☼ဘဝ ဝမ်းစာ☼

ဝဿန်မိုးမင်း……… ညှိုးမာန်တင်းရင်း

သက်ဆင်းလူ့ပြည်……..မိုးစက်ခြွေသည်

ဤသည်မုချ……. မိုးကာလတည့်……။

ထိုထိုကာလ…..မိုးဦးကျတွင်

မိုးညရယ်မှောင်….. လရောင်သော်ပြောက်

လျှပ်စီးတောက်ထင်…… လူရိပ်မြင်

အကြင်ဖားကောက်….ထွက်ဖို့ပြင်…။

ဝါးခမောက်ဆောင်း…… မီးအုပ်ဆောင်းဖြင့်

ပလိုင်းကိုလွယ်……တုတ်ကိုသယ်စဉ်

အိမ်သူသက်ထား…..မှာလိုက်သည်

ပလိုင်းပြည့်က…ပြန်လာကြတည့်……။

အုံး..အွမ်…အုံး…အွမ်….

ညိုးညိုးညံသည်…..လယ်တောစပ်က

ဖားကလေးတွေ…..ခေါ်နေပြီ………….။

မိုးရေတွေကြား…..သုတ်သုတ်သွားစဉ်

အတွေးမျှင်တန်း… စိတ်ဝယ်ပန်းလည်း

ဝမ်းစာရှာဖို့….ထွက်ခဲ့ပြီ……။

လယ်ကန်သင်းရောက်…..ဆက်လို့လျှောက်သည်

ဖြတ်ခနဲပေါ်…တစ်ကောင်ဆော် ..(ဘုန်း..)

ဖားကသူ့ကို…ပြောင်ပြသည်….

“ဟိုက်…လွဲပီဟ”…..

တစ်ချက်လွဲသော်….နှစ်ချက်ဆော်..

ဖားမှာကားကား…သေရသည်….

ဝမ်းစာအတွက်…ရှေ့ဆက်တက်စဉ်

ကတွတ်ပေါက်က…သူ့ကိုဆော်သည်( အားးးး )

မြွှေဆိုးခဲလို့…သေရပြီ…

မိုးရယ်လင်းသော်….အိမ်သူမျှော်

မျှော်…လို့သာမျှော်….သူမပေါ်ပြီ

ဘဝတစ်ပါးပြောင်းခဲ့ပြီ………..။ ။

======================================================

ကျွန်တော်တို့  အညာဒေသ ကျေးလက်

တောရွာတွေမှာဖြစ်ပျက်နေတာလေးကို

ခံစားရေးသားလိုက်ရပါတော့သည်…။

အရင့်ရောင်

28 comments

  • Ch@vez

    May 29, 2012 at 2:55 pm

    ဖားသေတဲ့ အကြောင်းပါတဲ့ပိုစ့် ဆို ဘယ်လို ချဉ်မှန်းကို မသိဘူး ..
    ဖားလို ချစ်စရာကောင်းတဲ့ သတ္တဝါ လေးကို ကားကား သေခိုင်းရက်တယ်..
    အသည်းနှလုံးမရှိဘူးထင့် ….။

    ဂယ်ပဲ …ဒီလူဂျီးဗျာ ..ရေးဇယာရှားလို့ ..အဟင့်..
    🙁

    • အရင့်ရောင်

      May 29, 2012 at 2:57 pm

      ကျေးလက်တောဓလေ့လေးပါ ဂီ
      သူ့အသက်ကိုသတ်ချင်တော့
      ကိုယ်ပြန်ခံရတဲ့ အကြောင်းကိုရေးထားတာလေဗျာ
      သေချာလဲဖတ်ဘူးနော်
      အဟင့်……….
      ခင်တဲ့
      အရင့်ရောင်

  • Ch@vez

    May 29, 2012 at 2:59 pm

    တိဘူးဗျာ ..ဖားမသေရဘူး ..တခြား အကောင်ပလောင် ပြောင်းရေး..
    လုပ်ပါဗျ …ခွေးမှာ ကွေးကွေး သေရသည်တို့ …
    ကြွက်မှာ အသက်ထွက် သေရသည်တို့ …

    • မှော်ဆရာ

      May 29, 2012 at 3:41 pm

      ကြောင်မှာ ပြောင်ပြောင် သေရသည်ဆိုရင်ကော …

    • ginny

      May 29, 2012 at 4:15 pm

      အဲဒါတွေက ကာရန်လည်းမမိ၊ ကာလံဒေသံနဲ့လည်း မကိုက်ပါဘူးတဲ့။ ဖားကပဲ အဆင်ပြေဆုံးပါတဲ့။ XD

  • ညလေး

    May 29, 2012 at 4:01 pm

    ဦးအရင့်ရောင်ရယ်“ကိုဂီ.”ခဗျာ ခုတလောချဉ်ကျောပွင့်ချိန်မို…….
    တွေ.ကရာအကုန်ချဉ်နေတာ………
    အားပေးသွားပါ၏….

