“နှလုံးသားလက်ဆောင်” အပိုင်း(၉) မိုးရိပ်

aung nainglinMay 28, 20121min894

“သူငယ်ချင်း………စိတ်ထိန်းပါအုံးကွာ…….သေတဲ ့သူကသေသွားပြီပဲကွာ…….”

“မဖြစ်နိုင်ဘူးကွာ….ငါမယုံဘူးကွာ…..အမေမရှိတော့ဘူးဆိုတာ…ငါမယုံနိုင်ဘူးကွာ…ငါ….ငါ..အမေ ့ကိုတွေ ့ပါရစေကွာ”

စကားလုံးတိုင်းဟာ    ရင်ထဲမှာ  ဆို ့နင် ့နေလေသည်။       အချစ်ရဆုံးအမေကိုမှ      လောကကြီးထဲက    ဘာဖြစ်လို ့များ     ခေါ်ထုတ်သွားရတာလဲ     ကံကြမ္မာရယ်။အမေဖြစ်ရမဲ ့အစား      သူသာဖြစ်လိုပါတော့လားကွ။………လောကကြီးနဲ ့     သူကို     စွန် ့ခွာသွားတဲ ့အမေကတော့       ကုတင်ထက်မှာ  လဲလျောင်းနေလေသည်လေ။……………….

“အမေ….အမေ     ထပါအုုံးအမေရယ်          သားအလုပ်ကနေ   ပင်ပန်ပြီး    ပြန်လာရင်     မောပန်းတာတွေ   ပျောက်အောင်  အပြ ုံးလေးနဲ ့မကြ ိုတော့ဘူးလားဗျာ……“

“ထပါအုံး    အမေရယ်…………အမေ သားခေါ်နေတာကြားတယ်မလားဟင်….သားကိုတစ်ယောက်တည်းမထားခဲ ့ပါနဲ ့ဗျာ        သားတောင်းပန်ပါတယ်…..”

“ဆရာရယ်     ကျွန်တော်အမေကိုကယ်ပါအုံးဗျာ…….ကျွန်တော်ရှိခိုးဆိုရှိခိုးပါ့မယ်ဗျာ……..အမေ………အမေ…..”

““မင်းဇော်       စိတ်ကိုထိန်းပါကွာ       သူငယ်ချင်းရယ်…………………..”

“လုပ်ပါအုံးသူငယ်ချင်းတို ့ရယ်…..အမေ ့ကို     ပြန်ခေါ်ပေးပါနော်…………….ဆရာရယ်     အမေ ့ကိုကယ်ပေးပါနော်…….”

စကားသံတွေ    တိတ်ဆိတ်စွာနဲ ့   အခန်းငယ်လေးထဲမှာ       သူတစ်ယောက်တည်း          ကြိတ်ငိုနေသည်ပဲလေ။       လောကကြီးရယ်        ဘာ ့ကြောင် ့များ    အမေနဲ ့ကျွန်တော့်ကို            ခွဲခွာခိုင်းရတာလဲ     ကံကြမ္မာကြီးရယ်။        အမေ ့ရဲ ့နောက်ဆုံး   ထွက်သက်လေးကိုတောင်      ကျွန်တော်မမှီရတာလဲဗျာ……..

“မင်းဇော်    သူငယ်ချင်းရယ်     အရာရာကို      ဦးနှောက်နဲ ့  စဉ်းစားပါကွာ…….”

“အေးပါကွာ       ငါသိပါတယ်        …..   ဒါပေမဲ ့      ငါဘယ်လိုမှမယုံနိုင်ဘူးကွာ…….”

“အေးပါကွာ     မင်းငါတို ့နဲ ့လိုကနကွာ……   ခဏပဲဖြစ်ဖြစ်ပေ့ါ……   ရက်လည်ပြီဆိုတော့……မင်းကို   တစ်ယောက်တည်းထားခဲ ့ရမှာ     စိတ်မချဘူးကွာ…..”

“အေးပါကွာ   မင်းတို ့စေသနာကို ……..ငါကျေးဇူးတင်ပါတယ်………..ဒါပေမဲ ့ကွာ       အမေ ့ရဲ ့အရိပ်တွေ     လွှမ်းချုံနေတဲ ့  ဟော ့ဒီအိမ်ကနေ   ဘယ်မှ  မသွားချင်သေးဘူးကွာ..”

“ဒါဆိုလဲ    ငါတို ့လဲ   မင်းနဲ ့အတူတူအိပ်မယ်ကွာ….”

သူ ့အပေါ်   အရမ်းကောင်းတဲ ့  သူငယ်ချင်း  မင်းခန် ့နဲ ့ဝင်းထွန်း   သူ ့အတွက်တော့    သူငယ်ချင်းကောင်းတွေပါပဲလေ…….”

