ဥပဒေတွင် “မသန်မစွမ်း”ဟု သုံးနှုန်း ပြဋ္ဌာန်းသဖြင့် ကန့်ကွက် ဆန္ဒပြုပွဲ ပြုလုပ်မည်

the bestMay 31, 20121min17916

“မသန်မစွမ်း”ဆိုသည့် စကားရပ် ကို “မသန်စွမ်း” လို ့သုံးလာတာ နှုတ်တောင်ကျိုး နေပါပြီ။

သမ္မတကလက်မှတ် ရေးထိုး ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယင်းဥပဒေ တွင်

“မသန်မစွမ်း” ဟူသည့် အသုံး အနှုန်းကို ဆယ်ကြိမ်တိတိ ထည့် သွင်းသုံးနှုန်းထားသည် လို ့

ဖတ်လိုက်ရတော့ တော်တော်အံ့ဩမိတယ်။ သမ္မတရဲ့ အကြံပေးတွေ မသိလိုက်ဘူးလား။

အံ့ဩခြင်းများစွာနဲ ့ ရွာသားတွေကို သတင်းပေးလိုက်ပါတယ်။

30 MAY 2012  | BY VENUS NEWS JOURNAL မြတ်သူအောင်

မသန်မစွမ်း ဖြစ်သွားသော တပ်မတော် သားများနှင့် ကျဆုံး သွားသော တပ်မတော် သားများ၏ မိသားစုများကို ထောက်ပံ့ရေး ဥပဒေတွင် “မသန်မစွမ်း”  ဟူသည့် စကား ရပ်ကို သုံးနှုန်းပြဋ္ဌာန်းထားသဖြင့် ကန့်ကွက် ဆန္ဒပြုပွဲ ပြုလုပ်မည်ဟု မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီး အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေး မောင်က ပြောသည်။

 

အဆိုပါ ဥပဒေသည် မတ်လ ၃ဝ ရက်နေ့၌ သမ္မတကလက်မှတ် ရေးထိုး ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ပုဒ်မ ကိုးခုပါဝင်သော ယင်းဥပဒေ တွင် “မသန်မစွမ်း” ဟူသည့် အသုံး အနှုန်းကို ဆယ်ကြိမ်တိတိ ထည့် သွင်းသုံးနှုန်းထားသည်ကို တွေ့ရ သည်။

 

“မသန်မစွမ်းလို့ သုံးနှုန်းတာ ဟာ ကျွန်မတို့ကိုဆဲသလိုပါပဲ”ဟု မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေး မောင်က ဆိုသည်။ ထို့ပြင် ဥပဒေ တွင်သုံးနှုန်းပြဋ္ဌာန်းထားသည့် “မသန်မစွမ်း”ဆိုသည့် စကားရပ် ကိုလည်း လုံးဝမကျေနပ်ကြောင်း ဒေါ်ငယ်ငယ်အေးမောင်က ထပ် လောင်း ပြောကြားသည်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်

ဦးအောင် ကြည်ညွန့်က ဥပဒေပြုစကားလုံးအသုံးအနှုန်းများသည် အလွန် အရေးပါကြောင်း၊ စကားလုံးအသုံး အနှုန်း၏ နောက်ကွယ်မှ အဓိပ္ပယ် များသည် တစ်ပါးသူအပေါ် နှိမ့်ချ ပြောဆိုခြင်း၊ မြှင့်တင်ပြောဆိုခြင်း မျိုး မဖြစ်သင့်ကြောင်း၊ ဥပဒေပြု စကားလုံးများသည် အရပ်သုံး စကား လုံးများသကဲ့သို့ မဟုတ် သဖြင့် သတိထားပြီး သုံးစွဲသင့် ကြောင်း၊ ၎င်းအနေဖြင့် “မသန်စွမ်း” ဆိုသည့်စကားအသုံးအနှုန်းကိုသာ ထောက်ခံကြောင်း ပြောကြား သည်။

 

