မတူသော အတွေးများ

ကထူးဆန္းMay 30, 20121min20824

ခုရက်ပိုင်း လူပြောများ သွားတဲ့ ဆရာဝန်မ ဇာတ်လမ်းမှာ ပညာတတ် ဆရာဝန်က အချစ်စိတ်နဲ့ ပေါက်ကွဲပြီး ဓါတ်ဆီလောင်း မီးရှို့လိုက်တဲ့ အဖြစ်တစ်ခုနဲ့

ဒီနေ့ဘဲ သစ်ထူးလွင်မှာ တက်လာတဲ့

ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး

http://www.thithtoolwin.com/2012/05/blog-post_198.html
ဆိုတဲ့ ကျုား နှစ်ယောက် သတင်းဖတ်ရတော့ မတူသော အတွေးများနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်တတ်ကြပါလား လို့ ။

့ပြီး ..ကိုယ့်ကိုကိုယ် သတ်သေသွားသူနဲ့ အမျက်ကြီးသူ။ ဘယ်သူက အချစ်ကြီးတာလဲဟင် ..

နောက်.. ဒီရက်အတွင်း ရွာ့ ဆယ်လီဗလယ်တီ ရွာသား ခံစားချက်တွေ ပေါက်ကွဲနေချိန်မှာ ဒီလို သတင်းတွေကြားရတာ စိုးရီမ်လိုက်တာ …. 😀 😀 အပျိုကြီး တစ်ယောက်လောက် .. ရွာထဲမှာ မတော်တရော်တွေ မဖြစ်ရအောင် ရွာသားလေးအတွက် အနစ်နာ ခံပေးလိုက်ကြပါဦး.. 😀

(သူကြီးရေ .
ရေးတဲ့ အကြောင်းအရာက တိုတိုလေးဖြစ်နေလို့ Forum မှာ ရေးမလို့ပါဘဲ ။ ဒါပေမဲ့ vote တင်ထားလို့ ထင်ပါတယ် forum အကွက်ပျောက်နေတာနဲ့ဘဲ ဒီမှာတင်လိုက်ပါတယ် ။)

24 comments

  • ဦးဦးပါလေရာ

    May 30, 2012 at 11:42 pm

    😛 😛

    ကျုပ်အမြင်-
    နှစ်ယောက်လုံး ညံ့တဲ့နေရာမှာ ပူးတွဲ ချန်ပလုံ ချီးမြှင့်လိုက်သင့်တယ်။

    လွတ်လပ်ရေးရတယ်ဆိုတာ ဒိုးပတ်ဝိုင်းငှားပြီးကို ဝင် က လိုက်ရမှာ……။

    😀 😀

    • htoosan

      May 31, 2012 at 6:49 am

      ကိုသန်းထွဋ်ဦး နဲ့ ဦးဦးပါလေရာရေ .. congratulation ပါ .. ရာထူးတွေ တိုးနေတဲ့ အတွက် ..

      စကားအတင်းစပ် သူကြီးရေ .. Rank မှာ ဘယ်နှစ်မျိုးရှိတာပါလဲ ။ ကြေး ငွေ ရွှေ စိန် (သို့) ပလက်တီနမ်လား ။

  • surmi

    May 31, 2012 at 1:07 am

    ကိုထူးဆန်းရေ …
    တိုက်တိုက်ဆိုင်ဆိုင် အချစ်ကိစ္စ မတူကွဲပြားတာလေး ကျွန်တော်လဲရေးလိုက်သေးဗျာ …
    ကျွန်တော.ပို.စ်က ဇတ်လိုက်ကတော. ခြောက်ဆယ်ကျော်အဖွားကြီးဗျ ။

    • htoosan

      May 31, 2012 at 7:08 am

      ဒီတစ်ခါတော့ နှစ်လောင်းပြိုင် သတင်းတက်လာမလား မသိဘူး ကိုဆာမိရေ..