  • shwe kyi

    May 29, 2012 at 4:02 pm

    ငါ့ဝမ်းပူစာမနေသာမို့
    ငွေစကြေးစ
    ရလိုကြမို့။
    သူများနားချိန် ရှာဖွေရသည်
    သူ့များအသက် ရင်းခဲ့ရသည်
    အန္တရာယ်ကြားက သူ့ဘဝ။

  • Khaing Khaing

    May 29, 2012 at 4:13 pm

    ရင့် လက်မထောင်အားပေးသွားတယ်နော် …….. အခုရာသီနဲ့အံကိုက်ဖြစ်တဲ့ ကဗျာလေးပါ ……

  • မိုးဦးကျ ဖားအော်။
    ဖားရိုက်ဘို့ထွက်သနော်
    အိပ်နေတဲ့မြွေပွေးက
    ကျုပ်ကိုဆော်……………………
    အာလားလား နာတယ်တော်
    အိပ်မက်ထဲမို့ တော်တော့သနော်

    • အရင့်ရောင်

      May 30, 2012 at 1:45 pm

      အိပ်မက်ကယ်လို့တော်သေးတယ်နော်
      နို့မို့ရင် ဖဲရိုက်နေရမယ်………
      ဟီးးးးးး

  • ဆူး

    May 29, 2012 at 5:10 pm

    ဖားရိုက်လို့ ရတဲ့ ဖားထဲက အသက်ပြင်းတဲ့ ဖား ရရင် ပြောပါ။
    ထုံစံ အတိုင်း အရေခွံစုပ်.. ပြီးတော့ လက်ဖျား ခြေဖျားတွေ ဖြတ်တောက်ပြီး ပြားနေတဲ့ ဖား ကို တုံးတစ်ပြီး အချဉ်ရည်စိမ်ပြီး မီးမျှင်းမျှင်းနဲ့ အကြာကြီးချက်ပြီး ရွာထဲက အိမ်တွေကို လိုက်ဝေပေးမယ်။ အားလုံး စားဖို့..

    • ဆူး

      May 30, 2012 at 10:45 am

      သူများပြောသံ ကြားဖူးတယ်.. နောက်လူ မြည်းရင် ချိုပါစေတဲ့.. ချဉ်တူးနေတဲ့ ဖားကို ချက်ထားတာ မြည်းတဲ့ လူ ချိုနိုင်ပါ့မလား မသိဘူး။ တွေးရင်းနဲ့ အော်ဂလီဆန်တယ်။ 😀

  • windtalker

    May 29, 2012 at 7:59 pm

    ကဗျာလေး ဖတ်ရင်း နဲ ့ကို ဖားကင် စားချင်စိတ်တွေ အရမ်းပေါက်လာဘီနော်
    ဖားကင်ချိုချိုလေး ကို ဘီယာအမြှပ်မွမွလေး နဲ ့အတူ ဆွဲ ပစ်လိုက်ချင်ရဲ ့။

    • snow white

      July 9, 2012 at 4:49 pm

      ဦးပေဖားသားစားတယ် မစားပါနဲ့ မကြောက်ဘူးလား သူတို့ ကျောပေါ်က အကွက်လေးတွေ မကြောက်ဘူးလား…အဲ့လိုဖြစ်သွားမှာကိုကြောက်လို့ တစ်ခါမှမစားဘူး ကြောက်လို့လေ..

      • မောင်ပေ

        July 9, 2012 at 9:01 pm

        စနိုးလေး စိတ်ပူမယ်ဆိုရေ
        ကိုပေ လုံးဝ မစားတော့ဘူးကွာ ၊ လုံးဝ အဆက်ဖြတ်ပစ်လိုက်ပြီနော
        စနိုးလေး အတွက်ပါဘဲကွယ်
        ဟီဟိ

  • MaMa

    May 30, 2012 at 6:19 am

    ထူးထူးခြားခြား ဒီနှစ် ဖားအော်သံ မကြားရသလောက်ပဲ။
    ဘာဖြစ်လို့လဲ မသိဘူး။
    ရွာထဲက ဖားကတော့ ဘာအော်သလဲ မမေးနဲ့ 😉

    • ဆူး

      May 30, 2012 at 10:41 am

      ရွာထဲက အော်တဲ့ ဖား ကဗျာဆရာ က သူ့အမေ လစ်တုန်း အဝတ်လျှော်တဲ့ ဒုတ်နဲ့ လိုက်ရိုက်နေတာ.. အရိုက်မနာလို့ ထင်ပါရဲ့ တချက်တချက် ထထ ငင် နေတာ..

