ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (3) … ရွှေအင်းတိန် မှ ဖောင်တော်ဦးဘုရား..

 

ရွှေအင်းတိန်ဘုရားရဲ့ ရှည်လျှားလှတဲ့ စောင်းတန်းအတွင်းမှာ ရှေးဟောင်းပစ္စည်း ဘုရား၊နတ်ရုပ်စသည်ဖြင့်

ရောင်းချနေတဲ့ ဈေးဆိုင်များရှိပါတယ်…အပြင်ဘက်မှာလဲ ပျက်စီးယိုယွင်းနေတဲ့ ဘုရားစေတီများရှိနေတဲ့အတွက်

ရှေးဟောင်းပစ္စည်းတွေဟာ ဒီစေတီပျက်တွေထဲက ပစ္စည်းတွေများဖြစ်နေမလားလို့ စိတ်ပူမိပါသေးတယ်…

1....မျက်စေ့တစ်ဆုံးမက ရှည်လျှားလှတဲ့ စောင်းတန်း…

2.…ရောင်းချနေသော ရုပ်တု၊ဆင်းတုများ…

3.…၀ယ်လှဲ့ပါ…

4.…ဆင်းတုတော်…

5.…စေတီပျက်တစ်ဆူ…

6.…စေတီပျက်များကြားမှ အသီးတွေနဲ့ဥသျှစ်ပင်…

7.…စေတီပြို၊ပျက်များ…

8.… စေတီပြို၊ပျက်များ…

 

ပြိုကျလုလု စေတီတစ်ဆူရဲ့ အုတ်ချပ်တွေဟာ ပုဂံဘုရားများရှိအုတ်ချပ်များနဲ့ ဆင်တူနေတာတွေ့ရပါတယ်…

ပြင်ဆင်ပြီးဘုရားများကတော့ ယခုခေတ်လက်ရာဖြစ်နေပြီး ရွှေဆေးများကပ်လှူထားသည်ကိုဘုရားဟောင်းများနှင့်

ခြားနားစွာဖူးတွေ့ရပါတယ်…

9.…ပုဂံခေတ်အုတ်ချပ်တွေနဲ့တူတယ်…

 

10.…ပြုပြင်ပြီးစေတီများ…

11.…ရွှေအင်းတိန်ဘုရား ဆင်းတုတော်

 

ရွှေအင်းတိန်ဘုရားကို ပဋလိပုတ်ပြည်ရှင် သီရိဓမ္မာသောကမင်းကြီးက သာသနာနှစ် 200 ခုနှစ်ကျော်မှာတည်ထားခဲ့ပြီး၊

အနော်ရထာမင်း၊ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊မင်းခေါင် ၊ ဆင်ဖြူရှင်မင်း စသည်ဖြင့်

အဆင်ဆင့်ပြုပြင်ခဲ့ကြကြောင်း ဂေါပကအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရှိရပါတယ်…

ရင်ပြင်တော်မှာ ရေပက်မ၀င်နိုင်အောင် ပြောနေကြတဲ့ တောင်ရိုးသူတို့စကားဝိုင်းကိုလည်း

ခွင့်တောင်းလို့ မှတ်တမ်းတင်ခဲ့ပါတယ်…

စောင်းတန်းဘေးမှာရှိတဲ့ မန်ကျည်းတစ်ပင်မှာ အပွေးတက်နေပုံက အတော်ထူးဆန်းနေပါတယ်…

ရုပ်ပုံမျိုးစုံ ထွင်းထုထားသလို ပုံတွေ ထင်ယောင်မှားရပါတယ်…

 

12.…တောင်ရိုးသူတို့ စကားဝိုင်း…

13.…အမြင်ဆန်းတဲ့ မန်ကျည်းပင်…

 

ရွှေအင်းတိန်ဘုရားမှ ဖောင်တော်ဦးဘုရား အပြန်မှာ အသွားတုန်းက သတိမထားမိတဲ့ လှေဂိုဒေါင်တွေကို

တွေ့ပြီး ရိုက်ရပါတော့တယ်…လှေတစ်စီးချင်းကို ဂိုဒေါင်တစ်လုံးစီနဲ့ထားတာပါ…

 

14.…လှေဂိုဒေါင်…

 

ဖောင်တော်ဦး ဘုရားကို လှမ်းမြင်ရပါပြီ…

 

15.…ဖောင်တော်ဦးဘုရားလှေဆိပ်……

 

16.…ဖောင်တော်ဦး ဘုရားငါးဆူ

16.3419…ဖောင်တော်ဦး ဘုရားငါးဆူ…

 

ဖောင်တော်ဦးဘုရား ဖူးပြီးရင် အလိုတော်ပေါက် ဘုရားလို့ခေါ်တဲ့ နန်းပန်ဘုရားကို

ဆက်လက်ဖူးမျှော်ကြရအောင်နော်…

 

 

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..