ပင်းတယမှ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်သို့……………………….

1 အောင်ပန်းမြို့မြောက်ဘက်မှာမြင်ရတဲ့ ထင်းရူးပင်ပေါက်လေးတွေ
2 လွင်ပြင်မြေလမ်းကလေးကနေ ပင်းတယကို သွားရတာပါ
3 လွင်ပြင်ကြားက မူံဝါးဝါးတွေ့နေရတဲ့ တောင်စဉ်တန်းတွေပေါ့
4 ထွန်ယက်စ လယ်ကွင်းတွေပါ
5 မျှော်မဆုံး မြင်ကွင်း လှလှ
6 ကားပေါ်ကနေ မမှီမကမ်းလက်ဆော့လိုက်တဲ့ အမြင်ဆန်းဆန်းညောင်ပင်
7 ထွန်ယက်ပြီးစ လယ်ကွင်းများ မြေနီနီ တောင်ညိုညို တိမ်ပြာပြာ
8 ကျနော် အကြိုက် အထီးကျန်သစ်ပင်လေးပါ
9 ကျောက်ဆောင်သေးသေးလေး ဒီနေရာက မြေပြန့်များတယ်
10 ရိပ်ကနဲမြင်ရတာလေ( ကားအမြန်ပြေးနေတာကနေရိုက်တော့ ဝါးတားတားပေါ့)
11 အပင်ပုလုံးလေးတွေက ချစ်စရာလေးဗျာ
12 အနီးကပ်သစ်ပင်ပုလုံးလုံးလေးတွေ
13 ကျွဲနဲ့ လယ်ထွန်နေတဲ့ပုံလေးပါ
14 နီညို့ စိမ်းစို မိူင်းညို ပြာလွင် သဘာဝမြင်ကွင်း
15 ကျောက်စရစ်ခဲထုတ်လုပ်တဲ့နေရာလေးပါ
16 ကျောက်ဆောင်က တောင်ကတုံးဖြစ်လုနီးပါး
17 တောရွာသဘာဝ လုပ်ငန်းခွင်အသွားနွားလှည်းလေးနဲ့ပေါ့
18 ခြင်္သေ့ညီနောင် ဟိန်းနေပုံက လန့်စရာ
19 တစ်ကောင်ထဲ အစာရှာစားနေရတယ်နော်
20 တောခေါင်ခေါင်က ဒေသထွက်မုန့်ရောင်းတဲ့ဆိုင်မှာတောင် စီးပွားရေးသမားရဲ့ကြော်ငြာက အမိအရ
21 အဝေးကတောင်ပေါ်မှာစေတီ
22 ပင်းတယမြို့အဝင်
23 ပင်းတယ ရွှေဥမင်လှိုဏ်ဂူကို လှမ်းမြင်နေရပါပြီ ဝိုးတဝါး

 

 

24 မြေနီနီတောင်အဆင်းလမ်း

 

25 လှပသော လှိူဏ်ဂူတော်.......အဝေးမြင်ကွင်း
26 ဒီလမ်းလေးအတိုင်းတည့်တည့်ဆင်းသွားရင်း ရွှေဥမင်တောင်ခြေကိုရောက်ပြီ

“ပင်းတယက ရွှေဥမင်သဘာဝလိူဏ်ဂူတော်သိုံ့”

 

အောင်ပန်းမြို့နဲ့ 24မိုင်လောက်သာဝေးတဲ့ ့ပင်းတယကို ပထမအကြိမ်တုံးကလဲမရောက်ခဲ့ပါဘူး။

ကိုယ်တည်းတဲ့တည်းခိုခန်းရှေ့မှာ ပင်းတယသွားတဲ့ကားတွေရပ်ပေမယ့် မိုးတွင်းဆိုတော့ မသွားဖြစ်ခဲ့ပါဘူး။

မိုးတွင်းမှာရေကျော်တဲ့နေရာလေးတစ်ခုရှိတယ်ပြောကြလို့ပါ။

ကျနော်က အလုပ်တစ်ဖက်နဲ့လာသူဆိုပြန်တော့ အချိန်လုပြီးသွားရတော့ လမ်းခရီးမှာကြ့န့်ကြာလို့

မဖြစ်ပါဘူး။

 

ဒီတစ်ခေါက် အဖော်လဲပါတော့ ပေါင်းသုံးယောက်။

ဗင်ကာ်းလေးငှားတော့ အသွားအပြန်သုံးသောင်းနဲ့တည့်သွားပါတယ်။

ဒါနဲ့ဘဲ မနက် 7နာရီလောက်မုန့်စားပြီထွက်ခဲ့ပါတယ်။

အောင်ပန်းမြို့မြောက်ဘက်လမ်းကနေထွက်လို့မြို့ကိုလဲလွန်ရော ထင်းရူးပင်ပေါက်တွေစတွေ့ရပါတယ်။