  • အရီး Khin Latt

    May 31, 2012 at 3:51 am

    နှစ်ယောက်စလုံး က သူများ နှာခေါင်းနဲ့ အသက်ရှူ နေမိလို့ပါဘဲ။
    ဒီတော့ အဲဒီ နှာခေါင်းမှ မရှိရင် သူတို့ အတွက် ရပ်တည်လို့ မရတော့ဘူးလို့ တွေးနေခဲ့ကြလို့ပါ။

    တစ်ချို့များ မင်း ကိုယ့်ကို ထားခဲ့ရင် ရူးမှာဘဲ ဘာညာပြော။
    ပြီးတော့ နောက်တစ်ယောက် တွေ့တော့ လဲ ရူးမှာဘဲ ဆိုတာကို ရူးချင်ယောင်ဆောင်ပြီး မေ့ပစ်ခဲ့နိုင်တာပါဘဲ။
    တကယ်တော့ “အချိန်” ဆိုတဲ့ သမားတော် က ကိုယ့်နားဆီမှာ အမြဲရှိနေပါတယ်။
    နဲနဲလေး စိတ်ရှည်လိုက် နိုင်ဖို့ပါဘဲ။ (သည်းခံ လို့ မပြောဘူးနော် 😉 )

    တကယ်တော့ ပြီးရင် အားလုံးက တကယ်ဘဲပြီးသွားတာပါဘဲ။
    အဲဒီ အချိန်လေးမှာ မကောင်းတာကို ကိုယ့်ဆီမှာ ဘာလို့ ယူသိမ်းထားသင့်လဲ။
    လွှတ်ပေးလိုက်ပေါ့။

    ကိုယ်က ပွဲကြည့်သူမို့ ဒီစကား ကို ဟိတ်ဟန်ထုတ်ပြီး ပြောနေနိုင်တာလား တော့ မသိဘူးပေါ့လေ။ 🙄

    • htoosan

      May 31, 2012 at 6:56 am

      အရီးလတ် လည်း ကိုခင်ခ နဲ့မှားမှာ စိုးလို့ နဲ့ တူတယ် .. အရီးတတ်လိုက်တာ .. 😀 တစ်ခြားလူတော့ မသိဘူး ကျွန်တော်တော့ ခဏခဏမှားတယ် ..

      တကယ်တော့ “အချိန်” ဆိုတဲ့ သမားတော် က ကိုယ့်နားဆီမှာ အမြဲရှိနေပါတယ်။

      အမှန်ဘဲ အရီးရေ .. ကျွန်တော်လည်း အဲ့ဒါ အမြဲ လက်ခံတယ် .. သေသူကြာရင်မေ့ဆိုတာ ..အလွန် မှန်တဲ့ စကားဘဲလေ..

  • kai

    May 31, 2012 at 3:58 am

    ပုဂံခေတ်.. ပထမမြန်မာနိုင်ငံကတွက်ရင်.. နှစ်၁၀၀ဝ လောက် မြန်မာပြည်သက်တန်းပေါ့..
    ဒီလောက်ကျယ်ဝန်းပြီး.. မြစ်အသွယ်သွယ်နဲ့..လှတဲ့..နေစဖွယ်တိုင်းပြည်.

    ဒီခေတ်ထဲ.. လူသန်း၆ဝကျော်လူဦးရေပဲရှိနေ(ကျန်နေ)တာဟာ.. ဘာကိုပြသလည်းဆိုတော့..
    သေသူများတာကို.. ပြတယ်..

    ပြည်တွင်းစစ်ကြောင့်သေသေ..
    ဆူဆိုက်လုပ်လို့သေသေ..
    ဂျွမ်းထိုးသေသေ…
    တောထဲငုတ်တုတ်ထိုင်သေသေ..
    အသက်ငယ်ငယ်သေသေ.. ကြီးကြီးသေသေ..

    သေကြတာကသေကြတာပဲ..
    မြန်မာတွေ.. သေနှုန်းက.. ကမ္ဘာတန်း.. ပထမဖြစ်နေတာသေချာတယ်..။

    စနစ်ကြောင့်လား.. ခေတ်ကြောင့်လား..
    သေချာတာက…
    The End Justifies The Means!

