ဂနေ့ ချဉ်တဲ့ အကြောင်း..(အောလ်အဘောက် အာပျိုဂျီး)

ムラカミMay 29, 20122min35547

မောင်ဂီ့ ကို နည်းနည်း ချဉ်ခွင့်ပေးကြပါ ..ပိတ်သတ်ကြီး …

မိန်းမဒွေများဗျာ … ခက်တယ်…

 

တကယ် တကယ် …

ဘောက်မဲ့ကြောင့် အာပျိုဂျီး ဘွဲ့ ခံချင် သလဲ မသိ …..

ပြောပြန်ရင်လည်း မောင်ဂီ့ ညှီတယ် ဖြစ်မယ် …..

ကဲကဲ စကားပုလ္လင် ခံပြီးပီ ဆိုတော့ နည်းနည်းတော့ ညှီခွင့်ပြုပါ

ပိတ်သတ်ကြီးရယ်…..

 

 

အာပျိုဂျီး ဖြစ်ရတာ ဘာ ဂုဏ်ရှိသလဲ ပြောကြပါ ဂျာ …။

ကျုပ်တော့ …ရတာမလို လိုတာ မရတဲ့ဘွ လို့ပဲမြင်မိရဲ့….။

 

အံ့ပါ့ဗျာ .. အုန်းကျုံန်း ရေးနိုင်ရဲ့သားနဲ့ မရေးဘဲ ကော်ပီ ဆိုသလို..

တူဒွေ တူမဒွေကို မပိုင်ဝက်မွေး ချစ်ရ …အချိန်တန်တော့ သူရို့လည်း

သူရို့မိဘ နားပဲ ကပ် ..ကိုယ့် ကို မုန့်ဖိုးတောင်းဖို့ပဲ သတိရ …။

အင်း … အာပျိုရီး ဖြစ်ရတဲ့ ဒုက္ခ ….။

 

ဒင်းကလေးဒွေ ဆိုးရင် မိုက်ရင် မျက်ရည်လေး စမ်းစမ်း ကျလိုက်ဦး …။

အဖေအမေ အရင်းထက် သည်းပြ ကဲပြလိုက်ဦး …။ ကလေးကို အလိုလိုက်တယ်

ဘာညာသာဒကာ နဲ့ မိဘ မောင်ဘွားတွေ အပြစ်တင်တာလေးတွေ ခံလိုက်ဦး ..ဘယ့်နှယ့် …မနိပ်လိုက်တဲ့ ဘွ …။

 

ဆက်ဦးမယ်နော …။

ဇီဇာ ကြောင်တယ်တဲ့ … အာပျိုရီး ဆိုတာနဲ့ တွက်ဖက် ပါဝင်တဲ့ ဂုဏ်သတ္တိ…။

(လူတိုင်းတော့ ဟုတ်မထင်ပါ … ညစ်တီးညစ်ပတ် နေတဲ့ အာပျိုရီးလည်း

ရှိချင် ရှိမပေါ့လေ….. ညစ်ပတ်လို့များ မစွံသလား မဆိုနိုင်… ဟီဟိ..)

 

ဟုတ်တယ်ဗျ။ တွေ့ဖူးရဲ့ …. အိမ်ထောင်ပြုခြင်း အနုပညာကို ရှက်စရာလို့

ထင်တဲ့ စိတ္တဇ အနုစားလေးတွေ ပိုင်တတ်ကြသတဲ့ ..။ (ဆြာတယောက်

ပြောတာ ပြောပါတယ်..).. ။ ဘယ့်နှယ့်ဗျာ …။ “ဟဲ့ ..ငါတို့က ဗြမ္မာ့ပြည်က

လာတာဟဲ့ … အညှီအဟောက် အော်ဂလီဆန်တယ်..” ပြောတတ်သေးရဲ့

ဒါမျိုး … အင် … ညည်းတို့ကို ညှီရအောင် လူ့ပြည်လွှတ်လိုက်တာလေ….

မညှီချင် ဗြမ္မာ့ပြည် ပြန်တက် … အဲ့လိုများ ခံပက်မိရင် .. စမံတက်တယ်ဆိုပီး

ဒန်ခွက်နဲ့များ ထုလွှတ်မလား မသိ…။

 

 

ဘယ့်နှယ့်ဗျာ .. ကိုယ့်ဆြာတို့လည်း တွေ့ဖူးမပေါ့ …။ သူ့ဟာသူ လမ်းပေါ်ပူးတဲ့

ခွေး၂ကောင် ရေထွက်လောင်းတဲ့ အာပျိုရီး မျိုးဒွေ …။ သဂျီးတို့ နေတဲ့

အမေဒစ်ကင်န် မှာဆို တိရိစာ္ဆန်အခွင့်အရေး အဖွဲ့ တရားစွဲမယ့် လူဒွေပေါ့. …။

သူ့ဟာသူ နေတာ ကွယ် ..မမြင်ချင် မကြည့်နဲ့ပေါ့ ..ခုဒေါ့ …ဘယ့်နှယ့် ……။

 

အာပျိုဂျီးတိုင်းနီးနီးမှာ တူညီတဲ့ လက္ခဏာ က ဘာတုန်းဆို …

ငါက မယူချင်လို့ပါနော်. .. ငယ် ဘယ်တုန်းက ဆို … ဆိုပီး ..

ဟိုစကားပုံလေး သွားသတိရရဲ့ … ရှင်လောင်းဝတ်တုန်းက ရွှေထီးဆောင်းခဲ့

တဲ့ အကြောင်း ဆိုတာလေ …။ အဟီး … နီးစပ်ရာ အာပျိုရီး အင်တာဗျူးကြည့်

ကြပါဗျာ …။သူတို့ ချောစဉ် နုစဉ် လှစဉ် …ရွစဉ်. .အဲ့လေ မရွပါဘူး ..

(ဂလိုလေးလည်း ပြန်ပင့်ဦးမှ) တုန်းက ကိုယ်ရံတော် တပ်မှူးရာထူး လျောက်တဲ့

လူအကြောင်းတို့ …. အချစ်ရဲ့ သရဲဂေါင်း ဖြစ်လိုသူအကြောင်းတို့ …

သံတူကြောင်းကွဲတွေ ကြားရပီသာမှတ်. …အဟတ်..။

 

 

ဒီခေတ်ကြီးထဲ … မိဘ လုပ်ကျွေးဖို့တို့ .. မိဘ သဘောမတူတဲ့ လူနဲ့ တွေ့မှာစိုးလို့တို့

အပူမရှာချင်လို့တို့ ..အချိန်မပေးနိုင်လို့တို့ ..အော်တဲ့ …မော်ဒန် အာပျိုရီးတွေ ရှိနေသးတာ

အံ့ဩတယ် … ။ အဲ .. အိပ်ခန်းထဲ သွားကြည့် အက်ဖ်ဖိုး တွေ့မယ် ရိန်းတွေ့မယ်..

လီဗြောင်ဟွန်း ဒါမှမဟုတ် ဝမ်လိဟုန် တွေ့မယ်…ဂျေးချူး နဲ့ ဂျက်စတင် တင်းဘလိတ် သော်လည်းကောင်း

ဂျက်စတင်ဘီဘာ တွေ့မယ်.. အံမယ် ..အန်မီနန်တောင်

တွေ့ချင် တွေ့လိမ့်ဦးမယ်..ဒိုလေးနဲ့ မက်ဆီ တောင် ပါလိမ့်ဦးမယ်.. ။ အဲ .. တချို့ကျ ..

နဒဲလ် ခည…။ ပိုစတာတွေပြောပါတယ်….ခက်တယ်ဂျာ ..အားရီးခက်တယ်…

 

 

လူကသာ ဘဲပုန်းရုပ် (ပုန်းရည်ကြီး အိုးထဲကျတဲ့ ဘဲဥ ကိုပြောတာ ..)