နောက်တော့ တဖြည်းဖြည်းလွင်ပြင်ဆန်လာပါတယ်။

ထွန်ယက်စလယ်ကွင်းတွေများပါတယ်။

အခုမှနွေအစကိုးဗျာ။

မိုးသာဆိုရင်စိုက်ပျုိုးထားတဲ့အပင်တွေစိမ်းစိုစိုနဲ့ပိုလို့လှမယ်ထင်မိပါတယ်။

လမ်းတစ်နေရာမှာတော့ လုပ်ငန်းခွင်ဆင်းနေကြတဲ့လယ်သမားတွေလယ်သူမတွေကိုတွေ့ရပါတယ်။

ကားအမြန်နုုန်းမြင့်တော့ ဓါတ်ပုံရိုက်ဘို့မလွယ်ကူပါဘူး။

လမ်းမှာညောင်ပင်ကြီးတွေလဲ တွေ့ခဲ့။

သာယာလှတဲ့ရေကန်ကြီးတစ်ကန်လဲတွေ့ရဲ့။

ဒါပေမယ့်ဓါတ်ပုံရိုက်ခွင့်မကြုံ။

ဒီလိုဘဲ လမ်းမှာတွေ့သမကိုရသလောက်ျလက်ဆော့ရင်း တောင်ကြိးကြီးနဲ့ဘုရားမြင်ရင်ရောက်ပြီလားမေးရတာအမော။

သွားနေရင်းက ကျနော်တို့ကလေးက မြေလမ်းနီနီ ကုန်းဆင်းကြီးဘက်ကို ဦးတည်လိုက်ပါတယ်။

တောင်အဆင်းလမ်းကြီး ကနေလှမ်းကြည့်လိုက်တော့

ကျနော့်မြင်ကွင်းရှေ့မှာ စေတီတွေစောင်းတန်းတွေစီတန်းနေတဲ့အလျားလိုက်မြင်လိုက်ရတဲ့

တောင်တန်းကြီး။

အဲဒါကတော့ကျနော်ရောက်ချင်လွန်းတဲ့ပင်းတယလိူဏ်ဂူတော်ရှိတဲ့တောင်တန်းကြီးပါဘဲ။

ဒီတစ်သက်ရောက်ခွင့်မကြုံတော့ဘူးလို့ထင်ထားမိတဲ့နေရာကိုရောက်တော့မှာမို့

ရင်တွေခုန်ပါ၏။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ

(30-5-2012)

 

 

 

17 comments

  • Davit

    May 30, 2012 at 10:17 am

    ပုံလေးတွေက မိုက်တယ်ဗျာ။ အဲ့လိုများများလေးတင်ပေးတော့ ကြည့်ရတာအားရတာပေါ့ဗျာ…… 🙂

  • ထုံးဘဲဥ

    May 30, 2012 at 10:23 am

    အားပေးသွားပါတယ် အန်တီပေါက်ရေ့ 😀

  • ahnyartamar

    May 30, 2012 at 10:31 am

    မရောက်ဘူးတဲ့နေရာက ပုံတွေဆိုတော့ ကြည့်ပြီးသွားချင်လာပြီ ဦးပေါက်ရေ။ ကျေးဇူးပါ။

  • ဆူး

    May 30, 2012 at 11:11 am

    ခရီးသွားချင်လိုက်တာ.. ပုံတွေ ကြည့်ပြီး သဘောကျမိတယ်။

  • windtalker

    May 30, 2012 at 1:12 pm

    အူးအူးပေါက် ရေ ၊ ခေါ်မယ်ဆိုပြီး ပစ်ပစ်သွားတယ် ။ ကိုကြောင့်လောက် အရေးမပေးတဲ့ သဘောပေါ့လား

  • phyo ngal

    May 30, 2012 at 1:12 pm

    အောင်ပန်းမြို့ရဲ့ထင်းရှုးပင်လေးတွေတောင်လွမ်းသွားတာပဲ……:)

  • မဟာရာဇာ အံစာတုံး

    May 30, 2012 at 1:32 pm

    ဖေဂျီးရေ ..
    ပုံတွေထဲမှာ ကောင်းကင်က ပြာလွင်နေတာပါပဲလားဗျ …
    ပုံအများစုကိုတော့ ကားပေါ်ကနေ ရိုက်ခဲ့တာလားဂျ ..
    အားပေးတွားပါဒယ် …

  • Ma Ei

    May 30, 2012 at 1:46 pm

    ပင်းတယ ရွှေဥမင်ဘုရားက မရောက်ဖူးသေးခင်…
    ဒီတစ်သက်ရောက်ခွင့်မကြုံတော့ဘူးလို့ထင်ထားတဲ့ သူတွေ ဖူးမိရင်
    နောက်ဆို ခဏခဏ ဖူးခွင့်ရရောတဲ့…

  • ရဲစည်

    May 30, 2012 at 5:04 pm

    လေးပေါက်ရေ လက်မထောင်၍ အားပေးသွားပါကြောင်း………….

