သပိတ်စုံ သူပုန်ထ Rebellion

လက်ထဲဂျိုကာဖဲ ရှိပါလျက် အသုံးမချတတ်ရင် နင့်အပြင်မိုက်သူ ရှိပါအုံးမလား (ကာတွန်း ဟန်လေး - ဧရာဝတီ)

မြန်မာစကားမှာရှိတယ် သပိတ်စုံ သူပုန်ထတဲ့…။ အခု မြန်မာပြည်မှာ လယ်မြေအိမ်ယာ အသိမ်းခံရလို့၊ လုပ်ခလစာ မလောက်ငှလို့၊ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် မရှိလို့၊ လျှပ်စစ်မီး မရလို့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးလို့ စသဖြင့် အဖိနှိပ်ခံပြည်သူများရဲ့ မိမိတို့ရပိုင်ခွင့်များအတွက် တောင်းဆိုတိုက်ပွဲဝင်မှုများသည် တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ လူထုအုံကြွမှုကြီးဆီသို့ ဦးတည်နေပြီ။ အားပေးထောက်ခံသူများ ရှိသလို စစ်ဗိုလ်များ ရွှေစိတ်တော်ညှိုးသွားရင် အာဏာပြန်သိမ်းနိုင်တယ်ဆိုပြီး ကြောက်လန့် (အချို့ကလည်း ခြောက်လှန့်) နေသူများလည်း တွေ့ရတယ်။ ဆူဆူပူပူ မဖြစ်ဘဲ အေးအေးချမ်းချမ်းနဲ့ ပြုပြင်ပြောင်းလဲရေးများ ဖြစ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့လေ။ သိထားရမှာ ဒေါ်လာစားများ လခမရမှာ၊ စီးပွားရေးသမားများ ဝင်ငွေလျော့မှာ အရင်းအနှီး ကုန်ပစ္စည်းများ ဆုံးရှုံးမှာ ထိတ်လန့်သလို ဆန္ဒပြတောင်းဆိုသူများဖက်ကလည်း ဖမ်းဆီးနှိပ်စက်ခံရမှာ၊ ထောင်ကျ ဘဝပျက်မှာ၊ မိသားစု ချစ်ခင်ရသူများနဲ့ ရှင်ကွဲ သေကွဲ ကွဲရမှာ ပိုပြီးတော့ ကြေက်ရွံ့ကြမှာပါ။
အခုဖြစ်နေတဲ့ မတည်မငြိမ်ဖြစ်မှုများသည် နှစ်ပေါင်းများစွာ အာဏာအလွဲသုံး ဖိနှိပ်လာခဲ့တဲ့ စနစ်ဆိုး အကျင့်ဆိုးရဲ့ အကျိုးဆက်ဖြစ်တယ်။ ဆန္ဒပြမှုများ မဖြစ်စေချင်ရင် ဦးသိန်းစိန်အစိုးရအနေနဲ့ ပွင့်လင်းမြင်သာ တာဝန်ခံမှု ပြနိုင်ရမယ်။ အရင်လို စကားလုံးတွေနဲ့ မပြီးတော့ဘူး။ ဒေါ်စုကလည်း တရားဥပဒေစိုးမိုးရေးကို အသေအချာ တောင်းဆိုထားတယ်။ စစ်တပိုင်း အစိုးရအနေနဲ့ ဘယ်လောက် အလေးအနက်ထားလဲ၊ စိတ်ရင်းစေတနာ မှန်သလဲအပေါ် မူတည်နေတယ်။ သမဒဂျီး ဦးသိန်းစိန်တက်လာတာ တနှစ်ကျော်သွားပြီ၊ ဘာမယ်မယ်ရရ လုပ်ပြထားတာ ရှိသလဲ။ သူ့မတိုင်ခင် ဦးရွှေမန်း ကွပ်ညှိဗိုလ်ချုပ်ဘဝနဲ့ တရားဥပဒေအထက် မည်သူမှ မရှိစေရဆိုတဲ့ စကားဆို ကျောက်ဖြစ်ရုပ်ကြွင်းတောင် ဖြစ်နေလောက်ပြီ။ သူ့အရင် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်လက်ထက်ရော ဒီပုပ်ထဲက ဒီပဲဘဲ။ ထောက်လှမ်းတွေသာ ကောင်းစားတယ်၊ ရဲ တရားရေးဌာနများ အထက်က မိန့်မိန့်ကြီးထိုင်ပြီး အညွန့်ခူးစားသွားတယ်။ ဒါတွေကို နားထောင်ရင် ဟုတ်နိုးနိုးနဲ့ စောင့်ခဲ့ရတာ နှစ်ပေါင်းနှစ်ဆယ်ကျော်သွားပြီ၊ ပြည်သူတွေကတော့ နင်းပြားဘဝက မတက်..။
ဦးသိန်းစိန်အနေနဲ့ ရဲ၊ တရားရုံး၊ အစိုးရလုပ်ငန်းဌာနများကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရမယ်။ လယ်သမားတွေ လယ်သိမ်းခံရတာကို မသိချင်ယောင် ဆောင်နေလို့မရဘူး၊ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ထားမှု မရှိတာ၊ အခြေခံရပိုင်ခွင့်များ ကင်းမဲ့နေတာ မေ့ထားလို့ မဖြစ်ဘူး၊ ဒီမိုကရေစီပြောပြီး ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်၊ တရားရုံးမတင်ဘဲ အချိန်ကြာမြင့်စွာ ချုပ်နှောင်ခွင့်၊ အင်အားသုံး ဝန်ခံထွက်ဆိုစေမှု၊ အဓမ္မလုပ်အားပေး၊ ခလေးသူငယ်စစ်သားပြသနာ စတာတွေကို ရိုးရိုးသားသား ရှင်းပေးရမယ်။ ရိုးရိုးသားသား လို့ပြောတာ တိုင်တိုင်ပင်ပင်ရှိဖို့ ဖြေရှင်းချင်တဲ့စိတ်နဲ့ လုပ်ဆောင်ဖို့ပြောတာ။ ဦးသိန်းစိန်တို့ အစိုးရအဖွဲ့ ဘယ်ဘဝကလာသလဲ လူတိုင်းသိတယ်။ မသိချင်ယောင် ဆောင်ပေးနေတာကို အဟုတ်ကြီး မထင်နဲ့။

