လက်ထပ်ခြင်း ရဲ့ အာရုဏ်ဦး ဆိုသည်♥♥♥♥♥

Love is the down of marriage, and marriage is the sunset of love. Defirod

အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦးဖြစ်တယ်။ လက်ထပ်ခြင်း ကတော့ အချစ်ရဲ့ နေဝင်ချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုမ ဟုတ်ဘဲ လက်ထပ်ခြင်းဆိုတာ အ ချစ်ရဲ့အရုဏ်ဦးဖြစ်အောင် ဘယ် လိုနေထိုင်သွားမလဲ။ ချစ်သူရည်းစားဘဝမှာ တစ် ယောက်နဲ့တစ်ယောက် ဆုံတွေ့ချိန် က ကန့်သတ်မှု ရှိတယ် ဆိုပေမယ့် တူနှစ်ကိုယ်မခွဲနိုင်တာကြောင့် ဘဝ ခရီးကို အတူလက်တွဲလို့ လျှောက် မယ်လို့ဆုံးဖြတ်ပြီးရင် မမျှော်လင့် ထားတဲ့ အသေးအဖွဲ ပြဿနာလေး တွေ ဝင်လာတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ လူငယ်တွေက ထင်တတ် ကြပါတယ်။

ဘဝခရီးကို လျှောက်တဲ့အခါ ဒီနှစ်ယောက် အဆင်ပြေရင် ပြီးတာပဲ။ ဘေးပတ်ဝန်းကျင် မလိုအပ်ဘူးလို့။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။ သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီးရင် သူ့မိဘ ပတ်ဝန်းကျင်ဆို တာကိုလည်း မလွှဲမရှောင်သာဆက် ဆံရမယ်ဆိုတာ ကြိုတင်တွေးထား ဖို့လိုပါတယ်။

တကယ်လို့ သင်လက် တွဲမယ့် ဘဝကြင်ဖော်မှာ ညီအစ်ကိုမောင်နှမတွေရှိတဲ့အခါ သင့်အ တွက် သူတို့က သင့်အမြင်မှာ မနှစ် သက်တဲ့ ချို့ယွင်းအားနည်းချက် လေးတွေ ရှိနိုင် ပါတယ်။ သင့်ရဲ့ လက်တောင်မှ အတိုအရှည် မညီ နိုင်တာ၊ သူစိမ်းက မွေးဖွားလာတဲ့ သူတွေဆီမှာ ကိုယ်နဲ့ စိတ်နေ သဘောထား စရိုက်ခြင်း ညီနိုင်ဖို့ ဆိုတာ တကယ့်ကို ရှားပါးပါလိမ့် မယ်။

အဲဒီအခါကျရင် သူတို့ကို စိတ်ကွက်နေမယ့် အစား သင့်ကို လေးလေးစားစားနဲ့ ချစ်ခင်စုံမက်တဲ့ သင့်လက်တွဲဖော်ရဲ့ ကောင်းကွက် လေးတွေရွေးပြီး ကျန်တာကို ဖျောက်ပစ် လိုက်ပါ။ အဲဒီလိုမှမ ဟုတ်ရင် သင့်ရဲ့ စိတ်က အစဉ်ကို ညစ်ညူနေရတော့မှာဖြစ်ပါတယ်။ တူနှစ်ကိုယ်ထူထောင်ထားတဲ့တိုင်း ပြည်လေး ဖွံ့ဖြိုး စည်ပင် ချင်ရင်တော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်လေး စားရိုသေတတ်ဖို့လည်းလိုပါသေး တယ်။