လိုချင်တော့ ..အနှီ ပိုစတာ ထဲက ဟာလေးဒွေ …။ မဖြစ်နိုင်တာတွေကို ဖီလင်တက်ပီး

သကာလ … အနီးအနားက လာပတ်နေတဲ့ ငတိတွေကို လူကို မထင်တော့တာ ….။

ဒီနေရာမှာ ကွာသွားဘီနော. … အာပျိုရီးနဲ့ လူပျိုရီး …။ အဲ့ငတိတွေကလည်း

အိမ်မှာတော့ သင်ချာဝင့်ကျော် ဝတ်မှုန်ငွေချည် ကပ်ချင်ကပ်လိမ့်မှာ … သူတို့ ကိုယ်သူတို့

သိတယ်… သူတို့ တားကတ် သူတို့ အတိအကျ ရွေးပီးသား … အာပျိုရီးတွေကသာ ….။

ဘာသာရေးပဲ လိုက်စား သလိုလို ..(တကယ်ပဲ လိုက်စားပါတယ် ..အလှူအိမ်တွေ)

အဖေ့ နှလုံးရောဂါကပဲ … ယောက်ျားယူလိုက်ရင် ခေါက်ကနဲ ဖြစ်သွားမှာလိုလို….

လင်ကုန်ရှုံးတော့ တသက်ဆိုတဲ့ … ဘယ် ကျပ်မပြည့်တဲ့ ငတိ ထားခဲ့မှန်းမသိတဲ့

ဆိုရိုး တွေ ကိုးကားပီး .. ယောက်ျားယူဖို့ တွန့်ဆုတ်နေတတ်ရဲ့ …ဘာမှ မတသက်ဘူး

ဒီခေတ်ကြီး … ။

 

ဒီဂျားထဲ …လုပ်တတ်ကြသေးတယ်… မယူဘူး မယူဘူး အော်နေရင်းကနေ

ဗေဒင်မေးတော့ အိမ်ထောင်ရေး ကံကောင်း မကောင်း က စ မေးတတ်ကြတာလေ..။

ရီရတယ်နော …လက်ဖွားပေါ်က အရေးအကြောင်းတွေလည်း သူတို့လောက် 

စိတ်ဝင်စားတာ မရှိ …။ တခါသား ဘော်ဒါတကောင် သူ့အိမ်က စပ်ဟပ်ပေးလို့ ..

အမျိုးသမီးတယောက် သွားတွေ့ပါတယ်… ( မော်ဒန် အာပျိုရီးနော..)

တပ်ခေါက် ပြီး ပြန်လာလေရဲ့ …. ။ ဟိုက စိတ်ဆိုးသွားလို့တဲ့ …။ ဟိတ်ကောင် နင်

ဘာသွားလုပ်လို့တုန်း ..မေးတော့ ..မပြောချင်ပါဘူးကွာတဲ့ …(မော်ဒန် လူပျိုဂျီးဖြစ်မယ့်

ငတုံး ဆိုတော့…) ပြောစမ်းပါ ဆိုပီး မေးကြည့်မိတော့ လားလား….။

 

မော်ဒန် အာပျိုရီးက မိဘပေးစားတာတော့ ဟုတ်ပါဘီ တဲ့ ..သူတို့၂ယောက်

ကံပါမပါ…အကျိုးပေးကောင်းမကောင်း ..ဗေဒင်သွားမေး မတဲ့လေ. ..။ ဟိုကောင်ကလည်း

အင်း မေးပေါ့ … (ဗေဒင်လို့ ပြောတာနော ..လက္ခဏာလို့ပြောရင် ငတိ ငြင်းမှာ)

အကြောင်းရှိလို့ ….။ ငတိက ငယ်ငယ်က ငါးသလောက်အိုးနား ဒါ့ဆီပုံး ဖြတ်သယ်ရင်း

လက်မှာ ..မီးလောင်ဒဏ်ရာ နည်းနည်းရဖူးတယ်..ပေါင်ကအသားကို လက်ဖွား မှာ

ထည့်ပီး အစားထိုးထားရတာ.. (ရုပ်မပျက်ပေမယ့် လက်ဖွား ဗြောင်ကြီး )

အဲ့ဒါဗျာ ..ဗေဒင်အမျိုးမျိုးရှိတဲ့ အထဲကမှ လက္ခဏာ ဗေဒင်ဆီ ခေါ်သွားပီး ..

ဟိုရောက်မှ လက်ဖွားဗြောင်ကြီးမို့ ..ဗေဒင်ဆြာမ ရန်တွေ့လွှတ် ..အာပျိုရီးက

ရှက်လှချည်ရဲ့ ဆိုပီး စိတ်ဆိုးတော် မူသတဲ့ …။ အဲ့ လို ..အဲ့လို ….။

 

 

တချို့ကလည်း အာဂန္တု အာပျိုရီး ခည ….လာမယ် ကြာမယ် ဆိုတဲ့ အစားတွေ…

ဘေးကကားရော နောက်ကကားပါ ကျော်တက်လည်း ပြောင်ပြောင်ပဲ ….။

ဘာတဲ့ …ပညာတတ် မိန်းမ ဆိုသည် မှာ တို့ ..ဘွ အခြေခိုင်ပြီးမှ ဆိုတာ တို့ …။

သူတို့ ကို တရားချရတာ ပိုခက်တယ် … စာတတ်တာကိုး ..သိတဲ့အတိုင်း ….

တော်ကီကလည်း ညက်… ကြိုးရှည်ရှည်နဲ့ လှန်တဲ့ကိစ္စမှာလည်း တဖက်ကမ်းခတ် …။

ဟိုတိုင်းပြည်က လူတွေ အိမ်ထောင်ပြုနောက်ကျတာကို မစီမဆိုင် ဆွဲပြောတတ်လား

ပြောတတ်ရဲ့ …။ ဟိုးအရှေ့က ဘွရည်မှန်းချက် ဆိုတာကြီး ပြည့်မြောက်ပီးမှ

ဆိုတာမျိုး လုပ်တတ်လား လုပ်တတ်ရဲ့….။ မမိုက်ပါဝူးဂျာ …..။

 

 

အချစ်ဟာ အရက်ဆိုရင် မိန်းမဆိုတာ ဘီယာ ဗျ…။ လတ်မှ သောက်လို့ကောင်းတာ..။

အဲ့ဒါလေး မေ့နေတယ် ထင့် …။(ညှီဘီ…)

 

ဆေးသိပ္ပံ အရပဲ ကြည့်ကြည့် …။ဘယ့်နှယ့် နှမျောဇယာ အေ …။ ငယ်တုန်း ..

သန်တုန်း …မြန်တုန်း …အဟီး ….။ ဟိုတလောက တောမှာ စုန်းမ ဆိုပီး

ဝိုင်း ရိုက်သတ် တာ ကြားတယ်… ။ တောက ရှေးလူဂျီးတွေ ..အာပျိုရီးတွေ …

အပမှီသလိုလို သရဲပူးသလိုလို ဖြစ်ရင် နီးစပ် သင့်တော်ရာ ယောက်ျား ရှာပေးစားလိုက်

ပျောက်ရော .. ဆိုတာမျိုးလည်း ကြားဖူးကြမယ်ထင့် …။ ဒါက လမ်းကြောင်းမှန်…

လမ်းကြောင်းမမှန်တဲ့ ပိုးဇိုးပက်စက် ကွန်ဇာဗေးတစ် အသိုင်းအဝိုင်း ဆိုလို့ကတော့..

အောက်လမ်းဆြာ အထက်လမ်းဆြာ ..ဘိုးတော် ဘာညာသာဒကာ ပင့်ပီး

ကြိမ်လုံးနဲ့ သမ ခံထိဖို့သာ ပြင်ပေတော့. ……။

 

 

ဒဂယ်က အဲ့ဒါ ….ဟော်မုန်းတွေ မမျှမတဖြစ်ပီး …အသေးစားလေး ရူးသွားတာ …။

Hysteria လို့ခေါ်တယ်..။ ဗမာ လိုတော့ မပြောလိုဘူး ….။ ဘယ့်နှယ့်ဗျာ ..