တိုက်ပွဲတွင် ဒဏ်ရာရသဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သော အမည်မဖော်လိုသူ နိုင်ငံ့ဝန်ထမ်း တစ်ဦးက“ကျွန်တော်တိုက်ပွဲမှာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပေ မယ့် သာမန်လူတွေလိုပဲ လုပ်ငန်း တွေ၊ တာဝန်တွေ ထမ်းဆောင်နိုင် တုန်းပါ။ မသန်ပေမယ့် စွမ်းတုန်း ပါပဲ။ ကျွန်တော်တို့ကို မသန်မစွမ်း လို့တော့ မခေါ်စေချင်ဘူး”ဟု ၎င်း ၏အမြင်ကို ထုတ်ဖော်ပြောကြား သည်။

 

လူမှုရေး အဖွဲ့အစည်းတစ်ခုမှ စီမံကိန်းမန်နေဂျာတစ်ဦးက နိုင်ငံ တကာတွင် မသန်စွမ်း (Disable) ဟူသော အသုံးအနှုန်းကိုပင် မသုံး နှုန်းတော့ဘဲ အထူး လိုအပ်ချက်ရှိ သူများ (Special Needs) ဟူသည့် အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲ နေပြီဖြစ်သဖြင့် မြန်မာနိုင်ငံအနေနှင့် လည်း အသုံးအနှုန်းကအစ သတိထား သင့်ကြောင်း၊ မသန်စွမ်းများ ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင် မှုကို အလေးထား ဂရုစိုက်သည့် အနေဖြင့် တရားဝင်သုံးနှုန်းသည့် အသုံးအနှုန်းများကို သေချာ ဆန်း စစ်ပြီးမှ သုံးသင့်သည်ကြောင်း မှတ်ချက်ပြုပြောကြားသည်။

16 comments

  • kai

    May 31, 2012 at 3:06 am

    မြန်မာပြည်မှာ.. မြန်မာစာ/စကားအသုံးအနှုန်းတွေ.. ပြင်သင့်.. တီထွင်သင့်.. ခောတ်နဲ့ညှိသင့်တာတွေ အများကြီးပဲ..
    တဖက်သားနှိမ့်ချခေါ်တဲ့..အသုံးအနှုန်းတွေလည်း.. တင်းကြမ်းပဲ..

    ကျွန်တော်.။ကျွန်မ..။ တို့..
    လူလူခြင်း.. ဘုရားတတ်ထူးခေါ်ပြောရတာတို့..
    ဒုက္ခသည်တို့..။
    တလိုင်း၊ ကုလား၊ တရုတ်တို့..။

    ဆိုတော့..
    လူလူခြင်း.. နှိမ့်ချခွဲခြားဆက်ဆံတာတွေကို.. ပြင်းပြင်းထန်ထန်( ပြင်းပြင်းထန်ထန်)အရေးယူတဲ့.. ဥပဒေတွေ(အရင်ဆုံး) .. အမြန်ဆုံးပြဌာန်းသင့်ပြီထင်ပါကြောင်း..

    ဒါပြီးမှ..
    သခင်မျိူးဟေ့.. ဒို့မြန်မာ.. 🙂
    ..
    =

    Anti-discrimination law – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Anti-discrimination_law
    Anti-discrimination law refers to the law on the right of people to be treated equally. Some countries mandate that in employment, in consumer transactions and …
    Examples – Notable Exceptions – See also – References
    Federal Laws Prohibiting Job Discrimination: Questions And Answers
    http://www.eeoc.gov/facts/qanda.html
    Nov 21, 2009 – This 180-day filing deadline is extended to 300 days if the charge also is covered by a state or local anti-discrimination law. For ADEA charges …
    EEO: Antidiscrimination Law Information
    http://www.sec.gov/eeoinfo/antidiscrimination.htm
    Jun 15, 2011 – Antidiscrimination (EEO) Law Information. Personnel actions affecting any term or condition of employment may not be based on an individual’s …
    Federal Antidiscrimination Laws | Nolo.com
    http://www.nolo.com/legal…/federal-antidiscrimination-laws-29451.html
    Learn about the major federal laws that prohibit workplace discrimination.

