နီနေချိန်တွင် မနောကံမြောက်နေပါသည် ………

Khaing KhaingMay 30, 20121min41478

အခုရက်ပိုင်း ကျွန်မရွာထဲသိပ်မဝင်ဖြစ်ဘူး …….. ရွာသူရွာသားသူငယ်ချင်းတွေက ဒါလေးဖတ်ကြည့် ဟိုဟာလေးကရီရတယ်ဆိုမှ ကျွန်မခဏဝင်မန့်ဖြစ်တယ် ……….. ကျွန်မတို့ ရုံးကပြောင်းရွေ့တော့မှာရယ် လကုန်ခါနီးအလုပ်ကိစ္စလေးတွေရှုပ်နေတာရယ်ကြောင့် ရွာသူရွာသားတွေရဲ့ပို့စ်တွေကိုတွေ့ သော် ငြားဝင်ရောက်ဆွေးနွေးခြင်းမပြုဖြစ်ဘူး ဒါပေမယ့် မထင်မှတ်ပဲ ရွာသူရွာသားထဲက တစ်ယောက် ကျွန်မကိုလာပြောတယ် ရွာထဲမှာစာသိပ်မရေးချင်တော့ဘူးတဲ့ ကျွန်မကိုလည်းမရေးဘူးလားလို့ မေးနေတယ် ကျွန်မကအချိန်မရှိလို့မရေးဖြစ်တာကိုပြန်ပြောတော့ သူကတော့ “ရွာထဲမှာ အနီလုပ်နေတဲ့ အုပ်စုရှိတယ်တဲ့” ကျွန်မလည်းမနေ့ကတိုက်တိုက်ဆိုင်ဆိုင် ကျွန်မပို့စ်အဟောင်းတစ်ခု ကိုဝင်ကြည့်မိတယ် “ပန်း”ဆိုတဲ့ပို့စ်ပါ ကျွန်မအမျိုးသားကရုံးကိုလိုက်လာတယ်လေ သူ့ကိုကျွန်မတင်ထားတဲ့ပို့စ်လေးရယ် ကျွန်မရိုက်ထားတဲ့ဓာတ်ပုံလက်ရာလေးတွေကိုပြချင်လို့ ဖွင့်ကြည့်တော့ အရမ်းကိုအံ့ဩသွားတယ် ပို့စ်တစ်ခုလုံးမှာ နီရဲ့နေတာပါပဲ ကျွန်မရဲ့ပို့စ်က မိုက်ရိုင်းတဲ့ပို့စ်တစ်ခုမဟုတ်တာတော့သေချာပါတယ် ပန်းလေးတွေပဲတင်ထားတာပါ အောက်ကမန့်ကြတဲ့ ရွာသူရွာသားတွေကလည်း ယဉ်ယဉ်ကျေးကျေးရေးထားတာပါ ဒါပေသည့်အနီတွေပေးထားတာ တော့်တော့်ကိုအံ့ဩမိတယ် အနီပေးခြင်းရဲ့ ရည်ရွယ်ချက် ကိုသေချာသိစေချင်တယ် ကျွန်မရွာထဲကိုဝင်တာ မည်သူကိုမျှအနီမပေးဖူးပါဘူး ကျွန်မရဲ့အနီအပေါ်ထားတဲ့ရည်ရွယ်ချက်က ရိုင်းစိုင်းစွာပြောဆိုတာတွေကိုပဲနီသင့်တယ်လို့ထင်တယ် ကျွန်မရဲ့ပို့စ်မှာ နီနေတာဟာ ကျွန်မကို (သို့မဟုတ်) ကော်မန့်ပေးသောရွာသူရွာသားတွေကို မုန်းတီးနေတယ် မကြိုက်နှစ်သက်ဘူးဆိုတဲ့ သဘောလိုသက်ရောက်နေတယ် ဒီလိုရွာသူရွာသားချင်းမနှစ်သက်မုန်းတီးနေရင် ရွာထဲကိုလည်းမဝင်သင့်ဘူးလို့ထင်ပါတယ် ဒီရွာထဲမှာ ကျွန်မသိသလောက် အားလုံးနီးပါးဟာ ပညာတတ်ကြတယ် အလုပ်အကိုင်ကိုယ်စီရှိသလို အလုပ်အကိုင်တွေကလည်း အဆင့်အတန်းမြင့်ကြတာများပါတယ် ……ဒီလိုအဆင့်အတန်းရှိစွာရေးသားပြောဆိုနေသော ရွာသူရွာသားများကို နီနေတာဟာလည်း ထိုသူများရဲ့သိက္ခာကိုထိခိုက်စေပါတယ်  နောက်တစ်ခုက အခုဓာတ်ပုံပြပွဲပို့စ်မှာပါ အဲဒီအထဲမှာလည်းနီထားကြတယ် ကိုအရင့်ရောင်ရဲ့ပို့စ်မှာလည်းနီထားတယ် နောက်တစ်ခုက ရွာသူရွာသားတစ်ယောက်နဲ့တစ်ယောက်သိပ်ခင်မင်မှန်းသိရင်လည်း အဲဒီလူနှစ်ဦးကို တစ်ဦးက အမြင်မကြည်ဘူး ဒီမန္တလေးဂေဇက်ဆိုဒ်ကိုမကြိုက်ရင်ဝင်မဖတ်ပါနှင့် ပြီးတော့ရွာသူရွာသားတစ်ယောက်ကို မကြိုက်နှစ်သက်ရင် အဲဒီပုဂ္ဂိုလ်ရဲ့ပို့စ်ကိုဝင်မဖတ်ပါနှင့် ဒါပေသည့် ကိုယ်မကြိုက်နှစ်သက်သော်ငြားလည်း အခြားသူများက သဘောကျလို့ ဝင်ဖတ်ကော်မန့်ပေးထားတာကိုတော့ သဘောထားဆိုးစွာ ရင်ထဲကခံစားချက်ကိုဖွင့်မပြနိုင်စွာနှင့်နီပလိုက်တာ ပို့စ်ပိုင်ရှင်ရော ကောမန့်ပေးသူရောစိတ်ထဲမှာ မကောင်းဖြစ်နေတာအမှန်ပါပဲ ……… ကျွန်သိသလောက်ရွာထဲမှာ စကားလုံးအသုံးအနှုန်းရိုင်းစွာသုံးတတ်တာ (၃)ယောက်ပဲရှိပါတယ် ဥပမာ – ကိုဖုန်းကျော် (စိတ်မဆိုးပါနဲ့နော်) ကိုဖုန်းကျော်ပို့စ်တွေက စကားလုံးတွေကကျွန်မမကြိုက်ဘူး ကျွန်မမည်သည့်အခါမှ ဝင်လည်းမဖတ်သလို ဝေဖန်မှုလည်းမလုပ်ခဲ့ဘူး နီဖို့ဆိုတာဝေးပါသေးတယ် ကိုဖုန်းကျော်ကိုယ်တိုင်ကလည်း သူ့ပို့စ်မှ လွဲပြီး အခြားပို့စ်တွေထဲတွင် ကော်မန့်ပေးတာနည်းသလောက်ရှားပါတယ် …. အမှန်ပြောရရင် ကိုဖုန်းကျော်တောင် စည်းကမ်းရှိတယ်လို့ ကျွန်မထင်တယ် …..

ကျွန်မထပ်ခါထပ်ခါပြောချင်တာက နီချင်ရင် မိုက်ရိုင်းစွာပြောထားသော စာသားများကိုသာနီ ပေးစေချင်ကြောင်း ကောင်းမွန်စွာရေးသားထားခြင်းကို ပုဂ္ဂိုလ်ရေးရာအမြင်မကြည်မှုနဲ့ အနီပေးရန်မသင့်ကြောင်း ထိုသို့လုပ်နေပါက ရွာသူရွာသားစာရေးစရာကောင်းများကို အနုနည်းနဲ့တိုက်ခိုက်နေသလိုဖြစ်ပြီး စာရေးဆရာကောင်းများဆုံးရှုံးနိုင်ကြောင်း မိမိနီတာကို အခြားလူမသိပေမယ့် မိမိရဲ့ကိုယ်စောင့်နတ်ကသိနေပြီး မိမိနီနေချိန်တွင် မိမိစိတ်ထဲတွင် မနေကံကိုကျူးလွန်မှန်းမသိကျူးလွန်ကာ အကုသိုလ်စိတ် ငရဲစိတ်ဝင်နေကြောင်း မိမိကိုယ်မိမိမသိဖြစ်နေသည်ကို ကျွန်မက နိဗ္ဗာန်အကျိုးမြော်ကိုးကာ ဒီပို့စ်လေးကို တင်ပြလိုက်ပါသည်ရှင် ………..