အပြန်အလှန် လေးစားရို သေတယ် ဆိုရာမှာ ကြီးသူကို ငယ် သူက ရိုသေတာမျိုးကိုဆိုလိုချင်တာ မဟုတ်ဘူး။ တစ်ဦးရဲ့ ဂုဏ်သိက္ခာ နဲ့ အလုပ်အပေါ်မှာ တစ်ဦးက တန်ဖိုးထား လေးစားတတ်ဖို့ ပြောချင်တာပါ။ အိမ်ထောင်ဖက်နှစ်ဦးစလုံး က ကိုယ့်ရပ်တည်မှုနဲ့ ကိုယ်ရှိကြတဲ့ အခါ အိမ်ထောင်မကျခင်က ဒီအချက်ကိုထည့်ပြီး မတွက်ကြပေမယ့် အိမ်ထောင်ကျပြီးတဲ့အခါမှာ အိမ် ထောင်ဖက် အမျိုးသမီးကို အိမ်မှု ထိန်းသိမ်းတာက လွဲပြီး ဘာမှ မ လုပ်စေချင်တဲ့ အိမ်ထောင်ရှင် အမျိုးသားတွေရှိတတ်ကြပါတယ်။

ဒါက အိမ်ထောင်ဖက် အမျိုးသမီး ကလုပ်ငန်းကို သိပ်ပြီး မစွဲလမ်းတဲ့ သူဆိုရင်တော့ ပြဿနာ သိပ်မရှိ လှပါဘူး။ အိမ်ထောင်ဖက်ရဲ့ စကားကို နားထောင်လိုက်ရုံပါပဲ။ အကယ်၍ အိမ်ထောင်ရှင် အမျိုးသမီးက လက် ရှိ လုပ်ငန်းခွင်ကိုလည်း မြတ်နိုး တွယ်တာတယ် ခင်ပွန်းနဲ့လည်း မခွဲ အတူနေချင်တယ်ဆိုရင်တော့ ဒွိဟ လေးတွေ ဖြစ်လာရပါပြီ။

အကောင်းဆုံးက ခင်ပွန်းသည်က မိမိအလုပ် မိမိနေရာကို ကိုယ်တန်ဖိုးထားသလို မိမိအိမ်ထောင်ဖက်ရဲ့ အလုပ် အပေါ်မှာလည်း တန်ဖိုးထားပြီး စဉ်းစားပေးမယ် ဆိုရင်တော့ နှစ် ယောက်စလုံးက အဆင်ပြေနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင် မှာဖြစ်ပါတယ်။ ဒါမှသာ လက်ထပ် ခြင်းဆိုတာ အချစ်ရဲ့ အရုဏ်ဦး အချိန်လေးလို အမြဲ ကြည်လင် လန်းဆန်းနေမှာဖြစ်ပါတယ်။ လက် ထပ်ခြင်းက အချစ်ရဲ့ နေဝင်ချိန် မဖြစ်ဖို့နှစ်ဖက်စလုံးက ကြိုးစားရ မှာဖြစ်ပါတယ်။

လူငယ်တိုင်း သိသင့်တယ် ထင်လို့ပါ……..

ထာဝရသူငယ်ချင်းမှ ပြန်လည်တင်ပြလိုက်ပါတယ်….

13 comments

  • windtalker

    May 31, 2012 at 12:16 pm

    ထာဝရပျော်ရွှင်တဲ့ ချစ်သူနှစ်ဦး အိမ်ထောင်ဘက်တွေ ဖြစ်ဖို ့ဆိုရင်
    ၁ ကိုယ့်ဆန္ဒဘယ်လောက်ဘဲ ပြင်းပျနေပါစေ ၊ သူ ့ဘက်က လိုက်လျောချင်စိတ်မရှိရင် ရှေ ့တန်းမတင်ပါနဲ ့။
    ၂ အပေါ်မှာ ကိုအရင့်ရောင် ပြောသလိုဘဲ တစ်ယောက်ကို တစ်ယောက် တန်ဘိုးထား လေးစားပါ ။
    ၃ မိဘဟာတန်ဘိုးဖြတ်မရတဲ့ အနှိုင်းမဲ့တွေဖြစ်သလို ၊ ချစ်သူအိမ်ထောင်ဘက်ဟာလဲ ကိုယ့်တစ်ဘဝစာ ဘေးမှာ ရှိမယ့်လူ ဖြစ်ပါတယ်။
    ၄ မေတ္တာဆိုတာ တစ်ဘက်သက်ဘဲစီးဆင်းမယ်ဆိုရင် ကြာရင်ခမ်းခြောက်တတ်ပါတယ် ။

