ရွှေဥမင်.အတွင်းမှဆင်းတုတော်များ ………..အပိုင်းတစ်

1 ဓါတ်လှေခါးကနေဆင်းပြီး ရွှေဥမင်ဂူသို့အတက်လှေခါး
2 အတွင်းမှ ဆင်းတုတော်များ
3 အတွင်းနံရံ မှာပူဇော်ထားတဲ့ ဆင်းတုတော်များ
4 အတွင်းထဲက စေတီတော်.................
5 တကယ်ကိုများပြားလှတဲ့ ဆင်းတုတော်များ
6 များပြားလွန်းတဲ့စေတီတော်တွေကို လှူထားတာ တကယ်ကိုအံ့ဩစရာပါ
7 အတွင်းလှိုဏ်ဂူတော်ထဲမှာ ပုံစံမျိုးစုံနဲ့ရှိနေတဲ့ဆင်းတုများ

 

 

8 ကွေ့ကောက်သွားရတဲ့ဝင်္ကပါထဲက ဘုရား
9 ဝင်္ကပါများကြားမှ ဆင်းတုတော်-------2

 

10 ကျောက်ပန်းဆွဲများနဲ့ဆင်းတုတော်
11 ကျောက်ပန်းဆွဲတွေအောက်မှာတည်ထားတဲ့ဆင်းတုတော်
12 ခေါင်မိုးထက်က ကျောက်ပန်းဆွဲ
13 သဘာဝနဲ့ လူ့ဖန်တီးမူ့ရောယှက်နေတဲ့ ဂူအတွင်းပိုင်း
14 သဘာဝကြီးရဲ့ ထုဆစ်ချက်က လူဖန်တီးတာထက်လှနေပါတယ်
15 အလင်းရိပ်အောက်က ဆင်းတုတော်များ
16 အောက်ကနေ့ပင့်ရိုက်ထားတာပါ
17 ခေါင်မိုးအပေါ်ဘက်က ကျောက်ခက်တွေပါ
18 သဘာဝကျောက်ပန်းဆွဲများ
19 လင်းတစ်ဝက်မှောင်တစ်ဝက်
20 နံရံပေါ်မှာအဆင့်ဆင့်တည်ထားတဲ့ဆင်းတုတော်များ

“ရွှေဥမင် အတွင်းပိုင်းတစ်ံ”

 

ဓါတ်လှေခါးကဆင်းပြီးတဲ့အခါမှာ အပေါ်တက်တဲ့လှေခါးလေးတစ်ခုတွေ့ရပါတယ်။

လှေခါးလေးအတိုင်းတက်သွားတဲ့အခါမှာတော့ စေတီလေးတစ်ဆူ။

ဘုရားရှိခိုးနေသူလဲရှိ။

လူလတ်ပိုင်းတစ်ယောက်ကတော့ ဘုရားဖူးလာသူအမျိုးသမီးနှစ်ဦးကို ဘုရားသမိုင်းကြောင်း

ကိုရှင်းပြလို့နေပါတယ်။

ဘုရားအတွင်းက နံရံအောက်ခြေကစလို့ ဂူအမိုးထိတိုင်အောင်သဏ္ဍာန်အမျိုးမျိုးသောဆင်းတုများနဲ့

ပြည့်လို့နေပါတယ်။.