 

 

အားလုံးကိုခင်မင်လေးစားစွာဖြင့်

Khaing Khaing

78 comments

  • မဟာရာဇာ အံစာတုံး

    May 30, 2012 at 1:50 pm

    ဟုတ်တယ်ဗျ ..
    ရွာထဲမှာ အလကားနေရင်း နီနေတဲ့အဖြစ်တွေ အများကြီးပဲ တွေ့ရတယ် ..
    ဘာလို့လဲ .. ဘယ်သူတွေ လာနီတာလည်း မသိပါဘူးဗျာ ..
    ကျနော်အနေနဲ့ ပြောရရင် အနီပေးဖို့ဆိုတာ ဝေးလာဝေး …
    မိုက်ရိုင်းတယ် ဆိုတဲ့ စကားတွေနဲ့ ကွန်မန့်ကိုတောင်မှ အနီ မပေးခဲ့ပါဘူး ..
    အနီတွေ လွှမ်းနေတဲ့ ပို့စ်တစ်ခုဟာ ကြည့်မကောင်းတာတော့ အမှန်ပဲဗျ ..
    အစိမ်းလေးတွေနဲ့မှ စိမ်းစိမ်းစိုစို ကြည့်သူ၊ ဖတ်သူကိုလည်း အမြင်အေးစေတယ် …

    မခိုင်ပြောသလို အနီပေးတဲ့အချိန်မှာ မကောင်းတဲ့ မနောကံကို ကျူးလွန်နေတယ် ဆိုတာလည်း ထောက်ခံတယ်ဗျို့ ….
    ဘယ်သူမှ မသိပေမယ့်၊ ကိုယ်ကိုယ်တိုင်တော့ သိနေတယ် ..
    အဲဒီလို လူမျိုးတွေ ဘယ်တော့မှ ကိုယ့်လိပ်ပြာ ကိုယ်သန့်မှာ မဟုတ်တော့ဘူး ..
    ဒီလူတွေ သေရင် စိတ်မသန့်တဲ့အတွက် ကောင်းရာရောက်ဖို့ဆိုတာ ဝေလာဝေး …
    ရှင်းရှင်းပြောရရင် … ဘာမဟုတ်လောက်တဲ့ အကုသိုလ်လေးနဲ့ အပါယ်သွားချင်တဲ့ လူတွေ …
    ဒီလူတွေလောက် တုံးတဲ့၊ အတဲ့လူတွေ ရှိမှာတောင် မဟုတ်တော့ပါဘူး …
    လူမိုက်သား ရမ်းကား၊ လူလိမ္မာသား ယဉ်ပါး ဆိုတာ ဒီလိုမျိုးတွေ ပြောတာနေမှာနော့ ..

    ဒီလို ပြောတာကလည်း အနီပေးတဲ့ လူတွေကို အမြင်မကြည်လို့ မဟုတ်ပါဘူး ..
    ပရော်ဖက်ရှင်နယ်ကျကျ ကိုယ်ရေးကိုယ်တာ မပါဘဲနဲ့
    မနီသင့်တာကို မနီဖို့ … ပြောချင်တာပါပဲ …
    အဲ … လေကြော ရှည်နေပါပြီ … 😀
    ကျနော် ပြောချင်တာတွေက ဒါပါပဲဗျာ …

    • Khaing Khaing

      May 30, 2012 at 2:00 pm

      ကိုကြီးအံရေ မအားတာအမှန်ပါ ကိုကြီးအံရဲ့ပို့စ်တွေကိုလည်းတွေ့နေပါတယ် ဝင်မဖတ်ဖြစ်ဘူး .. အခုဟာက ခဏလေးဝင်လိုက်တာ ဝင်သမျှပို့စ်ကနီနေတာတွေ့တော့ စိတ်မကောင်းဘူး ဒါကြောင့် တင်သင်မတင်သင့်မစဉ်းစားတော့ဘူး ရင်ထဲရှိတာကိုအမြန်လေး စာစီရေးတင်ပလိုက်တယ် ….. မနက်က ရွာသူ/သား တစ်ယောက်က နီတဲ့ကိစ္စကို တော်တော် ခံစားနေရတယ် သူ့ပြောတာကြောင့်လည်းပါပါတယ် သူ့စာတွေကိုလည်းဆက်အားပေးချင်တယ် ဒါကြောင့်ဒီပို့စ်လေးတင်ဖြစ်သွားတာပါ ……..

      ကိုကြီးအံရေ လကုန်ကျရင် ပြောင်းလာတော့မှာနော် အိမ်လာလည်ဦး ………

      • မဟာရာဇာ အံစာတုံး

        May 30, 2012 at 2:09 pm

        စိတ်သာချ ..
        လာလည်မှာ ..
        လာရင်တော့ အချိန်ရွေးပြီးမှ လာလည်ရမယ် ..
        ဝါးဒီးဖွင့်တဲ့ အချိန် … 😀

      • San Hla Gyi

        May 30, 2012 at 10:06 pm

        အင်း မခိုင်ခိုင်ရေ
        လေးစားစရာကောင်း နေပြန်ပြီဗျာ။ ကျနော်လဲ ဒီကိစ္စကို သတိထားမိတာ ကြာပြီ။ တခါတလေဆို ကောင်းကောင်းမွန်မွန် ပြောထားတဲ့ စကားလေးတွေတောင် နီနေတာတွေ့တယ်။ သူများပြောရင် မကြိုက်ဖူး ကိုယ်ကိုတိုင်က စပြီးစောင်းပြောနေတာတွေလဲ ရှိတယ်။ မခိုင်ခိုင် ကျနော်ပြောတာကို ယုံပါ့မလားတော့ မသိဘူး။ ကျနော်က ကျနော်ရေးတဲ့ ကွန်မန့်တွေ ဘာတွေကို အစိမ်းတွေ ဘာတွေ ကိုယ့်ဘာသာ ဘယ်တော့မှ မပေးဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ရေးတာ ကောင်းလား မကောင်းလား ကိုယ်သိလို့ပဲ။ ဒါပေမယ့် ဒီကိစ္စကို ရူးသွပ်သူတွေ ရှိတယ်ဗျ။ ဖြစ်နိုင်တာက ကိုယ်ရေးတာ ကိုယ့်ဘာသာ အစိမ်းပေးတာတို့။ ကိုယ်မတည့်တဲ့သူကို ဝေဖန်ရင် အကျိုးအကြောင်း မဆီလျော်လဲ အစိမ်းပေးတာတို့ပေါ့ဗျာ။

        • Khaing Khaing

          May 31, 2012 at 9:41 am

          Ko San Hla Gyiရေ …. ကိုယ့်ဘာသာကိုယ်အစိမ်းပေးတာတော့ညီမသိပ်မသိဘူး ညီမကတော့ ရွာမှာ ရာထူးရာခံသိပ်မရှိတော့ (Edit) ဆိုလားပဲ လုပ်လို့မရသေးဘူး …… ကိုယ့်ဘာသာကိုယ်စိမ်းလို့လည်းမရသေးဘူး သူများတွေကိုပဲစိမ်း လို့ရသေးတယ် …….

          Ko San ရေ ညီမကဒီပို့စ်တင်တာ ညီမရဲ့ခံစားချက်ထက် တစ်ခြားသော သူတွေရဲ့ခံစားချက်တွေ ကို ကိုယ်စားရေးမိတယ်ဆိုပိုမှန်ပါလိမ့်မယ် ……… ညီမကရွာထဲမှာ အကျိူးပြုစာပေတွေ အရေး အသားနည်းပါတယ် …….

  • windtalker

    May 30, 2012 at 1:54 pm

    “ ကျွန်သိသလောက်ရွာထဲမှာ စကားလုံးအသုံးအနှုန်းရိုင်းစွာသုံးတတ်တာ (၃)ယောက်ပဲရှိပါတယ် ”
    ကျုပ် မပါပါဘူးနော…
    အနီပေးတဲ့ ကိတ်စကတော့ ပြောရခက်တယ် ။ ရက်ဂျစ်စတာမလုပ်ထားဘဲ နေ ့စဉ် စာဝင်ဖတ်တဲ့ လူတွေ လဲ အများကြီး ရှိတာဆိုတော့ ၊ အတိအကျ ပြောဖို ့မလွယ်ပါဘူး ။ သို ့ပေသည့် ရွာထဲက တစ်ယောက်ယောက်လို ့ရယ်တော့ ပြောလို ့ရကောင်း ရနိုင်ပါတယ် ။ ဥပမာ ကိုပေါက် မန်းတလေး ပို ့စ်တွေ ဆိုရင် ကြည့်လိုက်ရင် အမြဲတမ်းနီနေတယ် ။

    • Khaing Khaing

      May 30, 2012 at 2:04 pm

      ကိုပေရေ ….. ရိုင်းစွာသုံးတတ်တဲ့ (၃) ယောက်က တစ်ကယ်တန်းလူမြင်မှာသာရိုင်းတာပါ သူတို့ စိတ်ဓာတ်ကကောင်းပါတယ် သူတို့မကျေနပ်တာကို လူတွေသိအောင်ပေါ်တင်ပြောရဲတဲ့သတ္တိလေ ကိုပေက မရိုင်းပါဘူး …………

  • ဗိုက်ကလေး

    May 30, 2012 at 2:01 pm

    တားတားဆို အနီအပြင် ကြယ်တစ်ပွင့်ပါ ပျောက်တွားတယ်ဂျာ..
    တော်တေးတယ်
    ကျန်တဲ့ တစ်ပွင့်ပါ ဖျောက်လို ့မရလို ့
    ရရင် ဖျောက်ပေးဦးမှာ မြင်ယောင်သေး..
    အဟေး..ဟေး..

