ဆီပျောက်၊မီးပျောက်

ခင္ခMay 30, 20121min776

ကျွန်တော်တို့ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ လမ်းမှာထိုးရပ်သွားပြီး၊ စက်ပြန်နိုးမရရင် ဆီပျောက်တာလား၊ မီးပျောက်တာလား စစ်ကြည့်ကြပြီး  ဆီပျောက်တာဆိုရင် နီးရာဆီဆိုင်မေးလို့ ဆီဝယ်နိုင်အောင်ကြိုးစားပြီး ဆီထဲ့ဆက်မောင်းလို့ရတယ်၊ မီးပျောက်တာဆိုရင်တော့ နောက်ကားတစ်စီးနဲ့ ဆွဲပြီးဝပ်ရှော့ပို့ပြင်ပေတော့။

အခုကျွန်တော်တို့တိုင်းပြည်ကြီး ဆီဆိုင်တွေပေါလို့ ဆီမပျောက်ပေမဲ့၊ မီးပျောက်တာကျတော့ ဝပ်ရှော့ပို့ရတော့မှာလား၊ ပို့ရမယ့်ဝပ်ရှော့သိရင် ညွှန်ပေးလိုက်ပါအုံး၊ တိုင်းပြည်မှာလည်း မီးပျောက်နေလို့။

6 comments

  • Gipsy

    May 30, 2012 at 10:27 am

    ကားသစ်တွေ အတွက်ဝပ်ရှော့ပ် အဆင်မပြေသေးကြောင်းသိရသဗျ….
    ကားပျက်ရင် ကားပြင် (သို့ ) ဂိုထောင်ထဲ ထားလို့ရသေးတယ်…
    လျှပ်စစ်မီးပျက်ရင်တော့ …

  • Ch@vez

    May 30, 2012 at 11:36 am

    ဆီပျောက် မီးပျောက် အတွက်ကတော့
    ဆီဇက် တွေ မီးဇက် တွေ လိုပါဂျောင်း…

    ဟီဟိ …
    ကိုယ်လိုတာ ကိုယ်ဆွဲပြောသွားဘာသည်….

  • PaLote Tote

    May 30, 2012 at 12:53 pm

    ဘယ်မီးပျောက်တာတုန်း ။
    ဈေးတွေတစ်ခုပြီးတစ်ခုမီးတွေလောင်နေတယ်လေ ။(မီး မပျောက်ပါဘူး)
    (လျပ်စစ်မီးလို့) ရှင်းရှင်းလင်းလင်းပြောပါအေ ။။။။

  • windtalker

    May 30, 2012 at 1:32 pm

    ဆီပျောက် မီးပျောက်
    အတည်ပေါက် အီးပေါက်
    မကြည်နောက် အတီးဂေါက်။

  • Khin Kha

    May 30, 2012 at 1:44 pm

    ဖြည့်စွက်ချက် မီး = လျှပ်စစ်မီး

Leave a Reply