နေရာအနှံ့မှာ ဆင်းတုတော်တွေရှိနေပါတယ်။

စေတီလေးကနေ အနောက်ဖက်ကို ထွက်လိုက်တဲ့အခါ ဝင်္ကပါလမ်းကလေးကိုတွေ့ရပါတယ်။

မျက်နှာချင်းဆိုင်တည်ထားတဲ့ ဆင်းတုတော်တွေကြားမှာ လူတစ်ယောက်သွားသာရုံလမ်းကလေး

လုပ်ပေးထားပါတယ်။

ဒီလမ်းကလေးအတိုင်းကွေ့လိုက်ကောက်လိုက် လိုက်သွားရင်းကနေ

အပေါ်ဘက်ကို ရောက်မှန်းမသိရောက်သွားပါတယ်။

အပေါ်မှာလဲ ဆင်းတုတော်ပုံစံမျုိုးစုံကိုဖူးမြင်ရပါတယ်။

ကျနော့်အဘို့တော့ မြင်မြင်သမျှဓါတ်ပုံရိုက်ချင်စရာချည်းပါဘဲ။

ကဲ ဖူးလိုက်ကြပါအုံးဗျာ။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(30-5-2012)

 

 

 

 

 

14 comments

  • လှိုဏ်ဂူထဲမှာ ရိုက်ထားခဲ့တာတွေအများကြီးဖြစ်တာကြောင့် အားလုံးကိုလည်းကြည့်စေချင်တဲ့
    အတွက် လေးပိုင်းခွဲတင်ပေးလိုက်ပါတယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 1, 2012 at 9:35 am

    လေးပေါက်ဘယ်လောက်တောင်လက်ဆော့ခဲ့သလဲမသိ….
    စနပ်ရှော့ပ်ကတော့အပီဆွဲခဲ့ပုံရတယ်…..ပင်းတယပြီးရင်…ကွန်လုံကျောင်းမသွားခဲ့ဘူးလားဗျ….
    ဦးပေါက်လိုပဲသေးသေးလေးကိုင်တဲ့…..(ကင်မလာပြောပါတယ်…)
    ရှမ်းပြည်သား(မိုင်ဆွန်ခ)

  • windtalker

    June 1, 2012 at 9:37 am

    ရွှေဥမင် လှိုင်ဂူအတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ၈၀၉၄ဆူ နဲ့ စေတီပေါင်း ၁၆၄ဆူ ရှိကြောင်းပါ။

  • AKKO

    June 1, 2012 at 9:57 am

    ပင်းတယ ရွှေဥမင်ကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူး ။
    MRTV 4 မှာ ပြတုန်းကတော့ ကြည့်လိုက်ရတယ် ။ အင်းလေးကိုသွားဖြစ်လျှင် မဖြစ်မနေ ဝင်ဖူးရမယ့် ဘုရားတစ်ဆူပါ ။
    လောလောဆယ်တော့ ခရီးထွက်ဖို့ ခက်နေတာကြောင့် ၊ သွားမယ့်ခရီးစဉ်တွေထဲ တော့ မှတ်ထားလိုက်ပါပြီ။
    အခုလို ကြည့်ရတော့ အတွင်းမှာ အရမ်းမှောင်မနေဘူး လင်းသားပဲ ။ etone တို့ သွားတုန်းကတော့ အထဲမှာ မဲမှောင်နေတာပဲတဲ့ ။ အောက်ဆီဂျင်အဝင်ထွက်အားနည်းလို့ နှလုံးရောဂါရှိသူတွေ သိပ်အကြာကြီးနေလို့မသင့်တော်ဘူးပြောတယ်(ကြားဖူးတာ) ။ ကြမ်းခင်းကလည်း ကျောက်ဆက်ရေတွေကျလို့ စိုစိစိနဲ့ဆိုပဲ ။ ကျောက်သား အရကို ရေတွေစိမ့်ထွက်နေတဲ့ ဆင်းတုချွေးထွက်ကိုယ်တော်လည်း ရှိသေးတယ်ဆို ။

  • etone

    June 1, 2012 at 10:08 am

    လေးပေါက်ရေ .. ရွှေဥမင်ကို သမီး ကိုးတန်းနှစ်က တစ်ခါရောက်ဖူးတယ် ။
    ဦးလေးက တောင်ကြီးမှာ တာဝန်ကျလို့ တစ်မိသားစုလုံး သွားလည်ရင်း ရှမ်းပြည်ဘက် ဘုရားဖူးထွက်ရာကရောက်ဖူးခဲ့တာ ။ အဲ့ဒီဘက်ကို သွားတဲ့လမ်းမှာ မှတ်မှတ်ရရဖြစ်တာက သစ်ပင်အကြီးကြီးတွေပါပဲ … အရမ်းကိုလှတဲ့ နှစ်ချို့ သစ်ပင်တွေပေ့ါ …. ။

