မန္တလေးက အမှိုက်ပုံလမ်း ခေါ် ၃၂ လမ်း (၆၀ x ၆၂ ကြား) ကို ရိုက်ထားတဲ့ ဓတ်ပုံတွေပါ။ ယခင် လမ်းမကြီးတစ်ခုလောက် မကျယ်ခင်ကလည်း အမှိုက်တွေပုံထားလို့ အမှိုက်ပုံလမ်းလို့ လူသိများခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ လမ်းကိုလည်း ချဲ့ လိုက်တယ်။ အဆောက်အဦး အသစ်၊ အိမ်ယာအသစ်တွေ ပေါ်လာတယ်။ ဒါပေမဲ့ အမှိုက်ပုံကတော့ ရှိနေတုံးပါပဲ။

စည်ပင်ကလည်း မှန်မှန်လာမသိမ်းပါဘူး။ အယင်က အမှိုက်ကန် ထားပေးတယ်။ အခု ကန်လည်း မရှိတော့ ပါဘူး။ လူတွေကလည်း စည်းကမ်းမရှိကြဘူး။ ပုံမှာမြင်ရတဲ့ အတိုင်း ထင်သလို ပစ်ကြတယ်။ လမ်း ၆၀ ကနေ ၆၂ လမ်းအထိ ကြားတဲမှာ နေရာအတော်များများက အမှိုက်ပုံဖြစ်နေတယ်။ အနံ့အသက်က မကောင်း။ မိုးရွာယင် ပိုဆိုးသေးတယ်။ စည်ပင်က အမှိုက်ကား လာသိမ်းတယ် ။ အမှိုက်ပုံ အကြီးဆုံး ဖြစ်နေတဲ့ နေရာက အမှိုက်ကို ရသလောက် (တစ်ခါတစ်ရံ ကားဆန့်သလောက်ပဲ) လာသိမ်းတယ်။ ကျန်တဲ့နေရာက အမှိုက်တွေကို သိမ်းဖို့ လုံးဝ မစဉ်းစား။ ဒါတွေက လူထုကို အနှောင့်ယှက် ဖြစ်နေပါလား ဆိုတဲ့ အတွေးအခေါ် မရှိဘူး။ ပြောရင် ပြောတဲ့နေရာပဲ လုပ်တယ်။ စည်ပင်ကလည်း ကောင်းကောင်းမလုပ်။ လူတွေကလည်း စည်းကမ်းမရှိဆိုတော့ ….။

ဒီလိုနေရာမျိုးတွေမန္တလေးမှာ အများကြိး ရှိနေပါတယ် ။ လမ်းတစ်ခုလုံး မဟုတ်တောင် အချို့  လမ်းထောင့်တွေမှာ မြင်မကောင်းအောင်ပါ။

About mgwalone

has written 39 post in this Website..