ရည်းစားရှိခြင်း၊ မရှိခြင်း အကျိူး(၁၁)ချက်

cobraJune 19, 20101min845

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်

(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။

လူငယ်များ၏ ရည်းစာ ရှိခြင်းကောင်းကျိုး (၁၁) ချက်

၁) လူအများကြား၌ ကြွားကြွားဝါဝါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို

မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ဝယ်ရသည့် ပိုက်ပိုက်
သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ
ဖြစ်ပါသည်။

ကဲ စဉ်းစားကြတော့နော်………

5 comments

  • cobra

    June 19, 2010 at 12:03 pm

    ကဲ…ဟုတ်တယ်မှုတ်လား။တူများပြောတာ။ဟုတ်ရင်ထောက်ခံကြပါ။

  • Thaw Zin Loikaw

    June 19, 2010 at 1:19 pm

    အင်း ထောက်ခံပါတယ်ခင်ဗျာ ရာနှုန်းပြည့်ပေါ့လေ ဒါနဲ့ အဲသည် Cobraကရော ဘယ်အမျိုးအစားထဲမှာပါလဲ?

  • onlinezz

    June 20, 2010 at 3:14 am

    Cobra ကရောဘယ်စာကြောင်းနဲ ့ငြိစွန်းနေပါသလဲ?ကိူယ်တိုင် analysis လုပ်ထားတယ်ထင်တယ်။ 😛

  • cobra

    June 20, 2010 at 11:25 am

    ရည်းစာယးမရှိခြင်း ၁၁ ချက်ကနောက်ဆုံးအချက်ပေါ့ဗျာ။ရည်းစားရှိတဲ့ယောက်ျားလေးတော်တော်များများခံနေကြရတယ်လေ။

  • snowking

    September 12, 2010 at 9:14 pm

    အလွန်ကို မှန်ကန်နေပါတယ်ဗျာ နောက်ဆုံးအချက်နဲ့ ကိုက်ညီနေတာဘဲကောင်းတယ် ဟဲဟဲ

Leave a Reply