ဟိုကောင်မလေး သေသွားပြီတဲ့ ဦးလေးဗိုက်ရေ…. :(

DavitMay 29, 20121min59548

ကူးယူဖေါ်ပြတာပါ………..

ရှို့တဲ့ကောင်တော့ မလွယ်တော့ဘူး…..

*****************************************

မေလ(၂၇)ရက်နေ့က ဓါတ်ဆီလောင်းပြီး မီးရှို့ခံရသူအမျိုးသမီးသည် ယနေ့(၂၉)ရက်နေ့ မွန်းလွဲ (၃) နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
****************************************
ပွိုင့်မပေးပါနှင့်သဂျီးခင်ဗျား……………

48 comments

  • Crystalline

    May 29, 2012 at 5:23 pm

    သူလုပ်ခဲ့တဲ့အရာတွေအတွက်မသေခင်မှာနောင်တရပြီး …သံသရာအဆက်ဆက်အဲဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးပါစေ….သေသွားသူအတွက်ကတော့သနားခံ၊ ကဲ့ရဲ့ခံရလည်း ခုနှစ်ရက်ထက်မပိုပါဘူး။ တဒင်္ဂဒေါသကြောင့် အမှားကိုကျူးလွန်ခဲ့တဲ့ကောင်လေးနဲ့သူ့ရဲ့မိဘဆွေမျိုးတွေကတော့ ဘယ်နှစ်ရက်လောက်ဆက်ပြီးနောင်တရ၊ စိတ်ဆင်းရဲနေရမလဲမသိဘူးနော်။

  • ဆူး

    May 29, 2012 at 5:25 pm

    သေသွားပြီဆိုတော့ တမျိုးပေါ့.. မနေ့က စဉ်းစားမိသေးတယ် မီးလောင်တဲ့ ဒဏ်ကြောင့် မသေခဲ့လျှင် လူတော တိုးပါ့မလား ဘဝတော့ သွားပြီလို့ တွေးနေတာ.. ကောင်းရာ ဘဝ ရောက်ပါစေလို့ပဲ ဆုတောင်းပေးတော့မယ်။
    မီးရှို့တဲ့ လူကတော့ ရာဇဝတ်မှု နဲ့ ထောင်နှစ်ရှည်ကျမလား.. သို့တည်းမဟုတ် ကောင်လေး မိသားစု အသိုင်းအဝိုင်းကောင်းတော့ ကောင်မလေးသေသွားပြီ ဆိုတော့ သိပ်ကြာကြာ မကျအောင် အကြံအဖန်တွေ လာလေမလား ဆက်ပြီး တွေးကြည့်မိပါတယ်။

    • Ch@vez

      May 29, 2012 at 5:36 pm

      အေးဗျာ ..ဟုတ်ပါတယ်…
      ကျုပ်လည်း ဟိုအူးလေးဂျီး ဂီတာကြိုးရီးနဲ့ လူသတ်တုန်းကလည်း
      မသေမှာ အတော် စိတ်ပူလိုက်ရတာဗျာ…
      သေဘီ ဆိုတော့လည်း ….အဲ …
      ကောင်းရာမွန်ရာ ရောက်ပါဇေ လေ …

      အာဟိ ဒက်ဂလောက်

      • ဆူး

        May 29, 2012 at 5:46 pm

        မိုးဦးကျ မထိ တထိ နဲ့ အခါခါရိုက်လို့ ပြားတဲ့ ဖား က သချာင်္လေး သချင်္ာလေး နဲ့ တအီးအီး နဲ့ အော် နေတာ အကြောလေး တဆန့်ဆန့်နဲ့.. အနာပိုးဝင်မှာ စိုးလို့ သချင်္ာ ထည့်ခိုင်းတာနဲ့ တူတယ်။ 😀

        သံဘရပ်နဲ့ အရက်ပျံ ကိုင်ပြီး ဆေးကုပေးလိမ့်မယ်။
        ကောင်းရာ မွန်ရာ ဟင်းအိုးထဲ ကျပါစေ။ (အချက်မကောင်းရင် စားသုံးသူ ပရိတ်သတ် မရှိမှာ စိုးလို့)

