ပုဂံနဲ့ ဧရာဝတီကို အတည် ကြံတဲ့ ဘလက်

black chawMay 31, 20126min20938

သူကြီးက ဗင်းနစ်စ် ကမ်းခြေဆိုတော့
ဘလက်ကလည်း ဧရာဝတီပေါ့ဗျာ…။ ဘာရမလဲ…။
အမှန်တော့ ခရီးလေးဘာလေးသွားတိုင်း အပျော်တမ်းကင်မရာလေးကိုင်ကိုင်ပြီး
လှတယ်ထင်တာလေးတွေလိုက်ရီုက်နေတတ်တာတော့ ကြာပါပြီ။
ဘာရယ်ညာရယ်မဟုတ် ကင်မရာလေးကိုင်ထားတော့လည်း လူရှိန်တာပေါ့ခင်ဗျာ…။
တစ်ခုတော့ ရှိတယ်ဗျ..။
အပျော်တမ်းကင်မရာလေးနဲ့ ဧရာဝတီကို အပျော်တမ်းရိုက်ပြီး အပျော်ကြံဖို့ထက်
တကယ် အတည်ကြံဖို့ ကြိုးစားလိုက်တာပါ…။
အဲဒါကြောင့် ဧရာဝတီကို အတည်ကြံတဲ့ အပျော်တမ်းဘလက်လို့ ခေါင်းစဉ်တတ်ဖြစ်ပါတယ်။

ဧရာဝတီ ၁။
ဧရာဝတီ ၂။
ဧရာဝတီ ၃။
ဧရာဝတီ ၄။
ဧရာဝတီ ၅။
ဧရာဝတီ ၆။
ဧရာဝတီ ၇။
ဧရာဝတီ ၈။
ဧရာဝတီ ၉။
ဧရာဝတီ ၁၀။
ဧရာဝတီ ၁၁။
ဧရာဝတီ ၁၂။
ဧရာဝတီ ၁၃။
ဧရာဝတီ ၁၄။ ဧရာဝတီ မြစ်ရေကြည်ကြည် နဲ့ မျက်နုနု လေးတွေ စားနေတဲ့ နွားငယ်။
ဧရာဝတီ ၁၅။
ဧရာဝတီ မြစ်ကူးတံတား (ညောင်ဦး-ပခုက်ကူ)
ဓါတ်ပုံတွေကြည့်ပြီး မောသွားသူတွေ ပေါက်ပေါက်ဆုပ်လေး စားကြဦးဗျာ။
ရေနွေးကြမ်းနဲ့ မြည်းဘို့ ပဲချောင်းလေးတွေ။
ကြော်ငြာခမရထားပေမယ့် ကြော်ငြာပေးလိုက်ပါတယ် ဟောဒီက ဇီးကွက် ။
ဗုံလေးတွေ ဝယ်သွားပါဦး အစ်ကို။
မားရေ မားရေ သနပ်ခါး ယူဦးမလား မား။

38 comments

  • Moe Z

    May 31, 2012 at 5:04 pm

    ဘဘ ဘလက်ရေ အရမ်းလှတဲ့ပုံတွေအတွက်ရော
    သဂျီးထက်သာတဲ့ပုံတွေအတွက်ရော Bravo!

  • Mလုလင်

    May 31, 2012 at 5:21 pm

    ပုံတွေ ပေါ်အောင် မနည်းစောင့်ရတယ်။ ဓာတ်ပုံ ထဲမှာ သောင်တွေ တွေ့နေရတယ်။ စစ်ကိုင်း သွားဖြစ်တုန်းကလဲ အဲ့ဒလို ပဲ .. သောင်တွေ မှ အများကြီး …။ ဒီပုံ တွေကြည့်ပြီး .. သေချာတာက … the man who behind the camera ဆိုတာပါပဲ …။

  • amatmin

    May 31, 2012 at 5:28 pm

    ကျောင်းဒကာရေ…
    ှလှေမောင်နှံ နံပါတ် ၉ နဲ့ ကြိုက်သလို ခံစားလို့ရတဲ့ ဧရာဝတီ ၁၅ ကတော့ အကြိုက်ဆုံးပဲဗျာ..
    အညာမုန့်တွေကလည်း ကျနော့အကြိူက်ချည်းပဲမို့…
    ရွာသူတွေ အတွက် သနပ်ခါးတုန်းချန်ထားပြီး ကျန်တာအကုန်မသွားသဗျာ.. 😛 😛
    ဒါနဲ့ ခုတလောမယ် ကျောင်းဒကာ စကားနည်းတာတော့ မကြိုက်ချင်ဘူးရယ်.. 🙁

