စတုတ္ထအရွယ်၏ဝေဒနာပြပွဲ (OR) မောင်ရေ ….ပြန်လာခဲ.မယ်နော်

အခုတစ်လော …ကြားရသမျှသတင်းတွေထဲက အချစ် ကိစ္စတွေ အချစ်ပြဿနာတွေကိုခတ်ဆန်းဆန်း ကြားရပြန်တော.လဲ

စိတ်မကောင်းတော.ဖြစ်မိသားဗျ ။ ဟိုး  တလောကလည်း သမီးရည်းစားချိန်းတွေ.ရင်း ကောင်မလေးက ကောင်လေးကိုဓားနဲ.ထိုးသတဲ. ။

ခုလည်း လှည်းတန်းက ချစ်စိတ်မွှန်လို. ဆိုးဆိုးဝါးဝါးတွေဖြစ်ကြ ၊ အရှက်ကွဲကြ ….ဒါပေမဲ. သူတို.ကလူငယ်တွေဘဲလေ လို. စိတ်ဖြေရာ

တွေးပေးလိုက်ပါတယ်…သို.သော်လည်း…မနေ.က မြို.သစ်တစ်ခုမှာတွေ.ခဲ.ရတဲ.ဝေဒနာပြပွဲလေးကိုတော.ရီရအခက်ငိုရအခက်ဆိုတော.

ပြောပြချင်ရဲ.ဗျာ …..ကျွန်တော်.ကို အတင်းပြောတယ်လို. အပြစ်ဆိုချင်လည်းဆိုကြပါ ….မပြောရင်မနေနိုင်လို.ပြောလိုက်တော.မယ် …

 

ဒီလိုဗျ …..မြို.သစ်တစ်ခုရဲ. အစည်ကားဆုံး လမ်းဆုံမှာဖွင်.ထားတဲ. လက်ဘက်ရည်ဆိုင်မှာ ချစ်သူနှစ်ဦးချိန်းတွေ.ကြပါတယ် …..

မဆန်းပါဘူး ….သမီးရည်းစားတွေ ချိန်းတွေ.တာ ဘဲ ……ဒါပေမဲ. အဲဒီချစ်သူနှစ်ဦးက ဘယ်သူတွေလဲဆိုတော. …..တစ်ဦးက အသက်

ခြေက်ဆယ်ကျော်အဘွားကြီး နဲ. သူ.ဘဲဘဲဘိုးတော်ကြီးက ငါးဆယ်ကျော်အရွယ်ပါ ။ အဲ …ပြဿနာစတာကတော. အဖွားကြီးရဲ.

သားတွေက လာပြန်ခေါ်တာကို အဖွားကြီူးက မလိုက်ဘူးဗျ ။ သားနှစ်ယောက်ဆွဲတဲ.ကြားက အတင်းရုန်းကန်ပြီး အော်ဟစ်နေတာပါ ။

သူ.ဘဲဘဲ ကြီးကို သူ.မိန်းမလို.ထင်ရတဲ. အမျိုးသမီးတစ်ယောက်က ထီးနဲ.လဲရိုက်ရော …ဘာပြောကောင်းမလဲ …အဲဒီမိန်းမကိုဆဲလိုက်

တာ မိုးမွန်နေတာဘဲ ….အဖွားကြီးဆိုလို. ဆင်းဆင်းရဲရဲတော.မဟုတ်တန်ကောင်းပါဘူး ….အဝတ်အစားနဲ.လက်ဝတ်လက်စားတွေကို

ကြည်.ရတာ လူလတ်တန်းစားထဲကဖြစ်ဖို.များပါတယ် ။ ဘွားတော်က ဆံပင်အတိုညှုပ်ပြီးကောက်ထားပေမဲ. အိုမင်းနေပါပြီ …..။

ဒါနဲ. သားနှစ်ယောက်က အတင်းဆွဲပြီး ကားပေါ်တင်တာ ….မနေပါဘူး ..ကားထဲက အတင်းတွန်းထိုးပြီး ပြန်ထွက်လာတယ် …..