သဘာဝတရားဂျီး ကို ဆန့်ကျင်တာကိုး ဗျ …။ သဘာဝက သုံးစေချင်လို့ ထည့်ပေးလိုက်တာ

ဘာနဲ့ တူသလဲဆို …ကမာ္ဘ့ ကားထုတ်လုပ်သူတွေက လိုလို့ တပ်ပေးလိုက်တဲ့ ဟွန်းကို

မြို့တွင်း မတီးရ ဆိုပီး ဥပဒေ ထုတ်တဲ့ ဟို သွပ်ချာချာ လူတွေလိုပဲ …။ ချဉ်ထှာ …။

မသုံးတာ ဘယ်သူ့ထိခိုက်သလဲ မေးမယ်. ..။ ဟုတ်ကဲ့ ဖြေပါ့မယ်….။

 

 

 

အားလုံးကို ထိခိုက်သပေါ့ဗျာ ….။ အာပျိုရီး ဦးရေ ဆိုတာ ..လူဗျိုရီး ဦးရေ နဲ့

တိုက်ရိုက်နည်းပါး အချိုးကျတယ် ဆိုပါစို့ ….။ တိုင်းပြည်နဲ့ လူမျိုး အတွက် အဲ့ထက်

ကြီးကြီးပြောရရင် လူသား ရင်းမြစ်အတွက် …ထိခိုက်နစ်နာသပေါ့ဗျာ ….။

ဘယ့်နှယ့် …နှမျောဖို့ ကောင်းလိုက်တဲ့ နောင်လာမယ့် အနာဂါတ် မျိုးဆက်သစ်ကလေးဒွေ …။

စဉ်းစားကြစေချင်ပါတယ်ခညာ ….။

 

 

အပျိုကြီး ပြီးရင် …ပြောရမှာ အပျိုလတ်တွေ …. (အပျိုလတ် ကို ပြောင်းပြန်ပြန်တော့

အပြတ်လို..) ဟုတ်ကဲ့ ..အပြတ်အသတ် ကို လိုနေပါပြီဗျာ… သည်အရွယ်မှာ …

(မဟုတ်ရင် အပျိုကြီး စာရင်းထဲ ဝင်သွားတော့မှာကိုး …)

သူတို့လည်း သူတို့နည်း သူတို့ ဟန်နဲ့ ခက်တာပဲဗျ …..။ ရသေးတယ် ရနိုင်သေးတယ်နဲ့ …။

မိုးဖွဲလေး ဆိုပီး ဆက်လျောက်လိုက်တာ ..။သတိလည်း ပြုမိရော ..တကိုယ်လုံး ရွဲရော …

ဆိုတာလိုပဲ …သတိလည်း ပြုမိရော …။ ခါးကိုင်း နားထိုင်း မျက်စိမှိုင်း …နေပြီ …..။

ဘေးကိုကြည့် .. တယောက်မှ မရှိ… အော် ..ငါတယောက်တည်းပါလား ….။

အနိစ္စ… ဒုက္ခ ..အနတ္တ …. ဂျောက်..ဂျောက်.. ဂျောက်… (မော်ဒန် အာပျိုရီးများ

ပုတီး မစိတ်ကြပါ ..တာလီ နှိပ်သံ ဖြစ်ပါသည်…)

 

အပျိုလတ်တွေ ပီးတော့ ..အပျိုလေးတွေ အကြောင်း ဆက်ပါမည်….။

မြင်သာအောင် ဆင်နာရီယိုလေး ရွမ်းပြချင်ရဲ့ …။ ဂလို…။

ဟိတ်… အိသဒ္ဒါမိုး … ညည်းကို ဖားသက်ပြင်း ရည်းစားစကားပြောထားတယ်ဆို..

အင်းလေ ဘာဖြစ်တုန်း…

အဲ့ဒါ ညည်း အဖြေ မပေးသေးဘူးလား…။

ပေးသေးပါဘူး ..။ငါက မိန်းကလေး ဟဲ့ …။ စဉ်းစားရဦးမယ်…။

လွယ်လွယ်နဲ့ ပြန်ကြိုက်လိုက်ရင် ..မိန်းမဈေး ကျတယ်…။

ဟင်….

နင်ကဘယ်ဈေးလဲဟင်…

ဖြောင်း ….။

 

 

တွေ့လား ..အဲ့လို မိုက်ရိုင်းတာ ….။ ဈေးကိုင်တယ် ဆိုတာ ….။

ခေါင်ဈေး ရချင်တယ်ဆိုတာ … ဘယ်အဝိဇ္ဇာ အတုံးအခဲတွေ တီထွင်ခဲ့တယ် မသိပါဘူးဗျာ..။

ဘယ့်နှယ့် လူဆိုတာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ညှီချိန်တန်ညှီ …အဲ့လေ. …အဟဲ.။

တကယ်ပဲ …ဈေး ဆိုပဲ …။ ဗဲလျူးနဲ့ ပရိုက်ဇ် လေနဲ့ဝမ်း မကွဲသလိုပေါ့ဗျာ ….။

ပြောရရင် ဗဲလျူးဆိုတာ ရှေ့လျောက် ကျတော့မှာ …ဒါဂျီးကို ပရိုက်ဇ် ကိုင်နေလို့..

သင့်မသင့်ဗျာ …။ပရိုက်ဇ် မကိုင် စကောင်း ကိုင်စကောင်း လို့သာ မေးချင်တော့တယ်…

ဟို ပုံပြင်လေးကြားဖူးရဲ့မဟုတ်လား ..ရွှေလင်ဗန်း ငွေလင်ဗန်း ကြေးလင်ဗန်းလေ …

အဟေး….။ အဲ့ဒါလေး ဆင်ခြင်စေချင်တာပဲ …။

 

 

တနေ့တခြား ဟောင်းနွမ်းဆွေးမြေ့လာမယ့် ကိုယ့်ကို မသေမချင်း ရှာကျွေးမယ့်

ငတိတကောင် ရမယ့် ကိစ္စကို ဘောက်မယ့်ကြောင့်များ ဈေး ဆိုတာကြီး

ကိုင်နေချင်သလဲ မပြောတတ်..။

 

 

၂ဝကျော် အစိတ်ပိုင်းမို့ အရွယ်တော် တစိတ် ဟိုင်းပြီ ပြောရင်နှုတ်ခမ်းထော်ပြကြလိမ့်မယ်ထင့်

ဂယ်က … အဲ့ထက်မှန်တာတောင် အဲ့လောက် မမှန်ဘူးရယ်…။ တခြားမကြည့်နဲ့ ..

ခေတ်အဆက်ဆက် အောင်မြင်ထင်ရှားတဲ့ .. ရုပ်ရှင်မင်းသမီး တွေရဲ့ ပျမ်းမျှ အသက်

ကိုပဲကြည့် …လုံးဝ အဆီ မရှိကြောင်း ခနခန ဗိုက်သားဖော်ပြတတ်တဲ့ ဟိုမော်ဒယ်လေး

ပေါ်လာချိန်မှာ သင်္ချာဝင့်ကျော်လေး ဘယ်လောက် ရင့်သွားပြီလဲ ဆိုတာ တွေ့နိုင်သလို…

မျက်လုံး သိပ်လှတဲ့ ဟိုမင်းသားရဲ့ သမီး (ရှုပ်ကုန်ပလား မသိ) နဲ့ တွဲရိုက်တဲ့အခါ

ဝတ်မှုန်ငွေချည် ဘယ်လောက် အိုစာသွားတယ်…တွေ့ရမှာဖြစ်ရဲ့ …။

သည်တော့ ထော်ထားတဲ့နှုတ်ခမ်းလေးတွေ ပြတ်ကျလာရင် … သဲကြိုးတပ် စီးခံရမယ်

ဆိုတာလေး သတိချပ်စေချင်ရဲ့ ….(ဆင်ခြင်ကြပါ)

ဈေးတွေ ဈေးကွက်တွေ ဆိုကြလို့ … ဈေးကွက် ကိစ္စနဲ့ ဆက်စပ် ပြောပါ့မယ်..

(မာကတ္တာကိုး … မယုတ်မာရ မနေနိုင်ပေါင်..)