  • TTNU

    May 30, 2012 at 9:09 pm

    ကိုပေါက်ရေ..
    ပုံ(၈) (၁၅) ကြိုက်။
    ပုံ(၁၈) ခြင်္သေနှစ်ကောင်ကိုတော့…

  • အရီး Khin Latt

    May 30, 2012 at 9:39 pm

    ကိုပေါက်ရေ
    ပုံလေးတွေကို ကြည့်ပြီး ဘာကို လွမ်းရမယ် မသိဖြစ်သွားတယ်။
    အရမ်းလှတယ်။
    ကျွဲနဲ့ လယ်ထွန်နေတဲ့ပုံလေး ရယ် နွားလှည်းလေး နဲ့ အလုပ်ခွင် သွား နေတာလေး ကကြည့်ပြီး လယ်ထွန်စက် တွေ၊ ဖိုးဝှီးဒရိုက် ကြီး တွေ နဲ့ အစားထိုး ပေးလိုက်ချင်တယ်။ 🙁

  • ဟုတ်ပါတယ်ဗျာ ဒီပုံတွေအတော်များများကို ကားပေါ်ကနေလှမ်းရိုက်ရတာပါ။
    ကျနော်ရိုက်ချင်တိုင်းသာကားရပ်လို့ကတော့ ဘုရားကို မရောက်မှာသေချာပါတယ်။

  • ဟုတ်တယ် ကိုလတ်ရေ
    ဒီနေ့ ကျနော်ရမည်းသင်းကို နေ့ချင်းပြန်သွားတယ်။
    လမ်းတလမ်းလုံးမှာ လယ်သမားတွေ က နွားနဲ့အတူလယ်ထွန်။
    လယ်သူမတွေက ပေါင်းရှင်း ။
    လမ်းပြင်တဲ့လုပ်သားတွေကလဲ နေပူထဲမှာ အလုပ်လုပ်။
    ဒါတွေကို သာ စက်နဲ့အစားထိုးနိုင်မယ်ဆိုရင် မစိုက်မပျိုးရသေးဘဲကျန်နေတဲ့ မြေကွက်လပ်တွေကိုပါ
    အလွတ်မပေးဘဲ စိုက်နိုင်မှာသေချာပါတယ်။
    များများစိုက် များများထွက် များများ ဝင်ငွေရမှာပေါ့လို့ စိတ်ကူးယဉ်မိတယ်ဗျာ။

  • surmi

    May 31, 2012 at 1:14 am

    ကျွန်တော်က တောင်တန်းကြီးတွေတွေ.ရင် သိပ်သဘောကျတာဗျ ။
    အောက်ဆုံးနှစ်ပုံက ကျွန်တော်.အကြိုက်ဘဲ ……

  • တကယ်ပြောရရင် အဲဒီနှစ်ပုံက အသွားလမ်းမှာ မရိုက်ခဲ့ရပါဘူး။
    ကုန်းအဆင်းမို့ကားရပ်မပေးလို့။
    အပြန်လမ်းမှာမှ လမ်းမ ပေါ်ကားရပ်။
    အဲဒီနေရာရောက်အောင် လမ်းလျောက်ပြီးသွားရိုက်ထားတာပါ။
    ဒါပေမယ့်ဇာတ်လမ်းလေးတပုဒ်လိုဖြစ်အောင် ရှေ့နောက်ပြန်စဉ်ပြီးတင်ပေးတာပါ။

  • Thit Sar Lin

    May 31, 2012 at 10:08 am

    လေးပေါက်ရေ…နောက်တခါသွားရင်လက်တို့လိုက်ပါအုန်း…
    ပုံလေးတွေ ကြည့်ပြီး ခရီးတောင်သွားချင်လာပြီ…………….
    ပုံလေးတွေ ကြည့်ပြီးတော့ သာသွားချင်နေတာ ..တကယ်တမ်းသွားရင်တော့ တော်တော်ပင်ပန်းမှာပဲနော်…
    လေးပေါက်ကိုတော့ ကျေးကျေးပါဗျို့…………..
    လေးပေါက်လဲ ပုံတပုံရဖို့ လွယ်မယ်မထင်ဘူး…….ကားပေါ်ကရိုက်လိုက်နဲ့ လမ်းလျှောက်ပြီးတော့ ရိုက်ရတာကတစ်မျိုး ……ဟီးဟီး
    လေးပေါက်ရေ ပင်လယ်ပုံတွေက်ိုရိုက်ပါအုံးဗျာ..ပင်လယ်ပုံတွေ ကြည့်ချင်လို့ပါ…
    ((မဒမ်နဲ့ ခရီးထွက်လိုက်ပေါ့ ကမ်းခြေတို့ဘာတို့ ညာတို့ပေါ့ ..ခိခိခိ))
    အားပေးသွားပါတယ်လေးပေါက်ကြီးရေ….

Leave a Reply