ကောင်မလေးရေ…….

ငါနင့်ကိုချစ်နေတဲ့အချိန်မှာ ငါဆိုတဲ့လူတယောက် ကမ္ဘာမြေပေါ်မှာရှိနေမှန်းတောင် နင်မသိပါဘူး ငါနင့်ကိုလွမ်းနေတဲ့အချိန်တိုင်းမှာ နင်ကတယောက်သောသူကို လွမ်းဆွတ်နေခဲ့တယ်နော် ငါ့ဘက်ကတော့ကံကြမ္မာက မတရားဘူးလို့ပဲပြောရမလား ငါ့ဘက်မှာကံတရားကရှိမနေဘူးလို့ပဲပြောရမလား နင်ငါ့ရှေ့ရောက်လာတိုင်း ပြောတတ်တဲ့စကားလုံးလေးတွေ ပြုံးတတ်တဲ့နင့်အပြုံးလေးတွေ လူတိုင်းကိုကြင်နာစွာနဲ့ ဆက်ဆံတတ်တဲ့နင့်အကြည့်လေးတွေ နင့်ချစ်သူအပေါ်မှာ ကလေးတယောက်လို ဂျီကျတတ်တဲ့နင့်အကျင့်လေးတွေ အားလုံးကိုငါအမှတ်ရမိလို့ နေပါတယ်ကောင်မလေးရေ…. ငါမျှော်လင့်မိပါတယ် တနေ့နေ့တချိန်ချိန်ကျရင် နင်နဲ့အနီးဆုံးနေရာမှာ ငါရှိနေပါရစေလို့လဲ နင့်အကြောင်းလေးတွေလည်း ငါ့ဒိုင်ယာရီစာအုပ်ထဲမှာ နေရာယူတာပြည့်လို့နေခဲ့ပြီ ဘုရားရှိခိုးတိုင်းလည်း ဆုတောင်းမိပါရဲ့ ကောင်မလေးရေ…. လူတွေငါ့ကိုကဲ့ရဲ့ပေမယ့်ငါဝမ်းမနည်းပါဘူး လူတိုင်းမှာကိုယ်စီလွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိကြပါတယ်လေ ငါလည်းနင့်ကိုလွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိနေပါတယ်နော် ကောင်မလေးရေ….. ငါနင့်ကိုအရမ်းလွမ်းနေတယ် ငါနင့်ကိုအရမ်းချစ်နေတယ် ငါနင့်ကိုအရမ်းတွေ့ချင်နေတယ် ခုချိန်မှာငါနင်နဲ့အနီးဆုံးနေရာမှာ ရှိနေခွင့်ရမယ်ဆိုရင်တောင် မဖြစ်နိုင်တော့ပြီမို့ ငါ့ဘဝငါ့နှလုံးသားငါ့ခံစားချက်တွေ အားလုံးဟာငါနဲ့အတူ ရုပ်ဒြပ်မရှိတဲ့ လေထုထဲမှာ မျောလွင့်လို့နေခဲ့ပြီလေ နောက်ဘဝဆိုတာများ ရှိခဲ့မယ်ဆိုရင်တော့ ကောင်မလေးရေ ငါဆုတောင်းခဲ့ပါတယ် ထာဝရမင်းဘေးမှာ မင်းစိတ်တိုင်းကျ မင်းအလိုကျ မင်းစိတ်ချမ်းသာအောင် ထားနိုင်မယ့်ချစ်သူတယောက်ဖြစ်ရပါစေလို့ ငါဆုတောင်းခဲ့ပါတယ် ကောင်မလေးရေ……….

 

 

ရင်ထဲမှာရုတ်တရက်ရေးချင်လာလို့ရေးလိုက်တာ

ဖတ်ပြီးမကောင်းရင်လည်းဝေဖန်ပေးနိုင်ပါတယ်

အားလုံးကိုကျေးဇူးတင်ပါတယ်

ခင်မင်စွာဖြင့်

နှင်းဆီပြာလေး

About bluerose

blue rose has written 4 post in this Website..