    အဆုံးသတ်ဟာ.. အဆိုးအကောင်း. အဆုံးအဖြတ်ကို ပြတယ်..
    ပြနေတယ်…
    ပြနေတယ်..။
    နှစ်၁၀၀ဝ အဆုံးသတ်နဲ့ပြနေတယ်..
    နှစ်၅၀ဝ အဆုံးသတ်နဲ့ပြနေတယ်..
    နှစ်၁၀ဝအဆုံးသတ်နဲ့ပြနေတယ်..
    နှစ်၅ဝအဆုံးသတ်နဲ့ပြနေတယ်..။
    နှစ်၂ဝအဆုံးသတ်နဲ့ပြနေတယ်..
    ၁ဝနှစ်အဆုံးသတ်နဲ့ပြနေတယ်..။
    အဆုံးသတ်ဟာ.. အဆုံးအဖြတ်ကို ပြနေတယ်..

    • အရီး Khin Latt

      May 31, 2012 at 4:07 am

      ရှင်ဘဲ ဟိုးအရင် Post မှာတုန်းက “မွေးနှုန်း” နဲလို့ဆို။
      အခု “သေနှုန်း” ကို ပြောင်းသွားပြန်ပြီလား။ 😀

      • kai

        May 31, 2012 at 7:18 am

        မွေးနှုန်းနည်းတာက.. အခုမျက်မြင်…။
        သေနှုန်းများတာက..သမိုင်း.. တောက်လျှောက်…

        ဆိုတော့..
        သေနှုန်းနဲ့.. မွေးနှုန်းဆက်စပ်လို့လည်းရတယ်လေ..။
        ဘာဖြစ်ဖြစ်.. လူဦးရေနည်းနေတာတော့.. သေချာတယ်.. အရီးလတ်ရေ့..

        ရီဗတ်စ်အင်ဂျင်နီယာရင်းနဲ့.. ထရာဘယ်ရှု့လိုက်တော့..
        တရားခံတွေ့တယ်..

        မပြောတော့ပါဘူး..
        ဟုတ်တယ်..
        လွန်ခဲ့တဲ့..နှစ်၁၀၀ဝလောက်ကတည်းက.. အဲဒီလက်သည်.. တရားခံရှိလာတာ..

        အာဟိ.. :mrgreen:

        • ဦးဦးပါလေရာ

          May 31, 2012 at 9:50 am

          ဟုတ်တယ်… ဟုတ်တယ်….
          လွန်ခဲ့တဲ့ နှစ် ၁၀၀ဝ အနော်ရထာမတို်င်ခင်ကတည်းက အဲဒီတရားခံရှိလာတာ..။
          ဒီရွာထဲက တယောက်ယောက်ရဲ့အမျိုး အရည်းကြီးတွေလေ.. 😀

          လက်လှမ်းမီရာ ဟိန္ဒူဝါဒရယ် ဂျိန်းဝါဒရယ် တာအိုဝါဒရယ်
          ကိုယ့်ဟာကိုယ်ခေါင်းကုတ်ဖင်ကုတ်စဉ်းစားထားတာတွေရယ်
          လေးမျိုးပေါင်းပြီး ရောသမမွှေထားတဲ့ ဝါဒသမားတွေပေါ့… 😀

    • htoosan

      May 31, 2012 at 6:57 am

      သူကြီးကိုတော့ အရီးမှ နိုှု်င်မှာဘဲ .. ဦးကြောင်နဲ့ ပေါင်းလိုက်ရင်တော့ သူကြီးခေါင်းထောင်နိုင်မှာ မဟုတ်ဘူး … :mrgreen:

  • Ch@vez

    May 31, 2012 at 7:12 am

    ပြန်လာခဲ့ပါ့မယ်. ..
    စိုးရိမ်ပေးလို့ ကျေးကျေးပါ…
    (ဖတ်မိပါဇေ)
    အဟိ…
    😀

    • Ch@vez

      May 31, 2012 at 9:57 am

      မွေးနှုန်းဖြစ်ဖြစ် သေနှုန်းဖြစ်ဖြစ်ဗျာ …
      ယောက်ျားက ပဲ မိန်းမက စ ရည်းစားစကား ပြောရမယ် လို့ ..
      ဘုရား မဟောခဲ့ဘူး …အဲ့ဒါ ဦးပါ ပြောသလို ..
      ရှေးလူဂျီး ဆိုတဲ့ ကွန်ဇာဗေးတစ်ဗ်တွေ ခေါင်းကုတ် ဖင်ကုတ် ထုတ်ခဲ့တဲ့
      ဇရိုက်အို အကျင့်ဟောင်းဂျီး ..