    • Ch@vez

      May 31, 2012 at 11:19 am

      ပြဿနာတွေတက် ..အို ..ပြဿနာတွေတက်..
      သည်းခံစိတ်တွေ ကျော်လွန်သွားလို့….ပြဿနာတွေတက် ..ရို့ …
      :mrgreen:

      ထွင်တဲ့ဟာတွေကျ ထွင်ပါတယ် သဂျီးရဲ့ …
      ဥပမာ အလင်းဝင် တယ် သုံးတာကနေ .. လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်
      တို့ (အခုတော့ သေနတ်နဲ့ လက်ပကျွတ် ဖြစ်သွားဘီ ဆိုလား)

      ဒါပေသိ လုံလောက်မှု မရှိသေးတာ တော့ အမှန်ပဲ…
      disable ကို special needs လို့ ခေါ်တယ်ဆိုတာလေး ခုမှ ကြားဖူးတဲ့အတွက်
      ကျေးကျေးပါ. .ပိုစ့် ပိုင်ရှင်ရေ…

      ကျနော် မှတ်သားမိတာကတော့ .. handicaps လို့လည်း ခေါ်သေးတယ်ခည ..
      ကျနော်တို့ဆီမလည်း ..မသန်မစွမ်းကနေ ဦးစားပေးခံများ လို့ ပြောင်းခေါ်ရင်
      ကောင်းမလားပဲနော…

  • အရီး Khin Latt

    May 31, 2012 at 4:19 am

    {{{~~~ မသန်စွမ်း (Disable) ဟူသော အသုံးအနှုန်းကိုပင် မသုံး နှုန်းတော့ဘဲ အထူး လိုအပ်ချက်ရှိ သူများ (Special Needs) ဟူသည့် အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲ နေပြီဖြစ်သဖြင့် ~~~}}}

    ထင်တာပြောရရင် Disable နဲ့ Special Needs က အတူတူဘဲ လို့ ပြောမရပါဘူး။
    Special Needs ဆိုတာမှာ – ကိုယ်ခန္တာအစိတ်အပိုင်းချို့ယွင်း တာလဲပါတယ်၊ ကိုယ်ခန္တာအစိတ်အပိုင်း မချို့ယွင်း အားမနည်းဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း အားနည်းတာလဲပါတယ်၊ လို့ ကြားဖူး ထားလို့ပါ။

    အနောက်တိုင်း က ကားပါတ်ကင် တွေမှာတော့ “Disable” နဲ့ “Parents & Child” ဆိုတာက အထူး နေရာပေး တွေပါဘဲ။

    ဘာဘဲ ဖြစ်ဖြစ် မကြိုက်တာ ရှိခဲ့ရင် အရင်လို ငုံ့ပြီး ခံနေစရာ မလိုဘဲ မကြိုက်တာကို မကြိုက်ကြောင်း ပြန်ပြောလာနိုင်ပြီ ဆိုတာ ကောင်းသော လက္ခဏာ ပါဘဲ။

    ဒါပေမဲ့ တစ်လွဲဆံပင်ကောင်း မလုပ်ကြဖို့ ကိုတော့ သတိနဲ့ယှဉ် စဉ်းစားကြဖို့လိုမယ် ထင်ပါရဲ့။
    တစ်ခုခု ဆို သက်ဆိုင်သူ တွေကတစ်ဆင့် အေးအေးဆေးဆေး အရင် ဆွေးနွေးပြီး မရရင် မှ တစ်ဆင့်တက် သင့်ပါတယ်။
    မဟုတ်ရင် မငြိမ်သေးတဲ့ အချိန်မှာ အတိမ်းအစောင်း ဖြစ်သွားနိုင်ပါတယ်။

  • အရီး Khin Latt

    May 31, 2012 at 4:46 am

    {{{~~~ တိုက်ပွဲတွင် ဒဏ်ရာရသဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သော အမည်မဖော်လိုသူ နိုင်ငံ့ဝန်ထမ်း တစ်ဦးက
    “ကျွန်တော်တိုက်ပွဲမှာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပေ မယ့် သာမန်လူတွေလိုပဲ လုပ်ငန်း တွေ၊ တာဝန်တွေ ထမ်းဆောင်နိုင် တုန်းပါ။
    မသန်ပေမယ့် စွမ်းတုန်း ပါပဲ။ ကျွန်တော်တို့ကို မသန်မစွမ်း လို့တော့ မခေါ်စေချင်ဘူး”ဟု ၎င်း ၏အမြင်ကို ထုတ်ဖော်ပြောကြား သည်။ ~~~}}}