  • nozomi

    May 31, 2012 at 5:54 pm

    အကျင့်တွေ သိနေတာမို့ လူကို အထင်မကြီးပါဘူး ဆိုတာတောင်မှ
    လက်ရာတွေကတော့ အထင်မကြီးပဲ မနေနိုင်လောက်အောင် ဖြစ်သွားမိတယ်ဆိုတာ ဝန်ခံပါရစေ
    ပုဂံ နဲ့ ဧရာဝတီ ကို အတည်ကြံသလို လှည်းတန်းက ခေးလေးကိုလဲ အတည်ပဲ ကြံပါ ဆရာရယ်

  • pooch

    May 31, 2012 at 5:54 pm

    ကိုဘလက်ရေ ခုတော့ ဧရာဝတီ သောင်တွေ ထွန်းတာ များလာပြီ။ နောက်နောက်နှစ်များဆို ဒီလိုလေးတွေတောင် မြင်နိုင်ပါတော့မလား မသိဘူး။ ဒီပုံလေးတွေ မှတ်တမ်းဖြစ်ကျန်နေမှာ စိုးတယ်။

    အညာစာတွေက သားရေကျစရာ။
    အဲ့ဒီဗုံလေးတွေက ခဏဆို ပျက်ရော ကိုဘလက်ရေ ။ ကြိုးတုပ်တာတွေ သိပ်မကောင်းဘူး။
    သနပ်ခါးတွေက နုသေးလားလို့။ :mrgreen:

    ဧရာဝတီ ၁၅ ကို အကြိုက်ဆုံးပါလို့။

  • ကိုရင်မောင်

    May 31, 2012 at 6:01 pm

    ကိုချောရေ ဧရာဝတီမြစ်ကို၁၅ခေါက်လောက်
    ဖြတ်ကူးလိုက်တာမောသွားလို့
    ပေါက်ပေါက်ဆုပ်တွစားသွားပါကြောင်း
    ပုံ၂ မှာ မြစ်ထဲ လူတွေဘာလုပ်နေကြတာတုန်းဗျ….

  • ဗိုက်ကလေး

    May 31, 2012 at 6:11 pm

    ဘဘချောရေ
    ဘယာကြော်ဗျာ..ဒါနဲ ့ ဘယ်တုန်းက သွားလိုက်တာလဲဗျ
    လှည်းတန်းက ကောင်မလေးနဲ ့ပဲလား..

  • ညလေး

    May 31, 2012 at 6:25 pm

    ပုံ15 ကတကယ်လှတယ်နော်……..ဘဘဘလက်ချော
    နတ်ပန်းချီရှုံးလောက်တယ်…………
    အားပေးရင်းငေးသွားပါတယ်ရှင်…

  • Ch@vez

    May 31, 2012 at 6:37 pm

    ပုံ ၁၅ပါဗျို့ …
    ဗရာကြော်ပါ…။

    ဘဘဘလက် ပုံတွေက ပူတယ်ဗျ …
    ဘာနဲ့ ပြန် အက်ဒစ်တာလဲ …
    အေးသင့်တာ ၅-၆ပုံ လောက်ပါရမယ် ထင်တာပဲဗျာ…

    ပြန်လာခဲ့ပါဦးမယ်…

  • ဦးဦးပါလေရာ

    May 31, 2012 at 6:47 pm

    ဥ ထားတာလေးတွေ တဖဲ့စီ ထုတ် ပြီး ဝေမျှတယ်ပေါ့….။

    အားရပါးရအားပေးသွားပါတယ် ကျောင်းဒကာရေ…။

    ချန်ထားတာလေးတွေရှိဦးမယ်ဆိုတာလဲ စိတ်ထဲ သိနေပါတယ်…။

  • windtalker

    May 31, 2012 at 7:44 pm

    အူးဗိုက်ကြီး နဲ ့အူးကမ်းကြီး အူးကြောင်ကြီး တို ့အတွက် ဗုံလေးတွေ ဝယ်သွားပါတယ် ခင်ဗျ ။
    သူရို ့ရဲ ့“ မူတူးစိန် ” တီးဝိုင်းကတော့ ညဆိုရင် ခဲမလောက် ကလား ။

