တစ်ခါတုန်းက(ဓာတ်ပုံများက ပြောသော သမိုင်း)

 

ဂုတ်ထိပ်တံတား

မြန်မာ့လှည်း

မြင်တော့မြင်ဘူးတယ် နေရာမသိလို့

ရှေးက ဘုန်းကြီးတွေနဲ့ ဘုန်းကြီးကျောင်း

ဧရာဝတီမြစ်ထဲက မြန်မာ့လှေတော်

ကုန်းဘောင်ခေတ်နှောင်း မြန်မာအမျိုးသမီး

မြေဝိုင်းဇာတ်အဖွဲ့

မန်းလေး အကျဉ်းထောင်

ကုန်သည်လမ်း

ကုန်သည်လမ်း၊ ရန်ကုန်

နန်းဦးကျောင်း

မပုပ်မသိုးတဲ့ ရဟန်းတော်ရဲ့ ရုပ်ကလာပ်

ဆိပ်ကမ်းနဲ့ လှေတွေ

ဗြိတိသျှနဲ့ အိန္ဒိယတပ်တွေ မန်းလေးမှာ စစ်ရေးပြနေပုံ

ဆင်ထိန်းတွေ

ရှင်ပြုပွဲ

ဘုန်းကြီးပျံ

ပုံတွေက အများကြီးကျန်ပါသေးတယ်။

နောင်များ အချိန်ရရင်ဖြင့် ထပ်ပြီးတင်ပေးပါ့မယ်……….။

20 comments

  • mgwalone

    May 29, 2012 at 2:42 am

    မြင်ဖူးတယ်၊ နေရာမသိ ဆိုတဲ့ ပုံက ရန်ကုန်မှာရှိတဲ့ High Court လို့ ထင်ပါတယ်။ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦးတစ်ခုပါ။ နောက်ပိုင်း ဗဟို တရားရုံးလား၊ တရားရုံးချုပ် လား အဖြစ်နဲ့ ဆက်သုံးပါတယ်။ အခုတော့ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် လို့ ခေါ်တယ်ထင်တယ်။

  • ရဲစည်

    May 29, 2012 at 4:42 am

    ဟုတ်ကဲ့ပါ ကိုဝလုံးခင်ဗျ………
    ကျနော့် အဖေ စုဆောင်းထားတာလေးတွေကို လက်ဆင့်ကမ်းတဲ့ သဘောနဲ့ စကန်ဖတ်ပီး တင်ပေးထားတာပါ။ ကျနော်တို့ လက်လှမ်းမမှီတဲ့ အချိန်ကဆိုတော့ တချို့သောပုံတွေကို နေရာမမှန်းတတ်တော့တာရယ် ပုံနောက်ကျောက စာတွေတချို့ဖတ်မရတော့တာရယ် နောက်ပီး ကျနော့်ရဲ့ လေ့လာမှု အားနည်းတာရယ်ကြောင့် အညွှန်းတွေ သေချာမတတ်နိူင်တာကို သည်းခံပေးပါဗျ။
    ကိုဝလုံး ထောက်ပြလို့ ပြန်ပြီးမှတ်သားသွားပါတယ် ကျေးဇူးပါဗျ

  • ဒီပုံလေးတွေကို ကျနော် ပြတိုက်တစ်ခုမှာ စကြည့်ဘူးတာ.။
    တကယ့်ရှားပါးဓါတ်ပုံစာအုပ်ကလေး။
    အပြင်ပေးမငှားဘူး။
    စာကြည်တိုက်မှူးရုံးခန်းထဲမှာတင်ကြည့်ရတာ။
    မှတ်မှတ်ရရ 1974
    အဲဒီမှာအသိတစ်ခုရသွားတာ အရင်က မြန်မာနန်းတွင်းသူတွေလှတယ်ဆိုတာ
    ပိန်ပိန်ပုပု ဟိုဟာမရှိဒီဟာမရှိဆိုတဲ့အသိပါဘဲ။
    ပြန်ကြည့်ရတာ ကျေးဇူးတင်၏။

  • windtalker

    May 29, 2012 at 9:28 am

    တစ်ပုံမှကို တစ်ခါမှ မမြင်ဖူးဘူးရယ်
    ပြန်ရှဲပေးတဲ့ အတွက် ကျေးကျေးပါ

  • Mလုလင်

    May 29, 2012 at 10:57 am

    ကျေးဇူးပါဗျာ … ကုန်သည် လမ်းကိုဒီလို မြင်ရတော့ ကိုယ့်မျက်စိတောင် ကိုယ်မယုံ ဘူးရယ်။

