“နှလုံးသားလက်ဆောင်” အပိုင်း(၁၂)- မိုးရိပ်

aung nainglinMay 31, 20121min653

တစ်နေ ့ပြီးတစ်နေ ့ပြောင်းလဲသွားခဲ ့သော်လည်း   သတိရတဲ ့စိတ်က    ရင်ထဲမှာပြည် ့နေခဲ ့လေသည်။      ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတွေကို   ကျေးဇူးတင်မိပါသည်။အရာရာအားလုံးကိုလိုလေသေးမရှိဖြည် ့စည်းပေးတဲ ့အတွက်ပေါ့။    သူ ့ရဲ ့ဘဝက     အမေလဲမရှိ      ချစ်သူကလဲမရှိ   ဘာဆိုဘာမှမရှိတော့တဲ ့ဘဝမှာ    အသက်ဆက်ရှင်နေရင်အားလုံးကို      ဒုက္ခတွေပေးသလိုဖြစ်နေပြီလေ     အဲ ့ဒီအတွက်   သူတစ်ခုခုတော့ဆုံးဖြတ်ရမည်လေ။

 

 

“ဟဲ ့   ရွှေရည်       ကန်ဘောင်ပေါ်သွားမယ်ဟယ်………မထိုင်ဖြစ်တာကြာနေပြီလေ…..”

“သွားလေ………………ကောင်းတာပေါ့….”

 

 

“ဟဲ ့      ဟိုမှာ    အစ်ကိုမင်းဇော်ရဲ ့    သူငယ်ချင်း     အစ်ကိုမင်းခန် ့မလား……”

“ဟုတ်တယ်လေ…ဘာဖြစ်လို ့လဲ……”

“သူဒီဘက်ကိုလာနေပြီ…..”

“သူ ့ဟာသူလာတာဘာဖြစ်လဲဟယ်………လာပါလေ ့စေပေါ့…….”

“အစ်ကိုမင်းခန် ့    ဘယ်သွားမလို ့လဲ……”

“အင်း      ရွှေရည်တု ိ့ကိုတွေ ့လိုက်လို ့   လိုက်လာခဲ ့တာလေ…..”

“ထူးထူးဆန်းဆန်းပါလား  အစ်ကိုရဲ ့……”

“ပြောစရာလဲရှိလို ့လေ….ပြီးတော့  ပေးစရာလဲရှိလို ့ပါ……”

“မင်းဇော်အကြောင်းဆိုရင်မပြောပါနဲ ့…ကျမ    မကြားချင်ဘူး…….”

“ကိုကလဲ   မင်းဇော်   အကြောင် းကိုပြောမလို ့လာခဲ ့တာမဟုတ်ပါဘူး……..ဒါပေမဲ ့  မင်းပြောလိုက်လို ့မပြောမဖြစ်ပြောရတော့မယ်….”

“မပြောပါနဲ ့မကြားချင်ဘူး      ကတိမတည်တဲ ့သူ…….”

“အေး….အေး…….ငါတို ့ဆုံးရှုံးလိုက်တာက     ငါ ့သူငယ်ချင်းရဲ ့မျက်နှာပေါ်က     ပျှော်ရွှင်မှုတွေ….အေး…..ဒါပေမဲ ့    မင်းဆုံးရှုံးလိုက်တာက   သိပ်ချစ်တက်တဲ့နှလုံးသားတစ်စုံကွ…….ဒါတွေကိုထားလိုက်ပါ     ဒါပေမဲ ့   မင်းသူ ့ရဲ ့အချစ်ကို     မစော်ကားသင့်ဘူး……“

“ကျမက      ဘာတွေစော်ကားလိုက်လို ့လဲ….”

“အဲ ့ဒါတော့   မင်းကိုမင်းအသိဆုံးဖြစ်မှာပါကွာ………”

“မင်းကိုငါမေးမယ်  မင်းအမှန်တိုင်ဖြေ………….မင်း     ငါ့သူငယ်ချင်းအပေါ်မှာ    တကယ်မချစ်ခဲ ့ဘူးမလား…..”

“ဟုတ်တယ်………ကျမ   အချစ်ဆိုတာ  ဘာမှန်းတောင်မသိဘူး…….”

“မင်းကွာ…….အေး…မင်းသူ ့ကိုချိန်းလိုက်တဲ ့နေ ့ကို  မှတ်မိလား….”

“သိပ်ကိုမှတ်မိတာပေါ့ရှင်…….”