  • kotun winlatt

    May 31, 2012 at 8:53 pm

    အင်းးးးးး
    တူများးးဒွေကို အားကျလိုက်တာနော်…
    ဒါ့ပုံတွေရိုက်တတ်လိုက်တာ…
    လန်းးးဒယ်…ဗျာ…
    လက်မထောင်ပီးအားပေးသွားပါတယ်…
    ကျောင်းးတကာရေ….။

  • TTNU

    May 31, 2012 at 9:05 pm

    ကိုချောရေ…
    သူများတွေ ပုံ(၁၅) ကြိုက်နေရက်နဲ့
    တီချာ ပုံ(၁၄) ပိုကြိုက်နေမိတယ်။ ရေထဲမှာ အေးပေမဲ့
    မြက်စားနေတဲ့ နွားကလေးဘဝက ပိုပြီးများအပူအပင်ကင်းမလားလို့။

    မေတ္တာဖြင့်
    တီချာနု

  • KoNyeinChan

    May 31, 2012 at 9:51 pm

    ပုံ ၁၅ ကို အကြိုက်ဆုံးဘဲ.. ညီဂီဂီနဲ ့အမြင်ချင်းတူနေတယ်.. အစိမ်းရောင်တွေ အဝေးရိုက်မှာ နည်းနည်းကဲနေသလားလို ့

  • marblecommet

    May 31, 2012 at 11:40 pm

    ဧရာဝတီ (၄)ရယ်
    ဧရာဝတီ (၉)ရယ်
    ရေလည်ကြွေတယ်ဗျာ
    ဧရာဝတီ (15)ကတော့
    ကြည့်နိုင်လောက်အောင်
    နှလုံးသား မပါဘူးခင်ည…….
    …….
    ကိုပေရယ် အိုက်ဒီဘုံတွေကို
    ပတ်ကားတီးဖို့
    မောင်ဂီနဲ့ ယွဲဇီကို ခေါ်မှဖျစ်မယ်လေ……
    သူတို့က အိန်တာနေရှင်နယ်
    နုတ်စ်တွေ
    သိပ်ကျွမ်းဒါ…..

  • marblecommet

    May 31, 2012 at 11:42 pm

    နှလုံးသား မမာဘူး လို့ ပြောဒါဗျ…..
    ဆောဒိ……

  • kai

    June 1, 2012 at 5:21 am

    ပုန်းရည်ကြီးကွာ..
    စားချင်ကြောင်း..

    ဗုံဗျာ..
    အိမ်ခန်းမှာအလှထားချင်ကြောင်း..

    ဧရာဝတီခမြာ..
    သဲသောင်တွေရဲ့အနိုင်ကျင့်ခံနေရရှာတာ.. သနားကြောင်း.. 🙂

  • အရီး Khin Latt

    June 1, 2012 at 5:47 am

    ကဘချော ပုံတွေကြည့်ပြီး ဧရာဝတီ ကို လွမ်းပါတယ်။
    ငယ်တုန်းက ကျောင်းပိတ်တိုင်း မြစ်နဘေးမှာ။
    ဓာတ်ပုံလေးတွေက postcard လေးတွေလိုဘဲ။ လှတယ်။ 🙂
    ကျေးဇူးပါ။

    ပုန်းရည်ကြီး ကို မြင်တော့ ရင်နာတယ်။
    မြန်မာပြည်က တစ်ခုတ်တရ ကို သယ်လာတဲ့ နာမည်ကြီး တံဆိပ် (ဓာတ်ပုံထဲ ကဟာ မဟုတ်) ပုံးရည်ကြီး အမှုန့်၊
    ဒီရောက်တော့ စားမယ် လို့ အညွှန်း ကို ကြည့်တော့ အမှုန့် ၂ ဆ ကို ရေနွေးပူ ၁ဝဆ ရောပါတဲ့။
    နဲနဲ လည်သွားတယ်။ အမှုန့် ၁ ဆ ကို ရေ ၅ဆ လို့ ပြောရင် ဘာဖြစ်လို့လဲ မသိ။
    ဒါနဲ့ ရောမွှေပြီး တော့ သွားရည်ကျစရာ ပုံးရည်ကြီး ဖြစ်။
    ဆီ တို့ ဘာတို့ မထည့်ခင် သူ့ချည်း အရင်မြည်းကြည့်တယ်။
    သွားကျိန်း အောင်ကို သဲ တွေ ပါနေပါတယ် ခင်ဗျ။
    သေချာအောင် ထပ်စမ်းတယ်။
    တကျိကျိ နဲ့ သွားကျိန်းတာဘဲ အဖတ်တင်တယ်။
    ပစ်ရမှာလဲ ဆီတဝင်းဝင်း၊ စားရမှာလဲ သဲတရှပ်ရှပ် ဆိုတာ လက်တွေ့ဘဲ။
    သယ်လာခဲ့ အထုပ် ၂ဝလား။ သွားပြီ။
    မကျေပွဲ တော့ နောက်တစ်ထုပ် စမ်းကြည့်ပါဦးမယ်။
    မြန်မာပြည် ရဲ့ ထွက်ကုန်တွေမှာ ကွာလတီ ကွန်ထရိုး အများကြီး လိုနေတယ် ထင်ရဲ့။ 🙁