    ကျွန်မတို့ပြည်ရဲ့ ပြသနာမှာ ဒါတွေလဲ ပါပါတယ်။
    ဒီလို တပ်မတော်သား တွေ ကို ကျွန်မတို့ လေးစားပါတယ်။
    သူတို့ အတွက်လဲ ဂုဏ်ယူပါတယ်။
    သူတို့ တတ်နိုင်တဲ့ တာဝန်တွေကို အစွမ်း အပြည့် နဲ့ လုပ်ကိုင်နိုင်အောင် ဖန်တီးပေးသင့်ပါတယ်။

    ဒါပေမဲ့ ကိုယ်နဲ့ မရင်းနှီး မကျွမ်းကျင်တဲ့ ဌာန တွေမှာ တော့ အဲဒီလို တပ်က လူတွေကို တာဝန် မထမ်းဆောင် စေသင့်ပါဘူး။
    မှန်တာပြောရရင် အဲဒီလို မတတ်ကျွမ်းသူတွေ အားလုံး ဝင်ပါကုန်လို့ နိုင်ငံမှာ ကမောက်ကမ တွေဖြစ်ကုန်ရတာပါ။
    ဒါဟာ ခန္တာမသန်စွမ်းခြင်း၊ သန်စွမ်းခြင်း နဲ့ မဆိုင်ပါဘူး။
    သက်ဆိုင်ရာ ဘာသာရပ် ရဲ့ ပညာရည် သန်စွမ်းခြင်း/ မသန်စွမ်း ခြင်း နဲ့သာ ဆိုင်ပါတယ်။
    ဘာကို မှ နှိမ်ပြီးပြောတာ မဟုတ်ပါ။
    သဘောတရားက ဒီအတိုင်းပါဘဲ။
    တပ်မတော်သား ဟာ စစ်ရေး အတွက် သေသေချာချာ ထရိန်း လုပ်ထားတာပါ။
    သူ့ကို ပညာရေးရာ၊ စီးပွါးရေးရာ၊ ဥပဒေရေးရာတွေ အတွက် အဓိကထားပြီး ထရိန်း လုပ်မထားပါဘူး။
    ဒီတော့ ပညာရေးရာ၊ စီးပွါးရေးရာ၊ ဥပဒေရေးရာ ဌာန တွေမှာ သက်ဆိုင်ရာ ကျွမ်းကျင်သူ များကို သာ အုပ်ချုပ်စေသင့်ပါတယ်။
    နဂိုထဲ က အဲဒီလို တွေမှာ စိတ်ပါရင် အဲဒီ ပညာတွေ သင်ခဲ့ဖို့ကောင်းပါတယ်။
    အခုတော့ အဲဒီလို လူတွေကို နေရာပေးဖို့ တကယ်တတ်တဲ့ သူတွေ ကို ချောင်ထိုးပြီး ထားခဲ့တာ အလွန် အရုပ်ဆိုး တဲ့ စနစ် တစ်ခု ဖြစ်ခဲ့ရခြင်းရဲ့ တရားခံပါ။

    ကျွန်မ ဘာကို မှ အပုတ်ချ နေခြင်း မဟုတ်ပါ။
    မှားခဲ့တဲ့လမ်းစဉ် စနစ် တွေ ကို ပြင်နိုင်ဖို့ အတွက် မြင်သာတဲ့ အမှား ကို ထောက်ပြခြင်းသာဖြစ်ပါတယ်။
    တိုင်းပြည်ကို တကယ် မြှင့်တင်ချင်ရင်၊
    ဒီနေ့ ဘီဘီစီ နဲ့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းအင်တာဗျူးထဲမှာ “စစ်ဗိုလ်တွေ လဲ ဒီမိုကရေစီ လိုချင်ပါတယ်” လို့ ဆိုတာ တကယ်ဖြစ်ခဲ့ရင်
    စစ်တပ် က စစ်တပ် အလုပ်ကို လုပ်နေခြင်းသာ လျှင် ဒီမိုကရေစီ အနှစ်သာရ လို့ ဆိုနိုင်ပါတယ်။

    ဒီတော့ ကိုယ့်အလုပ်ကို ကိုယ် မသိနားမလည် မကျွမ်းကျင်ရင် ဟန်လုပ် ထိုင်နေမဲ့ အစား တကယ်တတ်ကျွမ်း လုပ်ကိုင်နိုင်သူတွေကို နေရာလေး ဖယ်ပေးလိုက်ကြဖို့ပါဘဲ။