      ဒါကို ပယ်နိုင်ရင် လူဦးရေ ပိုမိုတိုးပွားဖို့ ရှိရဲ့…
      ကျန်တဲ့ အနီဂိုဏ်း အစိမ်းဂိုဏ်း ကို မပြောလိုဘူး ..
      အဲ့၂ဂိုဏ်း ဝင်မဟုတ်တဲ့ လူထဲကလူ တွေမှာ ကျားကျား မမ
      လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ..ဘူး .အဲ့လေ ဖွင့်ဟ
      ခွင့်ရှိရမယ်….
      ကျုပ်ဒါတွေ ပြောနေတယ်ဆိုတာ …အမျိုးသားရေး အတွက်ပါဗျာ …

      တော်သေးဘီ
      ခင်တဲ့
      ဂီ

  • ကြောင်ကြီး

    May 31, 2012 at 10:18 am

    အရင်ဘဝဂ အသားကင်စားခဲ့ရင် မီးလောင်ခံ ပြန်ဆပ်ရဒယ်…အဆိပ်ခပ်သတ်ခဲ့ရင် ပိုးသတ်ဆေးသောက် ပြန်ဆပ်ရဒယ်… ကံဒွေ ကံဒွေ…။
    “သဂျီးအသား ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် အဂုမှ မီးဖိုပေါ်ဂ ချလာဒါ…။” ဘီလူးတိုင်းပြည်မှ မကြာခင် ရောင်းချဒေါ့မည့် အသားကင် တီဗွီကြော်ငြာဟုမှတ်ပါ….။

  • ahnyartamar

    May 31, 2012 at 10:42 am

    ဦးနှောက်ကို ဘေးထုပ် ကိုယ်လုပ်ချင်တာကိုယ်လုပ်တော့ သေပြီပေါ့ဗျာ။

  • windtalker

    May 31, 2012 at 1:03 pm

    ကိုရီးယားမူဗီတွေကြောင့်များလား….

  • eipu

    May 31, 2012 at 1:18 pm

    သူတို့ကိုသူတို့ hero လို့ထင်နေတာလားမှ မသိတာ။ ဦးနှောက်ကို မသုံးဘဲ လုပ်ချင်ရာလုပ်ကြတော့ အဖြစ်ဆိုးနဲ့ ကြုံရပြီပေါ့.
    ဘဝဆက်တိုင်း ဘဝဆက်တိုင်း အခုလိုအဖြစ်မျိုးနဲ့ ကင်းဝေးပါစေ hero နှစ်ယောက်ရေ..

  • ရွာစားကျော်

    May 31, 2012 at 1:22 pm

    ဪ ဒွတ်ခ ဒွတ်ခ
    ကိလေသာ အပူမီးတွေ တောက်လောင်နေကြတာ
    သိတဲ့လူက နားချပြန်ရင်လည်း
    သူ့ကျတော့ ဒီခြောက်ထဲ ပျော်ပျော်ဂျီး ခုန်ဆင်းခဲ့ပြီးတော့ ဆိုအုံးမယ်..
    မပြောတော့ဘူး မပြောတော့ဘူး .. ပြောကိုမပြောချင်ဘူး..

