ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (3) … ရွှေအင်းတိန် မှ ဖောင်တော်ဦးဘုရား..

Ma EiMay 30, 20124min16629

ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (3) … ရွှေအင်းတိန် မှ ဖောင်တော်ဦးဘုရား..

 

ရွှေအင်းတိန်ဘုရားရဲ့ ရှည်လျှားလှတဲ့ စောင်းတန်းအတွင်းမှာ ရှေးဟောင်းပစ္စည်း ဘုရား၊နတ်ရုပ်စသည်ဖြင့်

ရောင်းချနေတဲ့ ဈေးဆိုင်များရှိပါတယ်…အပြင်ဘက်မှာလဲ ပျက်စီးယိုယွင်းနေတဲ့ ဘုရားစေတီများရှိနေတဲ့အတွက်

ရှေးဟောင်းပစ္စည်းတွေဟာ ဒီစေတီပျက်တွေထဲက ပစ္စည်းတွေများဖြစ်နေမလားလို့ စိတ်ပူမိပါသေးတယ်…

1....မျက်စေ့တစ်ဆုံးမက ရှည်လျှားလှတဲ့ စောင်းတန်း…
2.…ရောင်းချနေသော ရုပ်တု၊ဆင်းတုများ…
3.…ဝယ်လှဲ့ပါ…
4.…ဆင်းတုတော်…
5.…စေတီပျက်တစ်ဆူ…
6.…စေတီပျက်များကြားမှ အသီးတွေနဲ့ဥသျှစ်ပင်…
7.…စေတီပြို၊ပျက်များ…
8.… စေတီပြို၊ပျက်များ…

 

ပြိုကျလုလု စေတီတစ်ဆူရဲ့ အုတ်ချပ်တွေဟာ ပုဂံဘုရားများရှိအုတ်ချပ်များနဲ့ ဆင်တူနေတာတွေ့ရပါတယ်…

ပြင်ဆင်ပြီးဘုရားများကတော့ ယခုခေတ်လက်ရာဖြစ်နေပြီး ရွှေဆေးများကပ်လှူထားသည်ကိုဘုရားဟောင်းများနှင့်

ခြားနားစွာဖူးတွေ့ရပါတယ်…

9.…ပုဂံခေတ်အုတ်ချပ်တွေနဲ့တူတယ်…

 

10.…ပြုပြင်ပြီးစေတီများ…
11.…ရွှေအင်းတိန်ဘုရား ဆင်းတုတော်

 

ရွှေအင်းတိန်ဘုရားကို ပဋလိပုတ်ပြည်ရှင် သီရိဓမ္မာသောကမင်းကြီးက သာသနာနှစ် 200 ခုနှစ်ကျော်မှာတည်ထားခဲ့ပြီး၊

အနော်ရထာမင်း၊ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊မင်းခေါင် ၊ ဆင်ဖြူရှင်မင်း စသည်ဖြင့်

အဆင်ဆင့်ပြုပြင်ခဲ့ကြကြောင်း ဂေါပကအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရှိရပါတယ်…

ရင်ပြင်တော်မှာ ရေပက်မဝင်နိုင်အောင် ပြောနေကြတဲ့ တောင်ရိုးသူတို့စကားဝိုင်းကိုလည်း

ခွင့်တောင်းလို့ မှတ်တမ်းတင်ခဲ့ပါတယ်…

စောင်းတန်းဘေးမှာရှိတဲ့ မန်ကျည်းတစ်ပင်မှာ အပွေးတက်နေပုံက အတော်ထူးဆန်းနေပါတယ်…

ရုပ်ပုံမျိုးစုံ ထွင်းထုထားသလို ပုံတွေ ထင်ယောင်မှားရပါတယ်…

 

12.…တောင်ရိုးသူတို့ စကားဝိုင်း…
13.…အမြင်ဆန်းတဲ့ မန်ကျည်းပင်…

 

ရွှေအင်းတိန်ဘုရားမှ ဖောင်တော်ဦးဘုရား အပြန်မှာ အသွားတုန်းက သတိမထားမိတဲ့ လှေဂိုဒေါင်တွေကို

တွေ့ပြီး ရိုက်ရပါတော့တယ်…လှေတစ်စီးချင်းကို ဂိုဒေါင်တစ်လုံးစီနဲ့ထားတာပါ…

 

14.…လှေဂိုဒေါင်…

 