    အနာပေါ်ဒုတ်ကျ မဖြစ်ပါစေ နဲ့ လို့တော့ ဆုတောင်းပါတယ်။

    • amatmin

      May 31, 2012 at 10:42 am

      အရီးလတ်ရေ..
      အပေါ်အောက်အစိမ်းတချက်စီလက်သွားတာ ကျနော့လက်ချက်ပါလို့.. 😛

  • ahnyartamar

    May 31, 2012 at 10:37 am

    ကုလား၊ တရုတ်
    သဂျီးခဗျာင်္…ကုလား၊ တရုတ် လို့ပြောတာ လူလူခြင်း.. နှိမ့်ချခွဲခြားဆက်ဆံတာလားဗျာ။ ဒါဆိုရင် သူတို့ကို ဘယ်လိုခေါ်ရမှာလဲ…..မဲလူ…ဖြူလူ ဒါမှမဟုတ်….လူမဲ…လူဖြူ…ဟာ..ပိုဆိုးသွားပြီ…..မသိတော့ဘူးဗျို့။

  • kyeemite

    May 31, 2012 at 11:27 am

    အရီး ခင်လတ်ပြောတာကိုဘဲ
    ထပ်ဆင့်ထောက်ခံသွားပါဂျောင်း..

  • windtalker

    May 31, 2012 at 12:45 pm

    အခေါ်အဝေါ်အနေနဲ ့မသုံးစွဲဘို ့၊ မခေါ်ဘို ့ပြောတာ ဟုတ်ပါပြီ ။ မှန်ပါတယ် ။ ဖြစ်သင့်ပါတယ် ။
    သို ့ပေသည့် ၊ ကွမ်းဆားထွေးပစ် ဝါဒီကြီးစိုးတဲ့ ကျုပ်တို ့ဆီမှာ လက်တွေ ့ပိုင်းဆိုင်ရာမှာတော့ ပြုပြင်ဖို ့၊ အဓိက အားဖြင့် စိတ်ထားပိုင်း ပြုပြင်ဖို ့တော့ ကျန်နေပါဦးမည် ။

  • eipu

    May 31, 2012 at 1:07 pm

    မသန်သော်လည်း စွမ်းနေတဲ့ သူတွေအများကြီးပါ။ တချို့ဆို ခြေတဖက်မရှိပေမယ့် သာမန်လူတွေထက် စက်ဘီးကိုကျွမ်းကျွမ်းကျင်ကျင်စီးနိုင်ကြတာမျိုးပေါ့

  • မြတ်ကျော်သူ

    May 31, 2012 at 8:27 pm

    တိုက်တိုက်ဆိုင်ဆိုင်ပါပဲ…အဲဒီသတင်းကိုရေးတဲ့ မြတ်သူအောင်ဆိုတာ ကျွန်တော့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးပါ။
    ခု သူအဲဒီသတင်းအတွက် ပြဿနာတက်နေပါတယ်။ ပြဿနာက မသန်စွမ်းအသင်းက နေပြီး အဲဒီစကားကို သူတို့မပြောပါဘူး လို့ငြင်းချက်ထုတ်နေတယ်။ ပြီးတော့ သတင်းထောက်မြတ်သူအောင်ကိုလဲ တရားစွဲဖို့ပြင်ဆင်နေပါတယ်။ ဒေါ်ငယ်ငယ်အေးမောင်က သူမပြောရပါဘူးလို့ပြောတဲ့အတွက် အဲဒီသတင်းထောက်က သူသွားခဲ့တဲ့အတွက် ဒေါ်ငယ်ငယ်အေးမောင်ပြောခဲ့တဲ့ အသံဖိုင်ကို သူ့ဆီကိုသွားပြီးပြပါတယ်။ ဆိုတော့ ဒေါ်ငယ်ငယ်အေးမောင်က လျှောချသွားပါတယ်။ ဒါပေမယ့် နောက်တစ်ခုထပ်တိုးလာပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းပါ။ သူက ဝင်ပြီး ထပ်တရားစွဲမယ်လုပ်နေပါတယ်။ ဒါကနောက်ဆုံးအခြေအနေပါ။ နည်းနည်း သုံးသပ်ပေးကြည့်ကြပါလား။ သတင်းအမြင်နဲ့ပေါ့။