    • Khaing Khaing

      May 30, 2012 at 2:12 pm

      အယ် …. အူးအူးဗိုက်က ကြယ်တစ်ပွင့်ပဲရှိတော့တယ်တော့ ……. ဟုတ်ပ အဲဒါဘယ်လိုကြောင့် လဲကွယ် …..

      • windtalker

        May 30, 2012 at 9:46 pm

        အဲဒါ တော့ စီးကလက် လေ
        ဘူမှ ပြန်မပြောနဲ ့
        သူ ့ကြယ် ကို ပေါင်ထားတာ
        အသေးစိတ် ကို ဇရပ်ထဲမှာ သွားကြည့်

        • Khaing Khaing

          May 31, 2012 at 9:44 am

          ကိုပေ စီးကလက်ကိုနည်းနည်းလောက်တို့ပါရစေနော် …….. ဇရပ်ဆိုတာ ဘယ်နေရာလဲဟင် …… သူများအကြောင်းဆို သိပ်စပ်စုချင်လွန်းလို့ပါ …….

        • windtalker

          May 31, 2012 at 1:39 pm

          သူရို ့ဘဲ ဇရပ်မှာ လေတိုက်လို ့အေးသလေး ဘာလေးနဲ ့ချမ်းခဲ့ကြပြီး
          အခုမှ… အခုမှ

  • etone

    May 30, 2012 at 2:07 pm

    မခိုင်ရေ … အဲ့ဒီလို လိုက်လိုက်နီနေတာ ကြာပြီပေါ့ … အထူးသဖြင့် ပို့စ်အဟောင်းတွေမှာ … မခိုင်ကအခုမှ အထူးဆန်းလုပ်လို့ … ။ သိပ်ပြီး ဖီးလ်မဖြစ်ပါနဲ့ …. မေ့မေ့ပျောက်ပျောက်သာ သဘောထားလိုက်ပါ ။

    အနီတွေ အစိမ်းတွေရဲ ့ အရည်တွက် နည်းတာ များတာဘာထိခိုက်မှု၊ သက်ရောက်မှုမှ မရှိဘူးတဲ့သဂျီးပြောဖူးတာပဲ … ။ ကိုယ်သဘောကျတဲ့ ကော့မန့်မျိုး ၊ ကိုယ်နဲ့ အနီးစပ်ဆုံးကော့မန့်မျိုးကို အစိမ်းပေးမယ် ။ မကြိုက်တဲ့ ကော့မန့် သဘောထားကွဲလွဲတဲက ကော့မန့်မျိုး နဲ့ ဆဲထားတာတွေ ၊ ညစ်တီးညစ်ပတ်ရေးထားတာတွေဆို ကန် ့ကွက်တဲ့ သဘောနဲ့ အနီပေးတယ်လို့.. အရင်က ယုံကြည်ခဲ့ပေမယ့် … ။ အခုတော့ အကောင်းရေးလည်း နီတာပဲ … ရည်ရွယ်ချက် ရှိရှိနဲ့ကို … သက်သက် စိတ်အနှောက်ယှက်ပေးနေပုံပဲ … ။ မခိုင်ပို့စ်တစ်ခုတည်းမဟုတ်ဘူး တခြားပို့စ်တွေလည်း ဒီအတိုင်းပဲ … ။

    ဒီတော့မခိုင်ရာ … စိတ်အနှောက်ယှက်ဖြစ်အောင် သက်သက်လိုက်လုပ်နေတဲ့ နောက်ကွယ်လူတွေ ရည်ရွယ်ချက်မပြည့်ရလေအောင် … ဒီကိစ္စ ခေါင်းထဲကို ထည့်မနေနဲ့တော့ … ။ ဘာမှ အရေးမပါဘူး … ။
    ညီမကတော့ နီချင်နီ ၊ စိမ်းချင်စိမ်း လုံးဝ don’t care ပဲ 😆

    • Khaing Khaing

      May 30, 2012 at 2:16 pm

      အမကစိတ်အနှောင့်အယှက်သိပ်မဖြစ်ပါဘူးကွယ် ……. ဒါပေသည့် စာကောင်းပေကောင်းလေးတွေရေးသူတွေ ဓာတ်ပုံကောင်းလေးတွေကို ကြိုးစားပမ်းစား ရိုက်ပြီး တင်နေသူတွေ စိတ်ထဲမှာတော့ အနှောင့်အယှက်ဖြစ်နေတယ်ကွယ် သူတို့စိတ်မကြည်တော့ အမတို့ပရိတ်သတ်တွေက စာပေကောင်းပုံကောင်းတွေကို မဖတ်ရမကြည့်ရတော့ဘူးပေ့ါ ……

    • Davit

      May 30, 2012 at 4:27 pm

      ဟုတ်ပါ့ ma etone ရာ…ခုနောက်ပိုင်းမှာ Comment တွေကိုမှားတယ်/မှန်တယ် ဖြစ်သင့်တယ်/မဖြစ်သင့်တယ် လိုတောင်မစဉ်းစားတော့ပဲ ပလိန်းချည်းကိုလိုက်နီနေတဲ့သူရှိလိမ့်မယ်…..တစ်ချို့ပြန်ထောက်ပြထားတဲ့ Comment တွေဆို အရမ်းကောင်းတယ်ဆိုတာ ဖက်တဲ့သူတိုင်းသိပေမဲ့ ….. ကြည့်လိုက်ရင် နီနေတာပဲ…အကောင်းဆုံးကတော့ အမပြောသလို Don’t Care ဘဲ
      ( ဟော …… ပြောရင်းနီလာဘီတွေ့လား….. 🙂 )

  • kai

    May 30, 2012 at 2:07 pm

    ကျုပ်သဘောကတော့ဗျာ..
    နီတာဖြစ်ဖြစ်…စိမ်းတာဖြစ်ဖြစ်.. သူတဦးက..သူတဦးအပေါ်..စိတ်ဝင်စားမှုကိုပြတာလို့… ယူဆပါတယ်..
    အချိန်..စက္ကန့်ပိုင်းတော့.. ပေးပြီးလုပ်ရတာပါ..။

    နီပေးတာ..စိမ်းလိုက်တာက.. စာဖတ်သူရဲ့.. ကိုယ်ပိုင်အခွင့်အရေးပါ..
    လုပ်ချင်တာ..လုပ်ပါစေ.. 🙂

    အဲ..
    နီတာမကြိုက်ဖူးပြောတာလည်း.. စာရေးသူ..မန်းသူရဲ့အခွင့်အရေးပါပဲ..
    ပြောနိုင်ပါသည်…။ :mrgreen:

    • အရီး Khin Latt

      May 30, 2012 at 2:25 pm

      နီနေပြီ။ အဟိ။
      နီပေါ့။
      တို့ သူကြီး (ကြီး) ကတော့ ပျော်ပျော်ဘဲ။ 😆

    • Khaing Khaing

      May 30, 2012 at 2:43 pm

      ဟော သူကြီးကိုနီသွားပြီ မြန်တာ ……. သူကြီးရေ နီတာစိမ်းတာက သက်ရောက်မှုမရှိဘူးဆိုပေ သည့် အခုတော့ ကိုဗိုက်ကလေးရဲ့ကြယ်ပြုတ်သွားတယ် အဲဒါဘာပြုလို့လဲသိဘူးနော် …..

  • Ch@vez

    May 30, 2012 at 2:13 pm

    အဟိ…
    အပေါ်က သဂျီး ကို နီတာ တားတားပါခည …

    ဒက်ဂလောက်..

    • Ch@vez

      May 30, 2012 at 2:25 pm

      ကာရခန် ဝဇီခန် မူနာ့ချ်ခန် မြောက် နီသွားတဲ့
      ဂီ

      :mrgreen:

      • Khaing Khaing

        May 30, 2012 at 2:50 pm

        မိဂီ ညည်းတို့က ဂ နိုင်ငံမှာနေပြီး ကွန်ကောင်းတော့ လုပ်ချင်းတိုင်းလုပ်နေတာလား ….. ညည်း လည်းကြယ်သုံးပွင့် ငါလိုက်နီလိုက်ရင် ကြယ်တွေကြွေကုန်မယ် ဘာမှတ်လဲ ………. အဟီးးးး ဒါဆို ကာယကံမြောက်တာပေ့ါနော် ……. နီမယ်လို့စိတ်ကတွေးတာကို လက်ကလုပ်ရင် ကာယကံ ဝစီကံ (၂) ကံ ……..