  • ဗိုက်ကလေး

    May 29, 2012 at 5:37 pm

    ဘုရား..ဘုရား.
    စိတ်မကောင်းစရာပဲဗျာ..
    80% ကျော် မီးလောင်ခံရမှတော့ သေသော်မှသည် အို..ကောင်း၏ လို ့ပဲ ဖြည့်တွေးရတော့မှာပေါ့ဗျာ..
    ဘာပြောလို ့ပြောရမှန်းတောင် မသိပါဘူး…
    ဆရာဝန်လောင်းလျာဆုံးရှုံးသွားတဲ့အတွက် စိတ်မကောင်း…ကျန်ရစ်သူတွေအတွက်လဲ စိတ်မကောင်း..ပြုသူ၊ ခံရသူတွေအကုန်လုံးအတွက် စိတ်မကောင်းပါဘူးလို ့ပဲပြောပါရစေဗျား..
    တစ်ကယ်စိတ်မကောင်း…တစ်ကယ်ကြီးကိုစိတ်ထဲမကောင်းလှပါ ကိုဗျစ်ဗျစ်ရေ…..

    • ဗိုက်ကလေး

      May 29, 2012 at 5:43 pm

      ကောင်းရာ သုဂတိ လားပါစေဗျား…

    • ဆူး

      May 29, 2012 at 5:48 pm

      အမလေး ၈၀% ဆိုပါလား..
      တော်တော် ဆိုးတာပဲ..
      ဆီအိုးထဲက ဆီပူလေး တစက်လောက် စင် သွားရင်တောင် ပူလို့.. တစ်ကိုယ်လုံး နာကျင်နေမှာပဲနော်။ သနားပါတယ်။

  • ကိုရင်စည်သူ

    May 29, 2012 at 5:40 pm

    အဲ့ဒါ ဝဋ်.. ဝဋ်လို့ ခေါ်တယ်ဗျ…
    ဟိုဘဝက သူများ အသက်ကို မီးကင်ပြီး အမြည်းလုပ် သတ်စားတာ
    သူများ သားပျိုသမီးပျို၊ သူတပါး သားမယားကို ဖျက်ဆီးတာတွေကြောင့်
    အရွယ်ကောင်းမှ အကြွေစောသွားတာ….
    စိတ်မကောင်းပါဘူးဗျာ… အပါယ်လေးပါးမှ ကျွတ်တရားကို မတွေ့ခင်
    ဆုံးပါသွားတဲ့အတွက် အဖြစ်ဆိုးမျိုးမကြုံတွေ့ရအောင် ညကျ ဘုရားရှိခိုးရင်
    မေတ္တာပို့ပေးလိုက်ပါ့မယ်..
    ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊ ကိလေသာ
    ကာမဂုဏ်အာရုံရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း
    အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ တရားငါးပါးကို မသိ မလိုက်နာရှာတော့ ဒီလိုခံစားရတယ်လို့
    မြင်မိပါဗျာ… 🙁 🙁

    • ကြောင်ကြီး

      May 30, 2012 at 8:09 am

      ဂလိုဆို နွားကင်စားဒဲ့သူဒွေဃော…..။ 🙄

  • shwe kyi

    May 29, 2012 at 6:34 pm

    သနားပါတယ်နော်။ ၈၀% လောင်သွားတယ်ဆိုတော့ကာ အင်း မနေ့က မဆူးပြောသလိုပဲလူတောတိုးပါတော့မလားပေါ့စိတ်ပူမိတယ်။
    သူ့ခမျာတော်တော်ခံစားရမှာ မီးပူလောင်တုန်းက နာလိုက်တာပြောမနေနဲ့။
    သူ့မိဘတွေရင်ကျိုးရပြီပေါ့။ ငါ့သမီးလေး ဆရာဝန်မလေး အရွယ်ကောင်းလေးဆိုပြီးတော့လေ။
    အခုလိုအဖြစ်ဆိုးမျိုးနောက်ဘဝတွေမှာမကြုံပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
    ကောင်လေးမိဘတွေလည်းအခုအချိန်ဆို ခေါင်းမီးတောက်နေရှာမှာ
    သားသမီး မကောင်းမိဘခေါင်းပဲ။

  • windtalker

    May 29, 2012 at 6:40 pm

    ဟိုနေ ့တုန်းက မိတ်ဆွေတစ်ယောက်နဲ ့စကားပြောဖြစ်တော့ ၊ ရည်ရွယ်ချက်ရှိရှိနဲ ့သတ်တဲ့ လူသတ်မှု ဟာ ထောင်ဒဏ်၅ နှစ် ၊ ရည်ရွယ်ချက် မပါဘဲ သတ်တဲ့ လူသတ်မှုဟာ ထောင်ဒဏ် ၃ နှစ် တဲ့ ။

    • nothing special

      May 30, 2012 at 2:05 pm

      ရည်ရွယ်ချက်ရှိရှိနဲ ့သတ်တဲ့ လူသတ်မှု ဟာ ထောင်ဒဏ်၅ နှစ် လောက်ပဲလား
      သေဒဏ်မဟုတ်ဘူးလား ..