သားတွေက “အမေ …မရှက်ဘူးလား ” လို. ပြောတော. ” ငါသူ.ကိုချစ်တာ “တဲ. ……

မြို.သစ်လည်းဖြစ် ၊ အစည်ကားဆုံးလမ်းဆုံ မှာလဲဖြစ်ဆိုတော. ဝိုင်းကြည်.နေကြတဲ.လူအုပ်ကြီးက မနဲပါဘူး ….ကျွန်တော်စီးလာတဲ.

ကားတောင်လမ်းပိတ်နေလို.ရပ်ထားရပါတယ် …အဖွားကြီးကလည်း ဘယ်လိုမှကိုပြောလို.မရတာ …. အားကောင်းမောင်းသန် သားနှစ်

ယောက်လက်ကအတင်းကိုရုန်းထွက်နေတာ ….အဖိုးကြီးကလည်း ထွက်မသွားဘူးဗျ ။ သူ.မိန်းမ ရိုက်သမျှခံ ၊ ပြီးတော. အဖွားကြီးရဲ.သား

တွေ ပြောသမျှခံ … ဒီလိုနဲ. …ပွဲကတဖြည်းဖြည်းကြမ်းလာတော. သားတွေကကိုယ်.အမေကို ပြောမရပေမဲ. ဘာမှလုပ်လို.မရ တဲ.အခါမှာ

အဖိုးကြီးကိုမဲတော.တာဘဲဗျို. ။ သားတစ်ယောက်က ဘိုးတော်ကြီးကို လက်သီးနဲ.ထိုးပါလေရော ….အဖွားကြီးမှာ အော်ဟစ်ပြီး ငိုလိုက်

ဆဲလိုက်နဲ. …နောက်ဆုံးတော. ရုတ်ရုတ်ကြားကဘဲ သားတွေက အတင်းကားပေါ်ဆွဲတင်ပြီး မောင်းထွက်သွားကြပါတော.တယ် …..

ဒါပေမဲ ……အဖွားကြီးရဲ.ကားပေါ်ကလှမ်းပြီး နှုတ်ဆက်သွားပုုံလေးကတော. ဝိုင်းကြည်.နေတဲ.လူတွေကြားမှာ ပြောစမှတ်ကိုဖြစ်သွား

တော.တာပါဘဲ ……ဘာတဲ. …” မောင်ရေ …..ပြန်လာခဲ.မယ် …နော် “ တဲ.  …..

ကဲ ကဲ   ကျွန်တော်တို.ရွာသူရွာသားတွေရော ဘယ်လောက်ချစ်တတ်ကြသလဲဗျ …..ကျွန်တော်တွေးမိတာကတော. ကိုယ်.လင် ၊

ကိုယ်.မယားကို ဒီလိုချစ်တတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ လို. ….ခုတော. သူများလင် သူများမယားဆိုတော. ……….

( သက်ဆိုင်သူများ ကိုငဲ.ညှာသောအားဖြင်. မြို.သစ်နာမည်ကို မဖေါ်ပြတော.ပါ )

24 comments

  • ဦးဦးပါလေရာ

    May 31, 2012 at 12:33 am

    အဲဒါကျုပ်မဟုတ်ဘူးနော်….
    လုံးဝမဟုတ်ဘူး…
    ဗိုက်ကလေး သက်သေရှိတယ်။
    အဲဒိအချိန်လောက်က သူ့အင်တာနက်ဆိုင်ထိုင်နေတာ
    အပြန်မှာတောင် ကြယ်တပွင့်မှားပါလာသေးတယ်…. 😀 😀

    • surmi

      May 31, 2012 at 12:45 am

      ဒီလိုပြေးလို.ရရိုးလား ဦးလေးရယ် …..ဟဲ ဟဲ
      အမြီးရှိတဲ.သူ နာဟဲ. “ပိုးဟတ်”
      ဘာရမလဲ MG ရွာသားကွ ……

