မန်းလေး ၂ရ လမ်းမှာ ကားသစ်ကြီး လိုက်တိုက်နေတယ်

 

 

 

လမ်းတလျှောက် ဆိုင်ကယ်တွေ လူတွေ အကုန်တိုက်ချလာပြီး နောက်ဆုံး မြောင်းထဲရေသောက်ဆင်းသွားတဲ့ ကားသစ်ကြီး

မောင်းတဲ့သူကမူးနေတယ်လို.လဲပြောတယ်…. ခပ်တည်တည်နဲ.ဆင်းလာပြီး ဘာဖြစ်တာလဲတဲ့… သူက လိုက်မေးနေသေးတယ်..ဟဟဟဟဟ

 

ဒီလိုဆိုင်ကယ်လေးနှစ်စီးကို ထပ်တိုက်လာတာဗျာ…

 

တစ်ယောက်မှတော့ အသေအပျောက်မရှိပါဘူး ပွန်းပဲဒဏ်ရာတွေရကြတာပါ………….

20 comments

  • blackchaw

    May 31, 2012 at 5:21 pm

    မန္တလေးရောက်
    ရန်ကုန်သားတစ်ယောက်ရဲ့
    သတင်းပေးပို့မှု ပါ ဗျာ။
    :mrgreen:
    လက်ခုတ်တီးပြီးအားပေးသွားတယ် ရွှေတိုက်ရေ..။

  • me me ko

    May 31, 2012 at 5:23 pm

    ထူးခြားမြန်ဆန်တဲ့သတင်းအတွက်
    ကျေးဇူးတင်ပါတယ်……

  • pooch

    May 31, 2012 at 5:49 pm

    ခုလေးတင် ညီမက အဲ့ဒီဘက်က ပြန်လာလို့ ဒီအကြောင်းပြောနေတာ ။ မြန်လိုက်တဲ့သတင်း။
    တော်လိုက်တာ ဘာဘီတိုက်က :mrgreen:

  • ဗိုက်ကလေး

    May 31, 2012 at 6:00 pm

    ဘောက်ချာဘဲ
    ကိုယ့်ဘာသာ လိုက်တိုက်ပြီး ငနဲက ဘာဖြစ်တာလဲတောင်မေးသေးတယ်ဆိုတော့
    အတော်နောက်ဒဲ ငနဲ..အတော်မူးနေတယ်ထင်တယ်
    မူးဒယ်ဆိုလို ့
    ကျုပ်တို ့ရွာထဲက ကိုဖြူချောကို သွားသတိရမိတယ်
    ကိုဖြူချောတို ့များ ဘယ်လောက်မူးမူး ကားကို ဇိမ်လေးနဲ ့ မောင်း၊ လက်တစ်ဘက်ကလဲ စံရဒီမိုုးမြင့်လေးကိုဖုန်းဆက်ပြီး ချော့နဲ ့
    အေးဆေးဘဲလေ..
    အတုယူကြဘာ..

  • windtalker

    May 31, 2012 at 6:13 pm

    27 လမ်းဟာ ကတ္တရာ အသစ်ခင်းပြီးကတဲက လမ်းကောင်း လမ်းကျယ်ပုံဟာ ရန်ကုန်ပြည်လမ်းအတိုင်းပါဘဲ။ ညမိုးချုပ်ချိန်မှာ ပြိုင်နေကြတဲ့ ပြိုင်ကား အုပ်စု နာမည်မထွက်သေးတာ အံ့ဩမိပါတယ်။

  • ဦးဦးပါလေရာ

    May 31, 2012 at 6:39 pm

    ရန်ကုန်မှာတော့ ညဖက်ကားပြိုင်မောင်းနေတာတွေ ညတိုင်းရှိတယ်။
    ယာဉ်ထိန်းအဖွဲ့ကလဲ စောင့်ဖမ်းတာမတွေ့ဘူးတဲ့…

