ကျွန်တော်တို့ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ လမ်းမှာထိုးရပ်သွားပြီး၊ စက်ပြန်နိုးမရရင် ဆီပျောက်တာလား၊ မီးပျောက်တာလား စစ်ကြည့်ကြပြီး  ဆီပျောက်တာဆိုရင် နီးရာဆီဆိုင်မေးလို့ ဆီဝယ်နိုင်အောင်ကြိုးစားပြီး ဆီထဲ့ဆက်မောင်းလို့ရတယ်၊ မီးပျောက်တာဆိုရင်တော့ နောက်ကားတစ်စီးနဲ့ ဆွဲပြီးဝပ်ရှော့ပို့ပြင်ပေတော့။

အခုကျွန်တော်တို့တိုင်းပြည်ကြီး ဆီဆိုင်တွေပေါလို့ ဆီမပျောက်ပေမဲ့၊ မီးပျောက်တာကျတော့ ၀ပ်ရှော့ပို့ရတော့မှာလား၊ ပို့ရမယ့်ဝပ်ရှော့သိရင် ညွှန်ပေးလိုက်ပါအုံး၊ တိုင်းပြည်မှာလည်း မီးပျောက်နေလို့။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..