CB ဘဏ်ဥက္ကဋ္ဌထံမှဗ လျော်ကြေးငွေ သိန်း2500 ရလိုမှု သံတွဲတရားရုံးတွင် စွဲဆို

ko layMay 30, 20121min1505

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ နစ်နာကြေးငွေ သိန်း ၂၅၀ဝ ရလိုမှုအတွက် သံတွဲမြို့နေ ဒေါ်ခင်လေးက သံတွဲ ခရိုင်တရားရုံးတွင်၂၀၁၂ မေ ၁ရ ရက်က လျှောက်ထားလိုက်သည်။          ဒေါ်ခင်လေးမှာ CB ဘဏ်ဥက္ကဋ္ဌက ၂၀၀၇၊ ဧပြီတွင် သံတွဲမြို့၊ မဇင်ရွာမှ မြေ ၆ ဧကကျော်ကို ဝယ်ယူခဲ့ရာတွင် ပွဲစားဒေါ်မေဝင်းနှင့်အတူ လိုက်ပါခဲ့ဖူးသူဖြစ်သည်။                                                       မူလကမြေတစ်ဧကလျှင် သိန်း၃၅ဝ နှုန်းဖြင့်   CB ဘဏ်ဥက္ကဋ္ဌက သဘောတူစာချုပ်ချုပ်ခဲ့သော်လည်း  ပိုင်ရှင်များက ခြံမြေတစ်ဧကလျှင်သိန်း ၂၈ဝ သာရရှိကြောင်း ဦးခင်မောင်အေး သိရှိပြီးနောက် ပွစား ဒေါ်မေဝင်းနှင့် အဖော်အဖြစ်လိုက်ပါခဲ့သူ ဒေါ်ခင်လေးတို့အား ငွေကျပ် ၂၀၂ သိန်းအလွဲသုံးစား ပြုမှုဖြင့် ၂၀၀၈ ဇန်နဝါရီ ၁၈ ကသံတွဲရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။                                                         ၎င်းအမှုအား  တရားရုံးသို့ အမှုတွဲမတင်ပို့မီ သံတွဲမြို့နယ် ဥပဒေရုံး၏ အကြံပြုချက်အရ ဒေါ်ခင်လေး အား တရားခံအဖြစ်မှ ကင်းလွတ်စေခဲ့ပြီး ပွဲစားဒေါ်မေဝင်းတစ်ဦးတည်းကိုသာ သံတွဲမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာ အမှုအမှတ် ၇၃၃/၀၈ ဖြင့် စစ်ဆေးခဲ့သည်။                                                  အမှုစွဲဆိုစဉ်အတွင်း ဒေါ်ခင်လေးအား ထပ်တိုးတရားခံအဖြစ် ထည့်သွင်းရန် ဦးခင်မောင်အေးက လျှောက်ထားခဲ့ပြီး သံတွဲမြို့နယ်တရားရုံးက လက်ခံကာ ပုဒ်မ ၄၂၀/၁၁၄ ဖြင့် စွဲဆိုခဲ့သည်။                     ထို့ကြောင့် ဒေါ်ခင်လေးက တရားရုံးချုပ်(ရန်ကုန်)သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄၇၆(ခ)/၂၀၁ဝ ဖြင့် လျှောက်ထားခဲ့ရာ၂၀၁၁ ဇန်နဝါရီ ၂ဝ တွင်ဒေါ်ခင်လေးအား စွဲချက်တင်ထားခြင်းကို ပယ်ဖျက်ပေးခဲ့သည်။                                                                                            ဤသည်ကို ဦးခင်မောင်အေးမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြစ်မှုဆိုင်ရာ အထူးအယူခံမှု အမှတ်  ၄၄/၁၁ ဖြင့်လျှောက်ထားခဲ့သော်လည်း ပလပ်ခံခဲ့ရပြီး တရားရုံးချုပ်၏ အမိန့်ကိုသာ အတည်ပြုပေးခဲ့သည်။                                                                                           တရားခံအဖြစ်စွဲဆိုထားခြင်းမှလွတ်မြောက်ပြီးနောက် အထွေထွေနစ်နာကြေးအဖြစ် ဦးခင်မောင်အေးထံမှ သိန်း ၂၅၀ဝ ကျပ် ရလိုကြောင်း သံတွဲ ခရိုင်တရားရုံးတွင် လျှောက်ထားခဲ့ပြီး တရားမကြီးမှုအမှတ် ၈/၂၀၁၂ ဖြင့် လက်ခံလိုက်သည်။                            အထက်ပါဖြစ်စဉ်များအား တရားရုံးအဆင့်ဆင့်၏ အမှုတွဲမိတ္တူများကိုအခြေခံပြီး ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။                                                                                                        လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

