ကျွန်တော်မန်းလေးကို သွားရပြန်ပါပြီ…… စိတ်ထဲမှာတော့ပျော်နေတာပေါ့

မန်းလေးကို စရောက်ရင်ပဲ မန်းလေးရဲ.နွေးနွေးထွေးထွေး သိသိမသိသိကြိုဆိုကျတဲ့ ဆိုင်ကယ်တက်ခ်စီ သမားများနဲ. စတင်တွေ.တာပါပဲ…. အလုပ်အရက်အပြိုင်အဆိုင်ကို ကြိုဆိုနေကြတာပါပဲ… :D

အိမ်ကလာကြိုလို. ကြိုဆိုရေးသမားတွေကို မနည်းရှောင်ကာ အိမ်ပြန်ရောက် ရေမိုးချိုးပြီး လက်ဖက်ရည်ကို မင်းသီဟမှာသောက် ပြီးတော့ အော် ငါ နန်းမြို.ရိုးနဲ. မန်းလေးတောင်ကို သွားကြည့်ပါအုံးမယ်လေ ဆိုပြီး ကျုံးဘေးမှာ ဆိုင်ကယ်လေးဖြေးဖြေးစီးပြီး သွားနေတာပေါ့ …. ဆီဒိုးနားထောင့်ရောက်တော့ ခဏရပ်ပြီး နန်းမြို.ရိုး ကျုံးနဲ. မန်းလေတောင်ကို တ၀ကြီး ကြည့်နေတာပေါ့…

အဲဒီမှာဗျာ… နန်းမြို.ရိုးက ကျွန်တော်ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတယ်ဗျ…. ကျွန်တော်လဲ တော်တော်စိတ်မကောင်းဖြစ်သွားတယ်…. ဒါနဲ.ကျွန်တော်လဲ နန်းမြို.ရိုးကို လှမ်းခေါ်လိုက်တယ်…

ကျွန်တော်။      ။ ဟေ့လူ နန်းမြို.ရိုးကြီး နေကောင်းလား…………….

။။။။။။။။။။။။။။။။။။။။။။။။။ ဘာမှပြန်ထူးသံမကြားရဘူးဗျ… စိမ်းစိမ်းကြီးပဲ စိုက်ကြည့်နေတယ်.. ကျွန်တော်ကို မှတ်မိပုံမရဘူးဗျ…ဒါနဲ.  ကျွန်တော်လဲ ထပ်ခေါ်တာပေါ…..

ကျွန်တော်။      ။ ဟိတ်လူကြီး ကျွန်တော်ကို မမှတ်မိတော့ဘူးလားဗျ ကျွန်တော်မန်းလေးသားအစစ်ကြီးပါ.. သင်္ကြန်ဆို ခင်ဗျားနဲ.အတူတူ ကဲနေကြလေ…………

နန်းမြို.ရိုး။        ။ ဟေ…………. အော် ဟုတ်လား အော်ကောင်လေး ငါမင်းကိုမမှတ်မိလို.ဆောရီးကွာ…

ကျွန်တော်။      ။ ရပါတယ် အခုမှတ်မိပြီမို.လား…………

နန်းမြို.ရိုး။        ။ အင်းမှတ်မိတာပေါ့ မင်းတောင်မတွေ.တာကြာပြီဘယ်ပျောက်နေလဲကွ….

ကျွန်တော်။      ။ ဒီကိုပါပဲဗျာ အလုပ်နဲ.ဆိုတော့ ပျော်ရာမှာမနေ တော်ရာမှနေပြီး ဘ၀အတွက် ရုန်းကန်နေရတာပေါ ကိုရိုးရာ… ဒါနဲ.နေပါအုံး ကျွန်တော်ကို အဲလောက် စိမ်းစိမ်းကြီး စိုက်ကြည့်နေတာ ဘာလို.လဲဗျ…

နန်းမြို.ရိုး။        ။ အော်ဒီလိုကွ ကောင်လေးရ မင်းက အသားကလဲဖြူ၊ရုပ်ကလဲ မျက်နှာဝိုင်းဝိုင်းနဲ. ငါက တရုတ်မှတ်လို.ကွ…… အဲဒါ ငါအခြေအနေအကဲခတ်နေတာ… ဒါကြောင့်ကြည့်တာ…

ကျွန်တော်။      ။ နေစမ်းပါအုံး ကိုရိုးက ဘာလို.တရုတ်ဆို ဘာများလုပ်မလို.လဲ…

နန်းမြို.ရိုး။        ။ အမလေး ဘာမှမလုပ်ပါဘူးကောင်လေးရယ်… ငါ့ကိုလုပ်မှာစိုးလို.ပါဟ….