  • Ch@vez

    May 30, 2012 at 10:52 am

    အဲ့ရာကျောရာပေါ့

    ဖားေြ­ကာင့် မဟုတ် ဖားေြ­ကာင့်မဟုတ်
    အိုဘယ့် သင်ချာလေးရယ်

    • ဆူး

      May 30, 2012 at 11:01 am

      အနာပေါက်တဲ့ ဖား သင်ချာ တောင်းနေတာဖြစ်ရမယ်။
      တနေ့က ကောလဟာလ ကြားတယ် အင်ဇာဂီ ဖင်မှာပြည် ဆိုပြီး ပြောသံကြားလို့.. အခုတော့ ဟုတ်ပါလိမ့်မယ်။

      • ဆူး

        May 30, 2012 at 11:08 am

        မြန်မာပြည်က ရာသီဥတု ပူပြီး ဂျာပွန်ပြည်က အေးတော့.. ပူရာကနေ ရုတ်တရက် အေးတဲ့ ဆီ ရောက်လေတော့ ကိုယ်တွင်းအပူချိန်က ထိန်းမရဖြစ်ပြီး စုမိတဲ့ အပူလေး ခဲပြီး သွေးစုနာ ပေါက်တာ ဖြစ်လိမ့်မယ်။ အဟိ 😛

        • Ch@vez

          May 30, 2012 at 12:38 pm

          ရက်စက်လိုက်တာ ကိုဆူးရယ်…

          သများကို အယုံသွင်းတုန်းကတော့ ဒီကိစ္စ တူးဘော်ဒီတိုင်းဂါးပဲ ..
          သိဇေရမယ် ဆို …

          တယုတယ ဆေးထည့်ပေးတုန်းက ဘူ့မှ မပြောဘူးဆို …
          ဂုဒေါ့ ဂုဒေါ့ …

          အသည်းနာသွားဘီ…
          ဘဘဘလက် ..ဂီတာကြိုးငှားပါ…
          ကိုဗိုက်ခ် ..ဒါ့ဆီ ၁ပုလင်းလောက်…

          အာ..ဟိ
          ဒက်ဂလောက်…

        • ဆူး

          May 30, 2012 at 2:08 pm

          ကောလဟာလ သတင်းပေးတဲ့ သူကလည်း အဲလိုတော့ ပြောသား .. ဘယ်သူမှ မပြောဘူး ဆူး မှ ပြောပြတာလို့ ပြောတော့ ပြောသွားသားပဲ.. ပွင့်လင်းတဲ့ ဖားတပိုင်းငါးတပိုင်း စယ်လီပရစ်တီ ဆိုတော့ လူတိုင်း သိတယ် ထင်လို့ ဖွင့်ပြောမိတာ..

          စိတ်မဆိုးနဲ့နော်..

  • Rose Minn

    May 30, 2012 at 2:27 pm

    အော်ဝဋ်ဆို တာ နောင်ဘဝမကူးပါလားနော်။ သံဝေဂ ရသွားပါကြောင်း။ ဝမ်းစာရေမို့ ဘယ်တက်နိုင်မလဲ။

    • အရင့်ရောင်

      May 30, 2012 at 3:37 pm

      Rose Minn@
      အခုခေတ်က
      ဝဋ်ဆိုတာ ချက်ချင်း
      လည်နေတာပါဗျာ
      ဝမ်းရေး……ဝမ်းရေးးးးးးးးးး
      မလွယ်ပါလားနော်…….

  • kotun winlatt

    May 30, 2012 at 3:05 pm

    ဝမ်းးးရေးးးးထက်….
    လွမ်းးရေးးးးးမခက်နိုင်ပါ….

    • အရင့်ရောင်

      May 31, 2012 at 10:58 am

      ဝမ်းရေးထက်
      လွမ်းရေးခက်လှပါဘိတကား………..
      ဟီးးးးးးးး

Leave a Reply