    အပေါ်ကလူကြီး စားချင်ရင် ပို့လိုက်မယ်။ 😀

  • သူရဇော်

    June 1, 2012 at 10:47 am

    ဘူးဘုရားမှာရိုက်ထားတဲ့ပုံတွေထင်ပါ့…… အညာပုန်းရည်ကြီးလဲ အင်မတိအင်မတန်သတိရမိ…… တံတားကြီးလဲ ပြီးသွားပီဆိုတော့ သွားလာရေးလဲအိုကေ…….လက်ရာများကလဲ သေသပ်လှပ သတိရစရာတွေပြည့်နှက်စေခဲ့ပီဆိုတော့……………

  • Ma Ei

    June 1, 2012 at 11:37 am

    ဧရာဝတီ အမည်တပ်ရင်ဖြင့် (2) (3)
    လှေကလေး နဲ့ ရေပြင် (15) ကို
    အလှဆုံးလို့ထင်ပြီး…
    အညာမုန့် ပဲချောင်း ကိုတော့အကြိုက်ဆုံးပါ…

  • မဟာရာဇာ အံစာတုံး

    June 1, 2012 at 11:50 am

    ကျုပ်ကတော့ …
    ပေါက်ပေါက်ဆုပ် ပုံကို အကြိုက်ဆုံး ..
    တစ်နေ့ကပဲ ရွာကနေ လူကြုံနဲ့ ပေါက်ပေါက်ဆုပ် ပေးလိုက်တာ …
    စားလို့ ကောင်းလိုက်တာ ချယ်ပဲ ..
    ခု ဦးဘလက်ကြီးထဲမှာ ထပ်တွေ့တော့ ထပ်စားချင်လိုက်တာဗျာ .. ဂလု …

    စကားမစပ် ..
    ဦးဘလက်ကြီး ရိုက်ချက်တွေက ရေလည် လန်းတယ်ဗျာ ..
    လက်မကြီး ထောင်သွား၍ အားပေးသွားပါဂျောင်း …

  • blackchaw

    June 1, 2012 at 11:54 am

    @ Moe Z ; အားပေးသွားတာ ကျေးဇူးပါ မိုးစက်ရေ။
    သူကြီးထက်သာတယ်တော့ မလုပ်ပါနဲဗျာ။ နှိုင်းယှဉ်ရမယ့်အရာမျိုးမဟုတ်ပါဘူး။

    သူကြီးက ဗင်းနစ်စ် ကမ်းခြေဆိုတော့
    ဘလက်ကလည်း ဧရာဝတီပေါ့ဗျာ…။ ဘာရမလဲ…။

    ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုနဲ့ လှမ်း နောက်တဲ့သဘောပါ။
    အသာလုပ်ပါ အစ်မ မိုးစက်ရယ်။ :mrgreen:

    @ M လုလင် ; ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါ ညီလေးရေ။
    ဘာပဲဖြစ်ဖြစ် ဝေဖန် အကြံပေး သင်ကြားတာလေးတွေ မှတ်ထားပြီး ပြန်အသုံးချတယ် ဆိုတာ ယုံပါဗျာ။

    @ amatmin ; စောစောစီးစီး ကြွရောက်ချီးမြှင့်သွားတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ။
    မနေ့က အနီ နဲ့ ကျတော့ စကားမနည်းတော့ပါဘူးနော်ာ်ာ်…။ :mrgreen:

    @ nozomi ; အေးပေါ့အေးပေါ့အေးပေါ့အေးပေါ့… (လေးဖြူအသံဖြင့် ဖတ်ပါ)။
    တကယ် ခင်လို့ ပြောမယ်။ အကျင့်တူ စရိုက်တူ ဆိုးဖေါ်ဆိုးဖက် တွေက မယုံရဘူးနော့… ဟေးဟေး။
    အားပေးသွားတာ ကျေးဇူးပါ ကိုနိုကြီးရေ…။