ကျွန်တော်။      ။ ဘယ်လိုများလဲ ရှင်းစမ်းပါအုံးဗျ…ကိုရိုးရ

နန်းမြို.ရိုး။        ။ဒီလိုကွ ကောင်လေးရ ငါအခုနေနေရတာ မျက်ခုံးက ခပ်လှုပ်လှုပ်ကွ…. မယုံရင် ကျုံးမေးကြည်…

အဲဒီအချိန်မှာ တချိန်လုံးငြိမ်နေတဲ့ ကျုံးက

ကျုံး။    ။ ဟုတ်ပ………..

နန်းမြို.ရိုး။        ။ ဘာကြောင့်လဲဆိုတော့ ငါတို.မန်းလေးမြို.က အခုဆို တရုတ်မြို.ဖြစ်တော့မှာလေ… တရုတ်တွေ ငါကို မျက်စပစ်နေကြတာ ငါသိတာပေါ့…. ငါမှာကွာအခု နေနေရတာကို မ၀ံ့မရဲနဲ.ကွယ့်…

တော်ကြာ ငါ့ကို မောင်မောင်တရုတ်များက စက်မှုဇုံ ဒါမှမဟုတ် မြို.ပြစီမံကိန်းလုပ်ချလိုက်မှဖြင့် ငါ့တသက်လုံးစောင့်ထိန်းလာတဲ့ ငါ့အမွေအနှစ်လေးတွေ ကုန်သွားမှာပေါ့ကွာ… ဒါတောင် ငါဘော်ဒါ ကျုံးလေးခံနေလို. လမ်းချဲတဲ့ အခါ မပါသွားတာ.. ဟေဟေ…

ကျုံး။    ။ ဟုတ်ပ ဟုတ်ပ ကျုပ်လဲ ဘာထူးသေးလဲ ကောင်လေးရယ်…. ကျုပ်လဲ ရေသေကျုံးမို.လို. ရေရှင်များဆို လျှပ်စစ်အထုတ်ခံရမလားတောင်မသိပါဘူး…. ငါ့ဖြင့် လေတိုက်ရင်တောင် လှိုင်းကြက်ခွပ်မထရဲဘူး……. တော်ကြာရေစီးသန်တယ်ထင်ပြီး ရေအားလျှပ်စစ်စီမံကိန်းဆောက်လိုက်မှဖြင့် ငါ့မနိုင်ဝန်ထမ်းနေရအုံးမယ်လေ….

နန်းမြို.ရိုး။        ။ ဟဟဟဟဟဟ …. ငါကောင်ကျုံးက တယ်နောက်သကိုးကွ… အေးကွ ကောင်လေးရ နောက်တစ်ခုရှိသေးတယ်… ငါ့ရင်ခွင်ထဲက အမျိုးကောင်းသမီးအမျိုးကောင်းသားတွေလဲ အခုဆို ငါနဲ.ဝေးရာမှာ မနေချင်ပဲနေနေရတော့တာပါပဲကွာ………… ဟင်းးးးးးးးးးးး(သက်ပြင်းအရှည်ကြီးချသံ)

ကျွန်တော်။      ။ အာ… ကိုရိုးနဲ.ကိုကျုံးနှယ်ဗျာ အဲလောက်လဲ မကြောက်ပါနဲ. ခင်ဗျားတို.ပြောသလိုအဲလောက်မဆိုးလောက်ပါဘူးဗျာ…

ကျုံး။    ။ ဒါနဲ.နေစမ်းပါအုံးကောင်လေးရ မင်းမန်းလေးသားစစ်တယ်ဆိုတာသေချာသလား…

ကျွန်တော်။      ။ စစ်ပါတယ်ဗျ… မယုံစစ်ကြည့်မလား…. ဒါမှမဟုတ် ဟိုမှာထိုင်နေတဲ့ မန်းလေတောင်ကိုမေးကြည့်ဗျာ…… ဗျို. မန်းလေးတောင်ကြီး လုပ်ပါအုံးဗျ….