 

အရွယ်ရောက်ပြီးစကီလေးတိုင်း ကိုယ့်ကိုကိုယ် decline market ထဲ ရောက်ပြီလို့

သဘောထားရမယ် … သတ်မှတ်ရမယ်… (အချိန်နဲ့ အမျှ ..အိုမင်း ယိုယွင်းလာမှာကိုး)

သည်တော့ strategy choice မှာ decline market ထဲ သုံးရတဲ့ strategy မှ ဖြစ်မယ်…

အဲ့ဒီအချိန်မှာ price skimming သွားလုပ်လို့ မဖြစ်နိုင်ဘူး ..penetration နဲ့ သွားရမယ်..

customer relationship တည်ဆောက်နိုင်ရမယ်…။ပြောရင် ဆုံးတော့မှာ မဟုတ်ဘူး…

မောဒယ်..။

 

 

 

ကမာ္ဘ့လူဦးရေ အများဆုံး တိုင်းပြည်၂ခုကြား နေရတာပါဆို …။ အမျိုးသားရေးလေး

တဆိတ် ရှိကြစမ်းပါ ..စကီလေးဒွေရာ….။ အတည်ပြောတာပါ…..။

ဘယ့်နှယ့် မျက်ရစ်မပါတဲ့လူတွေ ဝင်တော့လည်း ဝင်ပြန်ဘီ …။ ရိုဟင်ဒွေ ဂျာတော့လည်

ဂျာပြန်ဘီနဲ့ …။သည်နယ်နမိတ် အကျယ်အဝန်းနဲ့ သည်လူဦးရေ … ။ နည်းနည်းမှ

သဟဇာတ မဖြစ်တာ အမှန်…။ ပြည်ထောင်စု ကို တည်ထောင်ပြု ဖို့ပါ ..ခေးတို့ရယ်….။

စိတ်ကူးမလွဲလိုက်ကြပါနဲ့ …။

 

ဖြစ်နိုင်ရင် သည်အကြောင်းတွေကို လွှတ်တော်ထဲတောင် သွားတောင်းဆိုချင်တာပါကွယ်..

တကယ်ပါ ….။ အစိုးရ ဘက်က ဥပဒေတွေ ပြဌာန်းပေးနိုင်ရင် သိပ်သိပ်ကောင်းမှာပါဘဲ…။

ဒစ်စ်ခွစ်မီနိတ် လုပ်တာ လို့ ဆိုဂျင် ဆို … အာပျိုရီး မဝင်ရတဲ့ နေရာတို့ …။

အတွဲတွေဆို ဈေးလျှော့ယူတဲ့ ဆိုင်တို့ …။ အလုပ်ခေါ်ရင် အာပျိုရီး ဆိုတာ ..

တာဝန်မယူတတ်တဲ့ စိတ် တကိုယ်ကောင်းဆန်နိုင်ချေ များလို့ ..မစဉ်းစားတာတို့…

လုပ်ပေးကြရင် လူ့ဘောင်လောကကြီး အတော် သာယာလာမယ် ထင်ပါရဲ့ကွယ်…။
တော်သေးဘီ…
ချဉ်တဲ့
ဂီ

 

P.S လူဗြိုဂျီးများ ဝိုင်းကြ ဝန်းကြပါ…. အာပျိုရီးတွေ ဒီပိုစ့်ကို ဖျက်ခိုင်းဖို့…

ဒီမိုသဂျီး ကို ဝိုင်း ကြပ်ကြမှာ မြင်ယောင် မိလို့ပါ…

 

အာဟိ

ဒက်ဂလောက်…

47 comments

  • MaMa

    May 29, 2012 at 9:35 am

    အော်….. မာကတ္တာ ဘွဲ့ခံယူထားပြီး ကိုယ့်ကိုကိုယ် ရောင်းမစွံတာနဲ့ စားသုံးသူကို လှည့်ရန်လုပ်နေတော့တာကိုးးးးးးးးးးး 😆

  • Moe Z

    May 29, 2012 at 9:37 am

    ဧကန္တတော့ ကိုအင်ဂျီးတစ်ယောက် အငြင်းခံလိုက်ရတာလား
    အချိန်ဆွဲခံနေရတာလား တစ်ခုခုတော့ တစ်ခုခုပဲ
    သက်ဆိုင်သူဖတ်မိပါစေ :mrgreen:
    သူ့ကိုခနဲ့ရကောင်းလားဆိုပြီး လုံးဝလှည့်မကြည့်တော့ရင်တော့
    သေပြီဆရာပဲ .. နောက်တစ်ယောက်ထပ်ကြိုးစားကြည့်ပေါ့နော 😆

    • ကြောင်ကြီး

      May 29, 2012 at 9:48 am

      မိုးစက်လေး ဒင်းဂိုအဖက် မလုပ်နဲ့နော်… တော်ကြာနေ မျက်နှာပေး ရွှေရေးပန်းကန်တက် ခွေးလေးအရောဝင် ပါးလျက်နားလျက်တက် ဦးကြောင် ရင်ကျိုးရဂျီရဲ့…။ ခြစ်ချင်းများစွာဖြင့် ဦးကြောင် 😎

      • ကိုရင်စည်သူ

        May 29, 2012 at 4:51 pm

        မိုးစက်လေး.. အဲ့ မာယာများတဲ့ ငါးမျက်စိနဲ့ ဆရာ့ဂီ့ကို မယုံနဲ့နော်…
        ကိုရင်ကတော့ မိုးစက်လေး အဲ့လူကြီးနဲ့ ဝေးပြီး ကိုရင့် မေတ္တာအမှန်သိရရအောင်
        သိသမျှ မှတ်သမျှ ယတြာလေးနဲ့
        မိုးလေးတွေကျလာရင် မိုးစက်လေးတွေခံပြီး ခွက်တစ်ခွက်စာပြည့်ရင်
        ဖူးစာရေးနတ်ကြီးဆီမှာ ကပ်ပြီး ဆုတောင်းရတာအမော…။ 🙁
        ကြောင်ကြီးလို အချောင်တီးမယ့် ရန်ကဝေးအောင်..
        မိုးစက်လေးအတွက် ကိုရင့်ခမျာ မိုးရေတဲ့ ထွက်ပြီး သဗ္ဗုဒေဂါထာတွေ
        မိုးလေး အန္တာရယ်ကင်းအောင် ရွတ်ဖတ်ရတာအမော…။ 🙁 :'(
        အမော.. အမော.. အမော…
        အချိန်မဆွဲ.. အငြင်းမခံ… အတင်းငမ်းမယ့်… 😳 😳
        ကိုရင်စည်သူ (မိုးတိမ်)

  • ဗိုက်ကလေး

    May 29, 2012 at 9:37 am

    ရွာမှာ အပျိုဂျီးအင်အား ဘယ်လောက်တောင့်လဲ ခင်ဗျားသိတယ်နော်..
    ပျားအုံကို တုတ်နဲ ့သွားမစွနဲ ့
    ပြီးမှ ဒူးနဲ ့မျက်ရည်သုတ်နေရမယ်..

    • Ch@vez

      May 29, 2012 at 9:53 am

      ပျားရည်သောက်ချင်ရို့ ဘာဂျာ …..

      လစ်ပီ..
      ဒက်ဂလောက် …ဒက်ဂလောက် …

      • pan pan

        June 1, 2012 at 2:54 am

        ဒီပိုစ့်ဖတ်မှ ကိုဇာနဲ့ သီချင်းအတူတွဲဆိုခဲ့တဲ့ အပျိုးကြီးကို သွားသတိရမိတယ်ဗျို… 😆
        ခုချိန်က မိုးတွင်းလေးဆိုတော့ သီချင်းလေးနဲ့ ကိုက်ပါပေ့ 😛

  • etone

    May 29, 2012 at 9:39 am

    ကိုဂီရေ .. အာပျိုဂျီးတွေအကြောင်းကို ထောင့်စုံက ပတ်လည်ရိုက်သွားတာ … ဖတ်ရတဲ့ လူ ပါးစပ်ဟောင်းလောင်း ဖြစ်ရပါတယ် ။ 😀
    အဟီးဟီး … သံခမောက်လိုလျှင်ပြောပါ .. စပွန်ဆာပေးပါမယ်ဗျို့ … 😆