“အေး…….သိပ်ကောင်းတယ်…….မင်းကတော့    မင်းဖြစ်ချင်တာပဲ      သိတာကို…….အဲ ့ဒီနေ ့က      မင်းဇော်     ဘာတွေဖြစ်နေလဲမင်းမသိခဲ ့ဘူးမလား…”

“သိစရာလဲမလိုဘူးလေ..”

“မင်း   မသိချင်လဲ   ငါကတော့   ပြောရမှာပဲ…….အဲ ့ဒီနေ ့က    မင်းဇော် ရဲ ့အမေ   ဆေးရုံမှာ     ဆုံးသွားတယ်…မင်း  အဲ ့ဒါကိုကော     သိလား..”

“ရှင်……..”

“ရှင်  ဘာပြောလိုက်တာလဲ    အစ်ကိုမင်းဇော်ရဲ ့အမေ  ဆုံးသွားပြီဟုတ်လား……..”

“အေး          အဲ ့ဒါကြောင် ့မလာနိုင်တာ        တကယ်ဆို   သူအမေဆုံးလို ့   အားငယ်နေတဲ ့သူ ့ကို     နဲနဲလောက်တော့     နှစ်သိမ် ့သင့်တယ်   ဒါပေမဲ ့…..မင်းက   သူ ့ကိုလမ်းခွဲလိုက်တယ်……..ချစ်သူတစ်ယောက်အနေနဲ ့  ဘေးနားမှာ    အားပေးသင် ့တယ်….  ငါမပြောလိုပါဘူး     မင်းသူ ့ကို  လမ်းခွဲလိုက်လို ့  မင်းကိုငါတို ့က     စိတ်မဆိုးပါဘူး…….”

“ရှင်ပြောတာတွေက   အမှန်တွေလား       ကျမကိုလိမ်နေတာတော့မဟုတ်ပါဘူးနော်…”

“ငါအမှန်တိုင်းပဲ   ပြောတက်တယ်….  အရာရာအားလုံးကို       ပေးဆပ်ခဲ ့တာတောင်     မင်းက    သူ ့ကို   မုန်းနေသေးတယ်….”

“အစ်ကို     ဘာေပြောလိုက်တာလဲဟင်….ပြန်ပြောပေးပါနော်…အရာရာအားလုံးဆိုတာ     ဘာကိုပြောတာလဲဟင်…….ကျမကိုပြောပြပါနော်……ကျမ   တောင်းပန်ပါတယ်…….”

“     မင်းသိပ်သိချင်နေသလား      လင်းငယ်…..”

“ပြောပြပါနော်……တောင်းပန်ပါတယ်…”

“ငိုမနေနဲ ့   လင်းငယ်      မင်းသိပ်သိချင်တယ်ဆိုရင်…..ရော့….ဒီမှာ   ဖိတ်စာ…ငါ ့ရဲ ့မွေးနေ ့ပွဲ…မင်းသိချင်တယ်ဆိုရင်   လာခဲ ့ပေါ့……..ဒါပဲ   ငါသွားပြီ……”

 

 

ဇာတ်သိမ်းပိုင်းလေးကို      ဆက်လက်အားပေးပါအုံးနော်……ခင်မင်လေးစားလျှက်…

 

3 comments

  • ဗိုက်ကလေး

    May 31, 2012 at 7:42 pm

    ဇာတ်သိမ်းတော့မှာလား အကို..
    ကိုမင်းဇော်လဲ အူးပေလိုပဲ အချစ်တွက် အရာရာစွန် ့လွှတ်နိုင်သူရယ်ပါလေ..
    ဂုဏ်ယူပါတယ်..
    ဇာတ်သိမ်းလေးမှာ ညားမယ်ထင်တယ်နော..

  • windtalker

    May 31, 2012 at 8:31 pm

    အင်း ကိုမင်းဇော် တစ်ယောက်ဟာ
    အူးဗိုက် လို ရှက်တွေလှိမ့်မထုဘဲ ကြောင်မသွားတာကိုဘဲ ကျေနပ်ဘာတယ် ။
    ဒါနဲ ့ဇါတ်သိမ်းမှာ ပေးစားမလား ဆိုတာ စောင့်နေမယ်နော

  • KoNyeinChan

    May 31, 2012 at 9:47 pm

    ဇာတ်ရှည်ချက်ကတော့ ပိုးမင်းသားနဲ ့သိုင်းဝိဉာဉ်အတိုင်းဘဲ 🙂 🙂 🙂

Leave a Reply