    @ pooch ; ကျေးဇူးပါ မယ်ပုချ်ရေ။ ဒီပုံတွေက သင်္ကြန်တွင်း နွေခေါင်ခေါင်ကြီး ရိုက်ထားတာဆိုတော့ ဧရာဝတီ က ဒဏ်ရာဒဏ်ချက်တွေဗလပွနဲ့ သောင်တွေထွန်းလို့…။ အခု မိုးရွာလာပြီဆိုတော့ ဧရာဝတီ အစစ်ကို ပြန်ရနေလောက်ပါပြီ။ ပုံ ၁၅ က သင်္ကြန်တွင်း သူများတွေ ရေပက် ပျော်ပါးနေကြချိန်မှာ သားအဖ နှစ်ယောက် ငါးရှာနေကြတာဗျ…။ ဘယ်လိုပဲ ဖြစ်ဖြစ် ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။ :mrgreen:

    @ ကိုရင်မောင် ; အားပေးသွားတာကျေးဇူးပါ ကိုရင်မောင်ရေ။
    ပုံ ၂ ထဲက လူတွေ ဘာလုပ်နေကြလဲ ကျွန်တော်လည်း စိတ်ဝင်စားပေမယ့်
    မမေးခဲ့ရဘူးဗျာ။ ရေချိုး အဝတ်လျှော်ဖို့ တမံ လျှောက်လမ်းလေး လုပ်ထားသလားလို့.။
    လောကနန္ဒာ စွယ်တော် နားမှာ ရိုက်ထားတာပါဗျာ။

    @ မောင်သန်းထွဋ်ဦး ; ပခုက္ကူ ဘက်မှာ ဓါတ်ပုံ သိတ်မရိုက်ဖြစ်ခဲ့ဘူးညီလေးရေ။
    တံတားပေါ်မှာတော့ ကားရပ်ပြီး အေးအေးဆေးဆေး ဓါတ်ပုံရိုက်ဖြစ်ပါတယ်။
    အားပေးသွားတာ ကျေးဇူးပါဗျာ။

    @ ဗိုက်ကလေး ; သင်္ကြန်တုန်းက ပုံတွေပါ ညီလေးရေ။ ဒီတစ်ခါသွားတာကတော့
    နွယ်နွယ်ထွန်းလေးနဲ့ ပါဗျာ။ ဟေးဟေး..။ ယုံပါဇေ…။ ယုံပါဇေ…။
    :mrgreen:

    @ ညလေး ; အတိသယဝုတ္တိ နဲ့ကို ဆော်တော့တာပဲ ညလေးရယ်…။
    နတ်ပန်းချီတောင် ရှုံးလောက်တယ်တဲ့လား။
    ဘယ်လိုပဲဖြစ်ဖြစ် ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ..။
    :mrgreen:

    @ ဂီဂီ ; ညီလေးရေ။ သင်္ကြန် နွေခေါင်ခေါင်ကြီး နွေနေ့လယ်ခင်းအပူချိန်အောက်မှာ ရိုက်ထားတာတွေ ဆိုတော့ ပူနေမှာပေါ့ဗျာ။ အက်ဒစ် က ဘာမှ ထွေထွေထူးထူး မလုပ်တတ်ဘူးဗျ။
    auto correct ပဲလုပ်ထားတာပါ။ Microsoft Office Picture Manager နဲ့ ပါဗျာ..။
    ကျန်တဲ့ ပုံလေးတွေ ဝေဖန် သုံးသပ် အကြံပေးပါဦးဗျာ…။
    ကျေးဇူးပါ ။ :mrgreen:

    • မှော်ဆရာ

      June 1, 2012 at 12:19 pm

      မောင်ဂီပြောတဲ့ ပူတယ်ဆိုတာ …
      အရောင်က အဝါရောင် လွှမ်းနေတယ်လို့ ဆိုလိုတာပါ ဦးဘလက်ရေ …
      အဝါရောင်လျှော့ရင်လျှော့ .. မလျှော့ရင် အပြာရောင် တိုးရပါလိမ့်မယ် ..
      ဒါဆိုရင် အရောင်မှန်ပြီး ပုံက ပိုကြည့်ကောင်းလာပါလိမ့်မယ် …
      နံပါတ်၁၅ ကဓါတ်ပုံအယူအဆ အရမ်းမှန်တဲ့ ပုံတစ်ပုံပါဗျာ …
      သေချာလေး ပြန်တို့နှိုင်ရင် ထိပ်တန်း ပုံတစ်ပုံ ဖြစ်လာနှိုင်ပါကြောင်း ..
      အပေါ်ဘက်ကို နဲနဲတော့ ခရော့ပင်းချဖို့ လိုမယ် ထင်ပါတယ်..
      ပုံက နဲနဲ ပြန့်သလားလို့