6 comments

  • Ch@vez

    May 28, 2012 at 1:16 pm

    ပြဿနာတွေတက် အို ..ပြဿနာတွေတက်..
    သီးခံစိတ်တွေ ကျော်လွန်သွားလို့ ..ပြဿနာတွေတက် ..ရို့ …
    :mrgreen:

  • amatmin

    May 28, 2012 at 4:45 pm

    မိုက်သဗျို့.. လာထား လက်မတချောင်းထောင်..တစ်ဆယ်တောင်း… 🙂
    အလုပ်သမားများအတွက် အနိမ့်ဆုံးလစာရရှိရေး.. ဒို့အရေး
    လယ်သမားများလယ် ဆက်လုပ်ပိုင်ခွင့်ရရေး…ဒို့အရေး
    တရားရေး နှင့် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းရေး….ဒို့အရေး

    အစိုးရမင်းများ ပါးစပ်တွေခဏတာပိတ်ပြီး .လက်တွေလှုပ်ရှားဖို့အရေး.. သူတို့အရေး 😛

  • ဗိုက်ကလေး

    May 28, 2012 at 5:14 pm

    လစာဒွေကနဲ..
    ကုန်ဈေးနှုန်းဒွေက ကြီး
    ကျုပ်ဒို ့တော့…တစ်လတစ်လ လခထုတ်ပြီး သုံးလေးရက် အများဆုံး တစ်ပတ်ဆို လခလေးခမျာ ပြောင်ဘီ
    ကုန်ဈေးနှုန်းလေးများ ချပေးကြရင် လွှတ်ကောင်းမယ်ဗျာ..
    ဘုန်းကြီးစကားနဲ ့ပြောရရင် ပစ္စည်းလေးပါး (စား၊ ဝတ်၊ နေရ၊ ဆေးဘိုး )က အင်မတန် ဈေးကြီးသကိုးဗျာ..
    ပြောရင်း စိတ်နာလာဘီ..
    သွားထုလိုက်ဦးမယ်..တစ်ပိုင်းလောက်..
    ဂေ့
    ကျန်တာတော့ နားမလည်လို ့ပြောတော့ပါဘူး ကကြောင်ရာ

  • Gipsy

    May 28, 2012 at 5:40 pm

    ဦးဦးအောင်ကြူးရေ မှန်လွန်းတော့ခက်တာပ…
    ပြဿနာပေါင်း သောင်းခြောက်ထောင် မကပါဗျား…
    တဖြည်းဖြည်းပြေလျော့လာမယ် တော့ ရေးရေးလေးမြင်ရသယောင်ယောင်….။

  • ကိုရင်စည်သူ

    May 28, 2012 at 7:05 pm

    ကကြောင်ကြီး..
    ဂျိုကာများများ ရမ်းလ်တစ်ထွေရအောင်…
    ကံကိုပဲ ရိုးမယ်ဖွဲ့လိုက်တော့မယ်..
    ပြောင်ကြီးတို့ကို စိတ်နာလို့
    ဖောင်စီးပြီး ကြောင်ကြီးအနားပဲ
    လာတော့မယ်…
    ဘီဘီလာသောက်ဖို့… 😀 😀 😀

  • အလင်းဆက်

    May 29, 2012 at 7:50 pm

    ဒါပေါ့….သိတာပေါ့.။
    အဟိ..သိချင်ယောင် ဆောင်လိုက်ပြီ။

Leave a Reply