    • etone

      May 31, 2012 at 10:53 am

      အဟီး ..ဦးဦးရေ …
      ဗိုက်ကလေးဆိုင်သွားပြီး ပြန်လာမှ ကြယ်တလုံးပါလာတာ …သူမသိစေနဲ့နော် … ။ ပြသနာလာရှာနေဦးမယ် 😛
      မနေ့ကတင် သူ့ကြယ်တလုံး ဘယ်ပျောက်ကျသွားလဲ လိုက်ရှာနေတာ …. တကယ်တော့ သူ့ဘာသာသူ ဘီအီးနဲ့ လဲသောက်ခဲ့ပြီး … မမှတ်မိတာများ … ဟိဟိ 😀

  • အရီး Khin Latt

    May 31, 2012 at 4:02 am

    ၆ဝကျော် ကို စတုတ္ထအရွယ် လို့ သတ်မှတ်တော့ ၄ဝကျော် ဆိုရင် တတိယ အရွယ် ခေါ်သင့်ပြီလို့ ဆိုလိုလိုက်တာလား မောင်ဆာမိရယ်။
    ရက်စက်ပါဘိတော့။ 😎
    တောက်(စ်)
    (“ဂဂ” ထံမှ ယူသုံးသည်။ တစ်နေ့ ထဲ တောက်(စ်) ၂ခါသုံးမိလို့ အခုရတဲ့ ၁ဝ ကို “ဂဂ” ယူလိုက်နော်။ 😛 )

    လူလွတ် တွေဆို အသက် ဘယ်လောက်ကြီးကြီး ကြားသာပါသေး။
    အခုတော့ –
    ကြည့်ရတာ သူတို့လဲ ကိုရီးယား ကား ချစ်သူ များ ထင်ပါရဲ့။

  • htoosan

    May 31, 2012 at 7:07 am

    ဒါမှ အချစ်စစ် အချစ်မှန် နဲ့ တူတယ် နော့် .. ဒီ အရွယ်ထိ ချစ်ကြတုန်းဆိုတော့ ..
    ဪ လောက လောက .. တယ် ပူလောင်သကိုး .. တရားမှတ်ကြည့်လိုက်ဦးမယ် … 😀

  • ဆူး

    May 31, 2012 at 8:56 am

    ခေါင်းစဉ် နာမည် နဲ့ ဆာမိ ဆိုတာ မြင်တော့ ထင်လိုက်မိတာနဲ့ ဖတ်လိုက်တဲ့ အချိန်မှာ တခြားစီ ဖြစ်နေတယ်။

    သူတို့လည်း ချစ်ကြတာကို လို့ ပြောရမှာပေ့ါ။

    ဘယ်သူလဲ မသိဘူး တခါ ရေးဖူးတယ် ကွန်မန်းမှာ ဘိုးဘွားရိပ်သာက အဘိုးနဲ့ အဘွား ရိပ်သာ ရောက်မှ လက်ထပ်ပြီး ရိပ်သာကို စွန့်ခွာပြီး တအိုးတအိမ် ထူထောင်ကြတာတွေ ရှိတယ်လို့ ရေးဖူးတော့.. မပြောလိုတော့ပါဘူး။

  • kyeemite

    May 31, 2012 at 10:10 am

    အချစ်ဟာမအိုမင်းဘူးတဲ့..
    နောက်..ငယ်ကချစ်အနှစ်တစ်ရာ မမေ့သာဆိုလား..ရှိသမို့လား..
    ကိုရင်ဆာမိရေ…ဆက်မပြောရဲဘူးဗျာ..ဟေးဟေး..

  • Ch@vez

    May 31, 2012 at 10:14 am

    ဟာဂျာ …ဒီအဖိုးဂျီး … ဘရန်ဒီ ကြိုက်သကိုး …
    အချစ်ဆိုတာ အရက် ဆိုရင် …မိန်းမ ဆိုတာ ဘီယာ ပါဆို …

