သည်လိုရှိတယ် ပိတ်သတ်ကြီးရေ…

မပြောမပီးလို့ ပြောရဦးမယ်. … ကျုပ်တို့ ယောက်ျားတွေ …

လူ့အခွင့်အရေး ဆုံးရှုံးရတဲ့ အကြောင်း ….။

ဘယ် အကုသိုလ် အတုံးအခဲတွေ စခဲ့တယ် တော့မသိပါဘူးဗျာ ..

တကယ်ပါ…။

 

အဲ အဲ့ … ကြိုပြောမယ်နော … သည်ပိုစ့်ဟာ မိန်းမ မကောင်းကြောင်း

ရေးမယ့် ပိုစ့်တော့ မဟုတ်ဘူးနော ..။ ကျုပ်ဟာ မိန်းမတွေ မကောင်းဘူး လို့…

လုံးဝ (လုံးဝ) ထင်မယ့် မြင်မယ့် ပြောမယ့် ရေးမယ့် လူစားတော့ မဟုတ်ဘူး…

မိန်းမတွေ ကောင်း သပေါ့ …။ ကောင်းတာမှ သိပ်သိပ်သိပ် ကောင်း ..။

(မရှိမကောင်း ရှိမကောင်း ဆိုတဲ့ အယူ ကို မယူတာ …)

ဘာလို့လဲဆို ..ဟုတ်တယ်လေ. ..ကောင်းလို့ဘဲ ..လူသား သမိုင်းတလျောက်

ယောက်ျားတွေ မိန်းမ ယူတာပေါ့ …။ အဲ အဲ့ ..ယူတာမဟုတ် ပေးရတာ..

ထားပါတော့ ..သည်အကြောင်း ..။ လိုရင်း ကို ပြောပါ့မယ်..။

 

ဘာတဲ့ .. အော်.. အင်း ..ကျုပ်တို့ ယောက်ျားတွေ ..လိင်ပိုင်းဆိုင်ရာ

ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခံရတဲ့ ကိစ္စ …။

ဘယ့်နှယ့်ဗျာ … သည်နေ့ခေတ် နှစ်ထောင့်ဆယ့်နှစ် ကြီးထဲမှာ ..။

မိန်းမတွေက ယောက်ျားတွေ ကိုရင်ဘောင်တန်း မတဲ့ ဆို ….။

သူတို့ ကို တန်းနှိမ့်ထားတဲ့ ကိစ္စ မျိုးတွေမှာ သူတို့က ရင်ဘောင်တန်းမယ်ဆို

ကျုပ်တို့ ကလည်း ကျုပ်တို့ လျှော်ထား လျှော့ထားတဲ့ ကိစ္စရပ်တွေကို

တဖန် ပြန်လည် သုံးသပ် ဖို့ လိုလာပြီ မဟုတ်လားဗျာ …။

ကဲပါ ..စပါပြီ …ဒီတေးလ် ပြောပါ့မယ်…။

 

 

ဘယ်ကစ မလဲ ဆို ..ဘတ်စ်ကား ပေါ်က စမယ်ဗျာ …။

စကီလေး တယောက် တက်လာတယ်..။ ငတိတကောင် ထိုင်ခုံရလို့

ထိုင်နေတယ် … ။ ကောင်မလား အနားသွားရပ်တယ် ..။ငတိ ဖယ်မပေးဘူး..။

ကိုယ့်ဆြာတို့ သည်မြင်ကွင်း မြင်ရင် ဘယ်လိုပြောကြမတုန်း …ဟင်င်င်င်…။

 

၁၀၀မှာ ၉၅ယောက်လောက်က အယ်.. ယောက်ျားဖြစ်ပီး ..ဘာညာ သာဒကာ

လုပ်မယ် မဟုတ်လား …။ အဲ့ဒါ ..ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခြင်းပဲဗျ…။

တကယ်က ဗျာ ..ငတိ က ဘဏ်မှာ မင်ဂါပါ အော်ပီး တံခါးဖွင့်ပေးရတဲ့

တနေကုန်မထိုင်ရတဲ့ စကျူရတီ ၀န်ထမ်း ဖြစ်မယ်ဗျာ … ။ ကောင်မလေးက

တနေကုန်ထိုင်ရတဲ့ အော့ဖစ်စတပ်ဖ် ဖြစ်ချင်ဖြစ်မယ် …။ငတိက ရုံးအပြန် မို့

ညောင်းလို့ ထိုင်ချင်ရှာမယ်ဗျာ ..။ ကဲ ပြော..လွန်လား …။

 

ယောက်ျားမို့ ထပေးသင့်တယ် တို့ ..မိန်းကလေး ဦးစားပေးရမယ် တို့က ..

