မလေးရှားနို်င်ငံသို့ ခိုးဝင်နည်းလမ်းများ အင်တာဗျူး ၉

manawphyulayMay 29, 20121min1115

အင်တာဗျူးလေးလည်း မအားတာနဲ့ မမေးဖြစ်ဘူး။ ခုမှ ဆက်မေးဖြစ်တော့တယ်။
ခု မလေးကို အောက်လမ်းက သွားကြတယ်ပြောတယ်။ ဘယ်လိုလုပ်ပြီး သွားကြတာလဲဆိုတာလည်း သိရင် တစ်ဆိတ်လောက် ပြောပြပေးပါလား။

ကျွန်တော် ပြောခဲ့သလိုပေါ့ ထိုင်းမှာ အနေကြာလာတော့ စရိတ်ကလည်းပြတ်လာ သွားစရာနိုင်ငံ ၊အလုပ်တွေ မရှိတော့ မိမိ ကျွမ်းကျင်နေထိုင်ခဲ့ဘူးသော မလေးရှားသည်သာလျှင်နောက်ဆုံးခြေလှမ်းမို့ နယ်စပ်ကိုဆင်းလာခဲ့ပါတယ်ခင်ဗျာ။ထိုင်းနယ်စပ်ရောက်တော့ စုံစမ်းချက်အရ မိမိတို့အရင်ကအတိုင်း တရားဝင် ဝင်လို့ မရတော့တဲ့အတွက် ခိုးဝင်လမ်းတွေ ပေါ်လာပြီပေါ့ဗျာ။ ခိုးဝင်နည်းလမ်းများကတော့ လှေနဲ့ ခိုးဝင်နည်း၊ရထားဖြင့်ခိုးဝင်နည်း။နယ်စပ်တောလမ်းမှ ခိုးဝင်နည်း၊ ကားဘောနက်အဖုံးအတွင်းလိုက်ပါနည်း၊ကွန်တိန်နာ အတွင်းလိုက်ပါနည်း စသည်ဖြင့် နည်းမျိုးစုံပေါ်လာပြီပေါ့နော်။နယ်စပ် ရထား၊ကားဂိတ်တွေမှာ လူပို့အေးဂျင့်တွေကလည်း တန်းစီပြီး လူရှာကြတာပေါ့ဗျာ။
ကျွန်တော်လည်း ဟတ်ချိုင်း က ဝင်နည်းကို သိပ်မကြိုက်တာကြောင့် စွန်ဂိုင်းဂလုတ် ဆိုတဲ့ နောက်နယ်စပ်တစ်ခုဆီသို့ ဦးတည်ရထားစီးလာခဲ့ပါတယ်ခင်ဗျာ။ဘန်ကောက်က သူငယ်ချင်းပေးလိုက်တဲ့ လိပ်စာအရ စုံစမ်းလိုက်တော့ အေးဂျင့်က ကျွန်တော်နဲ့ သိကျွမ်းခဲ့ဘူးတဲ့(ယ္ခင်က မလေးရှားမှာ သိခဲ့သူမို့)အဆင်ပြေတယ်ပေါ့ဗျာ။ ပိုက်ဆံ မရှိတော့ပေမဲ့ မှတ်ထားပေါ့နော်။ကွာလာလမ်ပူ၊မလေးရှားရောက်ရင် အားလုံးပြန်ပေးဘို့ ကတိကြောင့် သူတည်းခိုရာ ဟိုတယ်မှာ သူတို့ တည်းတဲ့ အခန်း(အဲယားကွန်းပါ)၊အေးဂျင့်က သူငယ်ချင်းဖြစ်နေလို့နော်၊အထင်မကြီးနဲ့ပေါ့၊ မှာနေထိုင်ဘို့ ဖြစ်လာခဲ့ပါတယ်ခင်ဗျာ။ ဟိုတယ်တစ်ခုလုံး အခန်းတွေမှာလည်း မလေးရှားကို ခိုးဝင်မဲ့သူတွေပြည့်လို့နေပါတယ်ခင်ဗျာ။
သူငယ်ချင်းက အေးဂျင့်ဖြစ်နေပေမဲ့ လွယ်လွယ်ငွေရနေတော့ မူးယစ်ဆေးလို့ခေါ်တဲ့၊ချောင်းဆိုးပျောက်ဆေး(ကွန်မာဒံဆင်)(လမ်းသရဲစကားပြောရရင် ကွန်ပစ်တယ်ပေါ့ဗျာ)၊စွဲနေသူမို့ ရသမျှ မလောက်ငှဘူးပေါ့နော်။လုပ်ရဲ ကိုင်ရဲအောင် ရဲဆေးတင်ရင်းက စွဲသွားပုံရပါတယ်ခင်ဗျာ။နောက်ပိုင်း ကွန်ကို ငါးဆိုပြီး အခေါ်အဝေါ်ပြောင်းသွားပါတယ်ခင်ဗျာ။ မလေးရှားရဲကအစ ငါးဆိုရင် သိနေကြပါပြီခင်ဗျာ။ဒီနေရာမှာ ငါးအကြောင်းလေးနည်းနည်းလောက်ပြောပြမယ်နော်။ကျွန်တော်က အစွဲအလန်းမရှိတဲ့သူမို့( မူးယစ်ဆေးဝါးကိုပြောတာနော်)မစွဲဘူးပေါ့ဗျာ။ စမ်းသောက်ဘူးပါတယ် သိအောင်လို့နော်။စိတ်မခိုင်သူတွေ မစမ်းသပ်မိပါစေနဲ့နော်။ အဓိက က စိတ်နဲ့ ဆိုင်လို့ပါနော်။ချောင်းဆိုးပျောက်ဆေးဆိုတာ မူးယစ်ပြီး အိပ်စေချင်တဲ့ သတိ္တရှိတယ်လေ။ဒါမှ ချောင်းဆိုးပျောက်တာကိုးဗျ။ဒါပေမဲ့ ဆေးသမားတွေက မအိပ်မှ သူ့ရဲ့ နတ်စည်းစိမ်ရသတဲ့ဗျာ။ဆေးလိပ်လေးဖွာ တစ်ခုခုကိုမှီနေရင် ဖီလင်တဲ့။ကျွန်တော်က စမ်းသောက်ကြည့်ပြီး ဆေးလိပ်မသောက်တတ်တော့ သောက်ပြီး မခံနိုင်လို့ အိပ်လိုက်တယ်လေ။ အိပ်ရာက နံနက် ၂နာရီလောက်လန့်နိုးတော့ လမ်းလျှောက်ကြည့်တာ ပေါ့ပါးနေပြီး အောက်ကို မထိတော့သလို လူက ပေါ့ပါးနေတာကိုးဗျ။ဘာများသူတို့ ဖီလင်ယူသလဲ မသိတော့ပါဘူးဗျာ။နောက်ပိုင်း ကျွန်တော်လည်း မသောက်တော့ပါဘူး ဘာမှ ကောင်းတာ မရှိဘူးလေ။ထိုင်းမှာက ပုလင်းကြီးတွေနဲ့ လိုသလောက် အပြင်မှာ ပေါပေါလောလောဝယ်လို့ရနေတော့ စိတ်မခိုင်သူတွေ စွဲတာ မဆန်းတော့ပါဘူးဗျာ။ရတဲ့ စားရိတ်တွေကို အေးဂျင့်ဖြစ်သူက ငါးသောက်လို့ ကောင်းနေတာကြောင့် မလေးရှားခိုးဝင်မဲ့သူတွေ ဟိုနေ့ဝင်ရမလို၊ဒီနေ့ဝင်ရမလိုနဲ့ ဒုက္ခကို နှစ်လလောက်ခံနေရတာပေါ့ဗျာ။နောက်ဆုံး ဟိုတယ်က မောင်းချလို့ နယ်စပ်က အိမ်ကြီးတစ်အိမ်ကို အားလုံးရောက်သွားပါတော့တယ်ခင်ဗျာ။ ပတ်စ်ပို့ စာအုပ်တွေ၊အဝတ်အစားထုတ်တွေကတော့ ဟိုတယ်က သိမ်းယူထားလိုက်ပါတယ်။ဟိုတယ်ပိုင်ရှင် ထိုင်းနိုင်ငံသူက မြန်မာနိုင်ငံသားရှေ့နေတစ်ယောက်ကို ယူထားပြီးကျွန်တော်တို့ကို စီမံခန့်ခွဲခိုင်းပြီး ဟိုတယ်ခ မပေးနိုင်လို့ စာအုပ်တွေကို ပညာပြ သိမ်းယူသွားတာပေါ့နော်။
ဒါနဲ့ပဲ နယ်စပ်က အိမ်ကြီးမှာ တည်းခိုပြီး အေးဂျင့်က လာပို့တဲ့ ဈေးသိ်မ်းချိန်ကျန်နေတဲ့ ကြက်သဲကြက်မြစ် အပုတ်တွေကို သေချာ ရေဆေးပြီး ချက်စားရတဲ့ အထိပေါ့ဗျာ။ထမင်းသုံးရက်ငတ်လို့ ခေါက်ဆွဲခြောက်တစ်ထုပ်ကို သူငယ်ချင်းသုံးယောက် ပေါင်းသောက်ရတဲ့ အထိပါ။(ကိုကရင်ကြီး-တောင်ငူ၊ကိုလတ်-တောင်ဥက္ကလာတို့ရေ အရမ်းသတိရတယ်ဗျာ။)နောက်တစ်ခါ ကံဆိုးပုံများ အိမ်ကို ထိုင်းရဲတွေဝင်ဖမ်းပါလေရောလား။ထိုင်းရဲတွေများ ဘုရားပုံလည်ပင်းမှာဆွဲထားလို့ အဝတ်ကြိုးတန်းအောက်တောင် မဝင်ပဲ ဖြုတ်ခိုင်းပြီးမှ ဝင်ဖမ်းတယ်လေ။ကျွန်တော်က စွတ်ကျယ်နဲ့ဘောင်းဘီဝတ်ပြီးထွက်ပြေးပေမဲ့ မလွတ်ပါဘူးဗျာ။ထိုင်းရဲတွေက နောက်ကနေ ဆိုင်ကယ်နဲ့လိုက်ဖမ်းလို့အိမ်နဲ့ မလှမ်းမကမ်းမှာ အဖမ်းခံရပါလေရောလား။နောက်တစ်ယောက်ပါ ဖမ်းလာတဲ့ အတွက် နှစ်ယောက်ပေါင်း လက်ထိပ်လေးတွဲခတ်လို့ အိမ်ဘက်ကို်ပြန်ပါလာပါတော့တယ်ခင်ဗျာ။ ပထမဦးဆုံး ဘဝမှာ လက်ထိပ် ခတ်ခံရခြင်းပါ။အိမ်ရောက်တော့ လက်ထိပ်တွေ မလောက်ငှလို့ ကျန်သူတွေကို ကြိုးနဲ့ ချည်ပြီး ကားပေါ်တင်လို့ ထိုင်းရဲစခန်းကိုခေါ်ဆောင်ခြင်းခံခဲ့ ရပါတော့တယ်ခင်ဗျာ။ကိုလတ်-တောင်ဥက္ကလာကတော့ ဟိုတယ်ကိုပြန်ပြေးလို့ အဖမ်းခံရပြီး တစ်ခြား အချုပ်မှ တဆင့်မြန်မာနယ်စပ်ရောက်ပြီး ပြန်တက်လာလို့ မလေးရှားမှာ ပြန်ဆုံခဲ့လု့ိ သူ့အကြောင်းသိခဲ့ရတာပါ။ကျွန်တော်တို့မှာ ပတ်စ်ပို့က မပါလာတော့ သွားပြီပေါ့နော်။မြန်မာပြည်နယ်စပ်ပဲအပို့ခံရတော့မလား မသိတော့ပါဘူးဗျာ။ထိုင်းရဲစခန်းရောက်တော့ ယဉ်ကျေးစွာပဲ နုှတ်ဆက်ပါတော့တယ်။စာရင်းစာအုပ်မှာ နာမည်တွေရေးရင်း လူရေတွက်ပုံက စာရင်းစာအုပ်နဲ့ နိမ်၊စောင်၊စန်၊ဆီ ။တစ်၊နှစ်၊သုံး၊လေး ဆိုပြီး စတင် ခေါင်းတွေကို ရိုက်ပါတော့တယ်။နားကျပ်တွေ့လို့ ဘယ်သူက ဆရာဝန်လည်းမေးပါတော့တယ်။ အဲဒီအချိန်က ဆရာဝန်တွေလည်း အောက်လမ်းကနေ မလေးရှားကို အလုပ်ရဘို့ ဝင်တဲ့ခေတ်ကိုးနော်။ခဏနေတော့ သူငယ်ချင်းအေးဂျင့်က ရောက်လာပြီး ထိုင်းနိုင်ငံသား လင်မယားနဲ့ အတူ လာထုတ်ပါတော့တယ်ခင်ဗျာ။ ကျွန်တော့်ပတ်စ်ပို့က သက်တမ်းဗီဇာ ကုန်နေတာမို့ သက်တမ်းရှိတဲ့ ပတ်စ်ပို့ မြန်မာစာအုပ်မှာ ကျွန်တော့်ဓါတ်ပုံခွာကပ်ပြီး ယူလာခဲ့လို့ ကျွန်တော်လည်းကံကောင်းထောက်မစွာ လွတ်လာခဲ့ပါတယ်ခင်ဗျာ။နောက်ဆုံးတော့ မလေးရှားကို ဝင်ကြဘို့ ဆုံးဖြတ်ကြပါတော့တယ်ခင်ဗျာ။ကျွန်တော်ကတော့ ထိုင်းနိုင်ငံသားပတ်စ်ပို့ကို ကိုင်ပြီး ထိုင်းနိုင်ငံသားအဖြစ် ခိုးဝင်ဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်ရယ် ၊ကိုကရင်ရယ်၊အေးဂျင့်ညီဝမ်းကွဲရယ် အတူတူ ထိုင်းနိုင်ငံသားယောင်ဆောင်ဘို့ ဆုံးဖြတ်ခဲ့ပါတော့တယ်ခင်ဗျာ။ထိုင်းနယ်စပ်မှ တဆင့် ည ရနာရီခန့်မှာ လှေငယ်နဲ့ ချောင်းကိုဖြတ်ပြီး။ငမိုးရိပ်ချောင်းသာသာလောက်သာရှိပါတယ်ခင်ဗျာ။မလေးရှားနယ်စပ်ကိုဝင်ခဲ့ကြပါတယ်။ မလေးရှားမြို့လယ်သွားမဲ့ ဘတ်စ်ကားလက်မှတ်က ည၈နာရီမို့ စတင်လုှပ်ရှားရပြီပေါ့နော်။တိတ်တိတ်ကလေး ကားဝင်ဆီသို့ လူစုခွဲပြီး လာခဲ့ကြပါတယ်ခင်ဗျာ။ ထိုင်းစကားအနည်းငယ်တတ်ထားတော့ အဆင်ပြေတာပေါ့နော်။မလေးလိုကလည်း ပြောနိုင်နေပြီမို့ ဒီနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းပါဗျာ။ ကားပေါ်ရောက်တော့မှ သုံးယောက်သားပြန်ဆုံကြပါတယ်ခင်ဗျာ။ ကားစထွက်တော့မှာမို့ တတ်နိုင်သမျှ စကားမဟကြပဲ မျက်နှာရိပ်မျက်နှာကဲပြကာ အချက်ပြပြီး စတင်ပါပြီ မလေးရှားခိုးဝင်နည်းလေးပါ။ ဆက်ပါအုန်းမယ်။