    • အရင့်ရောင်

      May 29, 2012 at 2:37 pm

      သူများတော့လဲ မပေးချင်ဘူး
      ကိုယ်ကိုတိုင်လည်း မလိုချင်ဘူး
      ရတာတိုင်းလဲ မလိုချင်ဘူး
      လိုတာတိုင်းလဲ မရခဲ့ဘူး
      ဖြူသလိုလို ညိုသလိုလို
      ဝါသလိုလို နီသလိုလိုနဲ့
      ဟိုလိုလို ဒီလိုလိုနဲ့
      လူပိုပဲ ဖြစ်ခဲ့ရပီ
      သဘာဝလိုလို မာနလိုလို
      အထားမကျသလိုလိုနဲ့
      ဟာသတွေပဲ ပိုပို ဖြစ်နေလို့
      အရွယ်လွန် တစ်စိတ်ဟိုင်း
      နှစ်ဆယ်ကျော် အစိတ်အပိုင်းဆို
      လူတိုင်းက မေးငေါ့ကြပီ
      အပျိုကြီး……..တဲ့
      ခင်တဲ့
      အရင့်ရောင်

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 29, 2012 at 9:44 am

    ပြောရက်ပလေခြင်း ပုန်းရည်ကြီးခွက်ထဲပြုတ်ကျတဲ့ ဘဲဥတဲ့
    သီဟိုစေ့မျက်နှာပေးလောက်ဆို တော်ရောပေါ့ကွယ်
    အမှန်ပြောရမယ်ဆိုရင်တော့ အပျိုကြီးတွေမလုပ်ကြပါနဲ့
    ကျုပ်က နှမြောတတ်တယ်
    ငယ်ငယ်လေးကြိုက်တာကတော့ နားလည်ပေးလိုက်ပါ ကိုဂျင်းစာဘာဒယ်
    ကျုပ်လည်းလူပျိုကြီးဆိုပေမယ့် လောဘမကြီးပါဘူး အပျိုကြီးတွေဆိုတော့ ကြီးသွားလို့
    လူကဲ့ရဲ့နေအုန်းမယ်
    ဒါ့ကြောင့် ခပ်ငယ်ငယ်ခပ်အနေတော်လေးလောက်ပေါ့ဗျာ
    အနိစ္စဒုက္ခအနတ္တ
    ကြီးကြီးလိုခြင်တဲ့လောဘကိုသတ်တယ်ဟယ်

    • ဗိုက်ကလေး

      May 29, 2012 at 10:01 am

      အူးလေးပြောတော့ သားအကြီးကောင်က မိန်းမနဲ ့ခလေးတစ်ယောက်ရှိတယ်
      အလတ်ကောင်က တက္ကသိုလ်နောက်ဆုံးနှစ်
      အငယ်ကောင်က ဒီနှစ် အလယ်တန်း အပ်ရမယ်ဆိုဗျ
      ဘယ့်နှယ် လူပြိုဂျီးဆိုပြီး ကြော်ငြာဝင်ရတာဒုံး

  • blackchaw

    May 29, 2012 at 10:03 am

    မားကက်တင်းမာယာ အသစ်တွေကို
    လေးလေးစားစား လေ့လာသွားပါတယ်
    ဂီဂီရေ…။

    • Ch@vez

      May 29, 2012 at 10:59 am

      မားကတ္တင်းမာယာ မဟုတ်ရဘာဘူးဂျာ…
      သည်ရက်ပိုင်း ဆန္ဒပြတာ ခေတ်စားသလားလို့..
      အဟီး…

      သများလည်း အွန်လိုင်းကနေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြည့်တာပါ…

      အာဟိ..

  • amatmin

    May 29, 2012 at 10:08 am

    ကိုယ့်ဆြာ.ဘာချဉ်ချဉ်.. သဘောတွေ့နေမိတော့
    အခုတလော.အချဉ်ကြိုက်နေမိ်တယ်ထင်ပါရဲ့ .. 🙂
    ကျုပ်တို့ ငယ်တုန်း ရွယ်တုန်းကများ ဂလိုမျိုး ..
    သူတို့ကို ချဉ်ရင်း သတိပေးမဲ့လူတွေ..ရှိခဲ့ရင် အတော်ကောင်းမှာပဲ.. 🙁
    အခုလည်း လွန်တော့မလွန်သေးပါဘူးလေ..
    ကိုဂီပြောသလို. ၃၆ ကျော်ဖို့အဝေးကြီး. 😛

  • PaLote Tote

    May 29, 2012 at 11:17 am

    သူ့တို့အကြောင်းနဲ့သူတို့ အပျိုဂျီးလုပ်နေကြတာကို ဘောက်မဲ့ကြောင့်မနာလိုဖြစ်နေရတာတုံး ။

  • nozomi

    May 29, 2012 at 11:20 am

    မြန်မာတပြည်လုံးတော့ မသိ ရန်ကုန်မှာတော့ မွေးဖွားနှုန်း ကျဆင်းလာတယ်လို့ မနေ့က အလဲဗင်းမှာ ဖတ်လိုက်ရတယ်-

    ၁၉၈၃ – ၂.၂၂ %
    ၁၉၉၁ – ၂.၅၆ %
    ၁၉၉ရ – ၃.၁ရ %
    ၂၀၀ဝ – ၃.၇၈ %
    ၂၀၀၅ – ၂.၇၈ %
    ၂၀၁ဝ – ၂.၄ရ %

    အဲဒီနှုန်းအတိုင်းသာ ကျသွားရင် တိုင်းပြည်ရဲ့ စီးပွားရေး၊ကာကွယ်ရေး၊ လူမှုရေး စတဲ့ အရေးများစွာကို ထိခိုက်လာနိုင်တယ်

    ဂျပန်ကတောင် လက်ရှိလူဦးရေး တိုးနှုန်းအတိုင်းသာ သွားရင် နောင် အနှစ် တစ်ထောင် လောက်ကျရင် သူတို့ နိုင်ငံ ပျောက်သွားနိုင်တယ်တဲ့

    အပျိုကြီးတွေ များတာက လူဦးရေး တိုးနှုန်းလျော့ကျလာတာရဲ့ အကြောင်းတစ်ခု အနေနဲ့ ပါတယ် ရာခိုင်နှုန်း ဘယ်လောက်ဆိုတာတော့ ဆာဗေး လုပ်မကြည့်လို့ မသိရသေးဘူး ( ဒီကိစ္စကိုပေါက်ဖော်တို့က လုပ်သင့်တယ် )

    နိုင်ငံရဲ့ ဘေးနှစ်ဘက်မှာ လူဦးရေ ပေါက်ကွဲတော့မဲ့ နိုင်ငံနှစ်ခု ရှိနေတယ် ၊ ဒါကို ကာကွယ်ဘို့ နဲ့ တိုင်းပြည်ရဲ့ အရေးအရာတွေ အတွက် အရွယ်ရောက်သူတိုင်း အိမ်ထောင်ပြု ၊ ကလေးယူသင့်တယ် ( ဒါက သူကြီး လေသံနဲ့ ပြောတာ )

    တစ်ခု ရှိတာက မြန်မာပြည်မှာ မိန်းကလေးက ယောကျင်္ာလေး အရေအတွက်ထက် များနေတာမို့ မိန်းကလေး အားလုံးက ဂီဂီ ပြောတာ သဘောကျပြီး အားလုံးယောကျင်္ာယူကြမယ်ဆို ပြသာနာ ရှိတယ်
    ဒါတော့ မဖြစ်သေးဘူး အဲဒီတော့ အပျိုကြီး အားလုံး မယူရင်တောင် အပျိုကြီး အရေအတွက် လျှော့ချပါ

    မိန်းကလေးတွေ များနေတာ အပျိုကြီးတွေ ပေါနေတာ နဲ့ ပတ်သက်လို့ အကောင်းမြင်လို့ ရတာ တစ်ခု က တရုတ်လို မိန်းမလေး တွေ ရှားနေတာ မဟုတ်တာ တော်သေးရဲ့လို့ ပဲ ၊ အဲဒီလိုသာဆို ဂီဂီ ရယ် ပေါက်ဖော်ရယ် ကိုချောကြီး ရယ် အခင်အမင်ပျက်ကိန်းတွေ ကြုံရနိုင်တယ်

    (မှတ်ချက် ၊ စိတ်မကောင်းစရာ စိတ်ဆိုးစရာများ ပါနေပါက ရွာထဲက အပျိုးကြီးများကို ရေးချင်း မဟုတ်ဟု ယူဆပေးပါရန် )

    • Ch@vez

      May 29, 2012 at 11:54 am

      ဂျပန်ပေးတဲ့ ၁ဝသန်းရယ်..
      ကမာ္ဘ့စားနပ်ရိက္ခာ အဖွဲ့က ရမယ့် ပိုက်ပိုက်ရယ်..
      အခြား အခြားသော အဖွဲ့အစည်းတွေဆီက ရလာလတံ့သော အကူအညီတွေရယ်..
      (လေဒီ အလှူခံထွက်တော့မယ် မလား..)