  • Ch@vez

    May 29, 2012 at 6:57 pm

    ကိုဗိုက်ရာ …
    အဲ့နေ့က မသွားပါနဲ့ အတန်တန် တားထားခဲ့ရက်နဲ့ဗျာ …
    😀

    ဂုဒေါ့ ဂုဒေါ့..

    • Mလုလင်

      May 29, 2012 at 11:23 pm

      ခုတော့ … အကုန်လုံး စိတ်မကောင်းစရာ တွေဖြစ်ကုန်ပြီဗျာ ….

      • ဆူး

        May 30, 2012 at 10:38 am

        အရင်ဆင်းပြေးသွားလို့ လွတ်သွားတယ် ဆိုလား

        • ဗိုက်ကလေး

          May 30, 2012 at 11:22 am

          မလုပ်ပါနဲ ့ဗျာ
          သူ ့ချစ်ချစ်က ဂယ်ထင်ပြီး
          ကျနော့်ကိုပါ လာပြီး မီးနဲ ့ရှို ့နေပါဦးမယ်..

        • ဆူး

          May 30, 2012 at 11:27 am

          အယ်.. ဓါတ်ဆီပုလင်း သွားပေးတယ်လို့ မပြောမိပါဘူး။ စိတ်မကောင်းမဖြစ်နဲ့နော်။ တကယ်မဟုတ်မှန်း သိပါတယ်။

        • မှော်ဆရာ

          May 30, 2012 at 12:39 pm

          ဘာအခုမှ မဟုတ်ပါဘူးလဲ
          လက်ထဲမှာ သက်သေခံ ဓါတ်ဆီပုလင်းလေး လှုတ်တုတ်လှုတ်တုတ် နဲ့ …

        • ဆူး

          May 30, 2012 at 5:05 pm

          ဦးဗိုက် လက်ထဲက ဆီပုလင်းက မကုန်သေးဘူး နဲ့ တူတယ်။
          နောက်ထပ် တယောက် မီးလောင်ပြန်ပြီတဲ့။

  • ကြားရတော့လဲ စိတ်မကောင်းဖြစ်မိတယ်။ခုလို ရုပ်ပျက်အောင်လောင်
    သွားတယ် ဆိုပြီးမှ သေသွားပြီကြားရ တော့. အော်သူ ့ခမျာ ဝေဒနာ
    ကြာကြာမခံစားရတာ ကောင်းပါတယ်လို ့အကောင်းဖက်ကတွေ းမိပါ
    တယ်။

  • nigimi77

    May 29, 2012 at 10:13 pm

    ကိုရင်စည်

    ကျွန်တော့် အမြင်တော့ ဒါဟာ ဝဋ် လို ့ မမြင် ပါဗျာ

    လူမှု ့ရေးရာ အရကြည့်ရင်တောင် သူက အခုလို ဖြစ်သွားတဲ့ အနေအထားမှာ

    နောက်ထပ် အဆတိုးပြီး ဝဋ် လို ့ ဆိုလိုက်ရင် သေဆုံးသွားသူကတော့ ဘာမှ မသိနိုင်တော့ပေမဲ့

    ဒီလို ဝဋ် ဆိုတဲ့ ရှေ ့ဘဝ လက်ရှိ ဘဝ သဟဇာတ မမျှတဲ့ ချည်ကြိုးကြီးဟာ ဝန်ထုပ်ဝန်ပိုး သိပ်ကြီးလွန်းပါတယ်

    မြို ့ပြ ဘဝမှာ …..အထူးသဖြင့် လှည်းတန်းလို အဆောင်နေ အခန်းငှား ဘဝမှာ ဒီလို ကိစ္စတွေက Digit ဂဏန်းတွေလိုပဲ

    1010101010 ပါ ။ ကျွန်တော် အိမ်မှာ မနေပဲ လှည်းတန်းမှာ ရှိတဲ့ အဆောင်ပေါင်းများစွာကို လှည့်ပါတ်နေခဲ့ဖူးပါတယ်