ဖောင်တော်ဦး ဘုရားကို လှမ်းမြင်ရပါပြီ…

 

15.…ဖောင်တော်ဦးဘုရားလှေဆိပ်……

 

16.…ဖောင်တော်ဦး ဘုရားငါးဆူ

16.3419…ဖောင်တော်ဦး ဘုရားငါးဆူ…

 

ဖောင်တော်ဦးဘုရား ဖူးပြီးရင် အလိုတော်ပေါက် ဘုရားလို့ခေါ်တဲ့ နန်းပန်ဘုရားကို

ဆက်လက်ဖူးမျှော်ကြရအောင်နော်…

 

 

ခင်တဲ့

မအိ

29 comments

  • etone

    May 30, 2012 at 4:01 pm

    အန်တီအိရေ … မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ အင်းလေးဖောင်တော်ဦး ဘုရားကိုလည်းဖူးလိုက်ရပါတယ် ။
    ရှမ်းပြည်နယ်ဘက်ကိုရောက်လျှင် … တောင်ကြီးက ဘုရားနဲ့ အင်းလေးကဖောင်တော်ဦးကိုပဲ ရောက်ဖြစ်တယ် .. တခြားဘုရားတွေတော့ .. သွားမဖူးဘူးလေ … ။
    အခုလို ပုံတွေမြင်ရမှ တခြားဘုရားတွေလည်းရှိသေးတယ်ဆိုတာ သိတော့တယ် .. ။

    • Ma Ei

      May 30, 2012 at 4:31 pm

      အန်တီအိလဲ ရွှေအင်းတိန်ဘုရားကို ခုမှရောက်ဖူးတာပါ…
      ပြိုကျပျက်စီးနေတဲ့ စေတီတော်တွေ စောင်းတန်းဝဲယာမှာ အများကြီးတွေ့ရတယ်…
      နိုင်ငံခြားသား တွေဘဲအလာများတယ်လို့သိရတယ်…
      လှေဆိပ်ကနေ အတော်ကိုလျှောက်ရတာမို့
      နောက်တစ်ခေါက်သွားဖို့ အတော်စဉ်းစားရမယ်…

  • Mon Kit

    May 30, 2012 at 4:28 pm

    ပြန်လည် လွမ်းမိပါသည်…

    • Ma Ei

      May 30, 2012 at 4:36 pm

      သူတို့ကစောင်းတန်းကမလျှောက်ဘဲ
      တောလမ်းကနေ လျှောက်သွားကြပြီး
      လှေဆိပ်ကို နောက်မှ ရောက်လာကြတယ်လေ…
      လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ…

  • Moe Z

    May 30, 2012 at 4:36 pm

    အန်တီအိရေ ပုံတွေကြည့်ပြီး ထပ်သွားချင်စိတ်ပေါက်လာပြန်ပြီ ..
    ဖောင်တော်ဦးဘုရားမှာတော့ ရွှေဆိုင်းတွေမရမကအတင်းလိုက်ရောင်းတဲ့ကလေးတွေကို ရအောင်ရှောင်ပြီး ရွှေသင်္ကန်းလုံးဝမကပ်ခဲ့ဘူး ..
    သဂျီးမလာခင် ကြိုပြောထားတာ :mrgreen:

    • Ma Ei

      May 30, 2012 at 4:51 pm

      အပြင်က ကလေးတွေဆီက ဝယ်တဲ့ ရွှေသင်္ကန်းကို မကပ်ရဘူးပြောလို့
      ရွှေသင်္ကန်းချင်းတူတူ ဘာကွာလဲ ဘာလို့လဲ ဆိုမှ ကပ်ခွင့်ရခဲ့တာရှိသေးတယ်…
      မုန့်ဘိုးတောင်းတဲ့ ကလေးတွေလဲ များတယ်…
      ပိုက်ဆံလိုချင် ဈေးရောင်း ဧည့်သည်ဆီက မတောင်းရဘူး လို့ဘဲ ပြောခဲ့တယ်…

  • nozomi

    May 30, 2012 at 4:52 pm

    အင်းလေးကလွဲလို့ ကျန်တာတွေက မမြင်ဘူးသေးတဲ့ နေရာတွေ
    ပုံလေးတွေအတွက် ကျေးဇူးပါ
    မန်းကျီးပင်ကတော့ ထူးထွေသည့်အံ့ရာသော် လို့ ဆိုရမယ်