    ငယ်မှ နုမှ ဥမှ ထွတ်မှ …
    လေပါတယ်အေ…

    အိုဘယ့် အေကေဘီ
    😀

  • ရွာစားကျော်

    May 31, 2012 at 10:21 am

    စတုတ္ထအရွယ်ရောက်လဲ ရင်ဘက်ထဲမှာ အသည်းနှလုံးက နုပျိုဆဲ၊ လှုပ်ရှားနေတုန်းဘဲကိုးဗျ

  • etone

    May 31, 2012 at 11:06 am

    ကိုဆာမိရေ … ဘယ်လို ပြောရမလဲတောင် မသိပါဘူး ။
    အသက်ငါးဆယ်ကျော် ၊ ခြောက်ဆယ် အရွယ်တွေက များသော အားဖြင့် အထီးကျန်မှုကို တစွန်းတစခံစားရတဲ့ အရွယ်တွေပါပဲ …. ။ အတူနေ မိသားစုထဲ စကားပြောဖော်မရှိတာကြောင့်လည်း ပါမယ် … ၊ တစ်ခါတစ်လေ ..ငယ်ဘဝကို ပြန်တမ်းတပြီး သူငယ်ပြန်တာမျိုးလည်း ရှိမယ် … ။ ဒါကြောင့် အပြင်မှာ ငယ်ချစ်ကို ပြန်တွေ့တဲ့အခါ ၊ တခြား ဘာကိုမှ ဂရုမစိုက်သလို ဖြစ်သွားတာ ထင်တယ် … ။ သူ့အတွက်စကားပြောဖော်လည်း လိုတာကိုး ။ ငယ်ကချစ် အနှစ်တရာဆိုတာကလည်း ရှိသေးတယ်လေ …. ။

    ငယ်မူပြန်တဲ့ စိတ်ရယ် ၊ မသိစိတ်တစ်ချို့ရယ်ပေါင်းမိပြီး … အခုလိုဖြစ်ကုန်တာ ထင်ပါတယ် ။ ပြောမယ့်သာ ပြောတာ ၊ ဒီအဖိုးကြီးနဲ့ အဖွားကြီး ငယ်မူပြန်တယ်ဆိုပေမယ့် …..တဏှာပြင်းပြင်း ပူပူလောင်လောင်ကြီးမဟုတ်ပဲ ….. အေးချမ်းတဲ့ ချစ်ခြင်းမျိုးပဲ ဖြစ်မယ်ထင်တယ် …။ တွေ့ဆုံခွင့်လောက်ကိုပဲ မက်မောတာ ထင်ပါရဲ့ … လူငယ်တွေလို .. ဘဝနှစ်ခုပေါင်းစပ်ဖို့ထိ .. စိတ်ကူးမျိုးရှိမယ် မထင်ဘူး … ။ 🙄

    • surmi

      May 31, 2012 at 11:25 pm

      အရီးလတ်ရေ …ကိုယ်တိုင်ကတတိယအရွယ်ဆိုတော.၊ ကိုယ်ထက်ကြီးသမျှကို စတုတ္ထအရွယ်
      ထဲ ထဲ.ပစ်လိုက်တာဗျို. ဒါနဲ. အရီးကိုရော ဘယ်အဖွဲ.ထဲထည်.ရမှာလဲဟင် ….
      ————————-
      ကိုထူးဆန်းရေ …. လင်နဲ.မယား ဒီလိုချစ်ကြရင်တော. ပိုကောင်းသပေါ.ဗျာ …ဒါပေမဲ. ….
      —————————
      ဒေါ်ဆူးရဲ. တစ်ခါတလေ ကျွန်တော်လည်း ရေးစရာမရှိ လို.တွေ.တာမြင်တာလျောက်ရေးနေတာ
      ဘာတွေများ ရေးမယ်ထင်လို.ပါလိမ်.။
      ————————–
      ကိုမိုက် ပြောသလို အချစ်ဟာမအိုဘူး သို.သော် အရှက်လဲကွဲတတ်တယ် လို.
      ဘာကြောင်.လဲဆိုတော. ….အဖွားကြီးထမီတွေဘာတွေကျွတ်ကုန်လို. ……………။
      ——————————
      မောင်ဂီရေ ….. တချို.ကပြောတယ် “ဆေးလိပ်ဆို အတိုမှ ၊ မိန်းမဆိုအအိုမှ ” တဲ.
      ရှိသေးတယ် ….ဘာတဲ. တွင်းဟောင်ရေကြည် အေးမြသည်တဲ. ။
      ———————————
      ရွာစားကျော်ရယ် …..လှုပ်ပဲလှုပ်နိုင်လွန်းတဲ. နှလုံးကြီးကွာ …………..။
      ——————————
      ဒေါ်အိတုန်ရေ ……သူတို.က ငယ်မူပြန်တာလဲမဟုတ် ၊ အသိစိတ်ချို.ယွင်းတာလည်းမဟုတ်
      ဘူးဗျို. ။ အဖိုးကြီးက ငါးဆယ်ကျော်သာဆိုတယ် တောင်.တောင်.ဖြောင်.ဖြောင်.ကြီးဗျ ။
      အဖွားကြီးကလည်းအားကောင်းသလားမမေးနဲ. သားနှစ်ယောက်တောင်ဆွဲလို.မရဘူး
      ထမီတွေဘာတွေကျွတ်ပြီး လမ်းပေါ်ထိုင်ချပစ်လိုက်တာ…..။