  • blackchaw

    June 1, 2012 at 12:06 pm

    @ ဦးဦးပါလေရာ ;
    အားရပါးရအားပေးသွားတာ ကျေးဇူးပါ ကိုပါလေရာကြီးရေ။
    ချန်ထားတာလေးတွေ ရှိနေသေးတယ်ဆိုတာ သိနေတာကိုက ကိုပါလေရာကြီးရဲ့
    အရည်အချင်းတစ်ခုပါ။
    အချိန်ရခဲ့ရင် ဓါတ်ပုံလေးတွေ ထပ်တင်ပါဦးမယ် ဗျာ။

    @ windtalker ;
    ဗုံလေးတွေ က ရောင်းဖို့ မဟုတ်ပါဘူး ကိုပေရေ။
    လိုချင်ရင် အလကားယူသွားပါဗျာ…။
    ကွန်းမန့်လေး နဲ့ အားပေးသွားတာ ကျေးဇူးပါ ဗျို့.။ :mrgreen:

    @ ကိုထွန်းဝင်းလတ် ;
    ထောင်သွားတဲ့ လက်မလေးရယ်
    ရေးသွားတဲ့ ကွန်းမန့်လေးရယ် အတွက် ကျေးဇူးပါ ကိုထွန်းဝင်းလတ်ရေ။

    @ TTNU ;
    တူနေပြန်ပါပြီ.. တီချယ်ကြီးရေ။
    အဲဒီ နွားလေးက ဘူးဘုရားနားက ဧရာဝတီမြစ်နံဘေးမှာ မျက်စားနေတာပါ။
    နွားလေး မျက်စားနေတဲ့ နေရာကလည်း အရိပ်ရနေတယ်ခင်ဗျ။
    လူတွေရဲ့ အခိုင်းခံရမှာတွေ၊ တစ်ချိန် သတ်စားခံရမှာတွေ လျှောက်မတွေးရင်
    အဲဒီအချိန် မှာ နွားလေးရဲ့ ဘဝက တော်တော် အေးချမ်းနေပါတယ် ခင်ဗျာ။
    ဒီတစ်ခါ ပုဂံ ခရီးမှာ တိရာစာ္ဆန်လေးတွေ ရဲ့ လတ်တလော ငြိမ်းချမ်းနေပုံလေးတွေ
    ဓါတ်ပုံရိုက်မိပါတယ် တီချယ်ကြီးရေ။
    ခွေးဖြစ်နေပေမယ့် အရိပ်ကောင်းကောင်း၊ လေလေး တဖြူးဖြူးနဲ့ အပူအပင်မရှိ အိပ်ပျော်နေပုံလေးတွေ
    အခု နွားဖြစ်နေပေမယ့် အရိပ်ကောင်းကောင်း မြစ်ကမ်းနံဘေးမှာ မျက်နုနုလေးတွေ
    စားနေပုံလေးတွေ ပေါ့ ခင်ဗျာ။
    အမှန်တော့ ဒီပုံလေးကို ကျွန်တော်လည်း ကြိုက်တယ်ဗျ…။

  • Moe Z

    June 1, 2012 at 12:10 pm

    အာ.. ဘဘဘလက်ကလည်း
    မိုးစက်ပြောတာက ဧရာဝတီက ပိုလှတယ်လို့
    သဘာဝကျကျလေး :mrgreen:

  • blackchaw

    June 1, 2012 at 12:23 pm

    @ Ko Nyein Chan ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုငြိမ်းချမ်းရေ။
    အစိမ်းရောင်တွေကဲနေတာက
    အဲဒီအချိန် နွေလယ်ခေါင်ပူပူကြီးထဲမှာ
    ကျွန်တော်ကိုယ်တိုင်က စိမ်းစိမ်းစိုစိုလေးတွေ ရှာရိုက်ထားတာပါဗျာ။
    ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါဗျာ။

