ငယ်ချစ်၊ အချစ်သစ် နှင့် နှလုံးသား နိုင်ငံရေး

အဇဋာMay 29, 20121min2075
အမေရိကန်လက္ခဏာဆရာ ကပြောတယ်…
မင်းနှလုံးသား ဆန်ရှင်လုပ်ခံထားရတယ်တဲ့…
နိုင်ငံခြားသားနဲ့အိမ်ထောင်ပြုရင် တော့ ကြီးပွားမယ်…
ခြေနှစ်ချောင်း မကယ်ကောင်းဘူး…

ဘယ်လိုပဲဆိုဆို…
ငယ်ချစ်ဟောင်းကွန်မြူနစ်လေးကိုတော့…
တစ်ခါတစ်ခါ လွမ်းမိတယ်…
တစ်ခါတစ်ခါတော့လည်း…
နောက်အိမ်ထောင်ပြုသွားတဲ့ ဆိုရှယ်လစ်ချစ်သူနဲ့…
လမ်းမှာဆုံရင် ပြုံးပြမိတယ်…

အိမ်နီးချင်းတွေကတော့ အားပေးတယ်…
ချီတက်တဲ့…
သူတို့လည်း မကြာမကြာလာမယ်…
အနောက်အိမ်ကလည်း တစ်ခါတစ်ခါတော့…
လှမ်းလှမ်းဆဲကြတယ်…

အသဲကွဲခဲ့တာ နှစ် ၂ဝ ကျော်လောက်ကြာနေတော့လည်း…
တစ်ခါတစ်ခါ ဗုံးကွဲရင်
ရင်တွေ ဘာတွေ ခုန်နေရတုန်း…
တစ်ခါတစ်ခါ ငြိမ်းချမ်းရေးဆိုတဲ့အသံကြားရင်…
သံတိုင်တွေကိုပြေးမြင်တယ်…

ဆင်စွယ်နန်းပေါ်က ကောင်မလေးလား…
အပျိုကြီးလား မသိရပေမယ့်…
ခိုးခိုကြည့်မိနေတဲ့ တစ်ယောက်တော့ရှိတယ်…
သူများတွေပြောပြောနေတာတော့
ကြား,ကြား နေရတယ်…
နည်းနည်းတော့ မေတ္တာထားရတော့မလို…

အဲဒီ(ခိုးခိုးကြည့်နေရတဲ့)  တစ်ယောက်ကို…
သူ့” အမေ” ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်က…
နည်းနည်းရိုက်နှက်ဆုံးမ နေသံတော့ကြားတယ်…

ယက္ခ၊ ဂုဏ် မာန်တွေကြားက
အဲဒီကောင်မလေး…
နည်းနည်းတော့ စိုးရွံ့မိတယ်…
သူက တစ်ခါတစ်ခါ
ဘဘကြီးကိုကြောက်ရသေးတယ်…တဲ့

အဲကောင်မလေး နာမည်…
ဟိုနေ့က သိလိုက်ရတယ်…
ဘာတဲ့…ဒီမိုကရေစီ..ဆိုလား…
သဲသဲကွဲကွဲတော့ မဟုတ်သေးဘူး…
ခုန်နေကျ ရင်ဘတ်လည်း ခုထိမရပ်နိုင်သေးဘူး….

မြတ်ကျော်သူ
၂၃.ဒီဇင်ဘာ.၂၀၁၁
၅:၄၄ မိနစ်(ညနေ)

5 comments

  • windtalker

    May 29, 2012 at 6:54 pm

    ကဗျာဆရာရေ တရုတ်နိုင်ငံက တစ်ကယ့်ဖြစ်ရပ်မှန် မိန်းမ တစ်ယောက်လိုပါဘဲ ။
    လင်တွေနဲ ့တစ်ယောက်ပြီး တစ်ယောက် ကွဲပြဲ စုတ်ပြတ်ခဲ့ရာမှ ၊ အခုလင်နဲ ့ကြမှဘဲ အဆင်ပြေအိုခေ သွားမလား ဆိုတာ ၊ ရေးရေးကလေးတော့ လမ်းစပေါ်နေပေါ့။