    ဆရာထက် တပည့် လက်ဇောင်းထက်ဆိုသလိုပဲ နယ်ခံတွေထက် နယ်မခံတွေက ပိုပြီး မွှေကြတယ်

    ရောမရောက်တော့ ရောမလို ကျင့်ကျတာပေါ့

    သို ့သော်လည်း ရောမသား ရောမသူ စိတ်ဓါတ်ကို မမွေးနိုင်တဲ့ အခါကျတော့ အခုလို ကိစ္စတွေ ဖြစ်ကရော

    လှည်းတန်းရောက်လို ့ ဒီလိုဖြစ်သလားဆိုတော့ ဖြေစရာ အဖြေက ဒီလို ဖြစ်ဖို ့ လှည်းတန်းကို လာတယ်ပဲ ပြောပါရစေ

    သကောင့်သား သူ ့အဝှာက သူများအဝှာနဲ ့ ဟိုဒင်း အဝှာပြုတာကို မြင်ခဲ့လိုက်ရတာကြောင့် မွှန်သွားတယ် ဆိုရင်ပေါ့လေ

    သေချာပေါက်ကို ကျွန်တော်လည်း သူများရဲ ့ အဝှာကို ဟိုဒင်း အဝှာပြုဖူးတော့ နားလည်သဘောပေါက်ပါတယ်

    အဓိက ပြသာနာက အဝှာမက သူ ့ရဲ ့ ဟိုဒင်း အရသာဖြည့်တင်းရေး အတွက်ကို နောက်ထပ် အဝှာနဲ ့ ဟိုဒင်းပြုတာကို

    ကပ်စေးနည်း (ဟိုတယ်လ် ဖိုး ချွေတာ) ပြီးတော့ ပထမ အဝှာရဲ ့ တော်သလင်း မွေ ့ရာမှာ အဝှာပြုတာတော့ နည်းလမ်း

    မကျပေဘူး ။ ဒါပေသိ အဲသည်လို ခိုးစားရတာလည်း အရသာကိ ထိထိထိထိထိထိထိထိထိမိမိမိမိမိမိမိမိမိမိမိမိ

    ဟုတ်သလိုလိုနဲ ့ အဖျားက နည်းနည်း တုတ်သွားပြီ ……… လစ်ပြီ

    တကလဲတော်……တကလဲတော်…….. :mrgreen:

    • windtalker

      May 30, 2012 at 1:33 pm

      ဟယ် သူများတို ့လဲ အဲ့ဒီ ဟိုဝှါနဲ ့ဟိုဝှါ ဟိုလို ဒီလို ပြုကြတာ ကို မြင်ချင် စမ်းပါဘိ

  • MaMa

    May 30, 2012 at 6:15 am

    နှစ်ဖက်စလုံးက မိဘမောင်နှမတွေအတွက်ကတော့ လူတောထဲမှာ မျက်နှာမပြရဲလောက်စရာပါပဲ။

  • eipu

    May 30, 2012 at 8:52 am

    နောင်ဘဝမှာ လူပြန်ဖြစ်ရင် အခုလိုအဖြစ်ဆိုးနဲ့ ကင်းပါစေ။

  • Khin Kha

    May 30, 2012 at 9:50 am

    လူတိုင်းကွယ်လွန်တဲ့အခါ ကောင်းဖို့၊ စိတ်ဖြောင့်ဖြောင့် ညင်သာစွာ နိဂုံးချုပ်ချင်ကြမှာပါ။
    အခုလိုမျိုး တိမ်းပါသွားရတာ အတွက်တော့စိတ်မကောင်းဘူး၊
    လုပ်လိုက်တဲ့သူလည်း အတော်ရက်စက်တာဘဲ ထိထိရောက်ရောက် အပြစ်ပေးသင့်တယ်။

  • Gipsy

    May 30, 2012 at 9:55 am

    သေတဲ့သူလဲ သေပြီးပါပြီ….
    ကောင်းရာမွန်ရာ ဘဝကိုရောက်ရှိနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်ဗျာ….။

  • etone

    May 30, 2012 at 10:15 am

    အဲ .. ဘယ်လိုပြောရမှန်းတောင်မသိပါဘူး ။ 🙁
    ရုပ်ပျက်ဆင်းပျက်နဲ့ လူတောမတိုးနိုင်တဲ့ ဘဝ ၊ လှူမှူရေးဖောက်ပြန်သူလို့ … ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှုဒဏ်ကို ခံရတဲ့ ဘဝနဲ့ စိတ်ဒုက္ခရောက်စွာ အသက်ရှင်နေရတာထက်စာလျှင်တော့ ၊ သေသွားတာက သူ့အတွက်ရော အတူနေမိသားစုအတွက်ပါ ကရိကထမများသလိုပါပဲ ။