  • eipu

    May 31, 2012 at 11:14 am

    ကိုဆာမိရေ
    အဲဒိနေ့က လမ်းဆုံမှာ ပွဲတော်ဖြစ်သွားတယ်နော်။ အလုပ်ကပြန်လာတော့ ကြားလိုက်တယ်။ နေပြည်တော်ကနေလာတဲ့ စုံတွဲလို့ပြောနေကြတယ်။ အဲဒိလက်ဘက်ရည်ဆိုင်မှာ ပြန်မိသွားတာတဲ့။

    အချစ်ကနုပျိုဆဲထင်ပါတယ် ☺☺☺

  • ahnyartamar

    May 31, 2012 at 11:40 am

    အော်…ချစ်ဒုက္ခ…ချစ်ဒုက္ခ…ဟောင်းနွမ်းမသွားတော့တဲ့အချစ်နဲ့၊ မအိုမင်းတော့မဲ့ချစ်နဲ့၊ ငယ်ငယ်တုန်းကထက်ပိုချစ်မယ်…စိုးလွင်လွင်..

  • windtalker

    May 31, 2012 at 12:37 pm

    ကျုပ်လဲ ဂေဇက်ထဲမှာ တွေ ့လိုက်ပါတယ်
    ဦးဦးဆာမိတစ်ယောက် ရည်းစားဦးကို လိုက်ရှာနေတာ…
    တွေ ့တော့မှာ တွေ ့ခါနီးပြီး …..

  • nozomi

    May 31, 2012 at 12:47 pm

    အဲဒီ ဇာတ်လမ်းကို ရုပ်ရှင်ရိုက်မယ်
    မင်းသားက ကိုဖြူချော ၊ မင်းသမီးက နွယ်နွယ်ထွန်း
    သားနှစ်ယောက် က ကိုဗိုက် နဲ့ ကိုပေ

    အမေ ကို သားနှစ်ယောက် ဝင်ဆွဲမဲ့ အခန်း မြင်ယောင်ကြည့်တာတင် ………….

  • ဗိုက်ကလေး

    May 31, 2012 at 1:11 pm

    ရုပ်ရှင်ထဲမှာပဲ ရှိဒယ်ထင်နေဒါ..
    အပြင်မှာလဲ ဂယ်ရှိဒဂိုးဟူ….

    ကိုဖြူချော စိတ်ဆိုးနေဒယ်..
    သူ ့ဂို…ခွင့်မတောင်းပဲ တင်လိုက်လို ့ဒဲ့..