      ပီး …ခရိုနီဘောဇိတွေဆီက လည်ပင်းညှစ်ပီးရယ်..
      ရလာမယ့် ရှိသမျှ ပိုက်ပိုက်တွေကို အိမ်ထောင်တစု ဘယ်ရွေ့ဘယ်မျှ ..
      ကလေးတစ်ယောက် ဘယ်လောက်နှုန်း ဆိုပီး ထောက်ပံ့ပေးသင့်တယ်ဗျ..
      ပါ့ဘလစ် ဆက်ခ်တာမှာ မိသားစု ဒစ်စကောင့်တွေ ပေးရမယ်….
      (အာပျိုဂျီးဒွေ ဈေး၂ဆ)
      ပီး အနှီ အာပျိုဂျီးဒွေကို
      အခွန်၂ထပ် စည်းကျပ်သင့်တယ်..
      အမျိုးသားရေး တာဝန်ပျက်ကွက်မှု ဒဏ်ငွေ ဆိုပြီး ဒဏ်တပ်ရင်လည်း ကောင်းရဲ့ …
      ဂလို မှ မဟုတ်ရင်တော့ ..အာပျိုဂျီးဘဲ ဆက်လုပ်မယ် ဆိုရင်..
      လူဗျိုဂျီးတွေအတွက် တီလုပ်ပြည်က သတို့သမီး တင်သွင်းပေးပြီး တင်သွင်းစရိတ်ကို
      အပျိုဂျီး သမဂ္ဂက မျှဝေကုန်ကျခံသင့်တယ်…

      ဒန်တန့်တန် …

  • ကြောင်ဝတုတ်

    May 29, 2012 at 11:46 am

    ကဲ…ကဲ…
    ကျုပ်တို့ လူပျိုကြီးတွေက ဘာမှမပြောပဲထိုုင်ကြည့်နေပါတယ်ဗျာ…

    လူပျိုကြီး-
    ကြောင်ဝတုတ်

    • etone

      May 30, 2012 at 10:40 am

      အွန် .. လူပျိုကြီးတဲ့ … ယက်ပင့်နဲ့ မပျိုနဲ့ .. ယက်ရစ်နဲ့ ပြိုပါဗျို့ … ။
      တကတည်းနော် …. အိမ်က မိန်းမနဲ့ မွေးထားတဲ့ ဘောလုံးအသင်းတစ်ဝက်စာ ကလေးတွေကိုမှ အားမနာ .. ပြောလည်း ပြောထွက်တဲ့ … လူပြိုကြီးပါဗျို့ … 😀

  • shwe kyi

    May 29, 2012 at 11:50 am

    အင်းခက်ရချည်ရဲ့။ ဘယ်လိုပြောရမလဲပေါ့နော်..။
    အပျိုကြီးအားလုံးလည်းအဲလိုမဟုတ်ပါဘူး။ အိမ်ထောင်သည်အမျိုးသမီးအချို့ဇီဇာကြောင်တာတွေရှိပါတယ်။
    သူတို့ကပိုဆိုးတတ်သေးတယ်။ အပျိုကြီးတော်တော်များများကတော့ ဒီပို့စ်ထဲကအတိုင်းပါပဲ။
    တစ်ခါတစ်လေ မိန်းကလေးချင်းတောင်စိတ်ပျက်ရပါတယ်။ ဒါပေမယ့်ပေါ့ဒီခေတ်ကြီးထဲမှာတော့
    အပျိုကြီးပိုများလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ယောက်အတူလည်းထမင်းရည်မလျှက်နိုင်။
    အလယ်အလတ်တန်းဝန်ထမ်းလူတန်းစားအနေနဲ့ နှစ်ယောက်နေဖို့တိုက်ခန်းလေးမှမငှားနိုင်ရင်ယူဖို့ကလည်းမလွယ်။ ဒီဘဝထက်လည်းမနိမ့်ကျအောင် မြင့်လာအောင်ကြိုးစားရင်း တင့်တောင်းတင့်တယ်ဖြစ်အောင်ကြိုးစားရင်းနဲ့ ကွဲတဲ့သူတွေလည်းကွဲ။ သူ့ဘက်ကိုယ့်ဘက်စဉ်းစားစရာတွေကများ…။
    ကဲတော်ပါပြီပြောချင်တာတွေကများတယ် ဒါပေမယ့် ပြောတတ်တော့ဘူးရယ်..။
    ရွှေကြည်ကတော့ ဒီပို့စ်ထဲကအပျိုကြီးမျိုးမဖြစ်ရလေအောင်ကြိုးစားပါ့မယ်ရှင့်..။

  • ညလေး

    May 29, 2012 at 11:57 am

    ကိုဂီရယ် ့ ့ ့ ့ ့မနေ့ကချဉ်တာသိပ်အားမရဝူးထင်ပါရဲ့ဒီနေ့ချဉ်တာကတမျိုးပဲနော် ့ ့ ့ ့ ့အိုးမရလို့ခွက်နင်းတဲ့အချဉ်မျိုးလေး ့ မမအိတုံ ့ ့သံခမောက်စပွန်ဆာပေးနေပီ့
    ့ညလေး လည်း စပွန်ဆာပေးမယ် စပယ်ရှယ်လေးပေးမယ်နော် ကျိမ်းစဘွန်းရဲ ့ ့ ့ကျည်ကာအင်္ကျီလေ ချည်သားပါးပါးလေးနဲ့ချုပ်ထားတာ ့ ့ ့

    • Ch@vez

      May 29, 2012 at 12:03 pm

      အခန်းဆက် ချဉ်မလား တွေးနေပါတယ်ကွယ်..
      နောက်နေ့ ယောက္ခမ နောက်နေ့ ယောက်ဖ (ယောက္ခမသား)
      နောက်နေ့ ခယ်မ ..(ယောက္ခမသမီး)
      အဲ့ … ခယ်မ ကတော့ ချဉ်စရာ မဟုတ်တော့ ..ချစ်စရာ ဖြစ်သွားပီ..

      ဟီဟိ.
      😛

  • blackchaw

    May 29, 2012 at 12:08 pm

    ခယ်မ ဆိုလို့
    ဝတုတ်ဆိုတဲ့ ကြောင်တစ်ကောင်ရဲ့ လက်သုံးစကားလေးသွားသတိရတယ်။
    သူကလည်း ဘဝဆိုတာ တိုက်ပွဲပါတဲ့။
    ဒါပေမယ့် နောက်ဆက်တွဲ စာသားကတော့
    ခယ်မဆိုတာ လိုက်ပွဲ မဟုတ်ဘူးဗျ။
    ကဲ ဝတုတ်ရေ။
    နင့် ဘဝဆိုတာ တိုက်ပွဲကြီးအကြောင်း အခုချက်ခြင်း ရှင်းပေတော့ဗျာ..။
    :mrgreen:

  • မှော်ဆရာ

    May 29, 2012 at 12:34 pm

    မောင်ဂီရေ … အခုတလော နင်အငြိမ်ကို မနေချင်တာ ဖြစ်ရမယ် …
    ဒါလဲ နင်ပြောသလိုဆို ဟစ်စတီးရီးယား ပဲလား …
    ဘယ်လိုကုမှ ပျောက်မလဲ
    ကြိမ်လုံးကြိုက်လား … စကီကြိုက်လား …
    နောက်တစ်ခု …
    အပျိုကြီးတွေ သူ့ဟာသူ နေတာကို သွား တုတ်နဲ့ထိုးတဲ့ သဘောက
    စေတနာ့ဝန်ထမ်းချင်တဲ့ သဘောလို့ယူဆရတယ်…
    တို့မြို့ကို လာခဲ့ပါဟယ် …
    အသက် ၄၅ အပျိုကြီးရှိတယ်… မောင်ဂီလေးဆို လာထားတဲ့ ..