    ဗုဒ္ဓဘာသာဝင်အနေနဲ့ ဒီကိစ္စက ကံကံဧ။် အကျိုးကြောင့်လို့ပဲ မြင်မိပါတယ် ။ အကြွေးစပ်စရာပါလာတော့လည်း …. စပ်ရပြန်တာပေါ့ … ။ အကျိုး နဲ့ အကြောင်းလည်း ဆက်စပ်နေတော့ … မိမိပြုသောကံအရ ပေးဆပ်ခဲ့ရတာပဲ …. ။ ကောင်းရာ သုဂတိလားပါစေလို့ပဲ ဆုတောင်းပေးရတော့မယ် ။

  • htet way

    May 30, 2012 at 10:30 am

    ရည် ရွယ်ချက်ရှိရှိနဲ့ သတ်တဲ့ အမှုပါ
    သေဒဏ် လား ထောင် ၁ဝနှစ်လားပဲ ရာဇသတ်ကြီး စာအုပ်မှာ ပါတာပါ
    အပြင်မှာတော့ …………..

  • Gipsy

    May 30, 2012 at 10:31 am

    မ etone .. ကံ ကံ၏ အကျိုး ပါ …
    ပါလာခံတဲ့ အကြွေး လို့ပဲ ယူဆပါတယ်…
    သူ့ခမျာ ဆပ်စရာ အကြွေးက ဒီလောက်နဲ့ပဲ ကြေပါစေလို့ ထပ်ပြီးဆုတောင်းပါတယ်….။

  • Davit

    May 30, 2012 at 10:37 am

    သူ့ဈာပန မှာ မိဘဆွေမျိုး သူငယ်ချင်းတွေက နောက်ဆုံးအနေနဲ့မျက်နှာလေးကြည့်ချင်ပါတယ်ဆိုတာတောင် ဘယ်လိုလုပ်ရမယ်မသိဘူး။ အဖြစ်ဆိုးပါတယ်ဗျာ။
    ဒါနဲ့စကားမစပ်ဗျာ…..ကျွန်တော်အလုပ်လုပ်နေတဲ့ MICT ဝင်းရဲ့ဘေးနားမှာတိုးချဲ့ပြီးဆောက်နေတဲ့ တိုက်ပေါ်ကဗျာ… ပန်းရန်သမားတစ်ဦး ဟိုနေ့ကပြုတ်ကျတယ်….မနေ့ကဆုံးသွားတယ်တဲ့ဗျာ………….. သူ့ခမျှာမရှိလို့ လာလုပ်စားပါတယ်ဆိုမှ…….. 🙁

    • ဆူး

      May 30, 2012 at 10:44 am

      ကောင်မလေး ထက် အဲဒီ ပန်းရံ သမား က ပိုအဖြစ်ဆိုးမယ် မြင်မိတယ်။
      ပညာမရှိ စားစရာ မရှိလို့ လုပ်စားတာ.. သူသေမယ်ဆို သူ့နောက်က လူတွေတော့ ဒုက္ခပဲ..
      အဲဒီလို လူတွေအစောကြီးကတည်းက အကြွေးထဲ နစ်နေတတ်တာ.. သေလို့ ဝင်ငွေမရှိတော့ရင် ပိုဆိုးမယ်။