    @ ကိုရင် ကမ်းကြီး ;
    ကြည့်နိုင်လောက် အောင် နှလုံးသား မမာဘူးတဲ့။
    မိုက်တယ်ဗျာ။
    ကွန်းမန့်လေးအတွက် ကျေးဇူး…။
    :mrgreen:

    @ kai ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတဲ့အတွက် ကျေနပ်သွားပါတယ် သူကြီးရေ။
    အားလုံး အားလုံး အတွက် ကျေးဇူးပါဗျာ…။
    :mrgreen:

    @ အရီး Khin Latt ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ အရီးရေ…။
    ဒီတစ်ခါ မြန်မာပြည် ပြန်ရောက်ခဲ့ရင် အရီးကို ပုန်းရေကြီး စစ်စစ်ကောင်းကောင်း
    လက်ဆောင်ပေးပါရစေခင်ဗျာ။
    :mrgreen:

    @ သူရဇော် ;
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ ညီလေးရေ။
    တွေ့တဲ့အချိန် ကြုံကြဦးမှာပေါ့ဗျာ…နော့။
    :mrgreen:

    @ Ma Ei ;
    အားပေးသွားတာ ကျေးဇူးပါ မအိရေ။

    @ အံစာတုန်း ;
    ထောင်သွားတဲ့ လက်မကြီးအတွက် ကျေးဇူးပါ အံစာရေ။
    ပေါက်ပေါက်ဆုပ်စားချင်တယ်ဆိုလည်း
    တစ်ထုပ်ဆွဲယူသွားဗျာ။ ပိုက်ဆံမပေးနဲ့ နော့။
    :mrgreen:

  • blackchaw

    June 1, 2012 at 12:25 pm

    မိုးစက် ရေ။
    အေးအေးဆေးဆေးပါဗျ၊
    အပျော်ပြန်နောက်ထားတာပါ။
    အရင်ဆုံးပေးတဲ့ ကွန်းမန့်လေးအတွက်ရယ်
    အရင်ဆုံးပေးတဲ့ လက်မလေးအတွက်ရယ်
    ကျေးဇူးတင်ကြောင်းပြောဖို့ ကျန်သွားတယ်ဗျာ။
    :mrgreen:

  • blackchaw

    June 1, 2012 at 12:29 pm

    မှော်ဆရာ ညီလေးရေ။
    ပြောပြပေးတာကျေးဇူးပါဗျာ။
    အချိန်ရလို့ စိတ်ကြည်လင်ရင်ဖြင့်
    တစ်ပုံခြင်းစီ အားမနာတမ်းဝေဖန်ပြီး
    မေးလ်နဲ့ ပို့ပေးဖို့ကို ရိုရိုကျိုးကျိုး တောင်းဆိုချင်ပါတယ်ဗျာ။
    :mrgreen:

  • ကျနော်ကလွမ်းတတ်တဲ့ကောင်ဆိုတော့
    သောင်စပ်မှအထီးကျန်နေတဲ့လှေကလေး နံပါတ်(5)ကိုကြိုက်တယ်ဗျို့

  • Ch@vez

    June 1, 2012 at 12:37 pm

    အဲ့ ပစ်ချား မန်နေဂျာ ကြီး သုံးတယ် ထင်တော့ထင်သား …
    သည်လိုဗျ ..သူက ပုံရိပ်ပြတ်သားမှု ကို အလေးပေးပြီးရေးထားတာဗျ
    အော်တိုကော်ရက် ဖီချာက ..

    ဆိုတော့.. အလင်းနဲ့ အမှောင် ကွာခြားနှုန်းကို
    ဆွဲဆွဲချဲ့ပစ် သလို ဖြစ်ကုန်တယ်.. လင်းတဲ့နေရာ အရမ်းလင်း မှောင်တဲ့နေရာ
    လွှတ်မှောင် ပြီး အလယ်အလတ် mid tone တွေ ပျောက်ကုန်တယ်ဗျ
    ဆိုတော့ အဲ့သည့်တော့ ပုံက ပူပြီပေါ့ဗျာ …။ လူပုံမှာ mid tone ပျောက်ရင်တော့…
    အဲ့ အဲ့ ..အဲ့ဒါ ကျနော် မကျွမ်း ကမှော့် ကို မေး …ဟီဟိ..