    ကားမောင်းရမ်းကားတဲ့သူတွေကို နစ်နာစေလိုလို့တော့မဟုတ်ပေမယ့်
    သူတို့ကြောင့် ရိုးရိုးလူတွေ အန္တရာယ်ကြီးတာကြောင့်
    အဲလိုကားတွေမှောက်ရင် တယောက်လျှော့ရင် တယောက်စာစိတ်အေးရတာပဲ..။

    ဒီပိုစ့်ထဲကကားကတော့ ရမ်းတာမဟုတ်လောက်ပါဘူး
    လွတ်သွားတာဖြစ်မှာ။
    မှတ်လောက်သားလောက် ကုန်ပေတော့…..

  • အင်းဗျ မူးနေတယ်ဆိုတော့ဖြင့် ကုန်အုံးမှာပေါ့။ဘရိတ်ပေါက်သလေး၊ဘာလောနဲ ့အမှ ုကလျှော့
    ပေါ့အုံးမှာ။မယုံမရှိ၊စောင့်သာကြည့်။ကားကြီးက ဘာအမျိုးအစားပါလိမ့်။

    • Foreign Resident

      May 31, 2012 at 7:45 pm

      အဘ အမြင် မမှားရင် ၊
      အဲဒီကားက Toyota Alphard ကားပဲ ( အထင် ) ။
      ဟိုး အရင်ကတော့ ဒိတ်ဒိတ်ကြဲ သူဋ္ဌေးတွေမှ စီးနိုင်တာ ။
      အခုတော့ သူလို ကိုယ်လို ဖြစ်သွားပါပြီ ။
      လက်ရှိ သိန်း ၄၀ဝ လောက် ရှိမယ် ထင်တယ် ( အထင် ) ။
      စီးလို့တော့ တော်တော်ကောင်းတဲ့ ဇိမ်ခံကားပဲ ။
      ဘေးတံခါး ၊ နောက်တံခါးတွေကို လက်နှင့် ဖွင့်စရာ မလိုဘူး ။

      • Thel Nu Aye

        May 31, 2012 at 8:43 pm

        ဟုတ်ပါ့အဘရေ။ Alphard ( ဒီကအခေါ် အာရာဖတ်ကြီး ) ပါ။ ဒီနေ့ပဲ အဲလို အာရာဖတ်ကြီးကို သိန်း ၃၀ဝ နဲ့ရောင်းနေ တယ်။ လျော့အုံးမယ်ဆိုပဲ။ အရင်က အဲလိုကားတွေက သိန်း၃၀၀ဝ လောက် ရှိတော့ ရိုရိုသေသေစီးကြတယ်။ အခုက သာမာန်လူလတ်တန်းစားတောင် စီး နိုင်နေတော့ စီးကြပြီး ကားသစ်တွေကိုဘာထင်လဲတော့မသိဘူး။ အရမ်းကိုမတရားမောင်းနေ ကြတာ။ ဝူးကနဲကျော်တက်ကြည့်လိုက် သူတို့။ လမ်းပြောင်းပြန်ကြည့်လိုက်သူတို့။ ဘာထင်နေလဲတော့မသိတော့ပါဘူး။

  • TTNU

    May 31, 2012 at 8:58 pm

    (၂၇)လမ်း ဘယ်လမ်းနဲ့ ဘယ်လမ်းကြားလဲဟင်။
    ဘယ်နေ့ ဘယ်အချိန်တုန်းကလဲဟင်။

  • kotun winlatt

    May 31, 2012 at 9:02 pm

    အောင်မငီးးးးး သိန်းသုံးရာဆိုတော့ သူလိုကိုယ်လိုလူတွေ
    စီးနေနိုင်ဘီဆိုပါလားးးး
    အဲ့အထဲမှာ တားတားးဒို့ ပါဘူးးးရော…
    အဲ့….သိမ်းထားတဲ့ သုံးရာတော့ရှိတယ်ဗျ..
    ကွမ်းယာသုံးယာလေ…ဗျို့ ..ကိုပေ..ဝါးဦးမလားးးး
    *************************************
    ဒါကြောင့် ပြောတာပေါ့ မူးရင် မမောင်းနှင့် မောင်းရင်မမူးနဲ့လို့..
    ကုန်ပေဦးတော့..ကားးးဆရာရေ…