  • ကြောင်လေး

    May 30, 2012 at 2:18 pm

    အြော်…………..ဒါ့ကြောင့် ဒီမို သဂျီးးးးးးးးးးးးး
    ရယ်လို့ပြောကြတာကိုး။

  • may flowers

    May 30, 2012 at 2:21 pm

    ကိုယ့်မန့်တွေလည်း…အဲဗားနီနေတာပါ………..စိတ်ထဲထားမနေပါနဲ့ ခိုင်ရယ်။နီနိုင်ကြပါစေ..စိတ်ကြိုက်။

    • Khaing Khaing

      May 30, 2012 at 2:57 pm

      မေဖလားဝါးရယ် စိတ်ထဲထားပါဘူးကွယ် ….. အခုကလည်း အပေါ်မှာပြောသလို တစ်ခြား ခံစားနေရသူတွေအတွက်ပါ သူတို့က စာကောင်းလေးတွေတင်ချင်တာတောင် လက်တွန့်နေတော့မှာ ဒါဆိုဘယ်သူတွေထိခိုက်မလဲ ဒီဆိုဒ်ကိုဖတ်နေတဲ့သူတွေ မန်ဘာဝင်သူတွေ စာပေကောင်းတွေမဖတ်ရတော့ဘူးပေ့ါ ….. ဒီလိုနဲ့ဒီဆိုဒ်ကိုလူတစ်ခြားလူတွေ က အလကားဆိုဒ်ကြီးပါ မဝင်တော့ဘူး စာတွေဖတ်ရတာလည်း အနှစ်သာရမရှိဘူး ဒီလိုဆို ကျွန်မတို့ရွာကြီးစိမ်းလန်းစိုပြေမှုမရှိတော့ဘူး ဒါလေးကိုတွေးမိပြီးပို့စ်တင်လိုက်တာပါ …….

  • အရီး Khin Latt

    May 30, 2012 at 2:24 pm

    ခိုင်ခိုင် ရေ
    လှိုက်လှဲစွာ အားပေးသွားပါတယ်။
    ဒါပေမဲ့ လဲ သူ့ဟာသူ လက်ညောင်းခံ ပြီး နီရတာ ကို သာ ဂရုဏာထားပြီး ဥပက္ခာပွါး လိုက်ပါတော့။
    တကယ်တော့ သမီးပြောသလို ပါဘဲ။
    သူ့မှာ အနီ နှိပ်တာ ပျော်လို့ မဟုတ်တာ သေချာတယ်။
    သူ့စိတ်မှာ ဒေါသ တွေ ရှိနေလို့ များမယ်။
    ချစ်တဲ့
    အရီးလတ်

    • Khaing Khaing

      May 30, 2012 at 3:04 pm

      အရီးလတ် ကျေးဇူးပါ သမီးပို့စ်တွေမှာ အရီးလတ်ရဲ့ကော်မန့်လေးတွေကိုအမြဲတွေ့နေရလို့ပါ ….
      သမီးပြောချင်တာက ကိုယ်မကျေနပ်တာရှိရင် မနီပဲ မကျေနပ်တာကို ပေါ်တင်ရေးလိုက်ရင် သူကြီးဆီကနေ ၁ဝ မှတ်လည်းရပါတယ် ကော်မန့်ပေးသူရော ပို့စ်တင်သူရောက သူ့အမှားတွေကိုသိပြီး ပြင်သင့်တာကို ပြင်လို့ရတာပေ့ါ ….. စာဖတ်သူများအနေနဲ့လုပ်မိရင်လည်း အဲသလိုမလုပ်ပဲ ပြောချင်တာကို မန်ဘာဝင်ပြီး လွတ်လပ်စွာပြောဆိုဆွေးနွေးနိုင်ပါတယ် အပေါ်ကသူကြီးကော်မန့်မှာ လွတ်လပ်စွာပြောဆိုတာကို ခွင့်ပြုထားပါတယ် ………

      • Ch@vez

        May 30, 2012 at 3:12 pm

        ဟုတ်တယ်ဗျ …စာဖတ်သူအခွင့်အရေး နဲ့ ..
        ကဲပြောဘီ
        ခင်ဗျားသည်ပိုစ့် ကို မကြိုက်ဘူးဗျ..
        ဆန့်လည်း ဆန့်ကျင်တယ် ..
        ရှုံ့လည်း ရှုံ့ချတယ်…
        ပိုစ့် ပါ အဓိက အကြောင်းအရာ က တော့ ဝေဖန်စရာ မရှိပေမယ့်..
        ဘာကြောင့် ဆန့်ကျင်လဲ ရှုံ့ချလဲ ချဉ်လဲ မေးရင် ဖြေပါ့မယ်..
        ဟုတ်ကဲ့
        ကြွားလို့ …

        ဇဂါးမစပ် လက်မတချောင်း အောက်စိုက်ခဲ့ပီး ပိုစ့်ပိုင်ရှင်ရေးတဲ့ကောမန့်များကို
        နီသွားပါသည်…။
        အင့် ဟယ်. .အင့် ဟယ်..

        အရသာရှိထှာ …အေ

        • Khaing Khaing

          May 30, 2012 at 3:21 pm

          အမလေးပြောရင်းနဲ့ကိုနီနေပါ့လား ……. ကျွဲပါးစောင်းတီး အသိခေါက်ခက်အဝင်နက် နွားပလာတာကျွေးသလို ဘယ်လိုပြောပြောနားမလည်ပါလားနော် …….. ကိုဂီရေ “ကြွားလို့” ဆိုတာ ဘာကိုဆိုလိုလဲဆိုတာသိတယ်နော် ….. ကြွားစရာရှိတုန်းလေးကြွားရတာ ကြွားချိန်ရတုန်း လေးကြွားရတာ တစ်ချိန်သူထားခဲ့ရင် ကိုယ့်မှာဘယ်သူ့ကိုခေါ်ကြွားရမလဲ ပြီးတော့အခုကိုဂီ ရေးသလိုပေါ်တင် မကြိုက်ဘူးရေးနိုင်ပါတယ် …… ကောင်မဂီ နင် ဂငယ် နိုင်ငံမှာနေတုန်းလုပ်ထားဦးပေ့ါအေ ….. နင်ပြန်လာမှ ခွေးအကြီးလှည်းနင်းသလို မြန်မာနိုင်ငံကွန်မကောင်းတာကိုပြောတာ ငါနားထောင်ဦးမယ် …….. ငါလည်းအရသာရှိထှာ ကတ်ကတ်လန်အောင် ညည်းကိုပြောရလို့ ………

        • Ch@vez

          May 30, 2012 at 3:28 pm

          အိုက်ဒလို ကြွားလည်း ကြွားသေး ကတ်ကတ်လည်း လန်သေး ..
          အဲ့ဒါကြောင့်ကို ညည်းရဲ့ ခွန်နရာ့ ခြောက်ခုမြောက် ကွန်းမန့်ဂျီးကို
          ဟောသလို ဂျီး ကို အားပါးတရ နီ ပစ်ခဲ့ဂျောင်း…
          အင့်ဟာ ….

          ရဲရဲတောက်စေသဒီး ….

          ဒက်ဂလောက်..ဒက်ဂလောက်..

  • Novy

    May 30, 2012 at 2:24 pm

    “နီပေးတာ..စိမ်းလိုက်တာက.. စာဖတ်သူရဲ့.. ကိုယ်ပိုင်အခွင့်အရေးပါ..
    လုပ်ချင်တာ..လုပ်ပါစေ.. ”

    သူကြီးရေ. ကိုယ်ပိုင်အခွင့်အရေးဆိုပေမဲ့
    စာရေးသူရဲ့ စိတ်ကို အနှောက်အယှက်ဖြစ်စေပါတယ်
    မနို ကိုယ်တိုင်းလဲ ဒီလိုပဲ ခံစားခဲ့ရပါတယ်
    ဒီနေ့အထိ ဘယ်သူကိုမှ အနီမပေးခဲ့ပါဘူး
    မနီသင့်ပဲနီနေတာတွေ့ရင် ကိုယ်နဲ့ မဆိုင်ပေမဲ့ စိမ်းပေးခဲ့ပါသေးတယ်

    “ကောင်းမွန်စွာရေးသားထားခြင်းကို ပုဂ္ဂိုလ်ရေးရာအမြင်မကြည်မှုနဲ့ အနီပေးရန်မသင့်ကြောင်း ထိုသို့လုပ်နေပါက ရွာသူရွာသားစာရေးစရာကောင်းများကို အနုနည်းနဲ့တိုက်ခိုက်နေသလိုဖြစ်ပြီး စာရေးဆရာကောင်းများဆုံးရှုံးနိုင်ကြောင်း”
    ခိုင်ခိုင်ရဲ့ဒီစာပိုဒ်ကို ထပ်ဆင့်ထောက်ခံလိုက်ပါတယ်

    • Khaing Khaing

      May 30, 2012 at 3:13 pm

      မနိုရေ ထောက်ခံရေးသားတာကျေးဇူးပါ ….. ညီမထပ်ပြောချင်တာက ဥပမာ – ညီမပို့စ်တစ်ခု တင်လို့မကျေနပ်ရင် ပေါ်တင်ဝင်ရေးပါ ….. ဘာတွေတင်ထားတာလဲ ဖတ်ရတာမျက်စေ့ညောင်း တယ် ပုံတွေတင်တာလှလည်းမလှဘူး စကားတွေကလည်းအပိုတွေပြောထားတယ် …. စာတွေက စာလုံးပေါင်းတွေမှားနေတယ် ဘာဗဟုသုတမှလည်းမရဘူး နောက်ဆို ဗဟုသုတရတာ တွေတင်ပေးပါ ….. ဒါဆိုကာယကံရှင်ကစိတ်မဆိုးပဲ သူ့ရဲ့ရင်ထဲကအမှန်ပြောတာကို သဘောထားကြီးစွာနဲ့ ဟုတ်ကဲ့ပါ နောက်ဆိုစာကောင်းပေကောင်းဓာတ်ပုံကောင်းတွေရအောင် ကြိုးစားပါ့မယ့်လို့ ပြန်ရေးပေးပါ့မယ် ……. နီနေကြသူများ အဆင်ပြေမယ်ဆိုရင် မနီပဲ ရင်ထဲရှိတာကို ထုတ်ဖော်ပြောစေချင်ပါတယ် …. အုံပုန်းဘဝကလည်း လွတ်မြောက်စေချင်တဲ့ သဘောပါ အေသင်ချိုဆွေသီချင်းထဲကလို တစ်ယောက်တည်းကျိန်မခံစားစေချင်ပါဘူး ……..