    • Ma Ei

      May 30, 2012 at 5:03 pm

      အဲ့ဒီမန်ကျည်းပင် ကြည့်ရတာ
      ကြောက်စရာကောင်းလာသလိုဘဲ…
      အရုပ်အကောင်ပုံမျိုးစုံကပ်နေတယ်ထင်ရတယ်…

  • ဆူး

    May 30, 2012 at 4:54 pm

    ခရီးထွက်ချင်လိုက်တာ.. ခရီးထွက်ချင်တယ်…
    ပုံတွေ ကြည့်ပြီး တော်တော် သွားချင်နေတယ်။

    • Ma Ei

      May 30, 2012 at 5:08 pm

      ဆူးရေ…
      အင်းထဲမှာ ညနေဆိုမိုးရွာတတ်လို့
      မိုးနဲ့ လေနဲ့ စောစောပြန်လို့ လှေသမားတွေ ပြောကြတယ်…
      ခုချိန်ဆို ပုဂံ သွားရင်ကောင်းမလားဘဲ…

  • မမအိရေ. ပုံ(၁၆)ပုံလုံး ကြည့်ရတာ စိတ်ကြည်နူးစရာပါဗျာ။
    ကျနော်က အင်းထဲထိကို ဒီနှစ်မရောက်ဖြစ်ခဲ့ဘူးလေ။ဒီနှစ်
    နွေမှာ ညောင်ရွှေက ဆရာဦးတင်မောင်ဝေ ဖောင်ဒေးရှင်းမှာ
    ကလေးတွေကို စာသင်ပေးရင် အချိန်ကုန်လွန်ခဲ့တယ်လေ။

    • Ma Ei

      May 31, 2012 at 8:51 am

      ကလေး ကလေး အထင်မသေးနဲ့
      ကလေးကောင်းမှ လူကြီးကောင်းမှာ ဆိုတဲ့ စာဆိုရှိသမို့
      တိုင်းပြည်အနာဂတ်အတွက် အချိန်ပေးပြီး တာဝန်ယူတဲ့
      မောင်သန်းထဋ်ဦးကို ချီးကျူးပါတယ်ကွယ်…

  • mgwalone

    May 30, 2012 at 9:30 pm

    စောင်းတန်းထဲမှာ ရောင်းတာတွေက အသစ်တွေများပါတယ်။ tourist တွေကို ရောင်းတာဆိုတော့ အဟောင်းလိုလို ရောင်းကြတာပါ။ အချို ့ပန်းပုရု့ပ်တွေဆိုရင် ထုပြီးတာနဲ့ မြေဆွေးတဲ အမှိုက်ထဲမှာ မြုပ်ထားပြီး ဟောင်းသွားအောင် လုပ်တတ်ကြတယ်

    • Ma Ei

      May 31, 2012 at 8:56 am

      အသစ်ထုပြီးအဟောင်းလုပ်ရောင်းတယ်ဆိုလို့
      တော်သေးတာပေါ့ကွယ်…
      ရောင်းတဲ့ ဆင်းတု၊ရုပ်တုတွေ အဟောင်းပုံဖြစ်နေလို့
      စိတ်မကောင်းဖြစ်ခဲ့ရတာ…

  • အရီး Khin Latt

    May 30, 2012 at 9:35 pm

    မအိရေ

    အင်းထဲမှာ ရေပြန်ပြည့်တာတွေ့ရလို့ ဝမ်းသာလှပါတယ်။
    တစ်ခေါက်ဘဲ ရောက်ဖူးလို့ အင်းရေ က ကြည်လား၊ နောက်လား မမှတ်မိတော့ဘူး။
    ပုံထဲမှာတော့ ရေတွေ က နောက်နေသလိုဘဲနော်။
    မိသားစု အပျော်ခရီးပေါ့။ ကောင်းလိုက်တာ။
    အရှေ့ပိုင်း ပုံတွေ လွတ်သွား တယ်ထင်ရဲ့။
    ရှမ်းပြည်အလွမ်းပြေ ပြန်ကြည့် လိုက်ဦးမယ်။

