အတွင်းမြင်ကွင်း-ရွှေဥမင်းလှိုဏ်အတွင်း အပိုင်း-4

1 အတွင်းမှာမြင်ရတဲ့ဆင်ချည်တိုင်
2 အတွင်းဂူထဲမှ ဆင်းတုတော်များ

 

3 ကျောက်ပန်းခက်နဲ့အလင်း...................

 

4 ဖြာကျနေပုံက လှတပတ
5 တိုင်လုံးများကြားက ဆင်းတုတော်များ

 

6 အရောင်အသွေးစုံတဲ့ အတွင်းက ကျောက်ပန်းဆွဲများ
7 ကျောက်တိုင်နှစ်တိုင်က အမြင့်ကြီးပါ

 

8 အလင်းကိုချောင်းကြည့်ခြင်း
9 ကင်မရာ မီးအလင်းနဲ့ထိတော့ အရောင်တွေဖြာထွက်လာပါတယ်
10 ဂူအတွင်းထဲက နေအပြင်ကို လှမ်းမြင်ရတာပါ
11 အတွင်းထဲမှ ဖူးမျှော်ခြင်း -2

 

12 ကျောက်ပန်းဆွဲပေါ်က ဆင်းတုတော်များ

 

13 အတွင်းမှအပြင်သို့ တိုးကြည့်ခြင်း
14 ဒီနေရာကတော့ ဂူအတွင်းဆုံးနံရံကအပေါက် ကြောက်တော့ ဆင်းမကြည့်ခဲ့ရဘူးဗျာ
15 လှိုဏ်အတွင်းမှာမြင်ရတဲ့အလှ

 

16 ကျောက်ပန်းဆွဲအလှ
17 အတွင်းထဲကို ဘုရားဖူးလာသူတွေပါ
18 ဘုရားဖူးသူများနှင့်စည်ကားသော
19 ကျောက်တုံးပေါ်က ဆင်းတုလေးတွေ
20 ကျနော်အနှစ်သက်ဆုံးပုံလေးပါ

“အတွင်း အတွင်းထဲက ရွှေဥမင် အပိုင်းလေးံ”

 

ဂူထဲမှာနောက်ထပ်တွေ့ရတဲ့အတွင်းပိုင်းကပိုပြီးကျယ်ဝန်းပါတယ်။

အတွင်းပိုင်းကကျောက်ပန်း  ဆွဲတွေပိုလှသလို ဆင်ချည်တိုင် မြင်းချည်တိုင်တွေ

တွေ့ရပါတယ်။

ဒီအခန်းထဲက ပိုအေးပြီ း ပိုလဲစိုစွတ်ပါတယ်။

တောင်ဘက်အဆုံးထိသွားကြည့်တဲ့အခါမှာ တော့ ကျောက်ပြားခင်းထားတဲ့လမ်းအဆုံးမှာ

ဂူပေါက်သေးသေးတစ်ခု လူတစ်ကိုယ်ဝင်စာလေးတွေ့ပါတယ်။

ဘယ်အထိလမ်းပေါက်တယ်ဆိုတာကို မသိရပါဘူး။

ဝင်ကြည့်ချင်ပေမယ့် အဖော်မပါလို့ဝင်မကြည့်ခဲ့ရပါဘူး။

အဲဒီတွင်းလေးနဲ့မှာတော့ လူတစ်ချို့ စတီးတန်းတွေနဲ့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။

နောက်ထပ် အခင်းအကျင်းတစ်ခုဖန်တီးနေတယ်လို့ထင်ပါတယ်။

သူတို့လျှပ်စစ်မီးနဲ့လုပ်ကိုင်နေကြတဲ့ကြမ်းပြင်မှာ ရေက စိုစိုစိမ့်စိမ့်။

အန္တရာယ်တော့များပါတယ်။

သူတို့နဲ့တစ်တန်းထဲမှာနောက်ထပ်လှိူဏ်ဂူတစ်ခုတွေ့တော့ အပေါ်တက်ကြည့်ပါတယ်။

အောက်ဖက်ကိုလှမ်းကြည့်တော့အပေါက်လေးတစ်ခု။

အလင်းအမှောင်ကြိုက်တဲ့ကျနော့်အဖို့လှပသောပုံလေးတစ်ပုံရလို်က်တယ်ဆိုရင်လဲမမှားပါဘူးး။

ကဲအားပေးလိုက်ကြပါအုံးနော်။

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရားများ

(1-6-2012)

6 comments

  • water-melon

    June 4, 2012 at 10:07 am

    ဂူအောက်ဆုံးရောက်တော့
    အသက်ရှူကြပ်သလိုလို
    ခေါင်းလည်းမူးတယ်
    ပြီးတော့ အောင်မြေကို ပတ်လိုက်တော့ ပိုမူးသွားတယ်
    လေးပေါက်ရေ နောက်တစ်ခေါက်ရောက်သွားသလို ဖြစ်မိပါ၏

    • ထုံးဘဲဥ

      June 4, 2012 at 11:23 am

      ဟဲ့ မူးတော့ကောင်းတာပေါ့အေ့
      ပို်က်ဆံကုန်တာတောင် သက်သာသေးတယ် 😀

  • မောင်ပေ

    June 4, 2012 at 12:55 pm

    ဟင်္သာတောင်ပံ ၊ ဟင်္သာအမွှေး တစ်ခုလောက် မတွေ ့ခဲ့ဘူးလားဗျ
    သဂျီး က ဒေါ်လာ ၂သန်းအထိပေးဖို ့အစီအစဉ် ရှိတယ် ဆိုလားဘဲ

  • ဗိုက်ကလေး

    June 4, 2012 at 4:00 pm

    တူတူပုန်းတမ်း တွားကစားကြမယ်..

  • Khaing Khaing

    June 4, 2012 at 4:39 pm

    ချစ်ပေါက်ကြီး အတင်းမပြောနဲ့ဖြည်းဖြည်းပြော တိဒယ်နော် … အခုတစ်လောမအားတာတော့အမှန်ပါ … ချစ်ပေါက်ရေ ……… သူကလေ သိပ်သဝန်တိုတယ် သမီးအကောင့်ကဖုန်းထဲမှာ အော်တိုတက်နေတော့ ယောက်ျားလေးတွေအကောင့်ကိုတွေ့သွားတယ် ချစ်ပေါက်ကြီးက သမီးကိုတွေ့ပေမယ့် သမီးကချစ် ပေါက်ကို မတွေ့ရဘူး ……… တက်လာရင်နှုတ်ဆက်ပေးပါနော် …….. ဟိုတစ်လောက လကုန်စာရင်းလုပ် နေတာကြောင့် မတက်နိုင်ဘူး ……. ချစ်ပေါက်ပို့စ်တွေတွေ့နေတယ် ချစ်ပေါက်ကတော့ သမီးကိုမေ့သွား ပြီလို့ထင်နေတော့မယ်ဆိုတာသိနေပါတယ် ……အခုအားပေးနေပါတယ်နော် ………..

  • အလင်းဆက်

    June 4, 2012 at 8:25 pm

    မရောက်ဖူးတဲ ့နေရာတွေ.ကို…
    ပြသပေးလို ့ ကျေးကျေး..ပါပဲဂျာ…

Leave a Reply