  • ဗိုက်ကလေး

    May 30, 2012 at 2:28 pm

    ဟီး.ဟီး..
    အဲဒီနီတာ စိမ်းတာက ခဏခဏ ပြဿနာတက်တယ်ဗျ
    သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပါလေ..အိုမိတ်ဆွေ….
    သဗ္ဗေသတ္တာ ကမ္မသကာ
    ပုံ၊
    မနောမရ အူးဗိုက်-ဂရမ်းတစ်ပုလင်းခြံ

    • Davit

      May 30, 2012 at 4:32 pm

      ဟောကြည့်…… နီပြီ ….. နီ..ပြီ………..နီ…..ပြီ……………နီ………….ပြီ……………..နီ………………ပြီ ……………………….နီ………………………………………………ပြီ …………………. 😛

  • kotun winlatt

    May 30, 2012 at 3:02 pm

    ကျုပ်ကတော့နီတာ စိမ်းတာအဓိကမထားချင်တော့ပါ…
    ရေးချင်တာလေးရေးနေရတာကို ပျော်ပါသှ်…။
    ဇဂါးးမစပ်….
    နည်းနည်းကြွားထားသလားလို့…အာ..ဟိ….

    • Khaing Khaing

      May 30, 2012 at 3:23 pm

      အော် ကိုထွန်းဝင်းလတ်နဲ့ အင်ဇာဂီ လူကသာ ယောက်ျားတွေဖြစ်တာ မနာလိုစိတ်က တော်တော် လေးကိုများသားနော် ……. ဒီမယ်ကိုထွန်းဝင်းလတ် ကိုယ့်ရှိတာကိုယ်ကြွားတာ ဘာပြုလဲ မကျေ နပ်ရင် သူများလိုကြွားနိုင်အောင် ကြိုးစား ဒါပဲ …….

  • ဗိုက်ကလေး

    May 30, 2012 at 3:09 pm

    မကြာခင် နှင်းဆီပန်းခင်းဂျီးဖစ်တော့ မှာ မြင်ယောင်သေး..
    အဟေး.အဟေး..

  • kotun winlatt

    May 30, 2012 at 3:13 pm

    ဟီဟိ…နီကုန်ဘီ…
    နီကုန်ဘီ….
    အနီကဒ်တွေ ရမယ်….
    အနီကဒ်တွေ ရမယ်….
    အနီကဒ်…တွေ..ရမယ်….
    အံတီခိုင်ရေ….နီကုန်ပဟ…

  • thar ag

    May 30, 2012 at 3:17 pm

    ရွာသားများ တခါတခါ ဘာသာရေးကိစ္စ လူမျိုးရေးကိစ္စနဲ့ ရန်ဖြစ်နေတာတွေလဲတွေ့နေရပါတယ် တခိုျု့ကမဖတ်ချင်ပေမယ့်လို့ တချိုု့ ့ကလဲဒါတွေကိုဖတ်ချင်ကြတယ်

  • blackchaw

    May 30, 2012 at 3:35 pm

    ဒဏ်ရာဆိုတာ သူရဲကောင်းတို့အတွက် ဆုတံဆိပ်တွေတဲ့။
    အနီ ဆိုတာ မန်းဂဇက်က စာရေးသူတွေအတွက် ဆုတံဆိပ်တွေပါပဲ။
    ဘယ်သူမှ အသိအမှတ်မပြုရင်လည်းနေပေါ့။
    အနီပေးနေတဲ့ လူတွေက အသိအမှတ်ပြုခဲ့ရင် ဆုတံဆိပ် ချီးမြှင့်သလိုကို ခံစားရပါတယ်။
    ကဲပေးကြပေတော့ ဆုတံဆိပ်တွေ။… ဟီး…။
    :mrgreen:

    • Khaing Khaing

      May 30, 2012 at 3:40 pm

      ဟုတ်တယ် လေးဘလက် အခုဆိုကြည့် မိဂီက သမီးကို ဆုတံဆိပ်တွေ အများကြီးပေးတယ် ဟော ပြီးတော့သူက သမီးရဲ့ကော်မန့်အရေအတွကိုလည်း စိတ်ဝင်တစားကြည့်သေးတယ် ဘာပဲဖြစ်ဖြစ် ထင်ပေါ်တာပေ့ါလေ …… အဟီး ပေးလိုက်စမ်း အနီ မိဂီညည်းအပေးလည်း နာ့ကိုပေး မယ့်သူတွေ ချိတယ် ညည်းကိုတောင် ဘယ်သူတွေပေးနေလဲသိဝူး ………

  • Foreign Resident

    May 30, 2012 at 3:49 pm

    အနီပေးချက်ကတော့ ကမ်းကုန်ပဲ ။
    အဘ လည်း ဒီ Post က ၊
    ဂီဂီ နှင့် ခိုင်ခိုင် ပြောနေကြတာကိုဖတ်ပြီး ၊
    နောက်တဲ့ အနေ နှင့် အနီလိုက်ပေးဦးမှ ဆိုပြီး ၊
    သူကြီး Comment ကနေစပြီး အနီ စပေးလိုက်တာ ၊
    အနီ တစ်ခု နှစ်ခုပဲ ပေးရသေးတယ် ၊
    ပြန်လှည့်ကြည့်တော့ တခင်းလုံး နီနေပြီ ၊
    လွတ်တဲ့ နေရာတောင် မရှိတော့ဘူး ။
    ဟိဟိ ၊ အဘ Comment လဲ စက္ကန့်ပိုင်း အတွင်း နီသွားမှာ ။

    ဘာပဲပြောပြော သမီး ခိုင်ခိုင် ရဲ့ ဒီ Post ကို ၊
    ထောက်ခံပါတယ်ကွယ် ။

    ဦးဗိုက် ကြယ်တစ်လုံး ပြုတ်ရခြင်း အကြောင်းရင်းကတော့ ၊
    ” နစ်ကီလီ ” နှင့် တွေ့သွားလို့တဲ့ ၊
    ” နစ်ကီလီ ” က ဦးဗိုက် ရဲ့ Performance ကို မကြိုက်လို့တဲ့ ၊
    ကြယ်တစ်လုံး ဖြုတ်သွားတယ် ကြားတာပဲ ။ ဟီဟိ ။

    Post တွေထဲမှာ ဖတ်ရသလောက်
    ကြယ်ပေးခွင့် အာဏာရှိတာ သူတစ်ယောက်ပဲ ရှိတာကိုး ။

    ” အ​မျိုး​သား​​ ​၅၀၀၀​ ​ကျော်​နှင့်​​ ​အ​တူ​ အိပ်​ခဲ့​ဖူး​သည့်​ ​ဗြိ​တိန်​ အ​မျိုး​သ​မီး ”
    —http://myanmargazette.net/21658/uncategorized-other—

    Quote
    သူမက ယောက်ျား တွေရဲ့အဆင့်ကို
    အဆင့် တစ် ကနေ အဆင့် တစ်ဆယ် အထိ အမှတ်ပေး / အဆင့် Grade ခွဲထားပြီး ။
    အတော်ဆုံး / Performance အကောင်းဆုံး ဘဲဘဲ တွေကိုတော့ ၊
    နာမည်ဘေးမှာ ကြယ်ပွင့်လေးတွေပါ ချီးမြှင့်ထားပါတယ်တဲ့ ။
    အော် ၊ ငါတို့ သူကြီး တော်လှ တော်လှ နှင့် ၊
    ဘေးမှာ ကြယ် ၄ ပွင့် ရနေတာ ဒါ့ကြောင့်ကိုး ။
    Unquote

    ဟီဟိ ။

    • ဗိုက်ကလေး

      May 30, 2012 at 3:58 pm

      ပေါ်ဘီ..ပေါ်ဘီ..
      သဂျီးအကြောင်းတွေ ပေါ်ဘီ

    • Khaing Khaing

      May 30, 2012 at 4:21 pm

      အဘဖောရေ အခုလို ကြယ်ကိစ္စရှင်းပြပေးတာကျေးဇူးပါနော် ……. အဲအနီပေးတဲ့သူ ၂ ယောက်တော့ပေါ် ပြီ မိဂီရဲ့ကော်မန့်ကိုဘယ်သူနီနေလဲပေ့ါ ….. လက်စသတ်တော့အဘကို အဘကိုရော ဘယ်သူနီ သလဲမသိဘူးနော် …… စဉ်းစားနိုင်ရင်ပြောကွယ် စဉ်းစားနိုင်ရင်ပြောကွယ် …… ဘာပဲဖြစ်ဖြစ် အခုပို့စ်လေးတင်တော့မှ လူချစ်လူခင်ပေါတာ ကိုယ့်ကိုကိုယ့်သဘောပေါက်တော့တယ် … အဘရေ သမီးကိုမိန်းမချင်းမနာလိုတာမပြောလိုပါဘူး ယောက်ျားတွေဖြစ်ပြီးမနာလိုတဲ့လူတွေ စိတ်ထား ပုတ်ပြီးလိုက်နီနေတဲ့သူတွေရှိတာကိုလည်း ရှင်းရှင်းလင်းလင်းကြီးသိလိုက်ရကြောင်းပါ ………

  • kai

    May 30, 2012 at 4:21 pm

    အဲဒီကြယ်တွေ.. အနီတွေက.. ဒေတာဗေ့စ်ထဲ..မထားပါဘူး..
    ဆိုတော့.. ဘာမှတ်တမ်းမှမရှိ.. စာဖတ်သူ/ရေးသူကို.. ဆွဲဆောင်တဲ့.. သဘောပါပဲ..