  • မြတ်ကျော်သူ

    May 29, 2012 at 7:34 pm

    ရင်ခုန်နေတုန်းလေ…
    ရင်ခုန်နေတုန်းလေ…
    ပျော်ပါစေ…အချစ်ရေ…
    (လှိုင်ဦးမော် ၏ သီးချင်းထဲမှ ကောက်နှုတ်ချက်)…

  • အတွေးကောင်းနဲ ့ဝင်လာသူ ကိုမိတ်ဆက်ပေးမလို ့ ပေးလိုက် ပျောက်လိုက်ကွန်မန် ့တွေကြောင့်
    စိတ်ပျက်လို ့ပါ။

     မြတ်ကျော်သူ ဆိုတဲ့နာမည်လေးကို MGရွာသူားတွေနဲ ့မိတ်ဆက်ခဲ့ဖူးပါတယ်။
    မြို ့ပျက်တွေထဲက တစ်ခုပို ့စ်မှာပါ။မှတ်မိပါမယ် ထင်ပါတယ်။ခုလို သံတွဲသား
    သတင်းသမားတွေထဲမှာ နာမည်အမှန်နဲ ့ရေးသူတစ်ယောက်ပါဝင်လာပြန်၍ 
    ဝမ်းသာအားရကြိုဆိုပါကြောင်းပြောလိုပါတယ်။
    http://myanmargazette.net/117510/creative-writing