လိင်ပိုင်းဆိုင်ရာ …ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခြင်းပဲဗျ …။

ဘယ့်နှယ့်ဗျာ … ။ ကဲ ဟုတ်ပြီ ..ဆက်မယ် ..ကောင်မလေးက ငတိကို..

ရှင် ရိုင်းလှချည်လား ..ယောက်ျားမဟုတ်ဘူးလား ..။မိန်းကလေး ဦးစားပေးရမယ်

ဆိုတာ မသိဘူးလား ..ဘာညာ ..ရန်တွေ့မယ် ဆိုပါစို့ …။

 

(ကိုယ့်ဟာကိုယ် အရင်တက်လာလို့ အရင် ထိုင်ခုံရ လို့ အေးဆေး ထိုင်နေတာကို ..နော)

အဲ … ငတိက မျက်နှာကြီးရဲ ဘေးကလူတွေက အေးလေဟုတ်ပ ..သံယောင်လိုက်..

မျက်နှာငယ် လေးနဲ့ ဖယ်ပေးလိုက်ရ …ကြည့်စမ်း လိင်ပိုင်းဆိုင်ရာ

..ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခံရတာ…။

 

ဟုတ်ပါဘီ ကျုပ် အခုပြောနေတာတွေ ငတိက တွေးမိပြီး ခုလို ပြန်ပြောတယ်

ဆိုပါစို့ …။

ဟ …ကျုပ်ဟာကျုပ် နေရာရလို့ ထိုင်တာ ဘာဖြစ်သတုန်း ..။ ယောက်ျားမှာလည်း ဖင်နဲ့ပဲ..

ညည်းတို့ချည်း ဖင်ပါတယ် … ညည်းတို့ချည်း ညောင်းတတ်တယ် အောက်မေ့သလား …။

ညည်း ကျုပ်လို ဖင်ချချင်ရင်(ထိုင်ချင်ရင်) ကျုပ်လို စောစောလာ နေရာရအောင်လုပ်။

ဒါမှမဟုတ် ..ဂိတ်ရင်းက သွားစီး ..။ တတ်နိုင်ရင် တက္ကစီ စီး ..နားလည်လား ..။

အလကားနေ ဖယ်ပေးရအောင် ညည်းက ဗိုက်ကြီးနေလို့လား ..။ကျိုးနေ ပဲ့နေလို့လား..။

 

ကဲ ..ကောင်မလေး ဘာပြန်ပြောမယ် မှတ်သလဲ မိတ်ဆွေ..။ ဒေါက်ဖိနပ်နဲ့ မခုတ်ရင်

ကံကောင်း ….။ အနည်းဆုံးတော့ ယောက်ျားကြီး ဖြစ်ပီး နှုတ်သီးကောင်း လျှာပါးလိုက်တာ..။

ငါးစိမ်းသည်ကျနေတာဘဲ ဘာညာ လောက်တော့ အပြောခံရမှာ မလွဲ ….။

ကြည့်စမ်း ..လိင်ပိုင်းဆိုင်ရာ ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခံရတာ။

 

ဘယ့်နှယ့်ဗျာ ..ယောက်ျားတိုင်း ဟာ မိန်းမတိုင်းလို ဖင်ပါလို့ ထိုင်ချင်တာ ဖြစ်သလို

ယောက်ျားတိုင်း မိန်းမတိုင်းလို ပါးစပ်၊ လျှာ နှုတ်ခမ်း နဲ့ ..အသံဖြစ်အင်္ဂါပြည့်စုံရင်

စကားပြောခွင့် (ဟုတ်တိုင်းမှန်ရာ) ဆန္ဒ ဖော်ထုတ်ခွင့် ရှိတဲ့ဟာကို …။ ဘယ့်နှယ့်

ယောက်ျား ဖြစ်တိုင်း မိန်းမတွေနဲ့ ဒီဘိတ်လုပ်ခွင့် ကို တဖက်သတ် နှိမ်ချ ထားခံရတာ ..။

 

ဒါတောင် မြင်သာတဲ့ ဘတ်စ်ကားပေါ်ပဲ ရှိသေးတယ်နော …။

တခြား နေရာတွေ ပြောနေရင် မကုန်ဘူး ဖြစ်သွားမယ်မို့ …။ တခြားဟာတွေထား…

အနုပညာဘက် …သီချင်းဘက်ပေါ့ဗျာ ..သွားရအောင်…။

 