    အလကားနေ.. လိုက်လုပ်နေသူကို… ရွာသူားအများစုက.. ဥပေက္ခာမထားနိုင်ရင်.. အဲဒီစနစ်တခုလုံးဖြုတ်လိုက်လို့တော့ရမယ်..
    ဆိုတော့..
    အနီပေးနေသူတွေက.. အဲဒါမရှိတော့တာ.. ကြိုက်သလား.. ဖြေကြည့်ပါနော..။

    လူတွေဟာ… သူတို့နဲ့..တန်ရာပဲရတာပါ..
    တိန်… 🙂

    • Khaing Khaing

      May 30, 2012 at 4:44 pm

      သကြီးရေ အခုလို နီတာက ဘာအကျိုးသက်ရောက်မှုမှမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီးသိ လိုက်ရတော့ အနီပေးချင်သူတွေကြိုက်သလောက်ပေးပါစေတော့ အရေးကိုမစိုက်တော့ပါဘူး အိတုံပြောသလို ပို့စ်ကိုအရောင်ခြယ်သူတွေလို့ပဲသတ်မှတ်ပြီး ပျော်ပျော်ကြီးလက်ခံပါ တော့မယ်နော် ……… ဒီနေ့ဟာတစ်ကယ်ပျော်ပါတယ် ရင်ထဲသိချင်တာတွေကို ရှင်းရှင်းလင်း လင်းသိလိုက်ရလို့ပါ ……. အားဆေးတခွက်ထက် တန်ဖိုးရှိတဲ့ ဒီပို့စ်လေးကို အခိုင့်ရင်ထဲ အမြဲအမှတ်တရ သိမ်းထားဖြစ်မှာပါ သူကြီးခိုင်ရယ် ………

  • နွယ်ပင်

    May 30, 2012 at 4:25 pm

    အယ် မခိုင်ရေ ပြောနေတုန်းပဲ
    ဘယ်သူတွေများ ဝင်အားပေးသွားလဲ မသိဘူး အလကားသက်သက် ပိုစ့် တစ်ခုလုံး နီနေပြန်ပါရောလား ..
    စိမ်းလို့ ရသမျှ ပြန်စီမ်းပေးခဲ့ပါတယ်နော် ……….

    • Khaing Khaing

      May 30, 2012 at 4:34 pm

      နွယ်ဘင်ရေ အပင်ပန်းခံလိုက်မစိမ်းပါနဲ့တော့ သူကြီးကပြောနေတယ် နီတာစိမ်းတာဘာမှ အရေး မပါဘူးတဲ့ ဒါဆိုစာရေးကောင်းတဲ့စာရေးဆရာတွေ ဓါပုံဆရာတွေ ဆက်ပြီး အားရပါးရတင်ကြပါ ဘာလို့လဲဆိုတော့ ခဲရောင် (0) ဖြစ်နေမယ့်အစား အနီအစိမ်းလေး(+1 )( -1)တွေရှိနေတော့ ပို့စ်ကိုအရောင် ခြယ်သလိုဖြစ်တာပေ့ါ …… အခုဆို အမပို့စ်က သိပ်ကိုလှသွားတယ် ……

      အနီရောင်ဆေးခြယ်တဲ့ နှင်းဆီ နှင်းဆီ မြင်သူတကာတိုင်းငေး လူတိုင်းကခူးချင်တဲ့ နှင်းဆီ နှင်းဆီ နံမည်ဒီပန်းကလေး ……… ဒီသီချင်းက နီနီဝင်းရွှေဆိုတဲ့လေသံအတိုင်းအမခိုင်ကပြန်ဆိုတာနော် .. ဇော်ဝင်းရှိန်မဟုတ်ဘူး ………

      • Rose Minn

        May 30, 2012 at 4:59 pm

        ဟေ့ ကိုယ်ဖာသာကိုယ်နီချင်နီကြ သများနံမယ်မပါနဲ့ နော် ဟင်း။ နှင်းဆီဆူးလည်း သွေးထွက်ရင် နီတက်တယ်။ နှင်းဆီဆူးရင် နီမယ်နော်။ သများတို့ က နီတာ ကိုကြိုက်လို့ နှင်းဆီလို့ ကိုပေးထားတာ မှတ်ကရော။ အင်းဟယ် အင်းဟယ် …………….. သွေးတွေနဲ့ နီနေပြီတွေ့လား 🙂 😛

        • Khaing Khaing

          May 30, 2012 at 5:06 pm

          အံမယ်လေးတော် …….. နှင်းဆီဆူးကြီးနဲ့တော့ ထိုးပါနဲ့အေ နဂိုကမှနီနေတာတော်ကြာ နာ့ပို့စ် တစ်ခုလုံးသွေးရောင်လွှမ်းသွားပါဦးမယ် …..

  • သူရဇော်

    May 30, 2012 at 4:26 pm

    မစိမ်းပါနဲ့ဗျို့ နီတာလေးကို သဘောကျတာ နီကြပါ နီကြပါ
    အားရပါရသာ နီကြပါ

  • Moe Z

    May 30, 2012 at 4:28 pm

    အယ် … မမခိုင်ရေ နှင်းဆီနီတွေပွင့်နေပါ့လား
    တစ်ပွင့်လောက်ပေးပါလားဟင် 😆

    အပေါ်က သဂျီးကို နီသွားတာ မိုးစက်မဟုတ်ဘူးနော့

    • Khaing Khaing

      May 30, 2012 at 4:39 pm

      အော်ညီမရယ် သူများတွေဆို အနီရောင်နှင်းဆီကိုလိုချင်လို့ အပင်ပန်းခံစိုက်ရတယ် အမကတော့ ပို့စ်လေးတင်တာနဲ့နှင်းဆီနီတွေ အများကြီးရတယ် သူကြီးဆီက (၃၀) လဲရ ကော်မန့်တွေကြောင့် ပျော်ရ ညီမကိုတောင် (၂) ပွင့်ပေးထားတယ် ဘယ်သူလဲတော့မသိဘူး ………

      • Moe Z

        May 30, 2012 at 4:45 pm

        မမခိုင်က အရမ်းသဘောကောင်းတာပဲ
        မိုးစက်က တစ်ပွင့်တည်းတောင်းတာ နှစ်ပွင့်တောင်ပေးတယ် 😆

        နောက်တာပါ မမခိုင်ရယ် ..
        အရင်တစ်ခေါက်ကလည်း လေးပေါက်ပို့စ်တင်ဖူးတယ် ဒီအကြောင်းကို
        အဲတုန်းကလည်း အခုလိုပဲ အဲဒါကြောင့် ဘာမှစိတ်ထဲမထားနဲ့ ..
        Forget it!