    • အရင့်ရောင်

      May 31, 2012 at 1:34 pm

      windtalker @
      ၁ သူက သူ့ဆန္ဒ ပဲကြည့်ခဲ့တော့ သိမှာပေါ့နော်..ရှေ့တန်းတင်ပုံရပါ၏။
      ၂ တန်ဖိုးထားလေးစားလို့ တော်သေးတယ်နော် ..အဟိ
      ၃ မိဘ ဆိုတာက ကိုနဲ့တစ်သက်လုံးမနေဘူးလေဗျာ
      ကြင်သူသက်ထားတွေကသာ အေးအတူ ပူ ပန်ကာဖွင့် ဆိုသလိုနေမှာလေ..
      ၄ အဲဒီလို မခြောက်ခမ်းရလေအောင် မျှမျှတတ ချစ်ကြပါဆိုတာ လား……
      ခင်တဲ့
      အရင့်ရောင်

  • Ch@vez

    May 31, 2012 at 12:30 pm

    နည်းနည်း ညှီကြည့်မယ် ..ရမားဟင်င်င်င်

    • အရင့်ရောင်

      May 31, 2012 at 1:28 pm

      Ch@vez@
      ညှိညှိ ဂိ ရေ ……..
      ညှိလို့မရရင်ဟြေ
      ကူညိပေးမယ်နော်။။။။။။။။။။
      ဟိဟိဟိ

  • ထုံးဘဲဥ

    May 31, 2012 at 1:03 pm

    တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုရှိဖို့ကလည်း အရေးကြီးတယ်၊ လေးစားဖို့လည်းလိုတယ်။

    • အရင့်ရောင်

      May 31, 2012 at 1:39 pm

      ထုံးဘဲဥ@ သူဟြေသွားတာ မမှားပါဘူး………..
      သိပြီးရင် လိုက်နာဖို့ လိုပါတယ်နော်
      အကြံပြုသွားပါ၏
      ခင်တဲ့
      အရင့်ရောင်

      • windtalker

        May 31, 2012 at 1:44 pm

        ကြာပါတယ်
        ရွာထဲက အူးဗိုက်ကြီး နဲ ့အူးကြောင်ကြီး တို ့အတွက် အထူးစပါယ်ရှယ် အချစ်သင်တန်း ကို
        ကိုအရင့်ရောင် က ဦးဆောင်ပေးလိုက်ပါတော့ဗျာ ။ သင်တန်းကြေးကတော့ ဘီအီးအဝ တဲ့။

        • အရင့်ရောင်

          May 31, 2012 at 1:50 pm

          windtalker @ဘီ အီးတော့ မရဘူးနော်
          အနည်းဆုံး ဂဒန်းရွိုင်ရယ် လောက်တော့လုပ်ပါဗျာ
          ဘီအီး မတိုးတော့လို့ပါထည…..
          ဟီးးးးးးးးးး

          ရှေ့လသင်တင်စမည်
          လူဦးရေကန့်သက်ထားပါ၏။
          ပုံ…..
          အချစ်ဖေါင်ဒေးရှင်းဂရု

  • ahnyartamar

    May 31, 2012 at 1:54 pm

    တကယ်တော့ လက်ထပ်တယ်ဆိုတာ သူစိမ်းနှစ်ယောက် စိတ်တူ၊ ကိုယ်တူ ဘဝကို ရင်ဆိုင်ဖို့ စတင်ခြင်းပါ။ တစ်ဦးရဲ့ ဂုဏ်သိက္ခာ နဲ့ အလုပ်အပေါ်မှာ တစ်ဦးက တန်ဖိုးထား လေးစားရင် ရေရှည်မှာတော့ အားကိုးအားထားပြုရတဲ့ သူစိမ်းနှစ်ယောက်ပေါ့။

    • အရင့်ရောင်

      May 31, 2012 at 2:02 pm

      ahnyartamar @ လေးရေ
      တစ်ယောက် အကြောင်းတစ်ယောက်
      သိထားရမယ်လေ
      မသိရင်လည်း ဟြေပြရမယ်
      အဲလိုဆိုတော့က
      သူစိမ်း မမည်တော့ပါဘူးနော်……..
      သာယာပျော်ရွှင်ပါစေနော်
      ခင်တဲ့
      အရင့်ရောင်

