`နှလုံးသားလက်ဆောင်´ အပိုင်း(၁၁)- မိုးရိပ်

aung nainglinMay 30, 20121min727

`လူနာရှင်က   ဘယ်သူလဲခင်ဗျာ…….´

ဆရာဝန်မေးလာသဖြင် ့       သူချက်ချင်းပဲဖြေလိုက်လေသည်။

`ကျွန်တော်ပါဆရာ…….သူ ့  ဘာမှမဖြစ်ပါဘူးနော်…..´

`စိတ်တော့   ခိုင်ခိုင်ထားဗျာ…..ပြောရမှာတော့     အားနာပါတယ်      လူနာက   ကားပြန်ကွဲတွေကြောင် ့မျက်စိကွယ်သွားပါတယ်…………..´

`ဟာ…………….´

သူ ့ရင်တစ်ခုလုံး     ဟင်းလင်းပြင်လိုဖြစ်သွားလေပြီ…….ဖြစ်ရလေလင်းရယ်     ကံကြမ္မာရယ်   ရက်စက်လှချည်းလားဗျာ……………

`လူနာ  သတိရလာပါပြိ´

သူနာပြု    ဆရာမလေးပြောသောစကားသံကြောင် ့      သူ   အခန်းထဲသို ့  ဝင်သွားလေသည်။

`လင်း…….နေကောင်းတယ်နော်…ဘာမှအားမငယ်နဲ ့နော်  လင်းအနားမှာ   ကိုရှိပါတယ်…..´

`ရှင့်  အသံကိုမကြားချင်ဘူး…..ရှင် ့ကြောင် ့ ကျမ  ဒီလိုဖြစ်ရတာ……ရှင် ့ကို   ကျမ   အရမ်းမုန်းတယ်……………ထွက်သွား  အခန်းထဲကနေထွက်သွား……´

`မပြောပါနဲ ့…အဲ ့ဒီလိုမပြောပါနဲ ့ကွာ…ကိုတောင်းပန်ပါတယ်………..ကို ့ကိုမမုန်းလိုက်ပါနဲ ံကွာ…………´

`လူနာက   အခုမှ  သတိရခါစပဲ ရှိသေးတာ……..စိတ်အနှောက်အယှက်ဖြစ်အောင်  မလုပ်ပါနဲ ့ရှင်     အခန်းထဲက  ထွက်ပေးပါ…………`

ဘဝမှာ   ဒုတိယအကြိမ်   သူမျက်ရည်ကျ ခဲ ့ပြန်ပြီ      ဘာပဲဖြစ်ဖြစ် ကို  လင်းကိုမမုန်းပါဘူးကွာ…..ဘာ ့ကြောင် ့လဲဆိုတော့     မင်းအပေါ်ထားတဲ ့ကို ့ရဲ ့အချစ်တွေက   စစ်မှန်တဲ ့အချစ်တွေနဲ ့ချစ်ခဲ ့တာကြောင် ့     မင်းပျှော်ဖို ့ဆိုရင်  ကို ့အသက်ကိုတောင်ပေးဝံ့ပါတယ်…………….။

 

 

`အဓိပါယ်မရှိလိုက်တာကွာ……………..ကဲ  ဆိုပါစို ့ကွာ….မင်းအဲ ့ဒီလို    လုပ်လိုက်ပါပြီတဲ ့    မင်းရဲ ့ကျန်တဲ ့ဘဝကို   ဘယ်လိုဖြတ်သန်းမလဲ….`

`ဖြစ်ချင်ရာ   ဖြစ်တော့ကွာ …………ဘာပဲဖြစ်ဖြစ်ကွာ  ငါသူ ့ကို  သိပ်ချစ်တယ်ကွာသူ ့အတွက်ဆိုရင်   ငါ ့ရဲ  ့အသက်ကိုတောင်ပေးဝံ့တယ်ကွာ….´