    အဲ့ဆော့ဖ်ဝဲအစား ကိုချိုကြီး သုံးတာ မေးသုံးကြည့်ဗျို့ …
    ပီကာဆာ ဆိုလား … သူလည်း မဆိုးဘူးခည … ဂတ်တူဆိုကြီး ကတော့
    အင်းမေ့ချ် ရယ်ဒီ ဒါမှမဟုတ် အေစီဒီစီး သုံးတယ် ထင်ရဲ့ …
    ဦးဗိုက် ကို ..အဲ့ ဆော့ဖ်ဝဲလေးတွေ အကြောင်းရေးခိုင်းဗျို့ …

    ခင်တဲ့…

  • blackchaw

    June 1, 2012 at 12:50 pm

    @ ကိုပေါက် ;
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ ကိုပေါက်ရေ။

    @ ဂီဂီ ;
    အကြံပေးတာ ကျေးဇူးပါ ဂီဂီရေ။
    ဂတ်တူဆို…။
    ဘူလေးလဲဗျ…။
    ဂတ်တူဆို ဆိုတာ…။

    • amatmin

      June 1, 2012 at 3:16 pm

      ဂတ်တူဆို ဆိုတာဟိုအငြိမ့်မင်းသမီးကြီးကို..
      ဆိုလိုတာပါလို့ ဝင်ဖြေရင်းး
      သဂျီးဆီက ငွေတဆယ် မသွားပါတယ်ဗျ.. 🙂

  • weiwei

    June 1, 2012 at 1:26 pm

    ကျွန်မလဲ အဲဒီနေ့က အဲဒီနေရာတွေကိုရောက်ခဲ့တယ် … ဓါတ်ပုံတွေလဲရိုက်ခဲ့တယ် …
    ဒါပေမယ့် ဦးဘလက်ပုံတွေမြင်တော့ ကျွန်မပုံတွေတင်ရမှာတောင် မျက်နှာငယ်လာသလိုပဲ …
    တကယ့်ကို ပရိုလက်ရာပါ .. တကယ်ပါ .. မြှောက်ပြောတာမဟုတ်ပါ …

  • kyeemite

    June 1, 2012 at 2:22 pm

    ကိုဘလောချက်ရေ…
    ကျုပ်လည်း ပုံ၁၄ကို တီချယ်ကြီးလိုကြိုက်ကြောင်းပါ
    ဆိတ်ကျောင်းသားမို့လားမသိ
    နွားလေးအစာစားနေတဲ့ မျက်ခင်းစိမ်းစိမ်း နဲ့
    ဧရာဝတီတွဲကြည့်ရတာပိုသဘောတွေ့သဗျာ..
    ညနေ ဟင်းစားလေးရအောင် ပုန်းရည်ကြီး
    တစ်ထုပ်တော့ ဆွဲသွားသဗျို့….

  • ahnyartamar

    June 1, 2012 at 2:40 pm

    ကျတော်တို့ငယ်ငယ်ကတော့ လယ်သမားပုန်းရည်ကြီးဆိုတာ အညာမှာ နာမယ်ကြီးတယ် အခုတော့ ဇီးကွက်ဖြစ်သွားပြီထင်တယ်။
    အားပေးသွားပါ၏။

  • blackchaw

    June 1, 2012 at 3:22 pm

    @ weiwei ;
    မျက်နှာငယ်ရလောက်အောင်တော့ မဟုတ်လောက်သေးပါဘူး ဗျာ။
    ပုဂံက ဘယ်လိုကြည့်ကြည့် လှနေတာပါ။
    ပုံတွေ တင်ပါဗျာ။
    ကွန်းမန့်လေး ဝင်အားပေးသွားတာလည်း ကျေးဇူးပါ ဗျ။

    @ ကြီးမိုက် ;
    ကွန်းမန့်လေး အတွက်ကျေးဇူးဗျာ ကိုကြီးမိုက်ရေ။
    ဟင်းစားဆိုရင် ငါးရှာနေတဲ့ သားအဖဆီက ငါး တစ်ပိသာလောက် ယူသွားတာမဟုတ်ဘူး။
    :mrgreen:

    @ anyartamar ;
    အားပေးသွားတာ ကျေးဇူးပါ ဗျာ။ ကိုအညာတမာရေ။
    :mrgreen:

  • blackchaw

    June 1, 2012 at 3:24 pm

    @ အမတ်မင်း ;
    ဗျာ… ကို…။
    ဂတ်တူဆို…
    တကယ်ကို မသိတော့တာပါ…။
    မှတ်ဉာဏ်က နည်းတယ်လေ.. အဲဒါ။
    :mrgreen:

Leave a Reply