      • Davit

        May 30, 2012 at 10:46 am

        ဟုတ်တယ် အမဆူး ရေ………ကောင်လေးက ငယ်ငယ်ရယ်ဗျ…. 23 နှစ်လောက်ပဲရှိတယ်ကြားတယ်…. 🙁

  • bluerose

    May 30, 2012 at 10:43 am

    ကြားရတာတော့စိတ်မကောင်းပါဘူးဒါပေမယ့်
    ခုလိုဘာဝေဒနာမှမခံစားရပဲသေသွားတယ်ဆိုတာလည်း
    ကောင်းပါတယ်ကျန်ခဲ့တဲ့သူတွေကလည်းခံစားရမှာပါပဲ
    ကောင်လေးကလည်းအချစ်ကြီးလို့အမျက်ကြီးတာဖြစ်တဲ့အတွက်
    ခဏတာသူ့ရဲ့ဒေါသကိုမထိန်းချုပ်နိုင်လိုက်ခင်မှာဖြစ်သွားတာကို
    ခုသွေးအေးသွားမှပြန်တွေးမိပြီးသူလည်းစိတ်ကောင်းမယ်မထင်ပါဘူး
    တကယ်ဆိုရင်သူကလည်းနစ်နာသူပါပဲလေ
    ကိုယ်ဘဝတခုလုံးအတွက်ယုံကြည်ထားတဲ့သူက
    သစ္စာဖောက်တဲ့ခံစားချက်ကသေတာထက်တောင်ဆိုးပါသေးတယ်လေ
    သူ့အတွက်ကနာကျင်မှုတွေပိုလို့များနေမယ်ထင်ပါတယ်
    သစ္စာဖောက်ခံရတဲ့နာကျင်မှု
    ကိုယ့်ချစ်သူကိုကိုယ်တိုင်ပြန်သတ်လိုက်မိတဲ့နာကျင်မှု
    နာကျင်မှုပေါင်းများစွာနဲ့ဆက်လက်ရှင်သန်ရမှာကိုတွေးမိရင်လည်းစိတ်မကောင်းပါဘူး
    လူသားအားလုံးစိတ်နှလုံးကျန်းမာချမ်းသာပါစေပဲဆုတောင်းပေးပါတယ်
    သောကမှန်သမျှကင်းဝေးနိုင်မှစိတ်ချမ်းသာကြမှာပါ
    🙂

    • Thel Nu Aye

      May 30, 2012 at 7:00 pm

      ၂၈ ရက်တရက်လုံးတော်တော်ဝေဒနာခံလိုက်ရတယ်တဲ့။ ၂၉ မနက်ကျမှ ဦးဏှောက်သေသွားတာတဲ့။ ဆီပူလောင်တာတောင် ၄ ၅ ရက်လောက်ပူစပ်ပူလောင်ဖြစ်နေတာ။ တကိုယ်လုံးဆိုတော့တွေးတောင်မတွေးရဲတော့ပါဘူးး

  • Khaing Khaing

    May 30, 2012 at 11:12 am

    အော် ……. လောက လောက ဖြစ်ချင်တိုင်းကိုဖြစ်နေတဲ့လောကကြီးပါလားနော် ………

  • ညလေး

    May 30, 2012 at 11:27 am

    လောဘကိုအရည်ကျိုသောက်……ဒေါသနဲ.မြည်း………ဝမ်းထဲရောက်သွားတော့
    မောဟမီးတွေလာင်မြိုက် လူလူချင်းအသေအကြေသတ်နေကြပါရော့လား……

  • jujuma

    May 30, 2012 at 11:33 am

    အော် ဝမ်းနည်း စရာ တွေပါပဲ ..( P.S ပြု သူ ပျက် သူတွေ အတွက်တော့မဟုတ် ….)
    ကျန်ရစ်သူ မိဘဆွေမျိုးတွေ အတွက် ပြောတာပါ ..
    အရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ရပ်တွေနဲ့ ဘယ်လောက်များရင်နာလိုက်မလဲ ဆိုတာ …

  • Shwe Tike Soe

    May 30, 2012 at 12:45 pm

    စိတ်မကောင်းလိုက်တာဗျာ… ဟိုတေဂျင်းဂျိုးကလဲ နှမသားချင်မစာနာဗျာ….လုပ်ရက်လိုက်တာ..
    အင်း……. ကောင်မလေး ကံပါလို.ပဲပြောရတော့မှာပေါ့ဗျာ……
    ဘယ်လောက်ပဲ စိတ်နာစရာတွေရှိလဲ အဲဒီလောက်လုပ်စရာမလိုဘူးလို.ထင်တာပါပဲ…

  • nothing special

    May 30, 2012 at 2:14 pm

    ကောင်မလေးက ဖောက်ပြန်လို့မီးရှို့တယ်ဆိုတာ ကျိန်းသေလု့ိလား ..
    ကောင်လေးက ဆေးကြောင်နေတယ်လို့လဲ ပြောကြတာပဲ
    ဖောက်ပြန်တယ်ဆိုတာလဲ . သူ့အကြောင်းနဲ့သူရှိမှာပါ
    ပုံမှန်လူတစ်ယောက်က အဲလို့လုပ်ဖို့မလွယ်ဘူးလို့ထင်ပါတယ်
    အရမ်းဒေါသထွက်နေရင် . အဲဒီနေရာမှာတင် .. တစ်ခုခုလုပ်ဖို့များပါတယ်

