ယောက်ျားလေးတွေ ရဲ ့ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး ကိုတင်လိုက်ရတာပါ။

cobraJune 19, 20101min722

ကျွန်တော်ဆို ကျွန်တော့ ကောင်မလေးက မချစ်ဘဲနဲ့ချစ်တယ်လို့ နှစ်အနည်းငယ်လိမ်ညာခဲ့တယ် စာမေးပွဲကျတာတောင် ဝိုင်းစုရဲ့သီချင်း(အပြစ်မမြင်)ဆိုပြပြီးနှစ်သိမ့်ပေးခဲ့တယ် ခုတော့ ကျွန်တော့်ထက်သာတဲ့လူနဲ့တွေ ့တော့ အပြစ်တွေမြင် မချစ်ချင်တော့ပါဘူးဆိုပြီး တစ်ကိုယ်ကောင်းဆန်စွာဆုံးဖြတ်လိုက်တယ်လေ ကျွန်တော့် ကတိပျက်သလို သူလည်းကတိဖျက်ခဲ့တယ်လေ ဒါကြောင့် သူ့အတွက် (….)သွေးထားတယ်လို့………..

ယောက်ျားလေးတွေ ရဲ ့ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး

ကိုတင်လိုက်ရတာပါ။

1. မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်ရင်
မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။ (ဆန်းစစ်ဖို ့လုံလောက်တဲ့
အချိန်ကိုယူသင့်ပါတယ်)

2. ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး

အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှ
လိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့ သူမှာ
ပိုပြီးနာကျင်စေပါတယ်။

3. ချစ်သူယောက်ျားလေးရှေ ့မှာ အရင်ရည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…

4. မိန်းကလေးအများစု
ပြောတတ်ကြပါတယ် …သူတို ့ဘဝတစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့
ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?

5.

ယောက်ျားလေးတွေဟာ
ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့ရက်တွေထက် အဲဒီနေ့ရက်တွေမှာ ဘာလုပ်ခဲ့တယ်
ဆိုတာကို သတိပိုရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့
နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေက
အလွတ်ကျက်ထားလို့ရပေမယ့် အမှတ်တရလေးတွေကို အလွတ်ကျက်ထားဖို့
့ဆိုတာမဖြစ်နိုင်ပါဘူး။

6.ယုံကြည်မှုပေးပါ
– ယောက်ျားလေးတိုင်းဟာ အခွင့်အရေးသမားတွေမဟုတ်ပါဘူး …လွတ်လပ်စွာ
နေချင်ရုံသက်သက်ကို ဆိတ်ကွယ်ရာလို့ မထင်မှတ်ပါနဲ့ ။

7.ယောက်ျားလေးတွေမှာလည်း
မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်
ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်
ဆိုရင် သူတို ့ရဲ့ပတ်သက်မှုက
ကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။

8.. ယောက်ျားလေးတွေက
ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို ့ချစ်ခဲ့တာမဟုတ်ပေမယ့်
ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

9.တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို ့ မိန်းကလေးတွေက
ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို
မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

10.ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ ့မှာ ကို့ ချစ်သူလို ့ပြောဖို ့၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ ့မှာကျတော့
ကို့ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …

11. ဘဝမှာ ရင်ဆိုင်ဖို ့အားအင်တွေ နဲ့အခြေတည်ဖို ့လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ
လစ်ဟာမှုလေးတွေ ရှိခဲ့ရင် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး
နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

12.ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့
ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့
ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

13.ချစ်သူနှစ်ယောက် ဘဝတစ်ခု ထူထောင်ဖို ့ဆိုတာ ယောက်ျားလေးရဲ ့တာဝန်ပါ …
ဒါပေမယ့် သူ ့မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။

14. မိန်းကလေးတစ်ယောက်က
ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဉာဏ်ပေးနိုင်ရင်ရပြီ
၊ကူညီပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ …။

15.ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ ့
ထိန်းချုပ်နိုင်မှုစွမ်းရည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ ့တန်ဖိုးရဲ
့အဆုံးအဖြတ်တွေပါ ။

16. ယောက်ျားလေးတွေရဲ ့မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အရက် ၊ကွမ်း)စတာတွေကို မကြိုက်ရင် ချစ်သူမိန်းကလေး က
ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေးရဲ ့ပါးနပ်စွာပြောဆို နိုင်မှုနဲ
့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။အထက်စီးကပြောရင်တော့မရဘူးနော်။

17 ့ မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။
ယောက်ျားလေးတစ်ယောက်ရဲ ့မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာ
မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်
ယောက်ျားတစ်ယောက်ရဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်
အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေ့ါ..

18.ယောက်ျားလေးက အလျှော့ပေးသလောက်မိန်းကလေးက ကအနိုင်ကျင့်နေမယ်ဆိုရင်လည်း တစ်ချိန်ချိန်မှာ လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်

— 19.နောက်ဆုံးတစ်ချက်ကတော့ ကို့ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ ငါဒီမှာနောက်တစ်ယောက်ရနေပြီ လို့မပြောမိဖို့ပါပဲ
(တစ်ချို့က သူတို့ကိယ်သူတို့ လိပ်ပြာလုံသလိုလိုနဲ့ ဘယ်သူက သူကိုလိုက်နေတယ် ဘယ်ကကောင်ကသူကို ဘာပြောတယ်နဲ့ သူတို့ကောင်လေးတွေကိုပြောပြတတ်ပါတယ် နောက်ဆုံးတော့လည်း သူတို့ကောင်လေးထက် သာတော့ပါသွားကြတာပါပဲ။

2 comments

  • ngelay44

    June 19, 2010 at 4:25 pm

    စိတ်သဘောထား မတိုက်ဆိုင်လို ့ကွဲသွားတယ်၊ ရေစက်မပါလို ့ကွဲသွားတယ်လို ့ပဲ မှတ်လိုက်ပေါ့။ နာကျည်းနေလို ့လဲ အပိုပါပဲ။ တွေ ့ဆုံကြုံကွဲ ဓမ္မတာပဲ မို ့လား။

  • lyanmoeaung

    August 5, 2010 at 7:16 am

    အရမ်း ချစ်တဲ့ အချိန်မှာ ဝိုင်းစု က အပြစ်မမြင်ပါဘူးတဲ့ ..

Leave a Reply