    Mratt Kyaw Thu
    သဂျန် တုန်းက သံတွဲပြန်တယ်…
    အတိုတွေ၊ အပြတ်တွေ အရင်ထက်ပေါလာတယ်…
    ရွာကလူတွေလည်း ကိုရီးယားကား စွဲနေကြပြီ…
    သဂျန်က ဟိုးအရင်ကလောက် မစည်ဘူး…
    သံတွဲ ဈေးကြီးကို မြင်ရတာ စိတ်မကောင်းဘူး…
    (ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်)
    ငပလီက အရင်ကလောက် ကျွန်တော့်ကို မကြိုဆိုသလိုပဲ…
    (ဈေးလည်း ကြီးသေးတယ်)
    ယာယီဈေးမဖွင့်သေး….
    ဈေးဟောင်းနေရာ ဈေးသစ်ပုံစံ မရှိသေး…
    လူတွေ စိတ်ညစ်နေကြ….
    ကွမ်းဆိုင်တွေ နာမည်ကြီးလာကြတယ်….
    ဖုန်းပြောတဲ့သူတွေ အများကြီး မြင်ရတယ်…
    ဆိုင်ကယ်တွေ အဆင့်မြင့်နေကြတယ်….
    ထူးကဲက လဖက်ရည် အရင်အရသာ အတိုင်းပဲ…
    အံတော်ချောင်းထဲက ရေတွေ ပိုနည်းသွားပြီ….
    မြို့ထဲမှာ အမှိုက်တွေ မတွေ့ရသလောက်ပဲ…
    ကြော်ငြာအသစ်တစ်ခုတွေ့တယ်…
    (ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့)
    လူအသစ်တွေ အရင်လောက်မတွေ့ဘူး…(လူဟောင်းတွေလည်း ပျောက်နေကြတယ်)
    အော်…
    ငါတို့ရဲ့…..
    သံတွဲ….
    မှတ်ချက်။ ။ ကဗျာမဟုတ်ပါ…(မြင်တွေ့သမျှ ရေးထားခြင်းဖြစ်သည်။)
    —————————————–
    ဒီစာစုလေးကိုရေးတာက ကျွန်တော်နဲ ့ညီအကိုလိုနေသူ မြတ်ကျော်သူပါ။ပြီးခဲ့တဲ့ သင်္ကြန်မှာ သူ ့ဇာတိရွာလေးဆီပြန်ရင်း
    သံတွဲမြို ့အကြောင်းကို သူဝေဖန်သွားတာပါ။သိပ်ကောင်းကါတယ်။အသက်(၂၂)အရွယ် လူလတ်ပိုင်းတစ်ယောက်၊
    UNITYဂျာနယ်သတင်းထောက်တစ်ယောက်အမြင်ပါ။သူ ့အမြင်တွေက —–
    (၁)မိန်းကလေးတွေ ဝတ်စားဆင်ယင်တာ လျှပ်ပေါ် လော်လီလွန်းကြောင်း
    (၂)သံတွ ဲကနေ (၁၀)မိုင်လောက်ဝေးတဲ့ သူ ့ရွာကသူတွေ ကိုးရီးယားကားစွဲကြည့်တတ်နေပီဖြစ်ကြောင်း
    (၃)သင်္ကြန်ကာလ မစည်ကားတော့ပုံ၊နှစ်ကူးမင်္ဂလာဆိုတာထက် အရက်သောက်ပွဲဆို အမြင်ကောင်း၊
    နာမည်ပြောင်းသင့်ကြောင်း
    (၄)ဖေဖော်ဝါရီ(၁၁)ရက်နေ ့ကမီးလောင်သွားခဲ့တဲ့ သံတွဲဈေးကြီးဟာနှစ်လ တာကြာခဲ့ပေမယ့် ဘယ်လို
    ပုံစံပြန်ဆောက်မယ်ဘယ်သူ ကကန်ထရိုက်ယူမယ်မသိရသေးပုံ၊ဈေးသူားများ စိတ်ညစ်နေပုံ
    (၅)ငပလီကမ်းခြေက သူ ့ကိုနွေးထွေးစွာ မကြိုဆိုပုံကို ဒေါသသံလေးနဲ ့တွေးပြပုံ၊
    (၆)တမြို ့လုံးမှာ ကွမ်းယာဆိုင်များလာတယ်၊ကွမ်းစားသူများလာတယ်ဆိုပုံ၊
    (၇)ဖုန်းတွေကိုယ်စီ ကိုင်လို ့အလုပ်ရှုပ်နေတယ်လို ့မြင်မိပုံ(တကယ်တော့. ဟန်ပြလား၊အလုပ်လုပ်မလို ့ဝယ်လေသလား)
    (၈)သူသောက်နေကြ သံတွဲ က ထူးကဲလဘက်ရည်ဆိုင်လေူ အရသာမပြောင်းသေးကြောင်း အာမခံထားပုံ
    (၉)တရုတ်၊ယိုးဒယား၊ဂျပန်၊အိန္ဒိယ ဆိုင်ကယ်မျိုးစုံမြို ့ထဲ မြင်ကတ်လောက်အောင်တွေ ့ခဲ့ရပုံ
    (၁၀)သံတွဲချောင်းဟာ ရေအတော်နည်းပြီး သောင်ထွန်းနေကြောင်း၊မြစ်ရဲ ့ရေဝေရေလွှဲတွေ ပျက်စီးနေကြောင်းသူပြော
    လိုပုံ
    (၁၁)မြို ့ထဲမှာ အမှိုက်သရိုက်မတွေ ့ရပုံ
    (၁၂)နောက်ဆုံးပြောသွားတာက အရက်ကြေညာကို သူတော်တော် ဒေါသထွက်ပုံရတယ်
    ““ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့””ဒါက ညနေဖက်အားရငEagle
    အရက်သောက်ပြီး ပျော်ကြမယ်လို ့ပြောတာပါ။ဆိုတော့.  အရက်ကို အမုန်းသောက်တာ
    ရခိုင်သား၊သံတွဲသား———–
    အော် သတိ—-သတိ———
    ယခုပို ့စ်လေးအတွက် ညီငယ် မြတ်ကျော်သူ ကိုကျေးဇူးပါ။

Leave a Reply