    • Ch@vez

      May 29, 2012 at 12:44 pm

      ဟာဗျာ မနောက်ပါနဲ့ဗျာ ..
      ကျနော် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေတာပါဗျာ .

      နိုင်ငံ့အကျိုး လူ့ဘောင်အကျိုးအတွက်
      ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာကို ပျက်ရယ်မပြုကြပါနဲ့ ကွယ်တို့ …
      😀

  • manawphyulay

    May 29, 2012 at 12:46 pm

    အင်း ဂီဂီတစ်ယောက် ချဉ်တာတော့ ရိုးရိုးချဉ်တာ မဟုတ်လောက်ဘူးထင်တယ်။ ခံစားချက်အတော်ပေါက်ကွဲပြီး ချဉ်တာဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲနော်…. သူ့ဘာသာနေတဲ့ အပျိုဂျီးတွေလည်း ထိခိုက်လား ထိခိုက်ရဲ့နဲ့…

    ဘာလို့ အပျိုကြီးတွေ ဖြစ်နေလဲဆိုတာ ပြောပြရမလား ဂီဂီ…

    မိန်းကလေးတွေ အပျိုကြီးတွေ ဖြစ်ရခြင်းသည် လောကတွင် ယောက်ျားကောင်းတွေ မရှိလို့တဲ့…
    ယောက်ျားလေးတွေ လူပျိုဂျီးဖြစ်ရခြင်းသည် လောကတွင် မိန်းကလေးတွေ ပြန်မကြိုက်လို့တဲ့ရှင်…. 😛

    • Ch@vez

      May 29, 2012 at 1:08 pm

      ကဲကဲ …
      ခင်လို့ ပုံပြင်လေး ၁ပုဒ် ပြောပြမယ် မစိတ်ဖွေးပိစိရေ …

      တခါတုန်းက ကောင်မလေး တစ်ယောက်ရှိသတဲ့ကွယ်..
      အဲ့သည့် ကောင်မလေးဟာ အရွယ်တော် တဆိတ် ဟိုင်းသွားပြီ
      ဖြစ်တဲ့ အသက် ၄ဝကျော် အာပျိုဂျီး တယောက် ကို တွေ့သတဲ့ …

      အဲ့ဘွားတော်က ပညာတွေလည်း တအားတတ် ပိုက်ဆံလည်းရှိ
      ရုပ်ကလည်း ချော၊ မိန်းမလည်း အလွန်ပီသ ပြီး ideal woman ကြီးပေါ့..

      အဲ့ဒါနဲ့ ကောင်မလေးလည်း ဘာကြောင့်များ အာပျိုဂျီး ဖြစ်ရသလဲ
      ဆိုတာ မေးကြည့်သတဲ့ ကွယ်….။

      ကောင်မလေး။ ဆြာမရယ်.. ဆြာမသည်လောက် အဖက်ဖက်က perfect
      ဖြစ်လျက်နဲ့ ဘာကြောင့် များ ဘဝကြင်ဖော် ရှာ မတွေ့ခဲ့တာလဲ ဟင်င်င်င်။

      ဆြာမ။ ပြီးပြည့်စုံတဲ့ ယောက်ျား ရှာရင်းရှာရင်း အရွယ်လွန်သွားလို့ပါကွယ်။

      ကောင်မလေး။ ဆြာမရယ် ..ဒီလောက် အကြာကြီး ရှာခဲ့တာတောင် မတွေ့ခဲ့ဘူးလားဟင်။
      ပြီးပြည့်စုံတဲ့ ယောက်ျား ဆိုတာ လောကမှာ မရှိဘူး ထင်ပါရဲ့။

      ဆြာမ။ အဲ့လိုတော့လည်း မဟုတ်ဘူးကွဲ့ ..။ ဆြာမ ဘဝ မှာ တယောက်တော့
      တယောက်တိတိ တွေ့ခဲ့ဖူးခဲ့ပါရဲ့ကွယ်။

      ကောင်မလေး။ အဲ့ဒါဖြင့် ဘာဖြစ်လို့များ လက်မတွဲဖြစ်ခဲ့တာလဲ ဆြာမရယ်။
      ဆြာမ။ အော် … သူက ပြီးပြည့်စုံတဲ့ မိန်းမ ကို လိုက်ရှာနေတာ ကိုး ကွယ့်။

      ပုံပြင်လေးက ဒါပါပဲကွယ် ။ တကယ်တော့ ပြီးပြည့်စုံတဲ့ လူဆိုတာ (အထီးအမ)
      မရှိပါဘူး။ nobody is perfect ပါ။ အဲ့ဒါကို လိုက်ရှာရင်း နဲ့ပဲ …အချိန်ကုန်ရင်း
      လူသားသမိုင်းပေးတာဝန် မကျေပြွန်ခဲ့ /မကျေပြွန် နိုင် /မကျေပြွန် နိုင်တော့
      မဖြစ်ရလေအောင် အပျိုကြီးဆြာမ တယောက် ပြောပြခဲ့တဲ့ ပုံပြင်လေးပါကွယ်…

  • PaLote Tote

    May 29, 2012 at 12:49 pm

    သူများတွေမင်္ဂလာဆောင်တာကို မနာလိုဖြစ်နေတာထင်တယ် ။သူ့ကို အပျိုလေး ၊ အပျိုလတ် ၊ အပျိုကြီးတွေ ကလက်မခံလို့ ကျန်ရစ်ဖြစ်ပြီး စိတ်နာနာနဲ့ လိုက်ချဉ်နေတာဖြစ်မယ် ဂီ….ဂီ ။

  • myanmarcitizen

    May 29, 2012 at 1:27 pm

    အချစ်ဟာ အရက်ဆိုရင် မိန်းမဆိုတာ ဘီယာ ဗျ…။ လတ်မှ သောက်လို့ကောင်းတာ..။
    အဲ့ဒါလေး မေ့နေတယ် ထင့် …။(ညှီဘီ…)

    (ဝုတ်ပါ့တယ် ဝုတ်ပါတယ်)။ ထောက်ခံပါတယ်။ အမြုတ်ကလေး များထနေ ပိုကောင်းဗျား။

  • kotun winlatt

    May 29, 2012 at 2:02 pm

    အင်းးးးးးးးးးးးးးးးး
    ဖတ်ပီးးးဘာပြောရမယ်မှန်းးတိတော့ဘူးးးးး
    ချဉ်ထှာအေ….
    ချဉ်ထှာအေ….
    ချဉ်ထှာအေ…
    ဘယ်သူ့ကိုဒုန်းးးးးး
    ဟို……
    ဟို….
    ဟို….
    အာဟိ…..

  • Thel Nu Aye

    May 29, 2012 at 3:48 pm

    Ch@vez ရဲ့ ရင်တွင်းဖြစ်မှတ်တယ်။ ကိုယ်တွေ့ခံစားချက်တွေလား။

  • kai

    May 29, 2012 at 4:08 pm

    အပျိုကြီးတွေများလာတာ.. လူပျိုကြီးတွေများကြလို့ဖြစ်ပါတယ်..
    မိန်မက..စလို့ခက်ရတဲ့အထဲ.. ဘာသာတရားအကာအကွယ်ပါယူလိုက်တော့.. မိန်းမတွေ..သဘာဝတရားလွန်ဆန်မရ.. ဒုက္ခဖြစ်ရော..။

    လူပျိုုကြီးတွေထဲ.. ဘုရားသား(ဘုန်းကြီး)တွေ.. ထည့်ထားတယ်နော..
    ကိုရင်တွေပါထည့်တွက်ရင်..ယောက်ျားဘသား.. ၁သန်း အသာလေးပဲ..

