1 အတွင်းမှာမြင်ရတဲ့ဆင်ချည်တိုင်

2 အတွင်းဂူထဲမှ ဆင်းတုတော်များ

 

3 ကျောက်ပန်းခက်နဲ့အလင်း...................

 

4 ဖြာကျနေပုံက လှတပတ

5 တိုင်လုံးများကြားက ဆင်းတုတော်များ

 

6 အရောင်အသွေးစုံတဲ့ အတွင်းက ကျောက်ပန်းဆွဲများ

7 ကျောက်တိုင်နှစ်တိုင်က အမြင့်ကြီးပါ

 

8 အလင်းကိုချောင်းကြည့်ခြင်း

9 ကင်မရာ မီးအလင်းနဲ့ထိတော့ အရောင်တွေဖြာထွက်လာပါတယ်

10 ဂူအတွင်းထဲက နေအပြင်ကို လှမ်းမြင်ရတာပါ

11 အတွင်းထဲမှ ဖူးမျှော်ခြင်း -2

 

12 ကျောက်ပန်းဆွဲပေါ်က ဆင်းတုတော်များ

 

13 အတွင်းမှအပြင်သို့ တိုးကြည့်ခြင်း

14 ဒီနေရာကတော့ ဂူအတွင်းဆုံးနံရံကအပေါက် ကြောက်တော့ ဆင်းမကြည့်ခဲ့ရဘူးဗျာ

15 လှိုဏ်အတွင်းမှာမြင်ရတဲ့အလှ

 

16 ကျောက်ပန်းဆွဲအလှ

17 အတွင်းထဲကို ဘုရားဖူးလာသူတွေပါ

18 ဘုရားဖူးသူများနှင့်စည်ကားသော

19 ကျောက်တုံးပေါ်က ဆင်းတုလေးတွေ

20 ကျနော်အနှစ်သက်ဆုံးပုံလေးပါ

“အတွင်း အတွင်းထဲက ရွှေဥမင် အပိုင်းလေးံ”

 

ဂူထဲမှာနောက်ထပ်တွေ့ရတဲ့အတွင်းပိုင်းကပိုပြီးကျယ်ဝန်းပါတယ်။

အတွင်းပိုင်းကကျောက်ပန်း  ဆွဲတွေပိုလှသလို ဆင်ချည်တိုင် မြင်းချည်တိုင်တွေ

တွေ့ရပါတယ်။

ဒီအခန်းထဲက ပိုအေးပြီး ပိုလဲစိုစွတ်ပါတယ်။

တောင်ဘက်အဆုံးထိသွားကြည့်တဲ့အခါမှာ တော့ ကျောက်ပြားခင်းထားတဲ့လမ်းအဆုံးမှာ

ဂူပေါက်သေးသေးတစ်ခု လူတစ်ကိုယ်ဝင်စာလေးတွေ့ပါတယ်။

ဘယ်အထိလမ်းပေါက်တယ်ဆိုတာကို မသိရပါဘူး။

ဝင်ကြည့်ချင်ပေမယ့် အဖော်မပါလို့ဝင်မကြည့်ခဲ့ရပါဘူး။

အဲဒီတွင်းလေးနဲ့မှာတော့ လူတစ်ချို့ စတီးတန်းတွေနဲ့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။

နောက်ထပ် အခင်းအကျင်းတစ်ခုဖန်တီးနေတယ်လို့ထင်ပါတယ်။

သူတို့လျှပ်စစ်မီးနဲ့လုပ်ကိုင်နေကြတဲ့ကြမ်းပြင်မှာ ရေက စိုစိုစိမ့်စိမ့်။

အန္တရာယ်တော့များပါတယ်။

သူတို့နဲ့တစ်တန်းထဲမှာနောက်ထပ်လှိုဏ်ဂူတစ်ခုတွေ့တော့ အပေါ်တက်ကြည့်ပါတယ်။

အောက်ဖက်ကိုလှမ်းကြည့်တော့အပေါက်လေးတစ်ခု။

အလင်းအမှောင်ကြိုက်တဲ့ကျနော့်အဖို့လှပသောပုံလေးတစ်ပုံရလို်က်တယ်ဆိုရင်လဲမမှားပါဘူးး။

ကဲအားပေးလိုက်ကြပါအုံးနော်။

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရားများ

(1-6-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။