ဲမြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို စပြောင်းလာခဲ့တာ တစ်နှစ်ကျော်လောက်ရှိလာပါပြီ။ ဒီနေ့ဒီအချိန်မှာ မေးခွန်းနှစ်ခုမေးစရာရှိတယ်။ တစ်ခုက ဒီလိုဒီမိုကရေစီဘက်ကို ပြောင်းလဲလာတာကောင်းသလားဆိုတာရယ

်။ အခုလိုပြောင်းလဲလိုက်တော့ ဘာတွေပြီးမြောက်ခဲ့ပြီလဲဆိုတာကိုပေါ့။ ကောင်းသလားဆိုတော့ အလွန်ကောင်းတာပေါ့။ အနဲဆုံးတော့ ကိုယ့်နိုင်ငံကို လာလည်တဲ့လူတွေများလာတယ်။ Anglo-saxon နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွ…န်လာပြီး၊ အမေရိကန်၊ EU sanction တွေလျှော့ပေါ့လာတယ်။ မြန်မာအစိုးရအတွင်းမှာ လည်း အကြံပေးတွေအမျိုးမျိုး၊ ဆရာကြီးတွေအမျိုးမျိုး၊ အသင်းအဖွဲ့မျိုးစုံ ဖွဲ့စည်းပြီး ရှုဒေါင့်ပေါင်းစုံ ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား အစရှိသည်ဖြင့် တတ်ယောင်ကားလုပ်နေတာတွေလဲရှိလာပါတယ်။ ကျွန်တော့်အမြင်မှာတော့ တရုပ်စကားပုံလေးတစ်ခုကိုသာ သတိရမိပါတယ်။ ” မိသားစု ပျော်ရွှင်ချင်ရင် အားလုံးအလုပ်လုပ်ကြ” လို့ပဲဖြစ်ပါတယ်။ အလုပ်မရှိကြတဲ့ မိသားစုတွေဟာ အချင်းချင်း ချစ်ခင်ကြဖို့မလွယ်ကူပါဘူး။ ပထမအချက်ကတော့ သူတို့ဟာ အလုပ်မရှိတော့ နေ့စဉ်တွေ့နေရတယ်။ ၀င်ငွေမရှိတော့ မပြည့်မစုံဖြစ်ရတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ချစ်ဖို့နေနေသာသာ စကားနဲနဲမှားရင် တောင် ရန်ဖြစ်လာဖို့များတယ်။ အလုပ်ရှိတော့ ဘာဖြစ်လဲ။ အလုပ်ရှိတော့ အားလုံးအလုပ်သွားနေတော့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ရဘူး ဒီလိုမတွေ့ရတော့ တစ်ဦးနဲ့ တစ်ဦးသတိရလာတယ်။ အလုပ်လုပ်လို့ ၀င်ငွေရလာတော့ အဆင်ပြေလာတယ်။ တစ်ဦးနဲ့ တစ်ဦးတွေ့ချိန်နဲတော့ ပိုပြီးချစ်ခင်လာကြတယ်။ ဒါကြောင့် မိသားစုတစ်ခု ချစ်ချစ်ခင်ခင်နေချင်ရင်အားလုံးအလုပ်လုပ်ပါ လို့ဆိုတာပါ။ နိုင်ငံတစ်နိုင်ငံဟာ လည်း မိသားစုတစ်ခုလိုပါပဲ။ အားလုံးအလုပ်လုပ်ကြဖို့လိုပါတယ်။ ဒီမိုကရေစီဖက်ကိုပြောင်းပြီး Capitalism ဘက်ကို သွားရင် ပထမဦးဆုံးက Job လို့ခေါ်တဲ့ အလုပ်အကိုင်တွေ ကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ ပထမဦးစားပေးဟာ မော်တော်ကားတွေတင်သွင်းခွင့်ပေးဖို့မဟုတ်ဘူး၊ အလုပ်အကိုင်တွေကောင်းသထက်ကောင်းအောင်ဖန်တီးပေးဖို့ဖြစ်ပါတယ်။ အလုပ်အကိုင်ကောင်းတွေဖန်တီးပေးလာဖို့အတွက် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို စက္ကန့်မဆိုင်းအပြီးသတ်ရန်လိုပါတယ်။ နိုင်ငံတစ်ခုလုံးမှာရှိတဲ့ ဥာဏ်ပညာတွေအားလုံးအသုံးပြုပြီး လုပ်ဖို့လိုပါတယ်။ ဥပဒေတွေရှိလာရင် အလုပ်ရှင်တွေအတွက် မျှတတဲ့အခွန်အတုတ်တွေကောက်သလို၊ အလုပ်သမားတွေအတွက် မျှတတဲ့ လုပ်ခရဖို့အတွက် ကို ကာကွယ်ပေးဖို့လိုပါတယ်။ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေ စနစ်ကျစေဖို့ အခြေခံကနေ ကျွမ်းကျင်မှုစံတွေကို ရေးဆွဲပြီး စနစ်တကျလေ့ကျင့်ပေးဖို့လိုပါတယ်။ ဒါက အခုဒီနေ့လုပ်ရမှာ ဆိုင်းလို့မရဘူး။ ဒါကြောင့် နိုင်ငံတော်အစိုးရကို ရော၊ အကြံပေးကြီးများကို ပါ အနူးအညွတ်တောင်းပန်ပါတယ်။ အလုပ်အကိုင် တွေအတွက်သာစဉ်းစားပြီးလုပ်ပေးပါ။ ကျန်တာတွေက နောက်မှလုပ်လို့ရပါတယ်။ အခု စက္ကန့်မဆိုင်းပဲ ပြည်တွင်း/ပြည်ပရင်းနှီးမြုပ်နှံမှု ဥပဒေတွေ၊ အလုပ်သမားဥပဒေတွေကို ရေးဆွဲပြီး အကောင်အထည်ဖေါ်ဆောင်ရွက် စေလိုပါတယ်။ ဥပဒေတွေကို ရေးဆွဲတဲ့နေရာမှာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုမှရပါမယ်။ မြန်မာဘာသာစကားဟာ ဒီနေ့ ရှိနေတဲ့ Political, Economics, Social နဲ့Technology တွေကို မခြုံငုံနိုင်ပါဘူ။ မြန်မာလိုနဲ့ရေးထားတဲ့ ဥပဒေတွေက အလွဲလွဲအချော်ချော်ဖြစ်နေမှာဖြစ်ပါတယ်။ အခုထိဘာတွေ ပြီးထားပြီးပြီလဲဆိုရင် ကျွန်တော်တို့ဘာမှ မယ်မယ်ရရမပြီးသေးပါ။ အပေါ်ယံနဲ့ နဲနဲလတ်တဲ့တပတ်ရစ်ကားတွေထပ်ဝင်လာတာကလွဲလို့ဘာမှ မလုပ်ရသေးပါ။ မလိုတာတွေကို မလုပ်ပဲ လိုတာတွေကို ချက်ချင်းလုပ်နိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.