မန်းလေးတောင်။         ။ ဟေ…… ဘာလဲဟ…

တချိန်လုံးငြိမ်နေတဲ့မန်းလေတောင်ဆီက စကားတခွန်းထွက်လာတော့ လန်.တောင်သွားတယ်….

ကျွန်တော်။      ။ အော် မန်းလေးတောင်ကြီးရယ်… ကျွန်တော် ခင်ဗျားတောင်ခြေ စစ်တပ်ထဲမှာမွေးပြီး ကြီးပြင်းခဲ့ရတဲ့မန်းလေးသားစစ်စစ်ပါဆိုတာ ဒီက ကိုနန်းမြို.ရိုး နဲ. ကိုကျုံးက မယုံဘူးတဲ့ဗျာ…လုပ်ပါအုံး…

မန်းလေးတောင်။         ။ ဟုတ်တယ်ကွ ဟေ့ကောင်တွေရ… မင်းတို.မလဲ မမြင်ဘူးတဲ့ လူဖြူဖြူမြင်ရင် ကြောက်ဒူးတုန် နေတဲ့ ကောင်တွေပဲ… ဟဟဟ

နန်းမြို.ရိုး။        ။ အောင်မာ မင်းကရောဘာထူးသေးလဲ… ဘာမှမပြောနိုင်မဆိုနိုင် ထိုင်စိတ်ဆင်းရဲနေတာမို.လား…. မြို.အပေါ်စီးကနေစီးကြည့်နေပြီး ဘာမှပြန်မပြောနိုင်တဲ့ ကောင်ကများကွာ..

မန်းလေးတောင်။         ။ ဟကောင်ရ ငါအပေါ်စီးက မြင်ရပေမယ့် မနက်က ကိစ္စမရှိပေမယ့်.. ညည တစ်မြို.လုံး မှောင်မဲနေတာ ငါဘာမှမမြင်ရဘူးလေကွာ… အဲဒီတော့ ငါမင်းကိုဘာပြောပြရမလဲ… ငုတ်တုတ်ထိုင် နေရုံပဲရှိတော့တာပေါ့ကွာ….

ကျွန်တော်။      ။ ကဲပါ ထားလိုက်ပါတော့ ရန်မဖြစ်ကြပါနဲ.တော့..ဗျာ..

ကျုံး။    ။ ဟုတ်သားပဲဗျာ.. ကိုနန်းနဲ. ကိုမန်းလေးတောင်ရာ…. ဟဲဟဲဟဲ

ကျုံး။    ။ စိတ်မရှိပါနဲ. ကောင်လေးရာ ငါတို.မှ မမြင်ဘူးတဲ့လူမြင်ရင် ငါတို.များ ဘာစီမံကိန်း ဘာဆောက်လုပ်ေ၇းများ လုပ်မလဲ ရင်တမမ နဲ. အကဲခတ်နေရတာပေါ့ကွာ…

မန်းလေးတောင်။         ။ အခုလဲကြည့်လေ.. ငါတို.မန်းလေးက အရင်တုန်းက ထိုင်မသိမ်း နဲ.ရွှေခြေခြင်းနဲ. လှပျိုဖြူတွေက အခုတော့ ဇီးရိုးကွာတားဆိုလား ဘာလားမသိပါဘူးကွာ.. ဘောင်အထက် တိုနန်.နန်. တွေ၊

စကဒ်လို.ခေါ်တဲ့ တိုနန်.နန်. အ၀တ်စပတ်ထားတာတွေနဲ. ငါတို.မှာ နေ.တိုင်းစိတ်ကိုမချမ်းသာပါဘူးကွာ..