    ဆိုတော့.. :mrgreen:

    • Moe Z

      May 29, 2012 at 4:31 pm

      အဟတ် .. သဂျီးကို ခေတ်မီလှပြီမှတ်နေတာ
      မျက်ချေပြတ်ကျန်နေသေးတာကိုး ..
      မိန်းမက စရခက်တယ်လို့ ထင်နေသေးတယ်
      မနေ့ကပဲ မောင်ဝမ်းကွဲလေးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်
      သူ့ကိုစထားတဲ့ မိန်းကလေးတွေ လေးယောက်တောင်ရှိတယ်ဆိုပဲ
      အမယ် အလန်းလေးတွေနော် ပညာရေးကလည်းမနိမ့်ဘူး
      အဲဒီတော့ ရှက်တတ်တဲ့လူဗြိုဂျီးများ စောင့်လက်စနဲ့ ဆက်စောင့်ကြပေါ့နော ဘိုးဘွားရိပ်သာမရောက်ခင်ထိ 😆

      ကိုရင်တွေကတော့ ဗုဒ္ဓသာသနာအောင်ပြန့်ပွားအောင် အကျိုးများအောင်တကယ်လုပ်မယ်ဆိုရင်တော့ အားပေးပါ၏။
      မိဘကြောင့် စားဝတ်နေရေးကြောင့်ဆိုရင်တော့ လက်လှမ်းမီသလောက် လူထွက်ခိုင်းပြီး ပညာရော ကြင်ယာပါစုံဖို့ သဂျီးတာဝန်ယူလိုက်ပါလားဟင်င်င် :mrgreen:

      • ကိုရင်စည်သူ

        May 29, 2012 at 4:59 pm

        အမငီး.. မိုးဂလေးရေ… အဲ့မောင်ဝမ်းကွဲလေးကို ရွေးရခက်နေရင်လည်း
        အထီးကျန်ပြီး မိုးမိနေတဲ့ မရှက်တတ်ပဲ အချစ်ငတ်နေတဲ့ လူပြိုဂျီး ကိုရင့်ဆီ တစ်ဝက်လောက် အလန်းလေးတွေ ခွဲလွှတ်ပေးပါလားလို့…
        ကိုရင်လည်း ဗုဒ္ဓစာပေဖက်မှာ တော်တော်လေး အာနည်းနေပါပြီကွယ်…
        သဂျီးတာဝန်ယူမယ်ဆိုရင် လူထွက်ပြီး အလန်းတွေနဲ့ အနွမ်းပန်းလေး ဘဝကို အရောက်ခံတော့မလားလို့..။ 😀 😀

        • ဗိုက်ကလေး

          May 29, 2012 at 7:23 pm

          ဟေ့လူ
          ခင်ဗျားရဲ့ စတုတ္ထဇနီးလာနေတယ်
          ဒက်စတော့ ဖိုးကို အမြန်ပြောင်း.

  • Mon Kit

    May 29, 2012 at 4:17 pm

    အော်.. ဂီဂီ တစ်ယောက်.. အပျိုကြီးဋီကာ ဖွဲ့တာများ ပြောစရာ.. ထောက်ပြစရာကို မလိုအောင် ပြည့်စုံလိုက်တာအေ…
    အပျိုကြီးများကျမ်းတောင် ရေးလို့ရနေပီ.. ကြိုက်တွားပီအေ…

  • Ch@vez

    May 29, 2012 at 4:22 pm

    သဂျီး ပြန်လာဘီဗျို့ …
    မူလလက်ဟောင်း ထုံးစံအတိုင်း အနီဂိုဏ်း တုတ်နဲ့ ထိုးသွားလေရဲ့ …
    သများဟာသများ အမျိုးသားရေးအသိ နဲ့ ဆန္ဒထုတ်ဖော်နေပါတယ်ဆို …

    :mrgreen:

  • အခုလိုအပျိုကြီးတွေ များတာ ယောက်ျားများအတွက် မိန်းကလေးပိုနေသေးတဲ့သဘော။.
    ရှားများရှားရင် ကိုရီးယားကားထဲကလို့ သူများနဲ့ညားပြီးသားမိန်းမကိုလိုက်ယူနေရအုံးမယ်-

    • shwe kyi

      May 29, 2012 at 6:52 pm

      မှန်ထှာ။ ဘယာကြော်…။

  • အရီး Khin Latt

    May 29, 2012 at 8:52 pm

    မောင်ဂီ တစ်ယောက်
    အပျိုကြီး ကို သွား နူး သည်။
    ဟိုက ခေါင်းခေါက်လွှတ် လိုက်သည်။
    အပျိုလတ် ကို သွား ကျူ သည်။
    ဟိုက ခေါင်းခါပြသည်။
    အပျိုလေး ကို သွား အီသည်။
    ဟိုက နောက်တစ်ယောက် နောက်ပါသွားသည်။

    ထိုသို့ သော အကြောင်းတရား များမှ တစ်ဆင့် ဤကဲ့သို့ ရင်တွင်း ပေါက်ကွဲ သံစဉ် အကျိုးတရားများ ဖြစ်လာရပေသည်။
    စိတ်မရှိကြပါနှင့်။
    သူပြောတာတွေ ကိုလဲ နားမယောင်ကြပါနှင့်။
    လွတ်လပ်ခြင်း အရသာကို တစ်ဝကြီး ခံစားကြပါလော့။

    အခုတော့ မောင်ဂီ ၆နှစ် သမီးလေး(များ) ကို မုန့်ကျွေး၊ အရုပ်ပေး နေသည် ဟု သတင်းရသည်။

    စကား အတင်းစပ်လို့ ကျုပ်တို့ ခေတ်တုန်းက ဒေးဗစ်ကက်စီဒီ တဲ့၊ ဟင်နရီဆာနာဒါ တဲ့ အေ့။
    အဲသူတို့ ပိုစတာ တွေများ လှမှလှ။
    အခုတော့ သူတို့ လက်ရှိရုပ်ကြီးတွေ ကို ကြည့်ပြီး တရာ ရနေတယ်။ 😆

    • Ch@vez

      May 30, 2012 at 1:35 pm

      ပြောရက်ထှာ အန်ကယ်လတ် ရယ် ဟင့်

  • nigimi77

    May 29, 2012 at 10:34 pm

    မြင်တာပြောမယ်

    အပျိုကြီး = ကြိုက်ကားကြိုက်၏ ကြောက်၏

    ကြောက်ကားကြောက်၏ ကြိုက်၏

    ကြိုက်ကား ကြိုက်၏ မကြိုက်ယောင် ဟန်ဆောင်တတ်၏

    ဟန်ဆောင်သော်ကား ဟန်ဆောင်သော်တည်း ထိဖန်များလတ်သော်

    ရေက မလှုပ်လတ်သော် ကျောက်ကလှုပ်၏

    ကျောက်က လှုပ်လတ်သော ပြိုသော ကမ်းပါးသည် အချင်း = လူပြိုကြီး မည်၏

    :mrgreen:

  • marblecommet

    May 29, 2012 at 10:40 pm

    သင်းတို့ တာဝန်ကျေပြွန်မည်ဆိုပါက…..
    ကျုပ်ကလည်း အဆင်သင့်ပဲ….
    ဟင်း….ဟင်း….ဟင်း…..
    ………..
    ကိုယ့်တာဝန်ကိုယ် ပျောဒါဘာနော်..အာဟိ…..

    • မှော်ဆရာ

      May 30, 2012 at 9:20 am

      ခင်ဗျားတို့ လူပြိုကြီးတွေပဲ ဒီတာဝန်ကို ထမ်းဆောင်လို့
      နိုင် နိုင်ပါ့မလားဗျာ …
      အတွေ့အကြုံရှိသူတွေ ပူးပေါင်း ပါဝင် တိုက်စစ်ဆင်မှထင်တယ်
      ကူညီပါရစေ… ကူညီပါရစေခင်ဗျ…

  • marblecommet

    June 1, 2012 at 12:59 am

    ကဲကဲ
    လူပျိုစစ်စစ် ရေမရော
    စင်းလုံးချော မောင်ကမ်း
    ဆောင့်ကြောင့်ထိုင်ပီး
    ရှုသိုးသိုးနဲ့ ရှိုးသွားသီ……….

Leave a Reply