1 အတွင်းကစေတီတော်တစ်ဆူ

2 အလင်းအမှောင်အမြင်ဆန်းဆန်း

3 အတွင်းလိုဏ်ဂူတော်ထဲက ဆင်းတုတော်လေးတွေ

4 အတွင်းဂူအနောက်ဘက်ခြမ်းက တိုင်လုံးကြီး သဘာဝအတိုင်းရှိနေတာပါ

5လှပသော ကျောက်ပန်းဆွဲံ ဂူအထက်ကနေတွဲရရွဲကျနေတာပါ

6 ဒါကလဲ ခေါင်မိုးကိုမော့ကြည့်ပြီးရိုက်ထားတာပါ

7 အ၀င်ဝကမြင်ရတဲ့ နံရံထက်က ကျောက်ပန်းဆွဲ

8 ဆင်းတုတော်တွေက နေရာအနှံ့မှာတင်ထားတာပါ

9 ချွေးစိမ့်ထွက်တယ်ဆိုတဲ့ဆင်းတုနှစ်ဆူ

10 အတွင်းထဲမှရှိတဲ့ဆင်းတုတော်တွေက အတော်လေးများပါတယ်

11 ဒုတိယလှိုဏ်ဂူအတွင်းသို့ထပ်အ၀င်

12 ဆင်နှာမောင်းလိုလို ခရုသင်းလိုလို ပု့သဏ္ဍာန်ရှိတဲ့ကျောက်ပန်းဆွဲ

13 အောက်ခြေအထိစိုက်ဆင်းနေတဲ့ကျောက်ပန်းဆွဲကြီးပါ

14 ကျောက်ပန်းခက်တွေကြားမှာစံပယ်နေတဲ့ ဆင့်းတုတော်များ

15 ခေါင်မိုးပေါ်က ကျောက်ပန်းခက်

“အထဲထဲသို့တိုးဝင်ရွှေဥမင်   စေတီ ကျောက်ပန်းဆွဲအလှအပများ………အပိုင်းသုံး”

 

မဒမ်ပေါက်ကိုခေါ်ပြီးအထဲကိုနောက်တစ်ခေါက်ထပ်သွားပါတယ်။

အတွင်းကပိုပြီး ကျယ်ဝန်းတာကိုတွေ့ရတဲ့အပြင် ခန်းမကြီး သုံးခန်းရှိတာကိုလဲတွေ့ရပါတယ်.

ဝင်ဝင်ချင်းအခန်းကကျောက်ပန်းဆွဲတွေကြားမှာ စေတီလေးတစ်ဆူ။

ရေတွေစိမ့်နေတာရယ် ခင်းထားတဲ့ကျောက်ပြားရယ်ပေါင်းလိုက်တော့

ချော်မလဲအောင်အတော်လေးသတိထားရ။

အပေါ်ကိုမော့ကြည့်တော့လဲလှ။.

ဘေးဘက်ကြည့်တော့လဲလှ။

အဝေးကြည့်တော့လဲလှ။

ချော်လဲမှာလဲကြောက်ရနဲ့ အတော်လေးကို ဗျာများခဲ့ရပါတယ်။

အောက်ခြေကိုထိနေတဲ့ကျောက်တုံးကြီးတွေ

ခေါင်မိုးပေါ်မော့်ကြည့်မိပြန်တော့ အမွှာမွှာနဲ့ဇောင်းထနေတဲ့ ကျောက်ပန်းဆွဲတွေ

ကိုမြင်ရပါတယ်။

 

အဲဒီကနောလျောက်ရင်း တောင်ဖက်ထဲကို တိုးဝင်လိုက်တော့ နောက်ထပ်အခန်းကျယ်ကြီးတစ်ခုထဲကိုရောက်သွားပါတယ်။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(30-5-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။