  • snow white

    May 30, 2012 at 2:15 pm

    ဘယ်သူဘယ်ဝါမှာအပြစ်ရှိတယ်ဆိုတာသေချာမသိဘဲနဲ့ စနိုးမပြောချင်ပါဘူး တကယ့်စာကိုဖတ်ဖတ်ချင်းဘဲ စိတ်ထဲတကယ်ကိုမကောင်းပါဘူးအပေါ်က comment ပေးတဲ့အကိုတွေမတွေရဲ့စာကိုလည်း ဖတ်ကြည့်ရတာ တကယ်ကို စိတ်မကောင်းစွာနဲ့ရေးနေတယ်လို့ခံစားရတယ် အော် နောက်ဆုံးချစ်မိလို့ ဖြစ်ကျရတဲ့ ဘေးထွက်ဆိုးကျိုးတွေပါလားနော် တကယ့်ကိုလူလောက ကမလွယ် ပါလားနော် ဝဋ်ကြွေးရှိတယ် ဆိုလည်းသေသော သူ လည်းဒီဘဝဒီမျှနဲ့ဘဲကျေပါစေလို့ သူမိသားစုကိုယ်စား ဆုတောင်းပေးပါတယ် ။

  • we R one

    May 30, 2012 at 2:57 pm

    ပြုသူ အသစ် ဖြစ်သူအဟောင်းပေါ့လေ…။ စိတ်တော့မကောင်းဘူး..။ ၈ဝ % ဆိုတော့ မသေရင်တောင် မလှတော့ဘူ..။ သေသွားတာ က သူ့အတွက် အကောင်းဆုံးဖြစ်မှာပါ..။

  • lin thant

    May 30, 2012 at 3:49 pm

    .( အထူးသဖြင့် လှည်းတန်းလို အဆောင်နေ အခန်းငှား ဘဝမှာ ဒီလို ကိစ္စတွေက Digit ဂဏန်းတွေလိုပဲ

    1010101010 ပါ ။ ကျွန်တော် အိမ်မှာ မနေပဲ လှည်းတန်းမှာ ရှိတဲ့ အဆောင်ပေါင်းများစွာကို လှည့်ပါတ်နေခဲ့ဖူးပါတယ် လှည်းတန်းရောက်လို ့ ဒီလိုဖြစ်သလားဆိုတော့ ဖြေစရာ အဖြေက ဒီလို ဖြစ်ဖို ့ လှည်းတန်းကို လာတယ်ပဲ ပြောပါရစေ )

    *comment တွေကိုဖတ်ပြီး အတွေးတခုဝင်တယ်။လှည်းတန်းဟာ ဒုစရိုက်နယ်မြေလား? ရ လမ်းဟာ လှည်းတန်းဝန်းကျင်မှာ လူတော်တော်စည်ပြီး ကျာင်္း/မ အဆောင်များရှိပါတယ်။အထက်comment ပါ အခြေအနေများ မမြင်/မကြားဘူးပါ။အနည်းငယ် စုန်းပြူးများရှိနိူင်ပါတယ်။အငြင်းမပွားလိုပါ။ အများစုက ကောင်းကောင်းမွန်မွန်ရပ်တည်နေကြတာပါ။ယခုဖြစ်ရပ်တွင် အဓိကပြောလိုသည်မှာ လူတဦး နှင့် လူတဦးကြား ပြသနာတရပ်အပေါ် ဖြေရှင်းပုံဖြေရှင်းနည်းသည် လူ့အဖွဲ့အစည်းတွင်
    လုပ်သင့်လုပ်ထိုက်သော အလုပ် ဟုတ်/မဟုတ် စဉ်းစားကြရန်ဖြစ်ပါသည်။

  • Davit

    May 30, 2012 at 4:15 pm

    ဘာတွေဖြစ်နေမှန်းကိုမသိပါဘူးဗျာ။ 7 ရက်အတွင်းမှာ လှည်းတန်း 7 လမ်းမှာတစ်ယောက်၊ ခုလည်း လမ်းမတော် 7 လမ်းမှာတစ်ယောက်……… ဝူူးးးးးးးးးးးးးးးးးးးးးးးးးး……… 7 ဆိုတာ Lucky Number ဆိုတာ ဟုတ်မှဟုတ်ပါရဲ့လား……… 🙁