 

 

နောက်တစ်နေ ့    မိုးလင်းတော့      အရင်ဆုံး  တမ်းတမိတာ      အမေ ့ရဲ  ့ဘုရားရှီခိုးသံလေးပါ။       အခုတော့   ပျောက်ကွယ်သွားတဲ ့     သတ္တဝါတွေကို   မေတ္တာပို ့သည် ့အသံ

အရာရာအားလုံးကို   ယူဆောင်သွားပြီလား    ကံကြမ္မာရယ်…………။

“မင်းဇော်    မင်းအစောကြီးနိုးနေတာလား….”

“အေးကွာ        ငါအိပ်လို ့မရလို ့     အစောကြီးနိုးနေတာလေ……..မင်းတို ့နိုးပြီဆိုရင်      ကော်ဖီဆိုင်သွားရအောင်ကွာ….”

“သွားလေကွာ………”

ကောင်ဖီဆိုသို ့သူငယ်ချင်းသုံးယောက်သား    ထွက်သွားကြလေသည်။   သိပ်မကြာလိုက်ပါ     ကော်ဖီဆိုင်သို ့ရောက်တော့    ဝင်းထွန်းက     စကား    စပြောလေသည်။

“မင်းဇော်      မင်းချစ်သူ  လင်းငယ်မလာပါလားကွာ…”

“သူလဲ   မသိလို ့နေမှာပါကွာ……..နားလည်ပေးလိုက်ပါကွာ      နောက်တော့  လာမှာပေါ့ကွာ….”

“မင်းခန် ့    ငါ ့ကို     ဖုန်းခဏလောက်ကွာ…….လင်းငယ်ဆီကိုဆက်မလို ့…”

“ယူလေကွာ…..ရော့……..”

“ဟဲလို…….လင်းငယ်လား……..”

“အော်….ရှင်ကျမဆီကို    ဖုန်းဆက်သေးတယ်ပေါ့……….ရှင်အသံမကြားချင်တော့ဘူး…..”

“လင်း  ဘာတွေပြောနေတာလဲ……….ကိုရှင်းပြပါရစေအုံးကွာ        ”

“တော်ပြီ….တော်ပြီ….ရှင်အသံကို    မကြားချင်ဘူး     ရှင်   ကျမကို    မေ ့လိုက်တော့      ကျမလဲ      ရှငိ်ကိုမေ ့လိုက်ပြီ……..”

ပြောပြီးဖုန်းချသွားလေသည်။       သွားပြီ   အခုမှ    ဘာမှ  မရှိတော့ဘူးကွာ။       7.12.2005      ဒီနေ ့ဟာ     ကို ့ကို     တစ်ယောက်တည်းထားခဲ ့တာ     (၁)နှစ်တိတိပြည် ့ပြီနော်ချစ်သူ       မင်းကတော့မေ ့နိုင်ပေမဲ ့    အရမ်းချစ်ခဲ ့တဲ ့ငါကတော.  ဒီနေ ့အထိ   တစ်ရက်ကလေးမှ    မေ ့လို ့မရခဲ ့ပါဘူး…..ချစ်သူရယ်…..

 

ရှေ ့သို ့ဆက်ပါအုံးမည်………….ခင်မင်လေးစားလျှက်………..။

 

 

4 comments

  • windtalker

    May 28, 2012 at 8:28 pm

    ခလေးမလေး က အကျိုးအကြောင်း ဃဃဏဏ မမေးမြန်းဘဲ သစ်စိမ်းချိုး ချိုးသွားတာပေါ့ဗျာ ။ ဗီဒီယိုဇါတ်ကားတွေထဲမှာဆိုရင်တော့ ပရိသတ်တွေ မျက်ရည်တောက်တောက်ကျကြရမယ့်အခန်းပါဘဲ ။

  • shwe kyi

    May 29, 2012 at 3:12 pm

    အမေတစ်ယောက်လုံးဆုံးရှုုံးပြီးတဲ့အချိန်မှာ ချစ်သူကပါ ထားခဲ့လေတော့ မတွေးရဲအောင်ပါပဲ..။

  • aung nainglin

    May 29, 2012 at 8:05 pm

    အစ်ကိုရေ
    အဲ ့ဒါပြောတာပေါ့…….
    အချစ်ကို တန်ဖိုးမရှိဘူးလို ့ထင်ထားတဲ ့သူပေါ့လေ
    ဘာပဲဖြစ်ဖြစ် အချစ်က တန်ဖိုးမရှိဘူးလို ့ထင်ထားတဲ ့သူက ကျရှုံးရတာ့မယ်လေ
    အားပေးပါအုံးနော်…ခင်မင်လျှက်

  • aung nainglin

    May 29, 2012 at 8:56 pm

    သူငယ်ချင်း Shwekyi..ေ၇
    သူ ့အတွက်ကံကြမ္မာက ဖန်းတီးလိုက်တာပဲလေ
    အားပေးပါအုံးနော်
    ခင်မင်လျှက်……

Leave a Reply