    လေးပေါက်ရေ … အဲ့ဒီဘုရားပေါ်ကို တက်ပြီးအောက်ကို ပြန်ကြည့်ရတဲ့ ဖီလင်လေး အရမ်းသဘောကျတာပါပဲ … ။ လေတွေလည်း တဟူးဟူးတိုက်ပြီး အရမ်းကို လန်းဆန်းစေတယ် …. ။ ဒါပေမယ့် ဂူထဲသွားရတာတော့ အရမ်းကြောက်တယ် … မှောင်ကလည်း မှောင် ၊ မြေသားကလည်း စိုစွတ်တော့ …. စိတ်ထဲ မရိုးမရွနဲ့ တမျိုးပဲ … ။ နောက်ပြီး သမီးက နေရာတကာ စိုးရိမ်လွန်နေတယ် … သူများတွေ ဒီလောက် ဂူထဲဝင်ဘုရားဖူးနေတာ ဘာမှ စိတ်မပူကြပဲ .. သမီးစိတ်ထဲတော့ ဂူထဲသာ ဘုရားသွားဖူးနေရတာ … ဒီဂူရဲ့ ကြံ ့ခိုင်မှုကိုတော့ စိတ်တထင့်ထင့်နဲ့ … ။ အဲ့လို နေရာတကာ တွေးပူတတ်တဲ့ အကျင့်က တမင်လုပ်ယူထားတာမဟုတ်ပေမယ့် … မြင်နေလျှင် … သံသယဖြစ်မိတာ အတော်ဆိုးတာပါပဲ … ။ ကြောက်သားတွေက ရေတွေ တစက်စက်ကျတာကိုယ်ပေါ်ကျသွားလျှင် လန့်ဖြန့်သွားတာ အကြိမ်ကြိမ်ပါပဲ … ။ မြေသားစွတ်စိုပေမယ့် … တစ်ခုကောင်းတာက … အရမ်းမုန်းစရာကောင်းတဲ့ တီကောင်မရှိဘူး … 😀 ဟီး ။
    အထဲမှာ နတ်သမီးကျောက်ပြင်တို့ ဘာတို့လည်း ရှိသေးတယ်နော် … သမီးသွားတုန်းကတော့ ဓါတ်ပုံရိုက်ခဲ့ရကောင်းမှန်း နားမလည်ဘူးဆိုတော့ …. အမှတ်တရဓါတ်ပုံတွေ မရှိခဲ့ဘူး … ။ 🙂

  • Davit

    June 1, 2012 at 11:01 am

    ဟူးးးးးးးးးးးးး …… ကိုပေါက်ရယ်…..လူကို ကိုရီးယားကားလိုတယ်ဆွဲဆောင်ပါလား….. အရင်ပိုစ့်တုန်းကတော့ တစ်ပုံပြီးတစ်ပုံကြည့်… လယ်ကွင်းတွေ တောင်တန်းတွေပဲမြင်….ကြည့်နေရင်းနဲ့ ဂူထဲကဘုရားဆင်းတုတော်တွေမြင်ရတော့မယ်ထင်ပြီး မျှော်လင့်ချက်နဲ့ တစ်ပုံပြီးတစ်ပုံကြည့်လာတာ…ပြီးတော့ သူကလယ်ကွင်းနဲ့တင်ဆုံးသွားတယ်…… ခုမှပဲ သူ့နေက်ဆက်တွဲကလာတော့တယ်….. မရောက်တာကြာပြီဖြစ်တဲ့ဘုရားကိုဖူးရတာ ကျေးဇူးဗျို့….. 🙂