`မလုပ်ရဘူးဟေ့ကောင်……….မိန်းမတစ်ယောက်အတွက်နဲ ့ကွာ…………´

`မင်းတို ့ကို   ငါ  ညီအစ်ကိုတွေလို  ချစ်ပါတယ်ကွာ…….အခုဟာကလဲ      မင်းတို ့ကို    အသိပေးတာပါကွာ…………..´

`မင်းကွာ…………..´

စိတ်ထဲမှာ    ဆုံးဖြတ်ချက်က    ချမှတ်ထားပြီးသားလေ………….လင်းရယ်   ကိုမင်းကိုသိပ်ချစ်တယ်      မင်းပျှော်ရွှင်ရမှာပါ…….တစ်ဘဝလုံးကိုပေါ့

 

 

`သမီးေ၇…………ဆေးရုံက   ဖုန်းဆက်တယ်ကွယ် ့…….မျက်ကြည်လွှာ     လှူမဲ ့အလှူရှင်ပေါ်ပြီတဲ ့……´

`ဟုတ်လား     အမေ………….သမီး  အရမ်းပျှော်တာပဲအမေရယ်….´

`အေးကွယ်..သူတော်ကောင်း  နတ်ကောင်းမ  တာပဲဖြစ်မျာပါ……….`

 

`ကလေးမ    မျက်လုံးကို    အမြန်မဖွင် ့လိုက်နဲ ့နော်       ဖြည်းဖြည်းချင်းပဲဖွင် ့ပါ   ကလေးမ……´

`ဟုတ်ပြီ  ဟုတ်ပြီ…….ဖြည်းဖြည်းချင်းဖွင် ့……´

`မြင်ရရဲ ့လား  ကလေးမ…….´

`ဟုတ်    ဒါပေမဲ ့   သဲသဲကွဲကွဲတော့   မမြင်ရသေးဘူး   ဆရာရယ်…….´

`ဖြည်းဖြည်းပေါ့    သမီးရယ်………….´

`အင်း    ဆရာ      သမီး    တွေ ့ရပါပြီ      ……´

`ကောင်းပြီ…အဲ ့ဒါဆို    ဆရာမေးမယ်    ကလေးမ   ဖြေကြည် ့ပေါ့….ဟုတ်ပြီလား.´

`ဟုတ်…´

`ဟော    ဟိုုက  စာရေးထားတဲ ့စာတန်းလေးကို   ဖက်ကြည် ့ပါအုံးကွယ်….´

`အခန်းအတွင်း   ဆေးလိပ်မသောက်ရ    …….လို ့ရေးထားပါတယ်ဆရာ    ´

`အင်း     သိပ်ကောင်းပါတယ်ကွယ်….ကလေးမကို      ဆေးရုံက  ခေါ်သွားနိုင်ပါပြီ……..´

 

 

 

`ဟေ့ ကောင်       ဝင်းထွန်း       မင်းဇော်ကိုတွေ ့မိသေးလား     `

`မတွေ ့မိဘူး    မင်းခန် ့……မတွေ ့တာ   တော်တော်ကြာနေပြီ……´

`လိုက်ရှာတာလဲ   ဘယ်မှကိုမတွေ ့ဘူးကွာ……………..သေလိုက်ချင်ပါတော့တယ်…………´

`ဒီလိုလုပ်ကွာ      သူ ့အိမ်ကို   လိုက်သွားကြည် ့မယ်……….တွေ ့ရင်တွေ ့နိုင်တယ်….´

`အေးကွာ     ကောင်းတယ်´

 

 

`မင်းဇော်ရေ……မင်းဇော်……´

`ငါအထဲမှာ     ရှိတယ်….ဝင်ခဲ ့ကွာ……´

မြင်လိုက်ရတဲ ့မြင်ခွင်းက    ရင်တစ်ခုလုံးကို     ကျင်စက်နဲ ့တို ့လိုက်သလိုပါပဲလေ။     ဘာ့ကြောင် ့လဲဆိုတော့   မင်းဇော်က    မျက်မှန်အနက်ရောင်လေး  တပ်ပြီး     တုတ်ကလေးတစ်ချောင်းကို    လက်ကကိုင်ပြီး    အိပ်ခန်းထဲကနေ  ထွက်လာခဲ ့လို ့ပေါ့……………….