  • ကြောင်ဝတုတ်

    May 29, 2012 at 11:11 am

    ကိုယ်ပိုင်အိမ်ဝယ်နိုင်တဲ့နေ့…
    ကိုယ်ပိုင် စာကြည့်ခန်းထားနိုင်တဲ့နေ့မှာ….
    အဲဒီအခန်းထဲမှာ ရှေးဟောင်းဓာတ်ပုံတွေချိတ်ဖို့ ကိုရဲစည်ဆီမှာလာတောင်းမယ်ဗျာ…

    စိတ်ကူးများနှင့်
    ကြောင်ဝတုတ်

  • kyeemite

    May 29, 2012 at 11:49 am

    အဲဒီ ရှေးဟောင်းပုံလေးတွေ ဖေါ်ဝပ်မေးနဲ့ ရဘူးတယ်ဗျ
    ရှေးတုန်းက ရွှေတိဂုံ ပုံတောင်ပါသေး..တင်ပေးတော့လည်း
    မမြင်ဘူးသေးသူတွေကြည့်ရတာပေါ့ ကိုရင်ရဲစည်…သင့်ခရုပါ..

  • manawphyulay

    May 29, 2012 at 12:33 pm

    အင်း ဒီပုံတွေ ကြည့်မိတော့ ဓာတ်ပုံများက ပြောသော သမိုင်းဆိုတဲ့အတိုင်းပါပဲ ရှေ့ယခင်အကြောင်းတွေ အရမ်းသိချင်လာမိတယ်။ သိတာတွေကလည်း တကယ့်အဖြစ်အပျက်လားဆိုတာ… လေ့လာနေဆဲပါ။

  • etone

    May 29, 2012 at 1:13 pm

    မတွေ့ဖူးတဲ့ ရှားပါး ဓါတ်ပုံတွေကို ကြည့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်နော် ။
    ဟိုခေတ်ကလူတွေရဲ့ ဝတ်စားပုံတွေကိုလည်းမြင်ရတယ် ၊ သူတို့ရဲ့ အပြင်ဆင်တွေကိုလည်း မြင်ရတယ် ။
    စီးစရာအဖြစ် ဘာတွေကို အသုံးပြုခဲ့သလဲဆိုတာလည်း ဗဟုသုတမြင်ခွင့်ရခဲ့ပါတယ် ။ အကျဉ်းသားတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ သူတို့ကို ထိန်းကျောင်းပုံကိုကြည့်ပြီး … အပြစ်မလုပ်ပဲ ထောင်ထဲ ထည့်ခံရသူ ဘယ်နှစ်ယောက်တောင်ရှိမလဲလို့ မဆီမဆိုင်လည်း တွေးမိပါတယ် … ။

    ဒါနဲ့ .. မြင်တော့မြင်ဖူးတယ်ဆိုတဲ့ အဆောက်အုံက ဆေးရုံကြီးနဲ့ တော့ .. အရမ်းတူနေတယ် … ။ အပေါ်ဆုံးက mgwaloneပြောတဲ့ နေရာလည်းဖြစ်နိုင်တယ်… ဘာလို့လဲဆိုတော့ … သူ့ဘေးက အဆောက်အုံရှိတာကို ခန့်မှန်း မိလို့ပ ါ… ။

  • mgwalone

    May 29, 2012 at 2:30 pm

    ဆေးရုံကြီးလည်း ဖြစ်တော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးရုံကြီးမှာ နာရီ ရှိမရှိ မမှတ်မိဘူးခင်ဗျ။ ကျွန်တော့်အထင်က ပန်းဆိုးတန်း လမ်းပေါ်က ရိုက်ထားသလားလု့ိ။ ဒါမှမဟုတ် ဘားလမ်းဖက်ကလား။ ရန်ကုန်သူ၊ ရန်ကုန်သားများ ကြည့်လို့ ရမှာပါ။ ဘေးက အဆောက်အဦက ကြေးနန်းရုံးလားလို့ပါ။