အထာမကျဘူးဗျာ ..အဲ့ဘက်မှာလည်း …။

ရှီ ဆိုတဲ့ အဆိုတော် ယောက်ျား အဆိုတော် ဆိုထားတဲ့ ယောက်ျား သီချင်းတွေချည်း

ပြန်ဆိုပီး နာမည်ကြီးလာလိုက်တာ ….။ အံမယ်လေးလေးလေ့လေ. …။

ကောင်းပြီဗျာ..ဒါဆို ကျုပ် နာမည်ကျော်တဲ့ …မခိုင်ဂျီး သီချင်း တပုဒ် ပြန်ဆိုမယ်…

ရမလား .. (တေးရေးခ ပေးရင် ရတာပေါ့…) အိုခေ …ဆိုပြမယ်…

 

ဟဲလို ဒါလင်…

အရင်လို ကြည့်ကောင်းနေတုန်းပဲ အချစ်ရယ်. …

ပြန်တွေ့ရတာ ကိုယ်ဝမ်းသာ ….

 

ကဲ ပိတ်သတ်ကြီးလက်ခံမယ် ထင်ပါသလား …။ ၀ိုင်း တံတွေးနဲ့ ထွေးလိုက်မယ့်ဖြစ်ချင်း..

ဟာ ဒီကောင့်နှယ့် ညှီလိုက်တာ … ဖြစ်မယ် မလား …။

ဟတ်ကဲ့ ..တခြား တပုဒ်ပြောင်းဆိုပါ့မယ် …။ မူရင်း သီဆိုသူ အင်္ဂလိကန် စိမ် သီချင်း…။

 

မချစ်ရင်မနေနိုင်တာကလွဲလို့ …။ သောကဧည့်ခန်းထဲမှာ …သမုဒယ အိပ်ခန်းထဲမှာ …။

ဟာ … တဏှာရူး … နှာဘူး ..။ ကြာကူလီ …ဟာကျူလီ …။

အင် … တားတား ဘာမှားလို့တုန်း ဟင်င်င်င် ….

တွေ့လား ..မိန်းကလေး ဆိုတော့ ပိတ်သတ်ကြီးက မုဒ် အပြည့်နဲ့ နားထောင်တယ်…။

တားတား ဆိုတော့မှ တားတား ..လော်မာတယ် ဖြစ်ရတယ်…။

ထှောက်ခ်…။ မမိုက်လိုက်တာအေ…။

 

တော်ဘာဘီလေ. .. အန်တီလေး နဘေဘွဲ့မှူး သီချင်းပဲ ဆိုပါတော့မယ် …မခိုင်ဂျီးက ရှော့ရှိလယ်။

မင်းပေးတဲ့ စံပယ်ဖြူပွင့်တွေလည်း ..နွမ်းခြောက်သွားခဲ့ပေမယ့် …လာလာလာ့လာလား ..

မင်းအိပ်ခဲ့ ကဗလာ စက်ရာလည်း …အေးစက်သွားခဲ့ပေမယ့်……

အို ညှီလိုက်တာ … တွေ့လား ..တွေ့လား ..

ကျုပ်တို့ ယောက်ျားတွေ …လိင်ပိုင်းဆိုင်ရာ …ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခံရတာ …

 

အင်း … ဒါဟာ သည်အတိုင်း မိန်းကလေး သီချင်းတွေ ပြန်ဆိုနေလို့ဖြစ်ရတာ …။

နည်းနည်း ပြင်ဆိုမယ်…။

 

တကယ်ဆိုရင် ..ငါ့စကားလေးနားထောင်တော့ ….

ငါ့ ကိုချစ်တယ် ..ပြောပါတော့ကွယ် …

အသည်းလေးငါပေးမယ်.. ဘာကြောင့်များ နှောင့်နှေးနေလဲ …

 

အယ် ..တင်စီးလိုက်တာ ..တေဂျင်းဇိုး … ကာလနာ…

ဟင်. .. ဘာမှားလို့လဲဟင်င်င်င်…

 

တော်ဘီဂျာ …ဘိရုမာ မိန်းကလေး သီချင်းတွေက ညှီတယ်…

ဘိုသီချင်းဘဲ ဆိုတော့မယ် …စပိုက်စ်ဂဲလ် ရဲ့ 2 become 1 ကိုဆိုမယ်..

be a little bit wiser babe, put it on, put it on …

cause tonight is the night when two become one…

 

ဟာ ယုတ်မာလိုက်တာ … ဘက်စတာ့ဒ် ၀ီးယာ့ဒ် ….ကွန်ထရိုဗာရှယ်လ်..