`ဖြစ်ရလေ  သူငယ်ချင်းရယ်    ငါတို ့အတန်တန်တားရဲ ့သားနဲ ့ကွာ     မင်းတော်တော်မိုက်တဲ ့ကောင်ပဲကွာ……´

`ငါ ့ကို   သူငယ်ချင်းတစ်ယောက်လိုခင်တယ်ဆိုရင်   မပြောပါနဲ ့တော့ကွာ        ဒီအတိုင်လေးပဲရှိပါစေတော့ကွာ….

 

 

`ဆရာ       သမီးကို  မျက်ကြည်လွှာ     လှူတဲ ့အလှူရှင်က    ဘယ်သူလဲဆိုတာပြောပြပါလားဟင်………..´

`အလှူရှင်က    နာမည်နဲ ့လိပ်စာကို  ဘယ်သူ ့ကိုမှ   မပြောထားခိုင်းလို ့      ဆရာတို ့ကိုခွင် ့လွှတ်ပါ……………..`

ဘဝရဲ    ကယ်တင်ရှင်     ကျေးဇူးရှင်      အမည်မသိသူေ၇      ရှင်က   ဘယ်လိုလူမျိုးလဲ   ဆိုတာ သိခွင် ့ရှိမလား……………………………………………………………………

 

 

ရှေ ့သို ့ဆက်ပါအုံးမည်။…………………….ခင်မင်လေးစားလျှက်

 

7 comments

  • windtalker

    May 30, 2012 at 9:40 pm

    ရေလည် ဟက်ထိသွားဘီဗျာ ။
    “ မျက်လုံးလေးမှိတ်ပြီး ဖတ်ကြည့်စမ်းပါ အချစ်ရယ် ဟယ်ဟယ် … ”

  • ဗိုက်ကလေး

    May 31, 2012 at 12:50 pm

    သွားဘီဗျာ..
    စကီလေးတွေ….ငန်းလို ့မရတောဘူး 😆
    ဆရာရေ
    အေးဆေးခေါ်လာပြီး ဒီအခန်းရောက်မှ ဗြုန်းခနဲ ့ ဇာတ်နာပလိုက်တာတွေ ့မိတော့ ကျုပ်ဖြင့် အသဲနာပြီး နှပ်ချေးတောင် ထွက်သွားတယ်ဗျာ..
    ရွှီး…ဘတ်ထ်….
    ဟိုက်စ်..
    အူးပေ့ နဖူးစင်သွားဘီ.

  • shwe kyi

    May 31, 2012 at 2:21 pm

    အင်း ရွှေကြည်တော့အဲလောက်ချစ်နိုင်လောက်ဘူးထင်တယ်။ မချစ်ဘူးလို့လားတော့မသိ…။
    ဆက်ပါဦးရှင့်။

  • aung nainglin

    May 31, 2012 at 6:35 pm

    အစ်ကို windtalker ရေ
    အားပေးတဲ ့အတွက် ကျေးဇူးတင်ပါတယ်နော်
    လိုအပ်တာလေးတွေရှိရင် ပြောပြပါနော်
    ခင်မင်လေးစားလျှက်….

  • aung nainglin

    May 31, 2012 at 6:37 pm

    အစ်ကို နာဂရချစ်သူရေ
    အားပေးတဲ ့အတွက်ကျေးဇူးတင်ပါတယ်နော်
    နောက်လဲအားပေးပါအုံးနော်
    ခင်မင်လေးစားလျှက်…..

  • aung nainglin

    May 31, 2012 at 6:40 pm

    အစ်မရေ
    ကျေးဇူးတင်ပါတယ်နော်
    ဘာပဲဖြစ်ဖြစ်အခုလိုအားပေးတဲ အားပေးတဲ ့အတွက်
    အစ်မကို ခင်မိပါတယ်
    နောက်လဲ အားပေးပါအုံးနော်
    ခင်မင်လေးစားလျှက်………………

Leave a Reply