    • the best

      May 31, 2012 at 11:31 pm

      အဲဒီ ဥပဒေမှာ ဒီလိုသုံးထားတယ်ဆိုတာကော အမှန်ပဲလား။

      ရွှေမင်းသားဖောင်ဒေးရှင်းက ဘာကြောင့်တရားစွဲမယ် လုပ်တာလဲ။
      ရွှေမင်းသားဖောင်ဒေးရှင်းကလည်း “မသန်စွမ်း” လို ့ပဲသုံးနေတာပဲ မဟုတ်လား။
      ဒေါ်ငယ်ငယ်အေးမောင်ကကော ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။

      ရုပ်သံတွေမှာ “မသန်စွမ်း” နဲ ့ပတ်သက်ပြီး ခဏခဏပြနေတာတွေ၊
      ပြည်တွင်းပြည်ပ အလွှာအသီးသီးကအကူအညီတွေပေးကြတာတွေဟာ
      ချစ်စရာကောင်းတဲ့ စေတနာ နဲ ့စိတ်ဓါတ်တွေပါ။

      “မသန်ပေမဲ့စွမ်းပါတယ်” လို ့ဂုဏ်ယူဝင့်ကြွားစွာနဲ ့ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့သူတွေ၊
      စီးပွါးရေးလုပ်ငန်းကို ဦးဆောင်နိုင်ခဲ့တဲ့သူတွေကို တကယ်လေးစားမိပါတယ်။
      ဘယ်လိုလုပ်ပြီး သူတို ့ကို “ မသန်မစွမ်း ” လို ့ပြောနိုင်မလဲ။

      တကယ်နားမလည်နိုင်တော့ဘူး။
      နောက်နောင် “ မသန်မစွမ်း ” လို ့ပဲသုံးကြမလား။ “မသန်စွမ်း” လို ့ပဲသုံးကြမလား။
      ဆုံးဖြတ်ချက်ချကြပေါ့။

      “ မသန်မစွမ်း ” လို ့ပဲသုံးသုံး၊ “မသန်စွမ်း” လို ့ပဲသုံးသုံး၊
      ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိနေတာပဲ။

  • kai

    June 1, 2012 at 12:47 am

    http://answers.yahoo.com/question/index?qid=20090722183944AAyd5lu
    Law against name calling a disabled person?
    not that i would or ever want to. curious to wether calling someone that is disabled in some way, mentally or physically, a retard or any other name that demeans them is against a law? what protection would they have against name calling? thx.

    Best Answer – Chosen by Voters
    It could verily easily be called “Verbal Abuse” or “Emotional Abuse”or “Psychological Abuse” or even “Harassment”.

    There are “Abuse” Laws and “Harassment” Laws within the USA that make it illegal to abuse and harass any person.

    There are “Hate Crime”/ Hate Speech” laws in various USA states. Sooner or later there will be a federal “Hate Crimes”/ “Hate Speech” law passed within the USA.

    The USA Senate has passed the Matthew Shepard Hate Crimes Prevention Act that is attached to the Department of Defense authorization bill. But the USA Senate did pass an amendment to the Act, that allows the death penalty to be used as a punishment in hate crimes in some situations.

    The proposed Hate Crimes Bill expands federal hate crimes to include those committed against PWDs because of their Disabilities.

    Matthew Shepard Hate Crimes Prevention Act
    USA Senate Bill Number is S. 909
    http://thomas.loc.gov/

    In the USA, we have freedom of speech of course, but there is a hierarchy established by the Supreme Court over many court cases concerning what is the most protected and what is the least protected. Fighting words, or hate speech, is the least protected. The speech has to be harmful and of little or no social value to be considered hate speech. It’s very rare in the USA though, that hate speech is actually silence (even Fred Phels and Westboro Baptist Church are still at it). However, if someone is repeatedly calling you names and making you feel threatened, you can charge them with harrassment and/or get a restraining order.
    Source(s):
    The Law of Public Communication by Middleton and Lee, 2009 Update

    There’s no specific law that covers that but there are some that could apply depending on the circumstances:

    1. harassment (if they were told to stop and didn’t)
    2. verbal abuse
    3. disturbing the peace

    It’s really the call of the cop who would respond to the situation in the first place. The cop would most likely just warn the insulter and move along though.