 

ကြည့်စမ်း ..ကျုပ်တို့ ယောက်ျားသားတွေ လိင်ပိုင်းဆိုင်ရာ

ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် ခံရနေတာ …

 

သူတို့ကျတော့ ဆိုလို့ရတယ်..ကမ္ဘာက လက်ခံတယ်… ကျုပ်တို့ ဆိုမှ ညှီတယ်…ဖြစ်ရော..

 

အဲဒါတွေ အားလုံးရဲ့ မူလ အရင်းအမြစ် လက်သည် တရားခံဟာ …

အဂ္ဂမဟာ ကွန်ဇာဗေးတစ်ဗ် တွေကြောင့်ပဲ ဆိုတာ …

သဘောပေါက်ကြမယ် ထင်ပါ့ …

 

ရည်းစားထားရင်ကို ..ယောက်ျားဘက်က စပြောရမယ်တို့…

လက်ထပ်ခွင့်တောင်းရင် ဒူးတဖက်ထောက် ခြေဖမိုးကို လက်ဖွားနဲ့ အုပ်တို့ …

ခွီးတဲ့မှ ..လက်စွပ်ဖိုးလည်း အကုန်ခံရသေး …မပြောကောင်းမဆိုကောင်း

ဒင်းတို့များ ခေါင်းညှိမ့်လိုက်ရင် မသေမချင်းလည်း …လုပ်ကျွေးရဖို့ရှိသေး …

အဲ့ဒါများ ခယ နေရသေးတယ်… ချဉ်ထှာ …။

 

ကွန်ဇာဗေးတစ်ဗ်များ ပြောကြပါလိမ့်မယ် .. ၃နှစ်၃မိုးတို့ ဘာညာ …

(သဂျီးပြောပြောနေတဲ့ လူဦးရေ ကိစ္စနဲ့ အိုက်ဒါဂျီးနဲ့ အတော်လေး ဆိုင်မယ်..)

အဖြေပေးတာ မြန်ရင်တောင်မှ .မိန်းကလေး ဈေးကျသတဲ့ တော်ရေ့…။

ဈေး ဆိုလို့ ဘယ်လောက်လဲ မေးရင်… ပါးပိတ်ချ ဦးမယ် ….။

 

သည်တော့ ဂျင်းစိမ်းနဲ့ မိတ်သလင်ဘဲဟေ့ … ညည်းတို့လည်း ဈေးရှိသလို

ကျုပ်တို့လည်း ဈေးရှိရမှာပေါ့ ….ညည်းတို့က ရင်ဘောင်လည်း တန်းချင်သေး..။

အပ္ပါးဟန်း ယူထားတဲ့ကိစ္စတွေကျပြန်တော့လည်း မလျော့ချင် ….။ တရားသလားပြော..။

တကယ်တော့ ..လောကဂျီးရဲ့ ဟန်ချက်ကို ထိန်းဖို့ ဒီစာတွေကို ရေးရတာ ဖြစ်တယ်…။

 

ရင်ဘောင် လာတန်းကြပါ…။ မတားပါဘူး…။ အပ္ပါးဟန်း ယူပီး ယောက်ျားသားတွေကို

လိင်ပိုင်းဆိုင်ရာ  ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် တာတွေကိုလည်း လျှော့ကြပါ…။

 

ယောက်ျားမှာ ယူစရာဆိုလို့ မိန်းမ ဘဲရှိပြိး မိန်းမမှာလည်း ယောက်ျားကလွဲရင်

တခြား ယူစရာ မရှိတာကို သတိချပ်စေလိုပါတယ်။ အဲ…ဘူ-ဘူချင်း ၁လုပ်တဲ့

လက်စ္စဘီယံ နဲ့ ဂေး ကိုတော့ အားမပေးပါ။

 

ဟိုဘက်မှာ ကျန်ခဲ့တဲ့ အကြွေး တခါတည်း ထည့်ရေးလိုက်ပါမယ်…။

relationship with freedom ဆိုတဲ့ အာပျိုဂျီးများ ကြပ်ကြပ်သတိထားပါ …။

finally married to narcissism ဖြစ်တတ်တယ် ဆိုတာလေးပါ…။

ယောက်ျားသားများအပေါ် လိင်ပိုင်းဆိုင်ရာ ခွဲခြားဖိနှိပ်စော်ကားတိုက်ခိုက် တာတွေ

အမြန်ဆုံး လျှော့နိုင်ပါစေဂျောင်း…။

 

တော်သေးဘီ

ခင်တဲ့

ဂီ

CEO of IASO(international anti-spinster organization)

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011