( သတင်း ) ကမ္ဘာ့ အရပ်အပုဆုံး လူသား ဖြစ်နိုင်ခြေရှိသည့် ကလေးငယ်တစ်ဦး မြန်မာနိုင်ငံအလယ်ပိုင်း၌ တွေ့ရှိ

cobraJune 19, 20101min630

ကမ္ဘာ့ အရပ် အပုဆုံးလူသား ဖြစ်နိုင်ခြေရှိသူ တစ်ဦးအား
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း
ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့သူ ဦးခင်ညွန့် (သတင်းထောက်ခင်) က ပြောသည်။

အဆိုပါ ကမ္ဘာ့အရပ်အပုဆုံး ဖြစ်ဖွယ်ရှိသူမှာ ယခုအခါ အသက် ၁ဝ နှစ် နှင့် ခြောက်လ
ရှိပြီ ဖြစ်ပြီး၊
ညီအစ်ကို မောင်နှစ်မ ခြောက်ယောက်တွင် ဒုတိယမြောက် နှင့် တစ်ဦး တည်းသောသား
ဖြစ်သည်။

“ကျွန်တော့ မိတ်ဆွေ ဖြစ်တဲ့ ကျောင်းဆရာ ကိုစိုးကြီးရဲ့ သတင်းပေးချက်အရ
သူ့ဇာတိ ရွာမှာ အရပ် နှစ်ပေတောင် မပြည့်ချင်တဲ့ ကလေးတစ်ဦး ရှိတယ်လို့
သိရပါတယ်။
ဒါကြောင့် စိတ်ဝင်စားတာနဲ့ သွားရောက် လေ့လာတဲ့အခါ
ကလေးက အရပ် ၂၂ လက်မ လောက်ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။

ယင်းကလေးငယ် ၏ နေရပ်ကိုမူ လတ်တလော အခြေအနေတွင် ထုတ်ဖော်ပြောပြရန်
သတင်းထောက် ခင်က ငြင်းဆိုထားပြီး လာမည့် မေလကုန်တွင်
စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်၍ ပြည်သူကို အသိပေးတင်ပြရန် စီစဉ်နေသည်။

ကလေးငယ်၏ အမည်ကို ဗလကြီးဟု ပေးထားပြီး ၎င်း၏ မိဘများမှာ တောင်ယာ လုပ်ကိုင်ကာ၊
ဗလကြီး သည် အခြားကလေးငယ် များနည်းတူ စကားပြောနိုင်သော်လည်း ပီပီသသ
ပြောနိုင်ခြင်း မရှိဟုသိရသည်။

“ဂင်းနစ် စံချိန်ဝင်အောင်လည်း ဆောင်ရွက်နေပါတယ်။
မှတ်တမ်း တင်ခံရပြီ ဆိုရင် တိုင်းပြည် အတွက်လည်း အကျိုး ရှိမှာပါ”လို့
သတင်းထောက် ခင်က ပြောသည်။

ဗလကြီးကို မွေးဖွားချိန်က ထူးခြားချက်အနေဖြင့် အချင်းတိုင်
နှစ်တိုင်ပါရှိခဲ့ပြီး
မွေးဖွားချိန်တွင် လိမ္မော်သီးအရွယ် အလုံးတစ်လုံး အတွင်းမှခွဲ၍
ထုတ်ယူခဲ့ရခြင်းဖြစ်ပြီး
တစ်မိုက်ခန့်အရွယ်သာ ရှိခဲ့ကြောင်း၊ နို့တိုက်ရန်ပင် အခက်အခဲရှိသဖြင့်
ဂွမ်းစတွင် နို့ဆွတ်ပြီးတိုက်ကျွေးခဲ့ရကြောင်း၊
အသက်ငါးနှစ်အရွယ်အထိ တဖြည်းဖြည်း ကြီးထွားခဲ့သော်လည်း၊
ငါးနှစ်နောက်ပိုင်းတွင် ဆက်လက် ကြီးထွားခြင်းမရှိတော့ကြောင်း သိရသည်။

ကမ္ဘာ့ အရပ်အပုဆုံး လူသား ဖြစ်သည့် တရုတ်နိုင်ငံမှ ဟယ်ပင်းပင်းသည်
အရပ်အမြင့် နှစ်ပေ နှင့် ၅ ဒသမ ၃ရ လက်မ (၇၄ ဒသမ ၆၁ စင်တီမီတာ) ရှိပြီး
အသက် ၂၂ အရွယ်၊ ၂၀၁ဝ ခုနှစ် မတ်လ ၂ဝရက်နေ့တွင်
အီတလီ နိုင်ငံတွင် ဖျော်ဖြေပွဲ အတွက် ပြင်ဆင်နေစဉ် ကွယ်လွန်ခဲ့သည်။

မြန်မာနိုင်ငံမှ ဗလကြီးသည် နှစ်ပေပင် မပြည့်တတ်သည့် အနေအထားတွင် ရှိသောကြောင့်
ပင်းပင်း နေရာတွင် အစားဝင်လာနိုင်သည့် ကမ္ဘာ့ အရပ်အပုဆုံး လူသား ဖြစ်လာနိုင်ခြေ
ရှိနေသည်ဟု သိရသည်။
ဗလကြီးအား ရှာဖွေတွေ့ရှိခဲ့သူ သတင်းထောက် ခင်(ဦးခင်ညွန့်) သည်
အသက် ၅ရ နှစ်ရှိပြီ ဖြစ်ပြီး ယင်း၏ စာရေးသက် နှစ် ၃ဝ ဝန်းကျင်အတွင်း
ထူးခြားဆန်းကြယ် စာပေများ၊မှုခင်းများ၊ ဘာသာရေး စာပေများဖြင့်
လူသိများသော စာရေးဆရာတစ်ဦးလည်းဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင်
ဖော်ပြထားသည်။
၂ရ . ၅ . ၂၀၁၀
မူရင်းလင့်….http://www.htwd.info/2010/05/shorteed-men.html
ချောကလက်မြို ့တော်မှ ကူးယူဖော်ပြသည်။
v i v a l i b r a 2

forward mail မှတဆင့် ပြန်လည်ဝေမျှပါသှ်။
ကျွန်တော့် အထင်တော့ ဂင်းနစ်မှတ်တမ်း ဝင်ဖို ့ သူ ့အသက် ၁၈ နှစ် လောက်အထိ
စောင့်ကြည့်ရဦးမယ် ထင်တယ်။
လောလောဆယ်တော့ သူ ့အသက်က ၁ဝ နှစ်ပဲ ရှိသေးတာဆိုတော့ အရပ်ထပ်ထွက်လာနိုင်သေးတယ်
ထင်တယ်။