  • မဟာရာဇာ အံစာတုံး

    May 29, 2012 at 8:24 pm

    ပုံတွေအတွက် ကျေးဇူးပါ ..
    ကိုပေလိုပဲ ကျုပ်လည်း ဒီပုံတွေကို
    တစ်ခါမှ မမြင်ခဲ့ဖူးဘူးဗျ ..
    ဒါနဲ့ မန်လေး အကျဉ်းထောင်ဆိုတဲ့ ပုံကိုကြည့်ပြီး
    ဆားပုလင်းနှင်းမောင် ဝတ္ထုထဲမှာ ပါတတ်တဲ့
    ပုံစံ ဆိုတဲ့ အကျဉ်းစကားကို သွားပြီး သတိရမိတယ် …

  • marblecommet

    May 29, 2012 at 8:34 pm

    ကိုရင်စည်ရေ့….
    ကျနော့်စိတ်က တစ်မျိုးဗျ……
    ထူးအိမ်သင်ရဲ့…….ရာဇဝင်များရဲ့ သတိုးသမီး
    ကိုနားထောင်ပြီဆို စိတ်ကူးက ကိုယ်မမြင်ဘူးတဲ့
    ခေတ်ဆီပြန်ရောက်သွားပြီး စိတ်ကူးနဲ့ အတွေးနယ်ချဲ့တော့တာပဲ
    အံ့ချီးဖွယ်ခမ်းနားတဲ့ ပုဂံမြို့ပြနိုင်ငံအကြောင်း
    စစ်ပွဲကြီးများ…..
    ယဉ်ကျေးမှု
    ဗိသုကာ…..အစုံပေါ့ဗျာ……
    ………
    ကိုရင်စီရဲ့
    ဒါ့ပုံတွေကို ကြည့်ရပြန်တော့လည်း…
    ဖတ်ခဲ့ဘူးတဲ့ စာတွေနဲ့ အခုပုံတွေကိုတွဲပြီးစိတ်ကူးယဉ်ရင်း
    အဲခေတ်ကို ပြန်ရောက်သွားသလိုပဲ…
    လွမ်းစရာကြီးဗျာ….

  • me me ko

    May 29, 2012 at 9:13 pm

    သမိုင်းဝင် ရှားပါးဓါတ်ပုံတွေ တင်ပေးတဲ့ ကိုရင်စည်ကို ကျေးဇူးတင်ပါတယ်……

  • ထုံးဘဲဥ

    May 30, 2012 at 10:59 am

    အားပေးပါတယ်ရဲစည်ရေ့ များများလေးတင်ပေးပါ ဗဟုသုတရပါတယ်

  • Thit Sar Lin

    May 30, 2012 at 11:29 am

    တိုတ်ိုရဲစည်……ကျေးဇူးတင်ပါတယ်…အဲလိုရှားပါးဓါတ်ပုံတွေ တင်ပေးတာ.
    ဗဟုသုတရပါတယ်…
    မန်းလေးအကျဉ်းထောင်ထဲက အကျဉ်းသားတွေကအကုန်လုံး ကတုံးတုံးထားရတာလားမသိဘူးနော်..
    မဲမဲပြောင်ပြောင်တွေချည်းပဲ ..ဟိဟီ

  • yinnwe khaing

    May 30, 2012 at 3:03 pm

    ကျွန်မတို့ မမှီလိုက်တဲ့ အရင်ခေတ်က ပုံတွေကို အခုလို ကြည့်ခွင့်ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်။ နောက်လဲ အခုလိုမျိုး ပုံလေးများရှိရင် ထပ်မံပြီး တင်ပေးစေလိုပါတယ်။

  • yinnwe khaing

    May 30, 2012 at 3:05 pm

    ဒီပုံထဲမှာ ပါတဲ့ နန်းဦးကျောင်းဆိုတာ မန္တလေးက ရွှေကျောင်းတော်ကို ပြောတာလားဟင်။

  • kotun winlatt

    May 30, 2012 at 3:09 pm

    မမြင်ဘူးတဲ့ ပုံတွေချည်းပါပဲလားးးးးးး
    နောက်ထပ်ပုံလေးတွေလည်း တင်ပေးပါဦးဗျာ..
    စောင့်မျှော်နေလျှက်ပါ…
    မျှဝေပေးတာကိုလည်း ကျေးဇူးပါခင်ဗျ…။

  • eipu

    May 30, 2012 at 3:58 pm

    တခါမှ မမြင်ဘူးလို့ ကျေးဇူးပါ

Leave a Reply