နန်းမြို.ရိုး။        ။ ဟုတ်ပဗျာ.. အရင်တုန်းက ကျုပ်ဘေးမှာ အေးတူပူအမျှ နေလာကြတဲ့ ကျုပ်ဆွေမျိုး မိတ်ဆွေအားလုံးလဲ ငါနဲ.ဝေးရာမြို.ပြင်တွေ ရောက်ကုန်ကျပေါ့ကွာ…

ကျုံး။    ။ ဟုတ်ပ စိတ်မကောင်းတာ… ကျုပ်စိတ်မကောင်းတာတစ်ခုရှိသေးတယ်.. အခု ကျုပ်တို.လူတွေ ရေပျက်နေကြတယ်လေ… ကျုပ်မှာရေတွေရှိတာပဲဗျာ… ပေးချင်လိုက်တာ…

မန်းလေးတောင်။         ။ ဟဟဟ အောင်မာ ဒီကောင်ကျုံး အခုမှ အသံထွက်လာတယ်.. သူဖြင့်တုတ်တုတ်တောင် မလှုပ်ပဲနဲ… ရေမြင်ရင်ရေအားလျှပ်စစ်ထွက်မယ်ဆိုတဲ့ ကိုကိုတရုတ် များကို ဖင်တုံအောင်ကြောက်နေတဲ့ကောင်ကများ…ဟဟဟဟ

ကျုံး။    ။ ခင်ဗျားနဲ.ဗျာ အဲလိုတော့ မပြောပါနဲ… ဟီးဟီးဟီး

 

ကျွန်တော်။      ။ ဟုတ်ပ အခုပြောနေတာတွေလဲ ကျွန်တော်ကြားပါတယ်… သတင်းတွေမှာလဲ ဖတ်ရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုနန်းတို.၊ ကိုကျုံးတို.၊ ကိုမန်းလေးတောင်တို. အခုအချိန်ထိရှိနေသေးတာပဲ. ဘာမှပူမနေပါနဲ.ဗျာ..

ကျွန်တော်တို. ခင်ဗျားတို.နဲ.ဝေးရာကို ရောက်နေကြပေမယ့် ခင်ဗျားတို.ကို ထိရင် ကျွန်တော်တို. မြန်မာနိုင်ငံသားတွေ အားလုံး အထူးသဖြင့် မန်းလေးသူ မန်းလေးသားတွေက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဗျာ.. ဦးဦး ဧရာဝတီကိုပဲကြည့်လေ………..

နန်းမြို.ရိုး။        ။ အေးကွ မင်းပြောတာလဲ ဟုတ်သလိုလိုပဲ..

ကျုံး။    ။ ဟုတ်ပ…

မန်းလေးတောင်။         ။ အေးလေ ကောင်လေးပြောမှပဲ ငါတို.အားနဲနဲရှိသွားတော့တယ်.. ကဲပါ ဘာပဲဖြစ်ဖြစ် ငါတို.ရဲ. နေရာတွေကို ဘယ်လိုမှ လက်လွတ်ခံကြမှာမဟုတ်ပါဘူး… နော့ကောင်လေးရာ…

ကျွန်တော်။      ။ ဟုတ်ပါတယ်ဗျာ… ကျွန်တော်ကတော့ ခင်ဗျားတို.ကို ဘာမှ အကူအညီမပေးနိုင်ပေမယ့်… စကားနဲ.တော့ အားပေးနိုင်ပါသေးတယ်ဗျာ.. ကျွန်တော်က ခင်ဗျားတို.ကို ကာကွယ်နိုင်တဲ့ အရည်အချင်းအဆင်းအတန်းကလဲ မရှိလေးတော့… တတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ပေးမယ်လို. ကတိပေးပါတယ်ဗျာ……..

ကဲကဲ.. ကျွန်တော်လဲ ရုံးတက်ရအုံးမယ်ဆိုတော့ သွားရတော့မယ်ဗျာ…

နန်းမြို.ရိုး။        ။ အေးကွာကောင်လေးရာ နောက်လဲလာလည်ပါအုံး…. ငါတို.မှာ မင်းတို.လို. မန်းလေးသား အစစ်လေးတွေနဲ. စကားမပြောရတာ ကြာတော့ တွေ.တုံးလေးအားရပါးရပြောရတာပါကွာ..