5 comments

  • ဗိုက်ကလေး

    May 29, 2012 at 5:52 pm

    ဂျီးဒေါ်
    ခေါင်းစဉ်လေးတော့ နဲနဲ လူမြင်ကောင်းအောင် ပြောင်းထားသင့်သလားလို ့ ပါဗျာ..
    “မလေးရှားနို်င်ငံသို့ ခိုးဝင်နည်းလမ်းများ အင်တာဗျူး ၉ ”
    မသိရင် သူခိုးလမ်းပြ လုပ်နေကြတဲ့ရွာဂျီးဆိုဘီး အတင်းတုပ်နေဂျဦးမယ်
    ဟီး.ဟီး..

  • ဗိုက်ကလေး

    May 29, 2012 at 6:29 pm

    ဒါနဲ ့
    ဆက်ပါဦး ဂျီးဒေါ်ရေ
    ဘာကြောင့် အနှိမ်ခံပြီး သွားလုပ်နေကြလဲ မစဉ်းစားတတ်ပါဘူးဗျား….
    ခိုးမဝင်ပဲ ပေါ်တင် ဝင်ကြပါ…
    ခိုးဝင်လေ အနှိမ်ခံရလေပဲ နေမှာ

    • မဟာရာဇာ အံစာတုံး

      May 29, 2012 at 8:07 pm

      ဗိုက်ကလေးရဲ့ …
      အဲဒါ စိတ်ကူးယဉ် အိပ်မက်ကြောင့်ဟဲ့ ..
      မသိရင်မှတ်ထား ..

  • ကျနော်တို ့ရခိုင်ပြည်နယ် တောင်ကုတ်မြို ့ကနေ မလေးရှား၊စင်္ကာပူထိ စက်လှေခရီးပေါက်ပါတယ်။
    အသွားမှာ သစ်မျိုးစုံ၊တခြားသစ်တောဆက်စပ်ပစ္စည်းမျိုးစုံ(တရားမဝင်)အကုန်သယ်သွားပါတယ်။
    မလေးသွားအလုပ်လုပ်ချင်သူများပါ တပါတည်းခေါ်သွားပါတယ်။အဆင်ပြေနေတဲ့လူတွေရှိသလို၊
    ပြန်ရောက်လာသူတွေလဲရှိပါတယ်။

  • snow white

    July 5, 2012 at 5:07 pm

    မီးမီးကြောက်ကြောက် မသွားရဲပါဘူး အလည်သဘောမျိုးတော့နိုင်ငံတကာလည်ချင်သား….

Leave a Reply