  • bluerose

    May 31, 2012 at 2:16 pm

    ကျေးဇူးအရမ်းတင်ပါတယ်
    မနေ့ကအထိချစ်သူကိုစိတ်ကောက်နေတုန်း
    မနေ့ကအထိမဟုတ်ပါဘူးမနက်ကအထိ
    တကယ်တမ်းသူနဲ့ကိုယ်တကယ်လက်ထပ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်
    တဦးအပေါ်တဦးအပြန်အလှန်နားလည်ပေးဖို့
    တဦးနဲ့တဦးအပေးအယူမျှမျှချစ်တတ်ဖို့ကတကယ်အရေးကြီးပါတယ်နော်
    သူ့ဆီကအချစ်ပဲလိုချင်နေရင်လည်းအဆင်မပြေတတ်လို့
    အပြန်အလှန်အားလုံးညှိညှိနှိုင်းနှိုင်းလေးကပိုအဆင်ပြေပါတယ်
    ကျေးဇူးနော်ကိုအရင့်ရောင်ရေ
    ညနေမှချစ်သူကိုစိတ်ချမ်းသာအောင်နေတော့မယ်

    • အရင့်ရောင်

      May 31, 2012 at 3:40 pm

      ချစ်သူကို စိတ်ချမ်းသာအောင်ထားမယ့် ညီမလေး
      နှစ်ဆီ ပြာ လေးရေ…….အရာအားလုံးကို ပွင့်ပွင့်လင်းလင်းဟြေပြပါ
      လိမ်ညာမိလို့ ချစ်သူက သိခဲ့ ရင်
      ကိုပဲ တစ်သက်လုံး စိတ်ညစ်ရမှာနော်
      တိုင်ပင်ဆွေးနွေးဟြေပြ
      အကြံပေးလိုပါ၏
      လိုရာပန်းတိုင် အရောက်တက်လှမ်းနိုင်ပါစေ
      ခင်တဲ့
      အရင့်ရောင်

  • Pancho

    May 31, 2012 at 5:05 pm

    ပျော်ရွှ့င်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ဆိုရင် အထက်ပါအချက်တွေလိုအပ်တာ အပြည့်အဝ ထောက်ခံပါတယ် ..
    အရေးကြီးတာက အဲဒီအချက်တွေ လိုက်နာကျင့်သုံးနိုင်တဲ့ သူတွေဖြစ်ဖို့လိုတယ် .. အထူူးသဖြင့် လူတစ်ယောက်ရဲ့စရိုက်ကအရေးကြီးပါတယ် .. အသွင်မတူရင် အိမ်သူမဖြစ်ဆိုသလို စရိုက်မတူရင် ညှိနှိုင်းကြဖို့ တကယ်ခက်ပါတယ် .. သမီးကိုလိုချင် အမေကိုကြည့် သားကိုလိုချင်အဖေကိုကြည့်ဆိုတဲံ့စကား ဟာ အခုချိန်ထိမမှားသေးပါဘူး ငယ်ရွယ်သေးတော့ အတွင်းစိတ်က သိပ်မပေါ်လွင်သေးသလို အချစ်ကလည်း အဲဒါတွေကိုဖုံးကွယ်ထားပါတယ် .. အမေ /အဖေကိုသာ လှမ်းကြည့်လိုက်ပါ .. အဲဒီစရိုက်တွေ သူ့ဆီမှာ အပြည့်မဟုတ်တောင် ၇ဝရာခိုင်နှုန်းရှိမှာသေချာပါတယ် .. အဲဒီမှာ ဒီလိုအိမ်ထောင်ဖက်ကို လေးစားတန်ဖိုးတက်တဲ့ သဘောထားမျိုးမရှိဘူးဆိုရင်တော့ .. လက်ထက်ခြင်းရဲ့ နေဝင်ချိန်ဟာ စောစီးစွာရောက်လာပါလိမ့်မယ် ထင်ပါတယ် …

Leave a Reply