  • သူရဇော်

    May 30, 2012 at 4:30 pm

    ဟိဟိ ကျုပ်ပါဗျို့ အကုန်လိုက်နီမယ်
    စိတ်နာနာနဲ့
    လိုက်နီမိတယ်
    စိတ်နာနာနဲ့လိုက်နီမိတယ်

  • သူရဇော်

    May 30, 2012 at 4:31 pm

    အနော့နာမည်တွေလဲနီပေးကြပါဗျို့
    သူများလို စိမ်းခိုင်းတာမဟုတ်ဘူးနော် နီခိုင်းတာ ဟီဟိ

  • ချစ်စ/ဆရာ

    May 30, 2012 at 4:31 pm

    အန်တီခိုင်ခိုင်ပြောတာကို
    ချစ်စရာကောင်းတဲ့ ချစ်စရာ အချစ်တို့၏ဆရာ ချစ်ရာ ကျွန်တော် ချစ်စ/ဆရာ ထောက်ခံပါတယ်
    အပြည့်ဝထောက်ခံပါတယ် ပြောစရာမလိုအောင်ထောက်ခံပါတယ်
    ဒီရွာထဲမိုက်ရိုင်းတာကတော့ တစ်ယောက်ဘဲရှိပါတယ် ကိုဘုန်းကျော်ကြီးမဟုတ်ပါဘူး
    ကိုဘုန်းကျော်ကြီးဆိုရင်တော့ ကန့်ကွက်ပါတယ် တကယ်မိုက်ရိုင်းတာက
    အုပ်ကြားမြက်ပေါက်ရေမြောကမ်းတင်ဓာတ်တိုင်ရှူရှူးပေါက် ဂျော်နီဝါကားပုလင်းလွတ်ထဲ
    ထန်းရည်ထည့်သောက်တဲ့ မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ အဆင့်တန်းမရှိတဲ့လူဖြစ်ပါတယ်
    ကျွန်တော်ကိုယ်တိုင် http://myanmargazette.net/70377/creative-writing အဲ့သည်နေရာမှာ
    ရဲရဲဝန့်ဝန့်ပြောင်ပြောင်မြောက်မြောက် စွန့်စွန့်စားစား သတ္တိရှိရှိ မားမားမတ်မတ် ရပ်တည်ပြီး
    ပြောဆိုခဲ့ပြီးပါပြီခင်ဗျ
    လေးစားလျှက်
    ချစ်စရာကောင်းသော ချစ်စရာ အချစ်တို့၏ဆရာ ချစ်ဆရာ
    ချစ်စ/ဆရာ

  • blackchaw

    May 30, 2012 at 4:34 pm

    စိတ်ရှည်လက်ရှည်နဲ့
    ညီညီညွတ်ညွတ်န့
    စည်းကမ်းသေဝပ်စွာနဲ့
    အမိန့်နာခံစွာနဲ့
    ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီးတော့
    နီနေကြပါတယ်ခင်ဗျာ။
    အနီရောင် နှုတ်ခမ်းလေးနဲ့ အာ…ဘွား ဆိုပြီး
    အနီရောင်ပေးမယ်ဆိုရင် တော့
    လာထားပေါ့ခင်ဗျာ..။
    အော် ရုပ်ရှင်တောင် ရှိသေး
    လာထား အာဘွားတဲ့…။
    ပျော်ပျော်ပါးပါး ကြီး နီပွဲကြီးကျင်းပကြတာပေါ့နော့…။
    :mrgreen:

    • သူရဇော်

      May 30, 2012 at 4:40 pm

      လေးဘလက်ကြီးရေ မတွေ့တာကြာလို့သတိရတယ်ဗျို့…….တွေ့ဖြစ်တဲ့အချိန်ကြရင် အာဘွားပေးမယ်ဗျို့…..ဟိဟိ

  • ချစ်စ/ဆရာ

    May 30, 2012 at 4:35 pm

    အန်တီခိုင်ခိုင်ပြောတာကို
    ချစ်စရာကောင်းတဲ့ ချစ်စရာ အချစ်တို့၏ဆရာ ချစ်ရာ ကျွန်တော် ချစ်စ/ဆရာ ထောက်ခံပါတယ်
    အပြည့်ဝထောက်ခံပါတယ် ပြောစရာမလိုအောင်ထောက်ခံပါတယ်
    ဒီရွာထဲမိုက်ရိုင်းတာကတော့ တစ်ယောက်ဘဲရှိပါတယ် ကိုဘုန်းကျော်ကြီးမဟုတ်ပါဘူး
    ကိုဘုန်းကျော်ကြီးဆိုရင်တော့ ကန့်ကွက်ပါတယ် တကယ်မိုက်ရိုင်းတာက
    အုပ်ကြားမြက်ပေါက်ရေမြောကမ်းတင်ဓာတ်တိုင်ရှူရှူးပေါက် ဂျော်နီဝါကားပုလင်းလွတ်ထဲ
    ထန်းရည်ထည့်သောက်တဲ့ မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ အဆင့်တန်းမရှိတဲ့လူဖြစ်ပါတယ်
    ကျွန်တော်ကိုယ်တိုင် http://myanmargazette.net/70377/creative-writing အဲ့သည်နေရာမှာ
    ရဲရဲဝန့်ဝန့်ပြောင်ပြောင်မြောက်မြောက် စွန့်စွန့်စားစား သတ္တိရှိရှိ မားမားမတ်မတ် ရပ်တည်ပြီး
    ပြောဆိုခဲ့ပြီးပါပြီခင်ဗျ

  • သူရဇော်

    May 30, 2012 at 4:39 pm

    အိုဘယ့် ဒဿ အနော့ကို နီတာ ဘူဒဲ့လဲ အနော့ကိုနီတာအဒူတဲ့လဲ

  • Ch@vez

    May 30, 2012 at 5:18 pm

    သဂျီး
    ငါအပြားဂျီးပေါ်က နီလို့ မရလို့ ကံကောင်းသွားတာ
    တတ်နိုင်ရင် best comment ဂျီးကို နီချင်ထှာ အေ
    လက်ကိုယားနေတာပဲ

    ပို့စ်ပိုင်ရှင် ကြွားစိန် ကိုတော့ ၂၁လက်မ ဒက်စတွတ်ပေါ်ရောက်တာနဲ့
    အနီကတ် ခပ်ကြီးကြီး ပြမယ်အေ
    ချဉ်လို့

    အာဟိ

      • Ch@vez

        May 30, 2012 at 8:41 pm

        1.99 $ ယန်း နဲ့ ဆို ၁၇ဝ ပေးရတဲ့ (ဗမာငွေ ၂၀၀ဝမပြည့်တဲ့)
        MyBrowser ကနေ မန့်လိုက်တာ ဗျို့ ..အဲ့ဒါ …
        မိုးကုတ် ဘရောက်ဇာ က မြန်မာလို ရေးတဲ့ ဖူးဗားရှင်း ဝယ်ပေမယ့်(ဈေးတူတူ)
        အဆင်မပြေဘူးဗျ … ဖတ်မရတာတွေ ထွက်တယ်..

        ဒါကတော့ အဆင်ပြေတယ်…..
        သူ့ အားနည်းချက်က မာလ်တီ တက်ဘ် ဖွင့်မရတာပဲ …
        မန့် နိုင်တယ် ဆိုတော့ မဆိုးပါဘူးဗျာ ..
        ဒါမှမဟုတ်လည်း အလကား ရတဲ့ ဇော်ဂျီ နုတ်ပက်နဲ့ အဆင်ပြေရဲ့

        အန်းဒွိုက် မှာ ဆိုရင်တော့ mmbrowser ပေါ့ …
        ဖူးဗားရှင်း တော့ ကျနော့်မှာ မရှိဘူးဗျ… ရေးလို့မရ ဘူး ဆိုပါတော့…

        ခုတလော ပေါက်ပန်းလေးဆယ်ရေးနေတယ် ဆိုတာ ခေါင်းခြောက်လို့ဗျာ…
        ငါအပြားကြီးပေါ်က နယူးစတင်းန် မှာ အလကား ရတဲ့
        အီတာလီယာ ဖိုတို မဂ္ဂဇင်းအဟောင်း တွေ အဘိဒန် ကိုင် ဖတ်ပီး
        ခေါင်းပူ လို့ … အပျော်တွေ လျောက်ရေးနေတာ ဖြစ်ပါကြောင်း…
        (ခုတော့ စွန့်လွှတ်လိုက်ပါဘီ)

        အခု ထောင်ဖောက်ဖို့ ကြံနေပါတယ်..
        မူဗီ သွင်းလို့မရလို့ပါ … နည်းနည်း မဟုတ်
        များများ တင်းတယ် အဲ့ကိစ္စတော့..

        လီဂယ် ဖြစ်တယ် တဲ့ …သဂျီးရဲ့ …. ပန်းသီး မကောင်းဘူး ဘယ်သူပြောတုန်း..
        ပန်းသီး ပေးထားတဲ့အတိုင်း မသုံးဘဲ ပန်းသီးကို ဘတ်သီး ရိုက်နိုင်ရင် ….
        ရေလည် စမတ်ဖြစ်ပီ …

        အဟိ …
        အပျော့ကိုလည်း ပစ်မထား နိုင်ပါဘူး လေ…
        အပျော့ လက်ပကျွတ်ပေါ်က ခွီအေးတစ် ဆု ကို တပြားမှ မကုန်ဘဲ
        တာ့ချ် ဗားရှင်း ရတဲ့ နည်း ရှာတွေ့ သွားတော့သကိုး ….
        စကင်းတုန်း ကိုင်ရတာများ …တယ်သွက် ..တပုံ ၁၅မိနစ်ပဲ …

        အဲ့ … ကျနော် အဒိုဘီ တာ့ချ် (ယန်း၈၅ဝတန်) နဲ့
        စနပ်ဆိ(၄၅၀)တန် … (အပ္ပလီကေးရှင်း အော့ဖ်သည်ရီးယား)
        နဲ့ တို့နေတယ် အခု. ….

        ဒီဇိုင်း အတွက်ကတော့ အော်တိုကတ် က ထုတ်တဲ့ စကတ်ချ်ဘုတ်ပရို(၄၅ဝပဲ)
        ကို အပျင်းပြေ တို့နေရဲ့ဗျာ ….
        မန်းဂ အနီမီ စီဂျီ အဲ့ဘက် နည်းနည်း သွားမလားလို့ ….
        (သဂျီးပုံ ကာရီကေချာ ၆လအတွင်း လာမည် …မျှော်….)