    စနစ်ကြောင့် မဟုတ်..
    စနစ်ကြောင့်မဟုတ်စ်

    • surmi

      May 31, 2012 at 11:45 pm

      eipu လဲသိလိုက်သကိုး …..ကောင်းတာပေါ.ဗျာ ကျွန်တော်လုပ်ကြံရေးတယ်ထင်မှာစိုးရိမ်နေတာ။
      ——————————–
      သတိထားလေတော.မောင်သန်းထွဋ်ဦးရေ …….မျက်စိမကောင်းရင်မျက်မှန်တတ် ပေတော. ..။
      ———————————-
      လုပ်လိုက်ဗျာ ကိုအညာတမာရေ ……ကာရာအိုကေမသွားဘဲ ငယ်ငယ်တုန်းကထက်ပိုချစ်ရင်
      ကောင်းသပေါ. ….သို.သော် ……လူမှုရေးလေးကလည်းရှိသေး ………..
      ———————————-
      ကိုပေ ဘယ်တုန်းကကျွန်တော.ကိုကြည်.မရတာလဲဟင် …….မဒမ်ဆာမိ ဝင်ဖတ်မိလို.ကတော.
      သေပြီ ဆရာရေ ………..။
      ——————————
      ကိုနိုဇို ရေ …….ဇတ်လမ်းကိုများရိုက်လို.ကတော. တကယ်.ပေါက်ကား ဖြစ်သွားမယ်နော်
      ဇတ်ညွှန်းကို မောင်ဂီကိုရေးခိုင်း ၊ ကင်မရာ ကတော. ကိုပေါက် ၊ Mလုလင် ၊ ကိုစိန်သော.
      ရွှေမင်းသား တို.ရှိသဗျ ။ အဲ …..ဒါရိုက်တာကတော. ကိုနိုဇိုတို.ပဲဆက်ရွေးကြဗျာ………..။
      —————————-
      ကိုဗိုက်ကလေးရဲ. ……တကယ်ရှိပေမဲ. တွေ.ရခဲတော. ကျုပ်လဲ ရုတ်တရက်မရေးရဲဘူးဗျ ။
      လန်ကျုပ်လို.ထင်မှာစိုးလို. ။။။ စနစ်ကြောင်.မဟုတ် အချစ်ကြောင်. ………..။

  • pooch

    May 31, 2012 at 2:53 pm

    ကိုဆာမိရေ ဒီအကြောင်းလေး ကြားရတော့ ဘာမဆိုင် ညာမဆိုင် ချားစ်မင်းသားနဲ့ ကမီလာတို့ အချစ်ကို သွားသတိရမိတယ်။ ရွှေမင်းသမီး အပျိုစင် လေး ဒိုင်ယာနာကို ရထားပါရဲ့ နဲ့ နှစ်ယောက်သား အိမ်ထောင် အသီးသီး သားကြီးသမီးကြီးရှိတာတောင် တော်ဝင်မိသားစု အပြင်းအထန်ကန့်ကွက်တဲ့ကြားက ငယ်ချစ်ကို အသက်ကြီးမှ ရအောင် လက်ထပ်ကြတာကို ကြည့်ရတာ တကယ့် အချစ်စစ်မို့ပဲ ထင်ပါရဲ့။

    အရင်ကတော့ ဒိုင်ယာနာကို သနားလွန်းလို့ သူတို့ နှစ်ယောက်ကို မုန်းတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ အချစ်ကို နားလည်လာသလိုလိုပါပဲ။

    ရည်းစားဦးကို မြေးဦးရတာတောင် မမေ့ဘူး ဆိုတဲ့ အချစ်တွေ ထင်ပါရဲ့။
    အဲ့ဒီ အဖိုးအဖွားရဲ့ သားသမီး နေရာမှာ ကျမသာဆို(တဖက်ကလည်း အိမ်ထောင်မရှိတော့ဘူးဆိုရင်) ဒီလောက်တောင် ဖြစ်နေတာ ခွင့်ပြုလိုက်မှာပါ။ မဟုတ်ရင် နှစ်ယောက်သား အသေတောင် ဖြောင့်ပါ့မလား မသိဘူး။ ဒါပေမဲ့ တယောက်က အိမ်ထောင်ရှိသေးတာဆိုတော့ …. ပြောရခက်လိုက်တာ။