  • ရွာစားကျော်

    May 31, 2012 at 9:11 pm

    စုံထောက်အောင်တိုက်ကတော့ နာမည်နဲ့လိုက်တယ်ဗျို့
    ကျော်ထိုက်လို့လည်း ကျော်တာပေါ့
    အင်း
    ရန်ကုန်မြေ ခြေချချခြင်း ဘေးက ဖြတ်မောင်းသွားတာ ကြုံလိုက်ရတဲ့ ပြိုင်ကားကို အမှတ်ရပြီး
    ကျောတောင်စိမ့်တယ်

  • kyeemite

    June 1, 2012 at 2:09 pm

    မိတိုက်တို့ ကတော့ ရွာသတင်းသမားပီသပါပေ့..

  • ဒီပုံအရဆိုရင်တော့ အရင်မန်းလေးဟိုတယ် အခု မြနန္ဒာနားလောက်ထင်တာဘဲ။
    မနက်ပိုင်းဖြစ်လောက်ပါတယ်။

  • ahnyartamar

    June 1, 2012 at 2:34 pm

    တော်သေးတာပေါ့…ကိုရွှေတိုက်တယောက် သတင်းတင်နိုင်သေးတယ်ဆိုတော့ ဘေးကင်းတယ်ဆိုတဲ့သဘောပေါ့။

  • Ma Ei

    June 1, 2012 at 2:46 pm

    တိုက်တိုက်ရယ်…
    တိုက်တိုက် ဆိုင်ဆိုင်နော်…
    တိုက် တာကိုမှ
    တိုက်ရိုက်တွေ့ရော…

  • etone

    June 1, 2012 at 2:56 pm

    အကျီ င်္အဝါနဲ့က ဖြဲမကိုး ……….အဲ့ဒါပြောတာပေါ့ ဖြဲမရယ် … စီးချင်ဦးဟဲ့ ဆိုက်ကယ် နင့်ကို တောက်ရမ်းတောက်ရမ်း စတန့်ထွင်ပြီး မစီးပါနဲ့လို့ပြောထားတာ ။ အခုတော့ ဖင်ပါပိန်ပြီမဟုတ်လား … ။ မိမွေးဖမွေးအတိုင်း ပြန်မဖြစ်တော့ဘူး ။ နင်တော့ သွားပြီ 😆

  • တာတီး

    June 1, 2012 at 3:37 pm

    မွေးမေလေ့ သိန်းသုံးရာ ကြီးတောင်တဲ့လား . .
    စီးနိုင်ပေါင်ဗျာ . .
    သူလိုကိုယ်လိုလူထဲ မှာ ကျနော် မပါသေးပါလား . .
    ဟူူးးးးးးးး မောထှာ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 1, 2012 at 6:39 pm

    ဟမလေး ကြွားနေလိုက်ဂျဒါ ကိုယ်မွဲဒါဂို
    သိန်းသုံးရာလေးများ
    ကျုပ်ကတော့အားကျမခံ
    အိမ်ခြံရောင်းလိုက်
    နွားတွေရောင်းလိုက်
    လယ်တွေရောင်းလိုက်
    တောခြံတွေရောင်းလိုက်
    စပါးတွေရောင်းလိုက်
    ပြီးအဲ့သည်ကားဝယ် ကားထည်းမှာနေ ကားထဲမှာအိပ် ကားထဲမှာစား ကားထဲမှာအီးပါ
    ကားအိမ် အိမ်ကား

    • windtalker

      June 1, 2012 at 8:13 pm

      ဟိုဟာလုပ်တာကော ပါရားဟင်
      အလုပ်လုပ်တာ ကို ပြောပါတယ်

Leave a Reply