    • etone

      May 30, 2012 at 4:37 pm

      ကိုဒေးဗစ်ရေ .. လမ်းမတော် 7လမ်းမှာ ဘာကိစ္စဖြစ်တာတုန်း … သတင်းတွေ လိုက်ဦးမှ .. နည်းနည်း အောက်နေလို့ … ။ သိတဲ့ လူရှိလျှင် ဖွကြ အဲ .. ပြောကြပါဦး ။

      • Davit

        May 30, 2012 at 4:51 pm

        အယ်…..သိဘူးလား….ဖက်ကြည့်ပါအမ
        ***********************************
        Eleven Media Group
        လမ်းမတော်မြို့နယ် (၇) လမ်း၊ တိုက် အမှတ် (၇၆ A)၊ ၃ လွှာ၊ မီးလောင်ကျွမ်းမှုတွင် သေဆုံးနေသူ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ဦးခေါင်းနှောက်စေ့တွင် ဒဏ်ရာရရှိနေကြောင်း မှုခင်းတပ်ဖွဲ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။
        **************************************
        https://www.facebook.com/media/set/?set=a.420720771281521.95240.158797964140471&type=1

        https://www.facebook.com/media/set/?set=a.469744379708029.126972.287336421282160&type=1

        • Davit

          May 30, 2012 at 4:51 pm

          Popular Myanmar News Journal
          လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ

          ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
          ထို့အပြင် ၎င်းသေဆုံးသည့် နေရာတဝိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
          သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

  • ရဲစည်

    May 30, 2012 at 4:27 pm

    လွန်ခဲ့တဲ့ ၃နှစ်လောက်ကပေါ့ မန်းလေးမှာ …..
    သူတို့နှစ်ယောက်က သမီးရည်းစားတွေ နှစ်ဖက်အိမ်တွေကလည်း သဘောတူထားတယ် မကြာခင်လည်း ယူကြတော့မှာ သူတို့နှစ်ယောက်က မယူခင် ကတည်းက ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဖွင့်ထားကြတယ်။ တနေ့ကျ သူတို့ဆိုင် ရွှေ့ဖို့လုပ်နေတုန်း ကောင်လေးက ကောင်မလေး အတွက်ဝယ်ထားတဲ့ ဘိန်းမုန့် နှစ်ခုထဲက တစ်ခုကို ဆို်င်ကူရွှေ့နေတဲ့ ကလေးကို ကျွေးလိုက်တယ်။ အဲဒီမှာ ပြသာနာတက်ကြရော ကောင်မလေးက ကောင်လေးကို ချိန်းစပေါ့ကတ် အသေးနဲ့ လှမ်းပစ်တယ် ကောင်လေး ခေါင်းကို ထိပြီး သွေးတွေထွက်တဲ့ အချိန် ဆြာသမား ဘာစိ်တ်ဝင်သွားလဲ မသိဘူး ကောင်မလေးကို ချုပ်ပီး ကတ်ကြေးနဲ့ အချက် ၄ဝကျော် ထိုးပစ်လိုက်တယ်……………နောက်ဆုံး ကောင်မလေးလဲ ပွဲချင်းပီးသေ ကောင်လေးလဲ စကားမေး မရတော့ဘူး ကြောင်သွားတာ ထောင်ထဲ ရောက်တဲ့ အထိဘဲ။အဲဒီ ကောင်လေးက ရိုးရိုးအေးအေးရယ် ရန်တောင် မဖြစ်ဘူးတဲ့သူတဲ့ မိန်းကလေးရှင် ဘက်ကလည်း ကောင်လေးကို အရမ်းသဘောကျကြတယ်တဲ့ ကောင်မလေးသေသွားတော့လဲ သူ့မိဘတွေက ကျေအေးပေးကြတယ်တဲ့ တကယ့်အဖြစ်အပျက်လေးပါ ……. အော် ကြမ္မာငင်ပုံများ ပြောပါတယ်
    ……….

  • ဆူး

    May 30, 2012 at 5:02 pm

    အမလေး.. မီးရှို့သတ်တာ ခေတ်စားနေတာလား မသိဘူး။
    လူတွေပဲ ဆိုးလာတာလား.. မှုခင်းတွေ ဖြစ်ရပ်တွေ ကမာ္ဘကြီးက ရွာကလေး ဖြစ်လို့ သိလာကြတာလားတောင် မသိတော့ပါဘူး။ စိတ်ပျက်စရာကြီး။

Leave a Reply