ်တဲ့ အပြင် ထိုကဲ့သို့သော လူများကို အလုပ်လည်း မပေးချင်ကြဘူးလို့ ပြောသံတွေ ကြားနေတယ်။

Leave a Reply