  • Ma Ei

    June 1, 2012 at 11:14 am

    ဓါတ်ပုံတွေကြည့်ပြီး
    ခုချက်ချင်းတစ်ခေါက်ပြန်ရောက်သွားပြီ…
    နောက်ထပ်ပုံတွေ မျှော်နေမယ်…

  • မဟာရာဇာ အံစာတုံး

    June 1, 2012 at 11:39 am

    ဆင်းတုတော်တွေက အများကြီးပဲဗျနော့ …
    အားပါးတရ ဖူးမြော်သွားပါတယ် ဖေဂျီးရေ ..
    သာဓု .. သာဓု .. သာဓု …

  • ကျေးဇူးတင်ပါ၏။
    အခုလိုကော်မင်းလေးတွေဖတ်လိုက်ရတော့အမောပြေပါ၏။
    ဒီပင်းတယ လိူဏ်ဂူက အမိုးနည်းနည်းပိုမြင့်တဲ့အတွက် အသက်ရူသိပ်မကျပ်ပါဘူး။
    ပိတ်ချင်းမြောင်မှာတော့ အပေါ်ဆင့်ရောက်တဲ့အခါ အတော်လေးမွန်းကျပ်ပါတယ်။
    မြင်းမထိကတော့ အပြင်ကို ပြန်ထွက်မယ့် အကွေ့လေးနေရာရောက်တော့ လူမွှန်ထူလာသလိုပါဘဲ။.
    ကျနော်ကြက်သီးထတယ်ဆိုတဲ့နေရာပြန်စဉ်းစားတော့ အကွေ့အဆုံးလမ်းမှာ အသက်ရူမဝတာကြောင့်ဖြစ်နိုင်ပါတယ်။
    ကျနော်ရောက်လေရာ ရာ ဒေသက ပုံတွေ ကျနော်ရွာသူားတွေမြင်ရအောင် အမြဲမှတ်တမ်းတင်ခဲ့ပါမယ်နော်။။
    (2-6-2012) ရှမ်းမြောက်ကို ခရီးထွက်ပါမည်။
    မျှော်…………………………

  • pooch

    June 1, 2012 at 12:17 pm

    ဖူးသွားပါတယ် လေးပေါက်။ ရှမ်းမြောက်ကို ရောက်ရင် ဟိုတခါပြောဖူးတာလေး ဓာတ်ပုံရိုက်ခဲ့ဖို့ မမေ့နဲ့အုန်းနော်။ 😀

  • aye.kk

    June 1, 2012 at 1:34 pm

    ကျေးဇူးပါကိုပေါက်ရေ…
    ဘုရားတွေကသပ္ပါယ်လွန်းလှသည်….
    ဖူးမျှော်ကာကြည်ညိုသွားပါ၏….။။

  • ထုံးဘဲဥ

    June 1, 2012 at 3:25 pm

    အားပေးတွားပါဒယ် အန်တီပေါက်ချင့် သများဂိုလည်း လက်တွဲခေါ်ပေးနော်

  • eipu

    June 1, 2012 at 4:04 pm

    ကျေးဇူးပါ ကိုပေါက်ရေ.
    ဖူးသွားပါတယ်.
    အခွင်းအရေးရရင် ကိုယ်တိုင်သွားဖူးမယ်.

  • နိုင်ငံခြားကလူတွေပါကြည့်ပြီးလာချင်စိတ်ပေါက်သွားမယ်
    ကျနော်တို့ကလဲ လမ်းခရီးကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံမှာဒေါ်လှတွေလှိမ့်ဝင်လာမှာသေချာါတယ်။
    မြန်မာပြည်မှာအလှတရားပေါင်းများစွာရှိတာကို နိုင်ငံခြားက ဒေါ်လှပိုင်ရှင်များသ်ိစေချင်ပါ၏။

Leave a Reply