        ဟီဟိ…

    • Khaing Khaing

      May 31, 2012 at 10:23 am

      လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ ….
      မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ ……….

      ဟဲ့မိဂီ ညည်းနှယ်အေ မနာလိုစိတ်ကတော်တော်များတာပဲ ဘောက်မဲ့ကြောင့် ဒီလောက်မနာလိုဖြစ်နေတာတုန်း ……. နာ့ကိုများကြွားစိန်တဲ့ နာသက်မဲ့ပစ္စည်းတွေတစ်ခုမှ ထည့်ကြွားထားတာမပါဘူးနော် …. သူများလို ပန်းသီးတစ်ခြမ်းပဲ့ကိုင်တာတို့ ကင်နွမ်ဝယ်တာတို့ အိုင်ကိုပက်တယ်ဆိုလား အိုင်ကိုဖုံးနေတယ်ဆိုလား အဲဒါတွေမပါဝူးနော် …. နာတကယ်ကြွားရင် ညည်းထိုင်ငိုသွားရမယ် ……. ဖေ့ဘုတ်မှာကြည့်နေ နင့်ကိုသက်သက်ကိုကြွားပြအုံးမယ် …..

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 30, 2012 at 6:24 pm

    ဆဲတော့ဘာဖြစ်ဒုံး 👿 👿 👿
    နီဒဲ့အချိန်မာ မနောကံထိုက်တယ်ဆိုတော့ စိမ်းတဲ့ချိန်မာ ရောမနောကံမထိုက်ဘူးလား
    မြင်ဒါဂို မြင်ဒယ်လို့မမှတ်ဘဲ
    နီဒါကို မကြိုက်ဘူးလို့နှလုံးသွင်းတော့ ( ဒေါသစိတ် )
    သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အပါယ်လေးဘား
    စိမ်းဒါကို နှစ်သက်တော့ တဏှာ နေ………………………သံသရာထဲမှာ

    • Khaing Khaing

      May 31, 2012 at 10:11 am

      @ အူးအူး ချစ်စ/ဆရာ အဟဲ …….. (၃)ယောက်လို့ပြောတဲ့အထဲမှာ ့အူးအူးပြောတဲ့ ကိုအောင်ပုပါတယ် …….. တစ်ခါတစ်လေပါ ဘာပြုလဲ သူရိုင်းတာ …….. သူကပေါ်တင်ရိုင်းတယ်လေ အိုက်ဒါမျိုးကို ကြိုက်တယ် …….. ကိုအောင်ပုက ညီမကိုတော့မရိုင်းဖူးပါဘူး ………

      @ ကိုအောင်ပု မှန်တယ်ဗျို့ စိမ်းတာကိုနှစ်သက်တာ တဏှာ ……. နီတာကိုမကြိုက်တာ (ဒေါသစိတ်) ဒါမျိုးဆိုတော့လည်း မဆိုးပါဘူး ကိုအောင်ပုက ……..

  • htoosan

    May 30, 2012 at 10:07 pm

    ခိုင်ခို်င်ရေ .. အနီကျေူးဇူးနဲ့ ခိုင်ခိုင်လည်း သူကြီးဆီက အတော်ရလိုက်ပြီလေ.. 😀
    အနဲဆုံး အနီပေးဖို့ သူ့ခမျာ ကြိုးစားရရှာတာ .. အသိအမှတ်ပြုပေးလိုက်ပါ … အခုလိုရေးလေ ဝမ်းသာလေဖြစ်နေမှာလေ ..
    .. ဝမ်းသာအောင် လေလည်ပြမနေကြပါနဲ့ဗျာ..

  • ဒီအနီအကြောင်းကို မှတ်မှတ်ရရ 31-21-2011 နေ့မှာ လက်သီးပုံးအနီဆိုပြီး ပိုစ်တောင်ရးတင်ဘူးပါတယ်
    ဒါပေမယ် သူကြီးကိုယ်တိုင်က ဒီလို ပေါက်ကရပေးနေတဲ့အနီကို လက်ခံတယ်ဆိုမှတော့
    ပြောမောဘဲလေ…………..
    အဲတော့လေကုန်မခံနဲ့တော့
    မင်းကြိုက်သလိုလုပ်လိုက်ပါတော့………………………………

  • ကြောင်ကြီး

    May 31, 2012 at 8:34 am

    ကြေးမုံဂျီးတို့အမျိုးဂဒေါ့ ကမာ္ဘမှာ တပ်နီဒေါ်ငပွဂျီး အမည်တွင်ဒယ်.။
    သူများဖြစ်လေမလား… 🙄

  • Khaing Khaing

    May 31, 2012 at 10:18 am

    @ကိုထူးဆန်းရေ သူတို့ကဝမ်းသာနေတယ်ဆိုတော့လည်း ကိုယ်ကကုသိုလ်ထပ်ရတာပေ့ါလေ ….. လူတစ် ဦးစိတ်ချမ်းသာအောင်လုပ်နိုင်တယ်ဆိုတာ နည်းတဲ့ကုသိုလ်လား ……..

    @လေးပေါက် သမီးကတော့ ကောင်းကောင်းသဘောပေါက်သွားပြီ နီတော့ပိုကောင်းတာပေ့ါ …. အခုဆိုမနေ့ကလို နီတာတွေမရှိတော့သမီးပို့စ်ကမစိုပြေတော့ဘူး ……

    @အူးကြောင်ကြီး ဖစ်နိုင်တယ် ………

  • htoosan

    May 31, 2012 at 11:31 am

    လေလည်ပြရင် ဝမ်းသာတာ ဘာကောင်လဲ သိတယ်မဟုတ်လား ခိုင်ခိုင်ရဲ့ .. အဲ့ဒါလေးပါ။
    အခု ခိုင်ခိုင်လည်း အဲ့ဒီလို ကုသိုလ်ထပ်ရတာပေါ့ စိတ်ထားနိုင်တော့လည်း စိတ်ချမ်းသာ သွားပြီမဟုတ်လား။ သူ့ ဒေါသ ကနေ ကိုယ့်ဒေါသ မဖြစ်တော့ဘူးပေါ့နော်….

  • kyeemite

    May 31, 2012 at 1:23 pm

    အင်း..ကျုပ်ငယ်ချစ်ကလေး “နီနီ”ကိုတောင်သတိရသွားဒယ်..
    နီနီ စိမ်းစိမ်း ပါဗျာ…အဓိကကတော့..ညနေစောင်းမှာ..
    အနီလေးနဲ့ ငြိမ့်ရရင်ပြီးတာပါဘဲ..
    ခင်တဲ့..
    ကြီးနီ..အဲဟုတ်ပေါင်..ကြီးမိုက်။

    • Khaing Khaing

      May 31, 2012 at 2:19 pm

      လေးမိုက်ကြီး ဘယ်ကဘယ်လို ကြီးနီဖြစ်သွားတာတုန်း ……..

      ခင်မင်ရင်းနှီးစွာဖြင့်
      အခိုင်နီ

    • သူရဇော်

      May 31, 2012 at 2:28 pm

      လေးကြီးနီ အဲလေ လေးကြီးမိုက်ကြီး နေကောင်းပါတယ်နော်…… ဒီလို အနီပွဲလေးမှာလာရောက် အားပေးသွားလို့ ဆော်ကြည်ထီပေါက်နိဗ္ဗာန်ရောက်ပါစေဗျာ….ဟိဟိ

  • Swal Taw Ywet

    May 31, 2012 at 2:11 pm

    Red or Green?
    I prefer GREEN.
    Because……..
    Please let me fly by Bo Own Thee.

    With Respect,
    Swal Taw Ywet.
    ( Yangon, Myanmar )

    • Khaing Khaing

      May 31, 2012 at 2:24 pm

      စွယ်တော်ရွက်လေးရေ ……… Bo Own Thee ဆိုတဲ့ စာသားလေးကို သိပ်သုံးတာပဲနော် …..

      မြန်မာပြည်ကိုပြန်ရောက်နေပလားကွယ် စွယ်တော်ရွက်ကလေးက စိမ်းနေပါတယ်ကွယ် ……. အစိမ်းထဲမှာ စွယ်တော်ရွက်လေးစိမ်းနေတာအကြိုက်ဆုံးပဲ ……….

      ခင်မင်ရင်းနှီးစွာဖြင့်
      Khaing Khaing

  • pooch

    May 31, 2012 at 3:12 pm

    အမရေးတဲ့ ပိုစ့်ဟောင်းတွေလည်း နီနေတာပါပဲ ညီမရယ်။ ဘယ်လိုမှ သဘောမထားပါဘူး။
    နီချင်နီ စိမ်းချင်စိမ်း ကြိုက်သလိုသာ ပေးကြပါစေ။
    ခုတောင် ညီမလေးစာအောက်က ကွန်းမန့်တွေ ရဲနေပါရောလား။
    အမကွန်းမန့်လည်း မကြာမှီ နီမည် မျှော် … :mrgreen:

Leave a Reply