ကျုံး။    ။ အင်းဟုတ်ပ…. စကားပြောလို.တောင်မ၀သေးဘူး…. အလုပ်နဲ.ဆိုတော့လဲ ခွင့်လွှတ်ပေးရမှာပေါ့… နော့ကွာ…

မန်းလေးတောင်။         ။ကျေးဇူးတင်ပါတယ်ကောင်လေးရာ မင်းလို ကောင်လေးမျိုးတွေရှိနေတာ ငါတို.အားရှိသေးတယ်ပေါ့.. ဒါပေမယ့်ကောင်လေးရာ မင်းတို.တတွေက အဝေးမှာလေ… ငါတို.တော့ နဲနဲအားလျော့တာပေါ့ကွာ…

ကျွန်တော်။      ။ ဟာဗျာ… ကိုမန်းလေးတောင်ကြီးရာ စိတ်မကောင်းအောင်မပြောပါနဲ… ကျွန်တော်တို.တစ်နေ.နေ.တစ်ချိန်ချိန်မှာ ခင်ဗျားတို.ကို ကွာကွယ်ဖို.ကြိုးစားနေပါတယ်… အခုလဲ ကြိုးစားနေတာပါပဲ…

ကျုံး။    ။ ဟုတ်ပါ့ဗျ… ကိုမန်းလေးတောင်ကြီးနှယ့် ကောင်လေးစိတ်မကောင်းအောင် လျှောက်ပြောနေတာ.. အခုလဲ ဒီအတိုင်းရှိနေသေးတာပဲကိုးဗျာ……. ကဲကဲကောင်လေး အလုပ်နောက်ကျနေမယ် သွားသွာ….

ကျွန်တော်။      ။ ဟုတ်ဟုတ် … ကဲ ကျွန်တော်သွားလိုက်အုံးမယ် ကိုနန်း၊ကိုကျုံး၊ ကိုမန်းလေးတောင်ကြီးရေ…

သုံးယောက်စလုံး တပြိုင်ထဲ အေးအေးအေး ဆိုပြီး နှုတ်ဆက်နေကြတယ်လေ… သူတို.သုံးယောက် နှုတ်ဆက်ကြပေမယ့် ကျွန်တော်နဲ. စကားပြောရတာ.. အားမရကြဘူးနဲ.တူပါတယ်….

ကျွန်တော်လဲ ဖြစ်နိုင်ရင် တနေကုန်သူတို.နဲ. စကားလက်စုံကြချင်ပါတယ်.. ဒါပေမယ့် တာဝန်တွေကရှိသေးတယ်လေ……….

အဲလိုနဲ. ဆိုင်ကယ်လေး စက်နှိုးပြီး ရုံးရှိရာကို ထွက်လာခဲ့တော့တာပေါ့… နောက်မှာတော့ သူတို.သုံးယောက် တိုးတိုးတိုးတိုး နဲ. စကားပြော ကျန်ခဲ့တော့တာပါပဲ…..

သူတို.နဲ.စကားပြောတုံး ကျွန်တော် သူတို.ကို မပြောပဲ ထားခဲ့တဲ့စကားလေးတစ်ခွန်းကို စိတ်ထဲမှာပဲ နာနာကျင်ကျင်နဲ. ရေရွတ်လိုက်မိတော့တယ်ဗျာ…….

အဲဒါကတော့

ကိုနန်းတို.၊ကိုကျုံးတို၊ ကိုမန်းလေးတောင်တို.ရေ.. ခင်ဗျားတို.နဲ. စကားပြောခဲ့တဲ့ ကျွန်တော်ဟာ ခင်ဗျားတို.အတွက် ဘာမှ လုပ်မပေးနိုင်တဲ့ ဘာကောင်မှ မဟုတ် တဲ့ အလကားကောင်တစ်ကောင်ပါဗျာ………………………လို.     …………………

ရင်နင့်စွာခံစားရေးဖွဲ.ပါသည်…………………. ရွှေတိုက်စိုး

About ရွှေတိုက်စိုး

has written 79 post in this Website..