    IMHO, as soon as you start making it illegal to call people names, you’ve basically completely and totally ignored the whole part of the constitution that deals with “free speech” and this is wrong. I think that punishment should be handed down according to how the word was delivered and why it was delivered, rather than because of the word itself.
    =
    Disbaility Harassment and the Responsibilities of Schools
    http://www.mcandrewslaw.com/article_disability_harassment.html
    The U.S. Department of Education highlighted that: “Disability harassment … on his or her disability, including verbal acts (i.e. name-calling), nonverbal behavior …

    =
    ဥပဒေစာသားအသုံးကို ဆန့်ကျင်ရေးတာဆိုတော့.. စူပရင်းကုတ်တက်ယုံရှိတော့မယ်ထင်ပါတယ်..။ ကြားထဲ.. မသန်စွမ်းသူတွေလက်မှတ်တွေ..ရအောင်စု… တရားပြန်စွဲပေါ့..။
    အပေါ်မှာ ယူအက်စ်ရဲ့.. မသန်စွမ်းသူနဲ့ပါတ်သက်တဲ့.. မေးဖြေ.. သဘောတရားတချို့ကူးပေးထားကြောင်း..
    သမိုင်းမှတ်တမ်းကျန်ရစ်မဲ့.. ဒီစာသားအသုံးအနှုန်းတိုက်ပွဲမှာ.. မီဒီယာတွေက.. ကူပေးစေလိုကြောင်း..

    • မှော်ဆရာ

      June 1, 2012 at 9:51 am

      သူကြီး မြှောက်ပေးနေပြီဟေ့ …

  • ဦးဦးပါလေရာ

    June 1, 2012 at 10:04 am

    အော်… လကုန်ရက်ဆိုတော့ တော်တော်အားနေတယ်…
    ကျုပ် ကြောင်လေး ရေချိုးပေးဦးမှ…..

    ဒေါက်… ဒေါက်… ဒေါက်…
    ဘာကိစ္စရှိလို့ပါလဲ ?
    ကျုပ် နာမည် ကြောင်လေး ဗျ… ခင်ဗျားအလွဲသုံးစားလုပ်လို့ လာသတိပေးတာ..။
    ဟုတ်… ဟုတ်ကဲ့ … ကြောက်ပါပြီခင်ဗျ…. နောက်မလုပ်တော့ပါဘူး…။
    အခုပဲ ချက်ခြင်း ပြင်ပေးလိုက်ပါ့မယ်….။

    အော်… လကုန်ရက်ဆိုတော့ တော်တော်အားနေတယ်…
    ကျုပ် အိမ်မှာ နာဂစ်ဖြစ်ပြီး လေးဆယ့်နှစ်ရက်အကြာမှာ စမွေးထားတဲ့ –
    ကြွက်ခုတ်ပြီး ငါးကြော်ကြိုက်တဲ့ အမြီးရှည်ရှည်နားရွက်ချွန်ချွန်နဲ့
    ညောင်ညောင်လို့အော်တတ်တဲ့ကောင်လေး
    ရေချိုးပေးဦးမှ…..

    (ကြယ်တပွင့် ပြုတ်ကရော့လဟယ်……)

  • etone

    June 1, 2012 at 11:31 am

    သူတို့ရဲ့ ကိုယ်လက် အင်္ဂါချို့ယွင်းမှုးရယ် ၊ စိတ်အားငယ်နေတဲ့ သွင်ပြင်ရယ် ၊ ဒီနာမည်ရယ်ကြောင့်ပဲ သူတို့အပေါ် ကရုဏာပိုခဲ့ကြ ၊ သနားခဲ့ကြတာ …. ဒါကို … နှိမ့်ချပြီးခေါ်တယ် ထင်တာမျိုး ၊ မသန်ပေမယ့် စွမ်းပါတယ်ဆိုတာမျိုး လုပ်ပြလျှင် …….. ဆက်ပြီး ကရုဏာ သက်နိုင်ကြဦးမလား ဆိုတာကတော့ ……. မတွေးတတ်တော့ပါဘူး ။ ပြေးပြီဗျို့ … ဒက်ဂလောက် .. ဒက်ဂလောက် …. ကွိကွိ 😆

Leave a Reply