    မအိရဲ့ ဓာတ်ပုံလေးတွေက အတော်လှတယ်။
    ပုံ(၁) ကို “ဈေးသည်” ဓာတ်ပုံပြပွဲမှာ ဝင်ပြသင့်တာ။
    ဘုရား တောင် ပုံမပေါ်တော့ဘဲ ရွှေအတုံးလိုက်ကြီး ဖြစ်လာနေပြီ။
    အဲဒီ အစားစေတီပျက်တွေ ကို ရှေးဟန်မပျက် ပြန်ပြင်သင့်သလားဘဲ။
    ဒါပေမဲ့ ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် လှူကြတာဘဲလေ။
    ဘယ်မှာ၊ ဘာကို လှူလှူပေါ့။
    မဟုတ်ရင် သူများ လွတ်လပ်စွာ လှူဖို့ အခွင့်အရေးကို ပိတ်တာဖြစ်မယ်။ 🙂

    • Ma Ei

      May 31, 2012 at 9:12 am

      မလတ်ရေ…
      အင်းရေက များတယ်ဆိုတာတောင်
      အရင်နှစ်လောက်မရှိပါဘူး…
      ရေတိမ်တဲ့နေရာ၊အသွားလာများတဲ့
      နေရာတွေမှာ ရေနောက်ပါတယ်…
      လှေနဲ့သာသွားရတယ် တစ်ချို့နေရာမှာ
      ပေါင်လောက် ခါးလောက်ရေဘဲရှိတာရယ်…
      ရေနက်တဲ့ နေရာတွေဆို ကြည်စိမ်းနေပြီး
      ရေမှော်တွေမြင်ရလို့ အတော်လှပါတယ်…

      ပုံ(၁) ကို “ဈေးသည်” ဓာတ်ပုံပြပွဲမှာ ဝင်ပြသင့်တာ။
      မလတ်ကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ် ဆိုသလို ဖြစ်နေပြီ…
      ကိုယ့်လက်ရာကို ပြပွဲတင်လောက်မယ့်လက်ရာမထင်လို့
      တစ်ပုံမှ မပို့ဖြစ်ပါဘူး…
      ဖောင်တော်ဦးဘုရားကတော့ ဆင်းတုတော်ပုံပေါ်တာထက်
      ရွှေတုံးကြီးတွေဖြစ်နေတာကြောင့် ပိုပြီး စိတ်ဝင်စားကြတာဖြစ်မယ်လို့
      ထင်မိပါတယ်…

  • windtalker

    May 30, 2012 at 9:56 pm

    မအိရေ မန်ကျည်းပင် ပုံကတော်တော်အမြင်ဆန်းတယ်ဗျာ ။ တစ်ခါမှ အဲ့လိုမျိုးမတွေ ့ဖူးဘူးဗျ။ ဘယ်လိုလုပ် အဲ့ပုံဖြစ်သွားတယ်ဆိုတဲ့ ဟစ်စထရီ လေး ဘာလေး ကော မသိရဘူးလား ဗျ

    • Ma Ei

      May 31, 2012 at 9:21 am

      မန်ကျည်းပင် ထူးဆန်းနေတယ်လို့ ဓါတ်ပုံသွားရိုက်တာ…
      ကြည့်ရင်း ကျောချမ်းလာလို့
      အမြန်ရိုက်ပြီး ပြန်ပြေးလာခဲ့ရတယ်…
      အနားမှာ မေးစရာလူ တစ်ယောက်မှမရှိလို့
      မမေးခဲ့ရပါဘူး ကိုပေရေ…

  • ဒီပုံတွေမြင်မှ ရွှေအင်းတိမ်ကို ရောက်အောင်မသွားမိတာ နောင်တရပါ၏။
    မိုးမိမှာစိုးလို့ပြန်ခဲ့ကြတယ်။
    တကယ်လို့များရွှေအင်းတိမ်ကို သွားဖြစ်ရင်လဲအင်းအလည်မှာ မိုးမိမှာသေချာပါ၏။
    ကိုပေါက်ရေမကူးတတ်ပါ။.