 

 

 

 

 

 

 

 

 

5 comments

  • htoosan

    May 30, 2012 at 8:30 pm

    သံတွဲ သား ကိုလေး ရဲ့ ပထမဆုံးပိုစ်ကတော့ ပြောင်မြောက်ပါပေတယ် ။ဘယ် သတင်းမှာမှ မပါသေးဘူးထင်တယ် ။ နိုင်ငံတော် သမတ ရဲ့ အကြံပေးအဖွဲ့ ဝင်ဖြစ်မဲ့သူတစ်ယောက်ကို စိန်ခေါ်လိုက်တာဖြစ်တဲ့ အတွက် စိတ်ဝင်စားစရာပါဘဲ ။
    အဲ… ဦးခင်မောင်အေးကတော့ လူပါး ပုလင်းထိ တာ ။ ပြန်တရားစွဲတာကတော့ ဥပဒေအကြောင်းနားလည်တဲ့ တောင်ပေါ်သားလေးရှင်းပြပါဦး ။ အရာထင်လိမ့်မယ်တော့ မထင်မိလို့ပါ ။
    ဦးခင်မောင်အေး လာဝယ်တာ ရိုက်စားခံလိုက်ရတယ် ဆိုတာ တော့ သေခြာတယ် ။ ဒေါ်မေဝင်းကော ဘာဖြစ်သွားသေးလဲဗျ။ သူ့ အမှုကော ဘယ်လို စီရင်ချက်ချလိုက်လဲ ။

  • thar ag

    May 31, 2012 at 12:05 pm

    ဒီအမှူကဖြစ်နေတာကြာပါပြီ ရွာသာများသိအောင်အရင်ဆုံးပြေရဦးမယ် ဒေါ်ခင်လေးဆိုတာကတော့ သံတွဲဈေးမှာ ဈေးရောင်သူတယောက်ပါ သူက ဥပဒေစာအုပ်ကို ဘိုင်ဟတ်နီးပါလောက်ကျက်ထား တာ မွတ်စလင် တွေဘင်္ဂလီတွေအမှူ ဖြစ်ရင်လိုက်ပြီး ကူညီပေးတဲ့သူပါ အမှူပွဲ စားပေါ့ ရှေ ့နေတယောက်လဲ မဟုတ်ပါဘူး မူစလင်တွေ အတွက်ကတော့ အမှူတခုဖြစ်ရင်လိုက် ရဲစခမ်းတရားရုံးနေရာအားလုံးကို လိုက်ပါဆောင်ရွက် ပေးသူ သံတွဲသားတွေအခေါ် နိုင်ငံတော် ဒေါ်ခင်လေး နဲ့ နိုင်ငံတော်အဆင့်လူတယောက် ပညာပြိုင်ခမ်းတခု ကို ရွာသားတွေဆက်ကြည်ရအောင် ပိတ်ကားပေါ်တွင်ဆက်လက်မျှော်နေမယ် နော်

  • Gipsy

    May 31, 2012 at 1:51 pm

    သိတာလေးတခု ဝေမျှပါရစေ….
    ဦးခင်မောင်အေး မှ ဒေါ်ခင်လေးသို့ တရားစွဲဆိုမှုကြောင့် အမှုဖြစ်စဉ်ကာလအတွင်း
    ဒေါ်ခင်လေးရဲ့ ခင်ပွန်းဖြစ်သူမှာ အဲဒီစိတ်နဲ့ သေဆုံးခြင်းဖြစ်ခဲ့ရပါတယ်…
    အမှုရင်ဆိုင်စဉ် ငွေကုန်ကြေးကျလဲ များစွာရှိခဲ့ပါတယ်…
    အခုက ဒေါ်ခင်လေးမှ နစ်နာကြေးပြန်ရလိုမှု အတွက် တရားစွဲဆိုခြင်းဖြစ်တယ် လို့
    သိရပါတယ်ခင်ဗျ….။

  • တာတီး

    June 1, 2012 at 3:44 pm

    အနီတွေကလဲ သောင်းကြမ်းပါပေ့ . .
    ဟိုဒင်းလာတာထက်တောင် ဆိုးနေသေး . .
    ပေးတဲ့သူတွေ ဟိုဒင်းတွေပဲ ဖြစ်မယ် . .

Leave a Reply