  • blackchaw

    May 31, 2012 at 1:52 pm

    ကိုထူးဆန်းရေ။
    ခင်ဗျားပို့စ်လေးဖတ်ပြီး…။
    ခင်ဗျားမေးထားတဲ့ မေးခွန်းလေးကို ဖြေဖို့ စဉ်းစားရင်း…။
    ဆရာဝင်းဖေရဲ့ ဦးနှောက်ထဲရောက်ပုရွက်ဆိတ် ဆိုတဲ့ ဝတ္ထုတိုလေး သွားသတိရမိတယ်ဗျာ။
    အချိန်ရမှ ဒီကွန်းမန့်ကို ဆက်ဖတ်ကြပါဗျို့…။
    ဇာတ်လမ်းလေးက ဒီလိုဗျ…။ မှတ်မိသလောက်လေး အကျဉ်းလောက်ပြန်ပြောပြချင်လို့ပါဗျာ။
    ပေါက်ဖေါ်ဆိုတဲ့လူတစ်ယောက်ရှိတယ်ပေါ့ဗျာ။
    အဲဒီလူက အိပ်နေတုန်းမှာ သူ့နားထဲကို ပုရွက်ဆိတ် တစ်ကောင် ဝင်သွားတယ်ပေါ့ဗျာ…။
    အဲဒါနဲ့ အိပ်ယာက နိုးတော့ ပုရွက်ဆိတ် နားထဲက ထွက်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှမထွက်ဘူးတဲ့ဗျ။
    ဒါနဲ့ ဆေးခန်းသွား၊ ဆရာဝန်ဆီပြတော့လည်း ဆရာဝန်က နားထဲမှာ ပုရွက်ဆိတ် အသက်မရှင်နိုင်တဲ့
    အကြောင်း ရှင်းပြတယ်တဲ့။
    ဒါလည်း ပေါက်ဖေါ်က လက်မခံဘူးတဲ့…။ သူ့နားထဲကို ပုရွက်ဆိတ်နောက်တစ်ကောင်ထပ်ဝင်သွားပြီး
    ပုရွက်ဆိတ်တွေ ထပ်ပေါက်နေတယ်လို့ ခံစားရတယ်တဲ့။
    အဲဒီပုရွက်ဆိတ်တွေကလည်း သူ့ဦးနှောက်ကို ဝိုင်းကိုက်နေကြတော့
    ခေါင်းထဲမှာ အမြဲတမ်းကိုက်ခဲနေတော့တာပေါ့ဗျာ။
    ဆေးခန်းက ဆရာဝန်ကို ထပ်သွားပြီးပြောပြတယ်။
    သူ့ခေါင်းထဲမှာ ပေါက်ဖွားရှင်သန်ပြီး သူ့ဦးနှောက်ကို ကိုက်နေကြတဲ့
    ပုရွက်ဆိတ်တွေကို ခွဲစိတ်ပြီး ထုတ်ပစ်ဖို့ပေါ့…။
    ဆရာဝန်ကလည်း ရှင်းပြပါတယ်။
    နားထဲမှာ ပုရွက်ဆိတ်တွေ မရှင်သန်နိုင်တဲ့ အကြောင်းပေါ့…။
    အဲဒီလိုနဲ့ ပေါက်ဖေါ်ဟာ ပုရွက်ဆိတ်တွေရဲ့ ကိုက်ခဲတဲ့ဒဏ်ကို မခံနိုင်တော့တာနဲ့
    လူတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး
    သူ့ခေါင်းကိုခွဲ အထဲကပုရွက်ဆိတ်တွေကို ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့…။
    အဲ… သူ့ခေါင်းကိုခွဲပြီး ထုတ်ပေးမယ့်လူကို ရှာနေတုန်းမှာပဲ
    လူတစ်ယောက်ကို သွားတွေ့တယ်တဲ့။
    အဲဒီလူက ထူးဆန်းကြီးပေါ့ဗျာ။
    အဲဒီ ထူးဆန်းကို ပေါက်ဖေါ်က သူ့ ခေါင်းထဲက ပုရွက်ဆိတ်တွေအကြောင်းရှင်းပြတယ်ပေါ့…။
    တိုက်ဆိုင်ချင်တော့ ထူးဆန်းရဲ့ အဖြစ်နဲ့ ပေါက်ဖေါ်ရဲ့ အဖြစ်က လုံးဝကို သွားတူနေတယ်။
    နားထဲကို ပုရွက်ဆိတ် ဝင်သွားတာရော..။
    ပုရွက်ဆိတ်တွေ ပေါက်ဖွားပြီး ဦးနှောက်ကို ကိုက်နေကြတာရော။
    အကုန်တူနေကြတယ်။
    အဲဒါနဲ့ သူတို့ နှစ်ယောက်ဟာ သဘောတူညီမှု ရသွားကြတယ်တဲ့။
    တစ်ယောက်ခေါင်းထဲက ပုရွက်ဆိတ်ကို တစ်ယောက်က ထုတ်ပေးကြေးပေါ့…။
    ဆရာဝင်းဖေက သူ့ ဝတ္ထုကို ဒီလို အဆုံးသတ်ထားတယ်ဗျ။