    • Ma Ei

      May 31, 2012 at 9:32 am

      ကိုပေါက်သာ ရောက်ဖြစ်ရင် ဒီထက်ကောင်းတဲ့ပုံတွေမြင်ရမှာ…
      နောက်တစ်ခေါက် ရောက်အောင်သွားနော်…
      ဖောင်တော်ဦးဘုရားဖူးပြီးချိန်နေ့လည်ဘက်မှာကို
      မိုးတော်တော်ရွာလာတာ…
      မိုးစဲမှ နန်းပန် ဘုရားကြီးကို သွားဖူးကြရတာ…
      ပြီးတော့လဲ မိုးတွေညို လေတွေတိုက်လာတာနဲ့…
      လှေသမားကလဲ ညနေမိုးရွာတတ်တယ် ပြောလို့ပြန်ခဲ့ကြပါတယ်…
      ကျမတို့လဲ ရေမကူးတတ်ပါ…

  • မအိပုံတွေမြင်မှ အင်းလေးပုံလေးတွေပြန်သတိရလာတယ်။
    တစ်ခါတော့ တင်ဘူးတယ်။
    အနှစ်ချုပ်ပြန်ရှာပြီးတင်မယ်စိတ်ကူးပါ၏။

  • moethidasoe

    May 31, 2012 at 1:16 pm

    မအိက တို့ထက် ပုံတွေ ပို ကောင်းကောင်း ရိုက်နိုင်ခဲ့တယ်နော် .. ကျေးဇူးပါ .. မရှိသေးတဲ့ ပုံတွေ ကူးသွားတယ်

    • Ma Ei

      May 31, 2012 at 2:20 pm

      ရွှေအင်းတိန်ဘုရား မရောက်ဖူးသေးလို့ …
      မိုးသီတာရဲ့ Post ကိုတွေ့ရပြီး ပိုသွားချင်ပြီး
      သွားဖြစ်ခဲ့တာမို့ မအိကလဲ ကျေးဇူးတင်ပါတယ်…
      ဓါတ်ပုံတွေတော့ အများကြီးရိုက်လာတာ…
      ဆက်ပြီးတင်မယ်နော်…

  • eipu

    May 31, 2012 at 3:40 pm

    ပုံတွေကြည့်ရတာနဲ့တင် အရမ်းကြည်နူးရတယ်။
    မရောက်ဘူးပေမယ့် တကယ်သွားရသလိုပါဘဲ။
    နောက်လည်းတင်ပေးပါနော်။

    • Ma Ei

      May 31, 2012 at 4:17 pm

      တင်ချင်တဲ့သူ မို့
      တင်ပါဆိုလို့
      တင်မယ်နော်…
      ဓါတ်ပုံတွေ…

  • pooch

    May 31, 2012 at 7:59 pm

    မအိရေ ခုမှဝင်ဖြစ်လို့ ကြည့်သွားဖူးသွားပါတယ်နော်။ အုတ်ချပ်တွေက ပုဂံက လက်ရာတွေနဲ့ ဆင်တယ်။ မန်ကျည်းပင်ကလည်း ဆန်းပါ့နော်။

    • Ma Ei

      June 1, 2012 at 3:16 pm

      pooch ရေ…
      ပြိုကျနေတဲ့ စေတီတွေရဲ့ အုတ်ချပ်တွေက
      ခပ်ပါးပါးနဲ့ အပြားကြီးကြီး တွေဖြစ်ပါတယ်…
      ပုဂံမှာတွေ့ရတဲ့ အုတ်ချပ်တွေလိုပါဘဲ…
      အားလုံးနီးပါး ပြိုကျ ပျက်စီးနေတယ်…

  • may flowers

    June 14, 2012 at 5:13 pm

    မအိရေ ပုံလေးတွေကြည့်ပြီး တကယ်ဆုံးဖြတ်လိုက်ပြီ။ နောက်နှစ်ရောက်အောင်သွားမယ်လို့

    ခုလို ပုံလေးတွေရိုက်ပြီးတင်ပေးတဲ့အတွက် ကျေးဇူးပါမအိရေ။

  • Wunna Aung

    June 14, 2012 at 8:03 pm

    အန်တီအိရေ ရွှေအင်းတိမ် ဘုရားကော ဖောင်တော်ဦးဘုရားကော စိတ်ကျေနပ်လောက်အောင်ကို ဖူးသွားပါတယ် ခင်ဗျာ……. အန်တီအိရဲ့ ဓါတ်ပုံရိုက်ချက်တွေကတော့ အရမ်းကောင်းပါတယ်….. ကဲခုနောက်ထပ်ဆက်ပြီး အလိုတော်ပေါက် ဘုရားကို သွားဖူးလိုက်ဦးမယ် ဗျာ….. ကျေးဇူးတင်ပါတယ် အန်တီအိ…

Leave a Reply