    • windtalker

      June 1, 2012 at 1:55 pm

      အိမ်ထောင်ရှိတဲ့လူတွေ… အထူးသတိပြုတော်မူကြဘာ

  • shwe kyi

    May 31, 2012 at 6:58 pm

    လုံးဝကိုခံစားလို့မရပါ။ သနားလို့လည်းမရပါ။ ဒီအရွယ်ကြီးကျမှ တရားနဲ့နေရတော့မယ့်အရွယ်။
    ငယ်မူပြန်တယ်ဆိုရင်တော့ အားလုံးကနားလည်ပေးမှာပါ။ အဲဒါကလည်းအရူးလိုပဲဆိုတော့နားလည်ပေးနိုင်ပါတယ်။
    အခုကိစ္စကိုတော့သိပ်ဘဝင်မကျပါဘူး။ တစ်ဘက်မှာလည်းမိန်းမကြီးနဲ့။
    သူတို့ ကထွက်ပြေးတဲ့ပုံစံနဲ့တူတယ် နှစ်ဘက်လုံးကသိပြီးလိုက်လာကြတယ်ဆိုတော့။
    ကိုရီးယားကားတွေကြည့်တာများပြီး ခုလိုဖြစ်သွားတာလားမသိ။
    သူ့သားတွေနေရာကနေပြီးရှက်လိုက်တာ။

  • aye.kk

    May 31, 2012 at 8:29 pm

    ဪ..
    ဒုက္ခ..
    ဒုက္ခ..
    ဒုက္ခအိုအရွယ်ရောက်မှလက်ထပ်သွားကြတဲ့..
    အသက်(၈၀)ကျော်ကြီးကြီးအပျိုကြီးနဲ ့အသက်(၈၅)အရွယ်ဘဘတို ့က
    ငယ်ငယ်ထဲကတကယ်ချစ်ခဲ့ကြပြီး..
    အပျိုစစ်စစ်နဲ ့လူပျိုစစ်စစ်တို ့လက်ထပ်သွားခဲ့ကြတဲ့ဖြစ်ရပ်မှန်အမှန်တကယ်ရှိခဲ့ကြပါတယ်..
    ကိုင်ရိုလက္ခဏာအရလည်းအပျိုကြီးဇာတာ,လူပျိုကြီးဇာတာဖြစ်ရမယ်လို ့ဘယ်တော့မှမထဲ့ဟောဘို ့
    အဆိုရှိခဲ့တာမှတ်သားခဲ့ရဘူးပါတာတကယ်ပါဗျာ…..။။

  • မဟာရာဇာ အံစာတုံး

    May 31, 2012 at 9:17 pm

    အဖြစ်က ..
    ဆန်းလည်း ဆန်းပါပေ့ဗျာ .. 😀
    မောင်ရေ .. ပြန်လာခဲ့မယ်နော် …. ဆိုပဲ ..
    ရွာထဲက မောင် ဖြစ်ချင်သူတွေ
    သတိသာ ထားပေတော့ .. 😀

  • surmi

    June 1, 2012 at 12:04 am

    နန်းမတော်ရေ ……. သဘောထားကိုလေးစားသဗျာ ။ ဒီလိုတွေးပေးနိုင်ဘို.ခက်ပါတယ် …..အထူးသဖြင်.
    အမျိုးသမီးတယောက်လည်းဖြစ် ၊ လူငယ်တယောက်လည်းဖြစ်တဲ.သူအနေနဲ.ပေါ. …..နှစ်ဦးနှစ်ဘက်
    လွတ်လပ်တဲ.သူတွေဆိုရင် တကယ်လှတဲ. ရိုမန်.တစ် လေးပေါ.ဗျာ ……။
    ———————————
    ရွှေကြည် ရေ…. ခင်ဗျားပြောသလိုဘဲ ပတ်ဝန်းကျင်က ပြောကြပါတယ် ….
    ကိုရီးယားရောဂါ တဲ.လေ ……။ တကယ်တော.လဲ …..ဘယ်သူမပြု မိမိမှုပါဘဲဗျာ ……။
    ——————————-
    အန်တီအေးရဲ. ဘဘနဲ. ကြီးကြီး ကမှ တကယ်. ရိုမန်.တစ် ကွ ။ ဒါမျိုး ဆိုရင်တော. အားပေးတယ်နော ။
    ———————————-
    မောင်အံဇာရော မောင် ဖြစ်ချင်သလားဟင် …..။
    ပြောနော် …..အားမနာနဲ. ……မမ တစ်ယောက်လွှတ်လိုက်မယ် …………။

Leave a Reply