    ဘယ်သူ့က ဘယ်သူ့ကို အရင်ခွဲမလဲဆိုတာ သိတ်အရေးကြီးတယ်…

    တဲ့။
    အခု ထူးဆန်းမေးထားတဲ့ မေးခွန်းနဲ့ နည်းနည်းများဝေးနေမလားမသိဘူး…။
    ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့လူနဲ့
    အမျက်ကြီးသူ ဟာ
    အခု ဝတ္ထုထဲက ထူးဆန်းနဲ့ ပေါက်ဖေါ်တို့လိုပါပဲလို့…။
    ကျန်တဲ့ ရွာ့ ဆယ်လီဗလယ်တီ ရွာသား အတွက်ကတော့
    စိတ်ပူဖို့ မလိုပါဘူးဗျာ။
    ကောင်လေးက ဆော်ကြည်ဘဲလေးဗျ…။
    အဲဒါကျတော့ ခုန ဝတ္ထုထဲက ထူးဆန်းနဲ့ ပေါက်ဖေါ်လိုပဲ..။
    အဲဒီ ဆယ်လီဗလယ်တီ ကောင်လေးက ကိုယ်နဲ့ သွားတူနေတယ်။..အာဟီး…။
    :mrgreen:

    • ဗိုက်ကလေး

      May 31, 2012 at 2:14 pm

      သူ ့ကြဒေါ့ ဆယ်လီဗလယ်တီ ဆော်ကြည်ဘဲ ကောင်လေးဆိုဘဲ..
      လာခဲ့..လာခဲ့..
      ခေါင်းထဲမှာလဲ ပုဝဲဆိတ်ဒွေ ရှိလောက်ဒယ်….
      အူးလေးကို အရင်ထုတ်ပေးမယ်..လာဂဲ့

  • ဗိုက်ကလေး

    May 31, 2012 at 2:07 pm

    သောက်ရူးကောင်
    သေဒါတောင် နဲသေးဒယ်..

  • pooch

    May 31, 2012 at 2:38 pm

    နှစ်ယောက်လုံးက စွဲလမ်းမှုတဏှာကြောင့် စိတ်ချွန်းအုပ်မရပဲ သတိလက်လွတ်ဖြစ်သွားတာကြောင့်ပါ။
    အဓိကကတော့ ကိုယ့်စိတ်ကိုယ် မနိုင်တဲ့သူတွေ ကျားကျားမမ မရွေး ဒီလိုဖြစ်ရပ်မျိုးတွေ ကြုံနိုင်ပါတယ်။

    ကျမတို့ မျက်နှာချင်းဆိုင် အိမ်က လူတယောက်ဆိုရင် နှစ်လုံးကြွေး သိန်းလေးဆယ် မဆပ်နိုင်တာနဲ့ ရွှေချေးချွတ်တဲ့ ငရဲမီး သောက်သေသွားလို့ ဟိုးလေးတကြော်ကြော်ဖြစ်ဖူးပါတယ်။ အမှန်က သူမိသားစုက မပေးနိုင်တာမဟုတ်ပါဘူး။ မပေးဘူးလို့ စိတ်ဆိုးလို့ ပြောလိုက်တာကို သူက စိတ်လွတ်နေတဲ့ အချိန်ဆိုတော့ ငါ့သေမှ မငိုနဲ့ ဆိုဘူး စိတ်မြန်ကိုယ်မြန်သောက်ချလိုက်တာ ရုပ်ပျက်ဆင်းပျက် သေသွားရှာတာပါ။

    တဒင်္ဂ ခံစားချက်လေးကို မထိန်းနိုင်ရင် ဘယ်သူမဆို အမှားကျူးလွန်နိုင်ပါတယ်။ လောလောဆယ် ရွာထဲမှာ အရူးတယောက် စိတ်လွတ်ပြီး လူတကာပတ်ရမ်းနေတာသာကြည့်ပါ ။
    ဘယ်နေ့ သတ်သေမလဲပဲ စောင့်ကြည့်ပါတော့။ 😆

Leave a Reply